ဟဇရသ်သေ အဘ္ဘာစ် အလိုင်းဟိစ္စလာမ်

wikishia မှ

အဘ္ဘာစ် ဗင်န် အလီ ဗင်န် အဘီသွာလီဘ် (အစ) (ဟီဂျရီ ၂၆ - ၆၁) သည် အဘွလ်ဖွဿွ်လ် ဟုကျော်ကြားပြီး အေမာမ်အလီ (အစ) ၏ ပဉ္စမမြောက်သားဖြစ်ကာ အွမ်မွလ်ဗနီးန် ၏ ပထမဆုံးကလေးဖြစ်သည်။ ၎င်းဘဝ၏ အရေးကြီးဆုံးအပိုင်းမှာ ကရ်ဘလာ အဖြစ်အပျက် ၌ ရှိနေခြင်း ဖြစ်ပြီး အာရှူရာနေ့၌ ရှဟီးဒ် ဖြစ်သွားခြင်းပင် ဖြစ်သည်။ မိုဟရာမ်လ ဟီဂျရီ ၆၁ ခုနှစ် မတိုင်မီတွင် ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ ဘဝ ၊ အခြေအနေများ နှင့် ပတ်သက်၍ အချို့သော ဖော်ပြချက်များအရ ဆီဖ်ဖွီးန် တိုက်ပွဲ၌ ရှိနေသည်မှတပါး အခြားသတင်း အချက်အလက်များ မရှိပေ။ အဘ္ဘာစ် ဗင်န် အလီ ဗင်န် အဘီသွာလီဘ် (အစ) သည် ကရ်ဘလာ အဖြစ်အပျက်အတွင်း ၎င်းသည် အေမာမ်ဟိုစိုင်းန်(အစ) စစ်တပ် ၏ အလံကိုင်ဆောင်သူ ဖြစ်ပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်သားများအတွက် ယူဖရေးတီး (ဖိုရာသ်) မြစ်မှ ရေကို ယူဆောင်လာခဲ့သည်။ အဘ္ဘာစ် ဗင်န် အလီ(အစ) သည် ၎င်း၏ အစ်ကိုများနှင့်အတူ အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ထံမှ ခိုလှုံခွင့် စာနှစ်စောင်ကို ပယ်ချခဲ့ပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ စစ်တပ်ဘက်မှ ခုခံကာကွယ် တိုက်ခိုက်ခဲ့ပြီး ရှဟီးဒ် အသေခံခဲ့သည်။ မက္ကသလ် စာအုပ်များ၏ ကိုးကားဖော်ပြချက်အရ အာရှူရာနေ့၌ ၎င်း၏ လက်နှစ်ဖက် ဖြတ်တောက်ခြင်း ခံထားရပြီး ဦးခေါင်းအား သံတုတ်ဖြင့် ရိုက်ခဲ့ကြရာ ရှဟီးဒ် ဖြစ်သွားခဲ့သည်။ အချို့ကောက်နုတ်ဖော်ပြထားသည်မှာ ၊ အေမာမ်ဟိုစိုင်းန်(အစ) သည် ဟဇရသ်သေ အဘ္ဘာစ် လဲကြရှဟီးဒ် ဖြစ်သွားချိန် ၎င်း၏အနား၌ ငိုကြွေးခဲ့သည်။ အချို့ကျမ်းကိုးများသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) အား အရပ်အလွန်ရှည်ပြီး လင်း၀င်းသော မျက်နှာရှိသည်ဟု ဖော်ပြထားသည်။ ရှီအာ အေမာမ်များသည် ဟဒီးတော် တစ်ပုဒ်၌ ဟဇရသ်သေ အဘ္ဘာစ်(အစ) အတွက် ဂျန္နသ် သုခဘုံတွင် မြင့်မြတ်သော အရိုက်အရာ ရှိကြောင်းကို မိန့်ဆိုထားကြသည်။ ထို့အပြင် ဟဇရသ်သေ အဘ္ဘာစ်(အစ)သည် လူသားများ နောက်ဆုံး ရှီအာ မဟုတ်သူများ နှင့် မွတ်စလင်မ် မဟုတ်သူများပင် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ထူးခြားသော အကြောင်းအရာများကို ကောက်နုတ်ဖော်ပြထားသည်။ ရှီအာများသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) နှင့် ပတ်သက်ပြီး ၎င်းသည် သာလွန်မြင့်မြတ်သော အရိုက်အရာရှိသည်ဟု ယုံကြည်လက်ခံထားကြသည်။ ထို့နောက် ၎င်းအား ဘာဘွလ်ဟဝါအီဂ်ျ ဟူ၍ ခေါ်ဆိုကြပြီး ၎င်းအား သဝစွလ် ယုံကြည်အပ်နှံ ကြလေသည်။ ဟဇရသ်သေ အဘ္ဘာစ်(အစ)၏ ဟရမ် (ကဗရ်ရှိသည့် နေရာအား အမှတ်အသား လုပ်ထားသည့်နေရာ) သည် အေမာမ်ဟိုစိုင်းန်(အစ) ဟရမ် ၏ အနီးအနား၌ ရှိပြီး ယင်းသည် ရှီအာများ၏ အရေးကြီးဆုံးသော် ဇေယာရသ် ပြုလုပ်ရာ ဌာနများအနက်မှ တစ်ခုဖြစ်သည်။ ထို့အတူ ရှီအာများသည် ၎င်းအား စက္ကာယေကရ်ဘလာ ( ကရ်ဘလာ၌ ရေပေးသူ) ဟူ၍ တမ်းတခေါ်ဆိုကြပြီး မိုဟရမ်လ ကိုးရက်နေ့ သာစူအာနေ့တွင် ဟဇရသ်အဘ္ဘာစ်ကို အောက်မေ့၍ ငိုကြွေးမြည်တမ်း အဇာဒါရီ ပြုလုပ်ကြသည်။ ဤနေ့သည် အီရာန်ရှိ အစိုးရ ရုံးပိတ်ရက် ဖြစ်သည်။ အီရာန်နိုင်ငံတွင်လည်း ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ မွေးနေ့ကို စစ်မှုထမ်းသူများနေ့ ဟု အမည်ပေးထားသည်။ များစွာသော နေရာများကို ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ အမည်ဖြင့် ဥပမာ စက္ကာခါနဟ် ၊ အဘာစ်စီယာ ၊ စက္ကာနဖာရ် ဟူ၍ တည်ဆောက်ကြသည်။

