ဟတ်ဒ်ဒေ သရခွတ်ဆ်

wikishia မှ

ဟတ်ဒ်ဒေ သရခွတ်ဆ် (အရဘီ : حد الترخص) ဆိုသည်မှာ အကွာအဝေး တစ်ခု ဖြစ်ပြီး ခရီးသွားသူ အနေဖြင့် မလွဲမသွေ ထိုနေရာနောက် မိမိနမာဇ်အား ကဆ်ရ် ( လေးရကတ် နမာဇ် များကို နှစ်ရကတ် ဝတ်ပြုရခြင်း ) ဝတ်ပြုရမည် ဖြစ်ပါသည်။ မိမိရိုဇဟ် ကို ဖြေနိုင်ပါသည်။ ဟဒီးစ်တော်များအရ မြို့တွင်း မှ အဇါန်သံကို မကြားရသည့်နေရာ သို့မဟုတ် မြို့ ရိုးများ ကို မမြင်နိုင်တော့ သည့်နေရာ ဖြစ်ပါသည်။ (မြန်မာပြည် အနေအထား အရဆိုလျင် နှုတ်ခွန်း ဆက် သပါ၏ဆိုသည့် ဆိုင်းဘုတ် နေရာ မှ စပြီ ၂ ကီလိုမီတာ အကွာ အဝေး လောက် နေရာကိုခေါ်ပါသည်။ )

မိုစာဖသ် နှင့် ဟတ်ဒ်ဒေ သရခွတ်ဆ် ကွားခြားချက်

နမာဇ်စေကဆ်ရ် ဖြစ်ရသည့် စည်းမျည်းစည်းကမ်းများမှ တစ်ခုမှာ ခရီးသွား(ခ) ခရီး သည် အနေဖြင့် မိမိနေအိမ်မှ ထွက်ပြီး အနည်းဆုံး ၈ ဖရ်ဇခ် ( ကီလိုမီတာ ၄၀ မှ ၄၅ ကြား) အထိ ခရီးသွားရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ဤ ၈ ဖရ်စခ် ကို မိုစာဖသ်သေရှရီအီ ( တရားတော်အရ သတ်မှတ်ထားသည့် အကွာ အဝေး) ဟုခေါ် ပါသည်။(1) ဟတ်ဒ်ဒေ သရခွတ်ဆ် ဆိုသည်မှာ မလွဲမသွေ ထိုနေရာနောက် မိမိနမာဇ်အား ကဆ်ရ် ( လေးရကတ် နမာဇ် များကို နှစ်ရကတ် ဝတ်ပြုရခြင်း ) ဝတ်ပြုရမည် ဖြစ်ပါသည်။ မိမိရိုဇဟ် ကို ဖြေနိုင်ပါသည်။ ဟဒီးစ်တော်များအရ မြို့တွင်း မှ အဇါန်သံကို မကြားရသည့်နေရာ သို့မဟုတ် မြို့ ရိုးများ ကို မမြင်နိုင်တော့ သည့် နေရာ ကိုခေါ်ဆို ပါသည်။ ဤစံနှုန်း အရ မိမိမွေးရပ်မြေ သို့ ရောက်သည့် အခါ သို့မဟုတ် ၁၀ရက် ထက်ပို နေရန် ရည်ရွယ်ထားသည့်နေရာ လည်း အကျုံးဝင်ပါ သည်။ (2)