အဘ္ဘာစ် ဗင်န် အလီ (အစ) နှင့် ပတ်သက်ပြီး သုတေသန အရင်းအမြစ် နည်းပါးခြင်း

အချို့ သမိုင်းသုတေသီ များ၏ အဆိုအရ ကက်ဘလာ အဖြစ်အပျက် မတိုင်ခင် အဘ္ဘာစ် ဗင်န် အလီ (အစ) ၏ ဘဝ နေထိုင်မှု နှင့် ပတ်သက်သည့် သမိုင်း အချက်အလက် များများစားစား မရရှိပေ။ ထို့ကြောင့် အဘ္ဘာစ် ဗင်န် အလီ (အစ) ၏ မွေးဖွားခြင်းအကြောင်း နှင့် အတ္ထုပတ္တိ ဆိုင်ရာတို့၌ ကွဲပြားမှုများစွာရှိ ပေသည်။ (1) အမေရိကန် နိုင်ငံသား အီရန် သုတေသန ပြုသူ အမေရိကန် နိုင်ငံသားသည် ချီလ်ကူးစ်ကီ ပညာရှင်သည် အဘ္ဘာစ် ဗင်န် အလီ (အစ) ၏ အတ္ထုပတ္တိအား သမိုင်းအဖြင့် တီထွင်ထားပြီး ၊ ဒဏ္ဍာရီ တစ်ခု ဖြစ်သည်ဟု မှတ်ယူထားသည်။ (2) ဟဇရသ်‌ေသ အဘ္ဘာစ် ဗင်န် အလီ (အစ) နှင့် ပတ်သက်ပြီး‌ သီးခြား ရေးသားထားသော စာအုပ်များသည် ၁၄ ရာစု နှင့် ၁၅ ရာစုများနှင့် သက်ဆိုင်သည့် စာအုပ်များ ဖြစ်သည်။ ဘက်သ်ွလွလ်အလ်ကမာ ဟူသော သုံးအုပ်တွဲ စာအုပ်အား ပြုစုသူ အဘ်ဒွလ်ဝါဟီဒ် မိုဇွဖ်ဖဲရ် သည် ဟီဂျရီ ၁၃၁၀ ခုနှစ်၌ ကွယ်လွန်ခဲ့သည်။ အဆွာအီဆွလ်အဘာစီယဟ် စာအုပ်ပြုစုသူ မိုဟမ္မဒ် အီဗ်ရာဟီးမ်ကလ်ဘာစီ နဂျဖ်ဖီ သည် ဟီဂျရီ ၁၃၆၂ ၌ ကွယ်လွန်ခဲ့သည်။ (3) ဟယာသု အဘီလ် ဖက်ဆ်ွလွလ်အဘာစ် စာအုပ်ပြုစုသူ မိုဟမ္မဒ် အလီ အူရ်ဒုဘာဒီ သည် ဟီဂျရီ ၁၃၈၀ နှစ်တွင် ဆုံးပါးခဲ့သည်။ ကမဲရေဗနီဟာရှင်မေအဘာစ် စာအုပ် ပြုစုသူ မူစဝီ မိုကရ်ရမ် သည် ဟီဂျရီ၁၃၉၁ ၌ ကွယ်လွန်ခဲဘသည်။ ကျယ်ဟ်ရေယေ ဒေရက်ခ်ရှာန်းကမဲရ်ရေ ဗနီဟာရှင်မ် စာအုပ် ပြုစုသူ ရက်ဘ္ဘာနီ ခလ်ခါလီ သည် အီရာန် သက္ကရာဇ် ၁၃၈၉ ၌ ကွယ်လွန်ခဲ့သည်။ အဘ္ဘာစ် ဗင်န် အလီ ဗင် အဘီသွာလီဘ်(အစ)

အမည် နှင့် မျိုးရိုး

အဘ္ဘာစ် ဗင်န် အလီ ဗင်န် အဘီသွာလီဘ် သည် အဘလ်ဖက်ဆ်ွလ် အစွဲပြု အမည်ဖြင့် ကျော်ကြားလေသည်။ အေမာမ်အလီ (အစ) ငါးယောက်မြောက် သားတော်ဖြစ် ပြီး ၎င်းသည် အွမ်မွလ်ဗနီးန် ဟု ကျော်ကြားသော ဖွာသွေမဟ် ဗင်န်သေ ဟဇာမ် နှင့် အေမာမ်အလီ(အစ) တို့၏ သားဖြစ်သည်။ (5)

မိခင်

ဟဇရသ်သေ အဘ္ဘာစ်၏ မိခင်ကို မျိုးရိုးဗီဇာ သိရှိသူ အကီးလ်မှ အေမာမ်အလီ(အစ) အား မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ အေမာမ်အလီ(အစ) သည် အကီးလ် အား မိမိအတွက် ရဲရင့်သော ကလေး မွေးပေးနိုင်မည့် ဇနီးတစ်ယောက် ရှာပေးဖိုရန် တောင်းဆိုခဲ့သည်။ (6) အချို့ဖော်ပြထားသည်မှာ အာရှူရာည‌၌ ဇိုဟိုင်းရ် ဗင်န် ကိန်းစ် သည် ရှင်မ်ရ် ၏ စာ ကို ဟဇရသ်သေအဘ္ဘာစ်(အစ)အား သတင်းပေးပြီးနောက် ပြောသည်မှာ " အို အမီးရွလ်မိုအ်မေနီးန် ၏ သားတော် ၊ အသင့် ၏ ဖခင်ထိန်းမြားလက်ထပ်‌ေတာ့မည့်အခါ အသင်၏ ဦးလေး အကီးလ်ကို " ကရ်ဘလာ၌ ဟိုစိုင်းန်(အစ) အား ကူညီနိုင်မည့်သူ ဖြစ်စေရန် မိမိ့အတွက် ရဲရင့်သော ကလေး မွေးဖွားပေးနိာင့် အမျိုးသမီးကိုရှာဖွေရန် မိန့်ဆိုခဲဘသည်။ ထိုဘကြောင့် အသင့်ဦးလေး အကီးလ်သည်လည်း အေမာမ်အလီ(အစ) အား ဒီလာ၀ရာန် ဟု အမည်ရှိသော မျိုးနွယ်မှ အမျိုးသမီးဖြင့် လက်ထပ်ရန် ပြောခဲ့သည်။ (7) အူရ်ဒူဘာရီး သည် အိစ်ရာရွလ် ရှဟာဒဟ် စာအုပ်မှလွဲ၍ အခြားစာအုပ်များတွင် ဇိာဟိုင်းရ် နှင့် အဘ္ဘာစ် တို ၏ ဤသို့ စကားပြောဆိုသည့် အဖြစ်အပျက်အား မတွေ့ဖူးကြောင်း ပြောကြားခဲ့သည်။ (8)

အစွဲပြုခေါ်ဆိုသော အမည်များ

အဘလ်ဖက်ဆ်ွလ် ။ ။ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ အကျော်ကြားဆုံးသော အစွဲပြုခေါ်ဆိုသည့် အမည် ဖြစ်သည်။ (9) အချို့များ ပြောထားသည်မှာ ဘနီဟာရှင်မ် မျိုးနွယ်၌ အဘ္ဘာစ် ဟုအမည်ရှိသူတိုင်းအား အဘလ်ဖက်ဆ်ွလ် ဟု ခေါ်တွင်လေ့ရှိကြသည်။ ထို့ကြောင့် အဘ္ဘာစ်ကိုလည်း ကလေးဘ၀၌ပင် အဘလ်ဖက်ဆ်ွလ် ဟုခေ့်တွင်ခဲ့ကြသည်။ (10) စိုင်ယိဒ် အဘ်ဒွလ်ရဇာက္က် မူစဝီ မိာကရ်ရမ် သည် " အလ်ဂျရီးရသွလ် ဖီ အူစယလု အင်န်စာဘွလ် အလဝီယဟ်" စာအုပ်မှ ကိုးကားထားသည်မှာ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၌ ဖက်ဆ်ွလ် ဟုအမည်ရှိသော သားတစ်ယောက် ရှိပေသည်။ ထို့ကြောင့် ၎င်းအား အဘ်ဖက်ဆ်ွလ် ဟု ခေါ်တွင်ကြသည်။ (11)

အဘလ်ကာစင်မ် ။ ။ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၌ ဖက်ဆ်ွလ် ဟုအမည်ရှိသော သားတစ်ယောက် ရှိသည် ဟူသော အထောက်အထားအရ ၎င်းအား အဘလ်ကာစင်မ် ဟုခေါ်တွင်ကြသည်။ ဤ အစွဲပြုခေါ်ဆိုသော အမည်သည် ဇေယာရသ်သေ အရ်ဗအီးန် ၌လည်း လာရှိထားသည်။ (12) အဘွလ်ကီရ်ဘဟ် ။ ။ အချို့များ ယုံကြည်ထားသည်မှာ ၊ ဟဇရသ်သေ အဘ္ဘာစ်(အစ) အား ဤအစွဲပြုခေါ်ဆိုသော အမည်ဖြင့် ခေါ်ဆိုရသည့် အကြောင်းရင်းမှာ ကရ်ဘလာ အဖြစ်အပျက်၌ အကြိမ်ပေါငများစွာ ရေအပြည့်ပါရှိသော ရေအိပ်ကို ခိုင်မာ တဲနန်းများစီသို ပိုဆောင်နိုင်သောကြောင့် ဖြစ်သည်။ ဤအစွဲပြုခေါ်ဆိုသော အမည်သည် ကျမ်ကိုးအချို့၌ ဖော်ပြထားသည်။ (13) ကီရ်ဘဟ် ဆိုသည်မှာ ရေအိပ် ဟုအဓိပ္ပါယ်ရသည်။ (14) အဘွလ်ဖဲရ်ဂျဟ် ။ ။ ဤသို့ခေါ်တွင်ရသည့် အကြောင်းအရင်းမှာ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် မိမိထံ လာ‌ေရာက်အပ်နှံသူတိုင်း၏ အလုပ်များ ( ၎င်းအား သဝစွလ် ထားပြီး လုပ်ဆောင်သော အလုပ်များ) ကို ပြေလည်စွာ ၊ အဆင်ပြေစွာ လယပြုလုပ်ပေးသောကြောင့် ဖြစ်သည်။ (15) ဖဲရ်ဂျဟ် ၏ အနက်အဓိပ္ပါယ်မှာ ပြေလည်အောင် ပြုလုပ်ပေးခြင်း ၊ ၀မ်းနည်းမှုများကို ပပြောက်စေခြင်း ဟူ၍ ဖြစ်သည်။ ( 16)

ဂုဏ်ပုဒ်မျာ

ဇေယာရသ်သေ ရှိဟဒါ ၌ လာရှိထားသည်မှာ زیارت الشهداء السَّلَامُ عَلَی الْعَبَّاسِ بْنِ أَمِیرِ الْمُؤْمِنِینَ، الْمِوَاسِی أَخَاهُ بِنَفْسِهِ، الْآخِذِ لِغَدِهِ مِنْ أَمْسِهِ، الْفَادِی لَهُ الْوَاقِی، السَّاعِی إِلَیهِ بِمَائِهِ الْمَقْطُوعَهِ یدَاهُ အဘ္ဘာစ် ဗင်န် အမီးရွလ်မိုအ်မေနီး ထံသို စလာမ် ပို့သပါ၏။ ၎င်း၏ အသက်ဖြင့် ၎င်းအကိုတော်ကို ကူညီခဲ့သည်။ ထိုအကိုတော် အတဠက် မိမိကိုယ်ကိုပင် စတေးခဲ့သည်။ ၎င်းရှင်ပြန်ထမြောက်မည့်နေ၌ ၎င်း၏ ဒွန္နီယာ လောကမှ ပြုလုပ်ခဲ့သည့် အရာများ၏ အကျိုးကို ခံစားရမည် ဖြစ်သည်။ ၎င်း၏ အကိုအတွက် မိမိကိုယ်ကို စတေးခဲ့သည်။ ထိုအကိုအတွက် ၎င်းသည် သက်တော်စောင့် ၊ အနစ်နာခံသော ခေါင်းဆောင်တပ်မှုး ဖြစ်ခဲ့သည်။ ၎င်းကိုယ်တိုင် ရေစာနေသော်လည်း မိမိ၏ လက်ထဲ၌ ရှိနေသော ရေကို ဟိုစိုင်းန်(အစ) ထံသို ယူဆောင်ရန် ကြိုးစားခဲ့သော်လည်း လက်နှစ်ဖက်စလုံး ပြတ်တောက် ခံခဲ့ရသည်။ စ်ုယိဒ် ဗင်န် သွာဝူးစ် ၊ အိက္က်ဘာလွလ်အအ်မာလ် ၊ ဟီဂျရီ ၁၄၀၉ ၊ အတွဲ၂ ၊ စာမျက်နှာ ၅၇၄

ဟဇရသ် သေ အဘ္ဘာစ်(အစ) အတွက် များစွာသော ဂုဏ်ပုဒ်များကို ဖော်ပြထားသည်။ ၎င်းတို့အနက်မှ အချို့ ဂုဏ်ပုဒ်များသည် ဂုဏ်ပုဒ်အဟောင်း များ ဖြစ်ပြီး အချို့ဂုဏ်ပုဒ်များသည် အသစ်များ ဖြစ်ပြီး လူများက ၎င်း၏ ဂုဏ်ရည် နှင့် သီလသမာဓိ များကို အခြေခံ၍ သတ်မှတ်ထားကြသည်။ (17)၎င်း၏ အချို့ ဂုဏ်ပုဒ်များမှာ အောက်ပါတို့ ဖြစ်သည်။ ကမ္မ်ရေ ဗနီဟာရှင်မ် (18) (ဗနီဟာရှင်မ် မျိုးနွယ်၏ လ၀န်း) ဘာဘွလ်ဟဝါအီဂ်ျ (19) ဘိဂ်ဒေါဒီး၏ အဆိုအရ ဤဂုဏ်ပုဒ်သည် ရှီအာများအကြား အထူးသဖြင့် အီရတ်ရှိ ရှီအာများအကြားတွင် ကျော်ကြားပေသည်။ (20) များစွာသောလူများ လက်ခံထားကြသည်မှာ မည်သည့် ကိစ္စတိုင်းကိုမဆို ဟဇရသ် သေ အဘ္ဘာစ်(အစ)အား သဝစွလ် ယုံကြည်အပ်နှံလိုက်ပါက အရှင်မြတ်သည် ၎င်းတို့၏ လိာအင်ဆန္နများကို ဖြည့်ဆည်းပေးတော်မူပေမည်။ (21) စက္ကာ ။ ။ အချို့များယုံကြည်ထားကြသည်မှာ ၊ ဤဂုဏ်ပုဒ်သည် သမိုင်းပညာရှင်များ နှင့် မျိုးရိုးလိုက်သူများ အကြားတွင် ထင်ပေါ်ကျော်ကြားသည်။ (22) ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် ကရ်ဘလာ ၌ သုံးကြိမ်တိုင်တိုင် ခိုင်မာတဲနန်းဘက်သို ရေ ယူလာခဲ့သည်။ (23) ဟဇရသ်သေ အဘ္ဘာစ်(အစ) နှင့် ပတ်သက်၍ ဖော်ပြထား‌ေသာ ကဗျာများ၌ ၎င်းအား ဤဂုဏ်ပုဒ် ဖြင့် အထူးပြာထားလေသည်။ ဥပမာ اني انا العباس اغدوا بالسقی ကျွန်ုပ်သည် အဘ္ဘာစ် ဖြစ်သည်။ ထို့နောက် ကျွန်ုပ်သည် ညကို စက္ကာ ရာထူးဖြင့် နေ့ဖြစ်အောင် ပြုလုပ်ပေမည်။ (24) အရှ်ရှဟီးဒ် (25) အလံ ကိုင်ဆောင်သူ ၊ အလမ်ဒါရ် ( 26) ဘာဘွလ်ဟိုစိုင်းန် ။ ။ အချို့သူများသည် ရှီအာ အာရီဖ် ပညာရှင်ဖြစ်သော စိုင်ယိဒ် ကာဇွီ သွဗာသွဗာယီ ၏ မိန့်ဆိုမှု နှင့် " ဟဇရသ်သေ အဘလ်ဖက်ဆွလ်(အစ) သည် အောင်လီယာ သူတော်စင်များ၏ ကအ်ဗဟ် ကျောင်းတော် ဖြသ်သည်" ဟူသော သတင်းကို ထောက်ထားခြင်းအားဖြင့် ဤဂုဏ်ပုဒ် ကို ဟဇရသ်သေ အဘ္ဘာစ်(အစ) အား ပေးခဲ့သည်။ (27)