ဟတ်ဒ်ဒေ သရခွတ်ဆ် ၏ ပမာဏ

ဟတ်ဒ်ဒေ သရခွတ်ဆ် ဆိုင်းဘုတ် အား ကွမ်းမြို့ အထွက်တွင် တွေ့ရ

ရှီအဟ် အေမာမ် များ (အ.စ) ၏ ဟဒီးစ်တော်များအရ ဟတ်ဒ်ဒေ သရခွတ်ဆ် ဆို သည်မှာ မြို့ သို့မဟုတ် ရွာ ၏ အဇါန်သံ ကို မကြားရသည့်နေရာ မြို့ရိုးများ ကို မမြင်ရတော့သည့်နေရာ ဖြစ်ပါသည်။(3) ရှီအဟ် ဓမ္မသတ် ပညာရှင်များ အကြား စည်းကမ်းချက် နှစ်ခုစလုံး မလွဲမသွေ ညီရမည်လား?သို့မဟုတ် တစ်ခုတည်း နှင့် ညီရမည်လား? နှင့်ပတ်သက်ပြီးအမြင်ကွဲလွဲမှု ရှိပါသည်။ (၄) အီရန် နိုင်ငံ ၏ အဝေးပြေး လမ်းမကြီး အချို့ တွင် ဟတ်ဒ်ဒေ သရခွတ်ဆ် ကို သိရှိနိုင်ရန် မြို့ အထွက်များ တွင် ဆိုင်းဘုတ်များ ထောင်ထားပေးပါသည်။(5)

ဓမ္မသတ် ပညာရှင်များ ၏ မြို့ရိုးများ ဆိုင်ရာ စံသတ်မှတ်ချက်

ဓမ္မသတ် ပညာရှင်များ ၏အမြင်အရ မြို့ရိုး မမြင်ရဟုဆိုသည်မှာ မြေပြန့် မြေတပြေးတည်း ရှိနေသည်နေရာကို ဆိုလိုပါသည်။ မြိုံကြီးများ ဖြစ်လာပြီးနောက် ထိုနည်းတူစွာ အဇါန် သည် မီဒီယာ ကတဆင့် ထုတ်လွှင့် နေသည့်အတွက် ဟတ်ဒ်‌ဒေ သရခွတ်စ် ကိုသတ်မှတ် ဆုံးဖြတ် ရန် ခက်ခဲလာပါသည်။ အချို့ ဓမ္မသတ်ပညာရှင်များ မှ နိုင်ငံ ကြီး များ (မြို့ ကြီး) များ တွင် ဟတ်ဒ်‌ဒေ သရခွတ်ဆ် ၏ စံနှုန်း မှာ နောက်ဆုံး ရပ်ကွက် ၏ တံတိုင်များ ဖြစ် ပြီး မြို့ ၏ တံတိုင်များ ကိုဆိုလို သည် မဟုတ်ကြောင်း ခံယူ ထားကြပါသည်။ (6)

ဥပဒေများ

ရှီအဟ် ဓမ္မသတ်ပညာရှင်များ စွာ၏ ဖသ်ဝါ အရ ရိုဇဟ် ထားသူသည် ခရီးသွားနေစဥ် ဟတ်ဒ်ဒေ သရခွတ်ဆ် မရောက်သေးမီ အလျင် ဝါဖြေလိုက်မည်ဆိုလျင် ၎င်း အနေဖြင့် ရိုဇဟ် ကဇွာလည်း ထားရမည်။ပြီးနောက် ကဖာရဟ် (တရားတော် ဒဏ်ကြေး) လည်းပေးဆောင်ရမည် ဖြစ်ပါသည်။ (7)

အချို့ ဓမ္မသတ်ပညာရှင်များ၏ ဖသ်ဝါ အရနေရာတစ်နေရာတွင် ၁၀ရက် နေရန် နီယသ် ပြုပြီးနောက် ဟတ်ဒ်ဒေ သရခွတ်ဆ် အပြင်သွားလျင် နမာဇ် ကဆ်ရ် ဖြစ်ပါသည်။သို့ သော် အချိုံ ပညာရှင်များ အနေဖြင့် နေ့ တွင် တစ်နာရီ နှစ်ရီ ဟတ်ဒ်ဒေ သရခွတ်ဆ် အပြင် ထွက်ခြင်း သို့မဟုတ် ဆယ်ရက်အတွင်း နာရီအချို့ သွားခြင်းသည် ပိုင်သည်ဟု ဆိုကြပါသည်။ အချို့အနေဖြင့် သတ်မှတ် စံနှုန်း ကို အိုရ်ဖ် (သက်ဆိုင်ရာ ဒေသ သို့မဟုတ်နေရာ ၏ အများလက်ခံထားချက်) အရ ပြုကြပါသည်။ (8)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