အတ္ထုပတ္တိ

အချို့သော သုတေသီများ၏ အဆိုအရ ကရ်ဘလာ အဖြစ်အပျက် မတိုင်မီတွင် ဟဇရသ်သေ အဘ္ဘာစ်(အစ)၏ ပတ်သက်၍ သမိုင်းဆိုင်ရာ အချက်အလက် အများအပြား မရရှိပေ။ (28) ဟဇရသ်သေ အဘ္ဘာစ်(အစ)၏ ဘဝ နေထိုင်မှု နှင့် ပတ်သက်၍ ဖော်ပြထားသည့် တစ်ခုတည်းသော အကြောင်းအရာမှာ ဆွဖ်ဖီးန် တိုက်ပွဲ ၌ ရှိနေခဲ့ခြင်း ဖြစ်ပြီး အေမာမ် ဟစန် မွဂ်ျသဗာ(အစ) မြုပ်နှံရာ၌ ပါ၀င်ခဲ့ခြင်း ဖြစ်သည်။ (29) အခြာူကျန်ရှိသော အကြောင်းအရာများသည် ကရ်ဘလာ အဖြစ်အပျက် နှင့် သက်ဆ်ိင်နေပေသည်။ (30)

မွေးဖွားခြင်း

ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ မွေးနေ့နှင့် ပတ်သက်ပြီး ကွဲပြားသော အဆိုများ ရှိပေသည်။ (31) ဤသို့ ကွဲပြားရခြင်းမျာလည်း ၎င်း၏ ဖခင် အီမာမ်အလီ (အစ) ရှဟီးဒ် ဖြစ်သည့်နေ့တွင် ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ အသက်မှာ ၁၆ နှစ် မှ ၁၈ နှစ်အကြား ဖြစ်သည်ဟု အချို့က ယူဆထား သောကြောင့် ဖြစ်နိုင်သည်။ (32) အချို့များသည်လည်း ၎င်း၏ အသက်ကို ၁၄ နှစ် ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ (33) ကျော်ကြားသောအဆိုမှာ ဟဇရသ်သေအဘ္ဘာစ်(အစ) သည် ဟီဂျရီ ၂၆ ၊ မဒီနာမြို၌ မွေးဖွားခဲ့သည်။ (34) အူရ်ဒူဘာဒီး ၏အဆိုအရ ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ မွေးနေ့ မွေးရက်သည် ရှေးဟောင်း သမိုင်းကြောင်း၌ လည်း ရှာဖွေမတွေ့ရှိပေ။ သိုသော် ဟီဂျရီ ၁၃ ရာစု၌ ရေးသားခဲ့သည့် အနီးစွလ်ရှီအဟ် ဟူသော စာအုပ်တွင် ၎င်း၏ မွေးနေ့ မွေးရက်ကို ရှာအ်ဗာန်လ လေးရက်နေ့ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (35) ခဝါအီဆွလ်အဘာစီယဟ် စာအုပ်ရေးသားသူသည် ကျမ်းကိုးကားချက် မပါရှိပဲ ရေးသားထားသည်မှာ ဟဇရသ်သေအဘ္ဘာစ်(အစ) မွေးဖွားလာသည့်အခါ အေမာမ်အလီ(အစ) သည် ၎င်းအား ရင်ခွင်ပိုက်ပြီး အဘ္ဘာစ် ဟူ၍ အမည်မှည့်ခဲ့ကာ ၎င်း၏ နားနှစ်ဖက်၌ အဇာန် နှင့် အကာမဟ် ဖတ်ပေးခဲ့သည် ။ ထို့နောက် ၎င်း၏ လက်မောင်းများကို နမ်းရှုပြီး ငိုကြွေးလေသည်။ ထိုအခါ အွမ်မွလ်ဗနီးန် သည် အေမာမ်အလီ(အစ) အား အဘယ်ကြောင့် ငိုကြွေးရသနည်း ဟုမေးမြန်းလာရာ၌ အေမာမ်အလီ(အစ) ဖြေဆိုသည်မှာ အဘ္ဘာစ်၏ လက်နှစ်ဖက်သည် ဟိုစိုင်းန်(အစ) ကို ကူညီရာ၌ ဖြတ်တောက်ခံရမည် ဖြစ်သည် ။ ထိုေနာက် အရှင်မြတ်သည် ထိုဖြတ်တောက်ခံလိုက်ရသော ၎င်း၏ လက်နှစ်ဖက်အစား အာခေရသ် ၌ အတောင်ပံ နှစ်ခုအား ပေးသနားတော်မူပေမည်။ (36) အခြာစာအုပ်များ၌လည်း ထိုကောက်နုတ်ကိုးကားချက်ကို ထောက်ထားခြင်းအားဖြင့် ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ လက်နှစ်ဖက် ဖြတ်တောက်ခံလိုက်ရခြင်းအတွက် အေမာမ်(အစ) ၏ ငိုကြွေးခြင်းကို ဖော်ပြထားသည်။ (37)

မိန်းမများ နှင့် သားသမီးများ

ဟဇရသ်သေအဘ္ဘာစ်(အစ) သည် အဘ္ဘာစ် ဗင်န် အဘ်ဒွလ်မိုသွလီဘ် ၏ မြေးဖြစ်သူ လိုဗာဘဟ် နှင့် ဟီဂျရီ ၄၀ မှ ၄၅ နှစ်ကာလအတွင်း လက်ထပ်ထိန်းမြားခဲ့သည်။ (39) အချို့ကျမ်းကိုးများသည် လိုဗာဘဟ် ၏ ဖခင်ကို အိုဘိုင်ဒွလ္လာဟ် ဗင်န် အဘ္ဘာစ် (40) ၊ အခြားကျမ်းကိုးတစ်ခု၌ အဘ်ဒွလ္လာဟ် ဗင်န် အဘ္ဘာစ် (41) ဟူ၍ ဖော်ပြထားသည်။ တတိယ ရာစု၏သမိုင်းပညာရှင် အိဘ်နေဟဘီးဘေ ဗဂ်ဒေါဒီး သည် ဟဇရသ်သေအဘ္ဘာစ်(အစ)၏ ဇနီး လိုဘာဗဟ် ကို အိုဘိုင်ဒွလ္လာဟ် ၏ သမီးဖြစ်သည်ဟု သတ်မှတ်ထားသည်။ ထို့နောက် အဘ်ဒွလ္လာဟ် ၏ သမီးဖြစ်သူ လိုဘာဗဟ် ကို အလီ ဗင်န် အဘ်ဒွလ္လာဟ် ဂျအ်ဖဲရ် ၏ ဇနီး ဖြစ်သည် ဟု မိတ်ဆက်ပေးထားသည်။ (42) လိုဘာဗဟ် သည် ဟဇရသ်သေအဘ္ဘာစ်(အစ) အတွက် ဖက်ဆ်ွလ် နှင့် အိုဘိုင်ဒွလ္လာဟ် ဟု အမည်ရှိသော သားနှစ်ယောက်ကို မွေးဖွားပေးခဲ့သည်။ (43) ထို့နောက် ဟဇရသ်သေအဘ္ဘာစ်(အစ) ရှဟီးဒ် ဖြစ်ပြီးနောက် ၀လီးဒ် ဗင်န် အွသ်ဗဟ် နှင့် ဦးစွာ လက်ထပ်ခဲ့ပြီးေနာက် ဇိုင်းဒ် ဗင်န် ဟစန် နှင့် ထိန်းမားခဲ့သည်။ (44) ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ သားဖြစ်သူ အိုဘိုင်ဒွလ္လာဟ် သည် အေမာမ်စဂျာဒ်(အစ) ၏ သမီး နှင့် ထိန်းမြားခဲ့သည်။ (45) အချို့စာရေးသူများသည် ဟဇရသ်သေအဘ္ဘာစ်(အစ) ၌ ဟစန် ၊ ကာစင်မ် နှင့် မိုဟမ္မဒ် ဟုခေါ်သော သားများရှိပြီး ၊ သမီးလည်း ရှိသည်ဟု ဖော်ပြထားသည်။ ကာစင်မ် နှင့် မိုဟမ္မဒ် သည် အာရှူရာနေ့၌ ၎င်းတို့၏ဖခင် ရှဟီးဒ် ဖြစ်ပြီးနောက် ရှဖဟီးဒ် ဖြစ်သွားခဲ့သည်။ (46) ဖော်ပြထားသည်မှာ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ မျိုးဆက်သည် ၎င်း၏ သား အိုဘိုင်ဒွလ္လာဟ် နှင့် ဟစန်တိုမှ ဆက်လက်ထွန်းကားလျက် ရှိသည်။ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ မျိုးဆက်များသည် အလဝီ များထဲတွင် အကျော်ကြားဆုံးဖြစ်သည်။၎င်းတို့အနက်မှ အများစုမှာ အာလင်မ် ပညာရှင်၊ ကဗျာဆရာများ၊ တရားသူကြီးများနှင့် အုပ်ချုပ်သူများ ဖြစ်ကြသည်။(47) ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ မျိုးဆက်သည် မြောက်အာဖရိကမှ အီရန်သို ပြန့်နှံသွားကြောင်း ဖော်ပြထားသည် ။ (48) အချို့သည် ဤသို့ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ မျိုးဆက် ပြန့်နှံသွားရသည့် အကြောင်းအရင်းကို ဖိနှိပ် ချုပ်ချယ်သော အုပ်ချုပ်မှုမှုများကြောင့် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ သားသမီးများ ပြောင်းရွှေ့လာရခြင်းမှ ဖြစ်သည်ဟု ဖော်ပြထားသည်။ (49)

ဆွီဖ်ဖီးန် စစ်ပွဲ

အချို့စာအုပ်များ၌ ကောက်နုတ် ဖော်ပြထားသည်မှာ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် ဆွီဖ်ဖီးန် စစ်ပွဲ၌ မာလီက်ကေ အက်ရှိသဲရ်၏ ဦးဆောင်မှုနှင့်အတူ ဖိုရာသ်မြစ်ကို တိုက်ခိုက်ခဲ့ပြီး အေမာမ်အလီ (အစ) ၏ တပ်သားများအတွက် ရေကို ရယူလာခဲ့သူ ဖြစ်သည်။ (50) အလားတူ ထိုကိုးကားစာအုပ်များတွင် နောက်ပိုင်းစာအုပ်များတွင် စီရီးယားနိုင်ငံမှ ရှက်အ်စာသ် နှင့် သူ၏သား ခုနစ်ယောက်ကို ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏လက်ချက်ဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်ကို ဆွီဖ်ဖီးန်း တိုက်ပွဲ၏ ဖြစ်ရပ်များ အနက်မှ တစ်ခုဖြစ်သည်ဟု ဖော်ပြထားသည်။(51) အချို့စာရေးဆရာများ၏ ကောက်နုတ်ဖော်ပြချက်အရ စီးရီးယား ပြည်သူများသည် ရှက်အ်စာအ် ၏ အင်အားကို အယောက်တစ်ထောင် နှင့် ညီမျှသည်ဟု သိရှိလက်ခံထားကြသည်။ (52) အချို့များသည်လည်း ဆွီဖ်ဖီးန် တိုက်ပွဲ တွင် ဟဇရသ်သေ အဘ္ဘာစ် (အစ) ရှိနေခြင်းကို သံသယဝင်ကြပြီး သမိုင်းအထောက်အထားများနှင့် ကိုက်ညီမှု မရှိပေဟုယူဆထားကြသည်။ (53) အူရ်ဒူဘာဒီး သည် ၎င်း၏ စာအုပ်၌ ဖော်ပြထားချက်အရ အေမာမ်အလီ(အစ) သည် ဟဇရသ်သေ အဘ္ဘာစ်(အစ) ကို ဝစီယသ် သေတမ်းစာ မှာကြားခြင်း နှင့် အေမာမ်ဟိုစိုင်းန်(အစ) နှင့် ပတ်သက်ပြီး ၎င်းအား ၀စီယသ် သေတမ်းစာ မှာကြားခဲ့ခြင်း တို့သည် မည်မျှပင် ကျော်ကြားသည့် အကြောင်းအရာများ ဖြစ်နေပါစေ အထောက်အထားမရှိပေ။ (54)

ကရ်ဘလာ အဖြစ်အပျက် ၌ ဟဇရသ်‌သေ အဘ္ဘာစ်(အစ)

ကရ်ဘလာ အဖြစ်အပျက်၌ ဟဇရသ်‌သေ အဘ္ဘာစ်(အစ) ရှိနေခြင်းသည် ၎င်း၏ အတ္ထုပတ္တှိ အရေးအကြီးဆူံသော အရာတစ်ခု ဖြစ်သည် ။ ထို့အပြင် ရှီအာများအကြား ၎င်း၏ အရေးပါမှုမှာလည်း ၎င်းကိုယ်တိုင် ကရ်ဘလာ အဖြစ်အပျက် ၌ ပါ၀င်ခဲ့သည့် အခန်းကဏ္ဍကြောင့်ပင် ဖြစ်သည်။ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် အေမာမ်ဟိုစိုင်းန် (အသ) ၏ ရပ်တည်မှုတွင် အထင်ရှားဆုံးသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဖော်ပြခဲ့ကြသည်။ (55) သိုရာတွင်၊ သီးသန့် ဟဇရသ်သေ အဘ္ဘာစ်(အစ) အကြောင်း ရေးသားထားသော စာအုပ်အများစုတွင် အေမာမ်ဟိုစိုင်းန်(အစ) မဒီနာ မှ မက္ကာသို ထွက်ခွာခြင်း ၊ ထို့နောက် မက္ကာ မှ ကူဖွာ သို ထွက်ခွာခြင်းတို့၌ ဟီဂျရီ ၆၁ ခုနှစ် မိုဟရမ် မတိုင်မီ အထိ ဟဇရသ်သေ အဘ္ဘာစ်(အစ) နှင့် ပတ်သက်ပြီး သမိုင်းဆိုင်ရာ သို့မဟုတ် ရေဝါယသ်ဆိုင်ရာ အထောက်အထားများ မရှိပေ။ (56)

မက္ကာမြို၌ မိန့်ခွန်းပြေကြားခြင်း

"ခသွီးဘွလ်ကအ်ဗဘ်" စာအုပ် ပြုစုသူ သည် မိန့်ခွန်းတစ်ခုကို ဟဇရသ်သေ အဘ္ဘာစ်(အစ) မိန့်ဆိုခဲ့သည်ဟု ဖော်ပြထားသည်။ (57) ထို့နောက် မှတ်စုတစ်ခုအပေါ် အခြေခံ၍ ထိုမိန့်ခွန်းကို "မနာကီဘု စာဒသွလ် ကရာမ်" စာအုပ်တွင် မှတ်တမ်းတင်ထားပြီး ဤစာအုပ်ကို မမြင်ဖူးကြောင်း ဖော်ပြထားသည်။ (58) ဤအဆိုပြုချက်အရ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် ဇီလ်ဟဂ်ျ လ ၈ ရက်နေ့၌ မိန့်ခွန်းတစ်ခုကို ကအ်ဗဟ် ၏ ခေါင်မိုးပေါ်တွင် ဟောကြားခဲ့သည်။ ထိုမိန့်ခွန်း၌ အေမာမ်ဟိုစိုင်းန်(အစ) ၏ ရပ်တည်ချက်ကို ရည်ညွှန်းပြီး ယဇီးဒ် ကို အရက်သောက်သူ ဟူ၍ ပြောကာ လူများသည် ယဇီးဒ်ကို ဘိုင်အသ် သစ္စာခံခြင်းနှင့် ပတ်သက်ပြီး ဝေဖန်ခဲ့သည်။ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် ထိုသို့ တရားဒေသနာ မိန့်ခွန်း ပြောရာ၌ မိမိအသက်ရှင်နေသရွေ့ မည်သူတစ်ဦးတစ်ယောက်မှ အေမာမ်ဟိုစိုင်းန်(အစ) အား ရှဟီးဒ် လုပ်၍ မရနိုင်ကြောင်း ၊ မိမိ့ အသက်ကို သတ်ပြီးမှသာလျှင် အေမာမ်(အစ) ကို ရှဟီးဒ် လုပ်နိုင်မည် ဖြစ်ကြောင်းကို မိန့်ဆိုသွားခဲ့သည်။ (59) ဂျူယာ ဂျဟာန်း ဘက်ခ်ရှ် သည် ဆောင်းပါးတစ်ခု၌ မိန့်ခွန်းစာသားများ၏ အနေအထား ၊ သဒ္ဒါပိုင်းဆိုင်ရာများသည် ချိုယွင်းချက်ရှိခြင်း နှင့် အမည်မသိ့ ဆောင်ပါးများ ဖြစ်ကြောင်း ဖော်ပြထားပြီး ထိုဆောင်းပါး ၊ စာစောင်ကို ငြင်းပယ်ထားသည်။ ထို့အပြင် မက္ကာ၌ ဟဇရသ်သေ အဘ္ဘာစ်(အစ) မိန့်ခွန်းပြောသည် ဟူသော အကြောင်းအရာကို အခြား ရေဝါယသ်များတွင် မတွေ့ရကြောင်း ဖော်ပြထားသည်။ (60)

အာရှူရာ နေ့၌ အလံ ကိုင်ဆောင်သူ (အလမ်ဒါရေ ကရ်ဘလာ)

ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် အာရှူရာနေ့၌ အေမာမ်ဟိုစိုင်းန်(အစ) တပ်သားများ၏ အလံကိုင်ခေါင်းဆောင် ဖြစ်ခဲ့သည်။ ‌အေမာမ်ဟိုစိုင်းန်(အစ) သည် အာရှူရာ နံနက်ခင်းတွင် ဤရာထူးကို ဟဇရသ်သေ အဘ္ဘာစ်(အစ) အား အပ်နှင်းခဲ့သည်။ (61) အချို့ကောက်နုတ်ချက်များ အရ အေမာမ်ဟိုစိုင်းန်(အစ) သည် ဟဇရသ်သေ အဘ္ဘာစ်(အစ) အား ကရ်ဘလာ စစ်မြေပြင်သို့ စေလွှတ်မည့်အချိန် အလံကို ဆောင်ထားဖိုရန် သတိပေးခဲ့သည်။ (62)

စက္ကာ ၊ ရေယူဆောင်လာသူ

သမိုင်း ဆိုင်ရာ ကိုးကားဖော်ပြချက်များအရ ရန်သူ့တပ်သားများသည် အေမာမ်ဟိုစိုင်းန်(အစ) နှင့် ၎င်း၏ နောက်လိုက်သားများအပေါ် ရေ ကို ပိတ်ဆိုလိုက်ပြီးနောက် အေမာမ်(အစ) ၏ အဆ်ွဟာဘ်များ နှင့် အိမ်သာအိမ်သားများသည် ရေစာမှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။ ထိုအချိန် ဟဇရသ်သေ အဘ္ဘာစ် သည် မြင်းတပ် ‌အယောက် သုံးဆယ် ၊ ခြေလျင်တပ် အယောက် နှစ်ဆယ် နှင့်အတူ ရေအိပ် နှစ်ဆယ်ကို ယူဆောင်ကာ ရေခပ်ဖိုရန်အတွက် ညအချိန်၌ ဖိုရာသ် မြစ်ကမ်းနဘေးသို သွားခဲ့ကြသည်။ သိုသော် အွမ်ရို ဗင်န် ဟဂ္ဂ်ျာဂ်ျ နှင့် ၎င်း၏ တပ်သားများသည် ဟဇရသ်သေ အဘ္ဘာစ် နှင့် နောက်လိုက်သားများ ဖိုရာသ် မြစ်ကမ်းနဘေး သို မရောက်ရန် တားမြစ်ခဲ့သော်လည်း ဟဇရသ်သေ အဘ္ဘာစ် နှင့် နောက်လိုက်သားများသည် ၎င်းတို့အား တိုက်ခိုက်ကာ ရေအိပ်များကို ရေအပြည့် ဖြည့်ခဲ့ကြသည်။ ၎င်းတို့ ခိုင်မာ တဲနန်းဘက်သို ပြန်လာနေသည့်အချိန် အွမ်ရို ဗင်န် ဟဂ္ဂ်ျာဂ်ျ နှင့် ၎င်း၏ တပ်သားများသည် ၎င်းတို့အား ၀င်ရောက် တိုက်ခိုက်လာကြသည်။ ထိုအခါ ဟဇရသ်သေ အဘ္ဘာစ်(အစ) နှင့် အချို့ မြင်းတပ်သားများသည် ရန်သူများနှင့် တိုက်ခိုက်ပြီး ခြေလျှင်တပ်သားများသည် ရေကို ခိုင်မာ တဲနန်းဆီသို ပိုဆောင်ခဲ့ကြသည်။ (63)

ခိုလှုံခွင့်စာအား ငြင်းပယ်ခြင်း

အေမာမ်ဟိုစိုင်းန်(အစ) နှင့် ၎င်း၏ နောက်လိုက်သားများ ကရ်ဘလာ၌ ရှိနေစဉ် ရန်သူများသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) နှင့် ၎င်း၏ ညီအကိုများ အတွက် ခိုလှုံခွင့်စာကို ယူဆောင်လာသည်။

အဘ်ဒွလ္လာဟ် ဗင်န် အဘီမဟ်လ် ၏ ခိုလှုံခွင့်စာ

ရှင်မ်ရ် ဗင်န် ဇီလ်ဂျောင်ရှန် သည် အေမာမ်ဟိုစိုင်းန်(အစ) နှင့် တိုက်ပွဲဖြစ်မလား သို့မဟုတ် လက်နက်ချကာ နန်းတော်မှ ထွက်သွားမလား ဟု ရေးသားသော အိဗ်နေဇေယာဒ်၏ စာကို ရရှိသည့်အခါ နန်းတော်မှ ထွက်ခွာမည့်အချိန် အွမ်မွလ်ဗနီးန် ၏ တူဖြစ်သူ အဘ်ဒွလ္လာဟ် ဗင်န် အဘီမဟ်လ် သည် (ရှင်မ်ရ် ၏ တပ်သားများ အနက်မှ တစ်ဦးဖြစ်ပြီး ) အိုဘိုင်ဒွလ္လာဟ် ဗင်န် ဇေယာဒ် ထံမှ မိမိ၏ ညီ၀မ်းကွဲ တော်စပ်သူ ဟဇရသ်သေ အဘ္ဘာစ်(အစ) နှင့် ၎င်း၏ ညီအကိုများအတွက် ခိုလှုံခွင့်စာကို ယူဆောင်လာခဲ့ပြီး ထိုစာကို အေမာမ်ဟိုစိုင်းန်(အစ) ၏ခိုင်မာ တဲနန်းသို အွမ်မွလ်ဗနီးန် ၏ သားများအတွက် ပို့ဆောင်ခဲ့သည်။ စာပို့သမားသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) နှင့် ၎င်း၏ ညီအကိုများကို တွေ့သောအခါ ပြောသည်မှာ " ဤခိုလှုံခွင့်စာကို အသင့်ဦးလေးက အသင်တို့အတွက် ပေးပို့လိုက်ခြင်း ဖြစ်သည်။ " ထိုအခါ ၎င်းတို့ ဖြေဆိုသည်မှာ " ကျွန်ုပ်တို့၏ ဦးလေးထံသို စလာမ် ပို့သပါ‌လေ။ ထို‌နောက် ကျွန်ုပ်တိုသည် ဤခိုလှုံခွင့်စာ ကို မလိုအပ်ကြောင်း ပြောပါလေ။ အရှင်မြတ်ထံ ခိုလှုခြင်းသည် အိဗ်နေ စိုမိုင်ယဟ်၏ ခိုလှုံခွင့်စာထက် ပိုမို ကောင်းမွန်မှု ရှိပေသည်။ " (64)

ရှင်မ်ရ် ဗင်န် ဇီလ်ဂျောင်ရှန် ၏ ခိုလှုံခွင့်စာ

မိုဟရမ်လ ကိုးရက်ည တွင်၊ ရှင်မ်ရ် သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်သားများ ရှေ့တွင် ရပ်ပြီး "ကျွန်ုပ် ညီမ၏ သားများ ဘယ်မှာရှိသနည်း" ဟုပြောခဲ့သည်။ ထိုအခါ အဘ္ဘာစ် ၊ ဂျအ်ဖဲရ် နှင့် အွစ်မာန် တိုသည် တဲနန်းအတွင်းမှ ထွက်လာပြီး “အသင်ဘာလိုချင်သနည်း။ ဟု မေးမြန်းလေရာ ရှင်မ်ရ် သည် "အသင်တို့ လုံခြုံပါ၏။ အေမာမ်၏ နောက်လိုက်သားများ ပြောသည်မှာ “ကယ်၍ အသင်သည် ကျွန်ုပ်တို့၏ ဦးလေးဖြစ်ပါ အသင် နှင့် အသင့်၏ ခိုလှုံခွင့်စာကို အရှင်မြတ် လအ်နသ် လုပ်ပါစေ။ အသင်သည် ငါတိုအတွက် ခိုလှုစာ တစ်စောင်သာ ယူဆောင်လာပြီး တမန်တော်မြတ်၏ မြေးတော်အား ကျောခိုင်းခဲ့လေသည်။ (65) အိဗ်နေ အအ်စမ်(ဟီဂျရီ၃၁၄ကွယ်လွန်) သည် ဤသို့ ကောက်‌နုတ်ဖော်ပြထားသည်မှာ ရှင်မ်ရ် သည် အွမ်မွလ်ဗနီးန်၏ သားများကို လှမ်းခေါ်လိုက်သည့်အချိန် အေမာမ်ဟိုစိုင်းန်(အစ) သည် ၎င်း၏ ညီအကိုများကို မိန့်တော်မူသည်မှာ " ၎င်းအား သွားတွေ့လိုပ်လေ မည်မျှပင် စိုးသွမ်းသူ ဖြစ်နေပါစေ ၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အသင့်တို့၏ ဦးရီးတော် ဖြစ်သည်။ ထို့နောက် ဟဇရသ်သေ အဘ္ဘာစ်(အစ) နှင့် ၎င်း၏ ညီအကိုများသည် ရှင်မ်အား " အသင် ဘာပြောချင်ပါသလဲ? " ဟုမေးရာ ရှင်မ်ရ် သည် " အို ကျွန်ုပ် ညီမ၏ သားများ ၊ အသင်တို့ လုံခြုံပါသည်။ အသင်တို့သည် ဟိုစိုင်းန် ဘက်မှနေပြီး မတိုက်ခိုက်ပါနှင့် ၊ အမီးရွလ်မိုအ်မေနီးန် ယဇီးဒ် ကို နာခံလိုက်နာပါလေ " ဟု ပြောလေသည်။ ထိုအချိန် ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် " အို ရှင်မ်ရ် အသက်အပေါ် လအ်နသ် ကျပါစေ ၊ အသင် နှင့် အသင့်၏ ခိုလှုစာကို အရှင်မြတ် လအ်နသ် လုပ်ပါစေ။ အို အရှင်မြတ်၏ ရန်သူ၊ ကျွန်ပ်တိုအား ရန်သူကိုနာခံပြီး ကျွန်ုပ်တို့၏ အစ်ကိုကို မကူညီဖို ပြောနေတာလား။? ‌ဟု ပြောခဲ့သည်။ (66) အိဗ်နေ ကစီးရ် ( ဟီဂျရီ၇၇၄ ၌ကွယ်လွန်) ၏ နောက်ထပ် ကောက်နုတ်ဖော်ပြချက်သည် ရှေးကျမ်းကိုးများစွာနှင့် မတူဘဲ ဤကဲ့သို့ ဖော်ပြထားသည်မှာ - အေမာမ်ဟိုစိုင်းန်(အစ) ၏ ညီအကိုများသည် ရှင်မ်ရ် အား ပြောသည်မှာ " အကယ်၍ ကျွန်ုပ်တို နှင့် ကျွန်ုပ်တို့၏ အကိုဖြစ်သူ ဟိုစိုင်းန်(အစ) ကိုပါ ခိုလှုံခွင့် ပေးမည်ဆိုပါက ကျွန်ုပ်တိုသည် ဤ ခိုလှုစာကို လက်ခံပေမည်။ အကယ်၍ ဤသို့ မဟုတ်ပါက ကျွန်ုပ်တိုသည် အသင်၏ ခိုလှုစာကို မလိုအပ်ပေ။ (67) သိုသော် အပြင်ပိုင်းအရ အိဗ်နေကစီးရ် နှင့် အိဗ်နေ အအ်စမ် တို့၏ ကောက်နုတ် ဖော်ပြချက်များသည် အချိန် နှင့် အကြောင်းအရာများ နှောင့်နှေးမှုကြောင့် ရှေးစာအုပ်များ၏ ကောက်နုတ်ဖော်ပြချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ ထင်ရှားပေသည်။ (68)

ဟဇရသ်သေ အဘ္ဘာစ်(အစ)၏ ညီအကိုများ ရှဟာဒသ် ဖြစ်ခြင်း

သမိုင်းဆိုင်ရာ ကောက်နုတ်ဖော်ပြချက်များအရ အေမာမ်အလီ(အစ) နှင့် အွမ်မွလ်ဗနီးန် တို့၏ ထိန်းမြားလက်ထပ်လိုက်ခြင်းမှ သားလေးယောက် ထွန်းကားလာပြီး ၎င်းတို့မှာ အဘ္ဘာစ် ၊ ဂျအ်ဖဲရ် ၊ အဘ်ဒွလ္လာဟ် နှင့် အွစ်မာန် တို ဖြစ်ကြသည်။ (69) ထို့နောက် ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် အာရှူရာနေ့ ညနေပိုင်ူ၌ မိမိ၏ ညီအကိုများကို ရန်သူများနှင့် တိုက်ခိုက်ရန် ဖိတ်ခေါ်တိုက်တွန်းခဲ့သည်။ ဤကောက်နုတ် ချက်သည် ပုံစံနှစ်မျိုးဖြင့် ကျမ်းကိုးများ၌ ဖော်ပြထားသည်။

အသင့်ထံမှ အမွေဆက်ခံပါမည်

အဘူမခ်နက်ဖ်( ဟီဂျရီ၁၅၇) ၊ သွီဘ်ရီ(ဟီဂျရီ၃၁၀ ) နှင့် အိဗ်နေအစီးရ်( ဟီဂျရီ၆၃၀) တို့၏ ကောက်နုတ်ဖော်ပြချက်များအရ ၊ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် အာရှူရာ နေ့ ညနေပိုင်း၌ မိမိ၏ ညီအကိုများ ဖြစ်ကြသော အဘ်ဒွလ္လာဟ် ၊ ဂျအ်ဖဲရ် နှင့် အွစ်မားန် တိုကို ပြောသည်မှာ " အို ညီအကိုတို ၊ စစ်ကွင်းပြင်သိုထွက်၍ စစ်တိုက်ကြလေကုန် ၊ ထိုမှ ကျွန်ုပ်သည် အသင်တို့ ထံမှ အမွေရယူပေမည်။ အဘယ်ကြောင့်ဆိုသော် အသင်တို့၌ သားသမီးများ မရှိပေ ၊ ၎င်းတို့သည်လည်း စစ်မြေပြင်သို့ ထွက်ပြီး စစ်တိုက်ခဲ့ကြရာ ရှဟီးဒ် ဖြစ်သွားခဲ့ကြသည်။ (70) သိုသော် ဤကောက်နုတ် ဖော်ပြချက်သည် အချို့ပညာရှင်များ၏ အမြင်၌ မှန်ကန်မှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအာရှူရာနေ့၌ ရှဟီးဒ် ဖြစ်မည်ကို ဟ‌ဇရသ်သေ အဘ္ဘာစ် (အစ) သိနေပေသည်။ ထို့ကြောင့် အမွေ တောင်းခြင်းမှာ အဓိပ္ပါယ် မရှိပေ။ (71) ထို့အတူ ဤကောက်နုတ် ဖော်ပြချက်သည် အမွေဥပဒေသနှင့်လည်း ကိုက်ညီမှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဟ‌ဇရသ်သေ အဘ္ဘာစ် (အစ) ၏ ညီအကိုများ၌ မိန်းမ နှင့် သားသမီး မရှိ သော်လည်း မိခင်ဖြစ်သူ အွမ်မွလ်ဗနီးန် ရှိနေသည့်အတွက် အမွေသည် ဟ‌ဇရသ်သေ အဘ္ဘာစ် (အစ) ထံသို မရောက်ရှိပေ။ သိုသော် အွမ်မွလ်ဗနီးန်သည် မိမိသားသမီးများ၏ အမွေခံ ဖြစ်ပေသည်။ (72)

အရှင်မြတ်လမ်းတော်၌ မည်ကဲ့သို့ တိုက်ခိုက်မည်ကို ကြည့်ရှုပေမည်

အခြားကောက်နုတ်ချက်များ၌ ရှဖိးခ် မိုဖီးဒ် (ဟီဂျရီ၄၁၃) ၊ သွီဘ်ရီ( ဂ္ဂျရီ ၅၄၂) ၊ အိဗ်နေနိုမာ(ဟီဂျရီ၆၄၅) နှင့် အိဗ်နေ ဟ။သမ်(ဟီဂျရီ၆၆၄) တို ဖော်ပြထားသည်မှာ အဘ္ဘာစ် ဗင်န် အလီ(အစ) သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ များစွာသော မိသားစု၀င်များ ရှဟီးဒ် ဖြစ်သည်ကို တွေ့မြင်ရသောအခါ မိမိ၏ ညီအကိုများ ဖြစ်ကြသည့် အဘ်ဒွလ္လာဟ် ၊ ဂျအ်ဖဲရ် နှင့် အွစ်မားန် တိုကို ပြောသည်မှာ " အို ညီအကိုတို ၊ စစ်မြေပြင်သို့ သွား၍ စစ်တိုက်ပါလေ ၊ ကျွန်ုပ် အသင်တို့အား မည်ကဲ့သို့ အရှင်မြတ်၏ လမ်းတော်၌ အသက်စွန့်ကြသာ်ကို ကြည့်ရှုမည် ဖြစ်သည်။ ကျွန်ုပ်သည် အသင်တို့အား အရှင်မြတ် နှင့် ၎င်း၏ ရစူလ်တမန်တော်မြတ် အတွက် အကြံပေးဆုံးမ ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် အသင်တို့၌ သားသမီး မရှိသောကြောင့် ဖြစ်သည်။ (73) ဟ‌ဇရသ်သေ အဘ္ဘာစ် (အစ) မိမိ၏ ညီအကိုများကို စစ်မြေပြင်သို့ စစ်တိုက်ရန် အမြန်ဆုံး စေလွှတ်ရသည့် အကြောင်းအရင်းမှာ ဂျီဟာဒ် အတက် ပြင်ဆင်ခြင်း၏ ဆုလာဒ် နှင့် ရှဟာဒသ် အသတ်ခံရခြင်း အပေါ်၌ သည်းခံစိတ် ထားရှိရခြင်း၏ ဆုလာဒ်များကို ရရှိစေရန် အတွက် ဖြစ်သည်ဟု ခန့်မှန်းထားကြသည်။ (74)

အာရှူရာနေ့၌ စစ်တိုက်စဉ် အတွင်း မိမိ၏ ဂုဏ်ပုဒ်များအား မိတ်ဆက်ခြင်း

ကရ်ဘလာ အဖြစ်အပျက်အတွင်း ဟဇရသ်သေအဘ္ဘာစ်(အစ)သည် ရန်သူများနှင့် တိုက်ခိုက်နေစဉ် မိမိကိုယ်မိမိ ချီးမွန်းထားသည့် ကဗျာအမျိုးမျိုးကို ဖော်ပြထားပေသည်။ (75) ဥပမာ

أقسَمتُ بِالله الأَعَزِّ الأَعظَم‏ وَ بِالحَجونِ صادِقاً وَ زَمزَم‏ وَ بِالحَطيمِ وَالفَنَا المُحَرَّمِ لَيُخضَبَنَّ اليَومَ جِسمي بِدَمي دونَ الحُسَينِ ذِي الفَخارِ الأَقدَمِ إمامُ أهلِ الفَضلِ وَالتَّكَرُّم ကျွန်ုပ်သည် ကြီးကြယ်မြင့်မြတ်သော အရှင်မြတ်အား ကျိန်ဆိုတိုင်တည်ပါ၏ အရှင်မြတ်၏ အိမ်တော် ကို ကျိန်ဆိုပါ၏ ယခုအခါ ကျွန်ုပ်၏ ခန္ဓာကိုယ်တွင် သွေးစွန်း တော့ပေမည်။ သီလ နှင့် ဂုဏ်သိက္ခာ တို့၏ ခေါင်းဆောင် ဟိုစိုင်းန်၏ ခြေထောက်အောက်၌ အသက်ဆုံးရမည်မှာ ဂုဏ်ယူစရာပင် ဖြစ်သည်။ (76)


لا أرهَب الموتَ إذ الموتُ زقا حتى أُوارى في المصاليت لقا نفسي لنفس المصطفى الطُّهر وَقا اني أنا العباس أغدو بالسِّقا و لا أخاف الشر يوم المُلتقى و لا أخاف الشر يوم الملتقى သေခြင်းတရားမှ အလျင်းကြောက်ရွံ့မှု မရှိပါ။ ကျွန်ုပ်သည် ဟိုစိုင်းန် ကို ကျွန်ပ်၏ အသက်ဖြင့် ရင်းပြီး ကာကွယ်သွားမည် ဖြစ်သည်။ ကျွန်ုပ် သည် အဘ္ဘာစ် ဖြစ်သည် ။ ရေအိပ်ကို ယူဆောင်လာပြီး ရေပိုဆောင်ပေးမည် ဖြစ်ည်။ စစ်တိုက် နေစဉ်အတွင်း မည်သည့်ရန်သူကိုမှ မကြောက်ရွံ့ပေ။ ( 77)

သေခြင်တရားသည် အစစ်အမှန် ဖြစ်ပြီး ကျွန်ုပ်သည် ဟိုစိုင်းန်၏ ရင်ခွင်တော်၌ အသက်ဆုံးရမည် ဖြစ်သည်။ ယင်းသည် ကျွန်ုပ် တစ်သက်တာမှ ထာဝရဖြစ်၏၊(78)

وَاللهِ إن قَطَعتُمُ يَميني إنّي اُحامي أبَداً عَن ديني‏ وعَن إمامٍ صادِقِ اليَقينِ نَجلِ النَّبِيِّ الطّاهِرِ الأَمين အရှင်မြတ်အား ကျိန်ဆိုတိုင်တည်ပါ၏ မည်မျှပင် ကျွန်ုပ်၏ ညာလက်ကို ဖြတ်လိုက်ကြသော်လည်း ကျွန်ပ်သည် မိမိ၏ သာသနာ ၊ မိမိ၏ အေမာမ်နှင့် အဆက်မပြက် ဆက်စပ်လျက် ရှိပေသည်။ တမန်တော်မြတ်၏ သားတော်သည် သန့်ရှင်းစင်ကြယ်မှု ရှိပြီး အားလုံး၏ ခေါင်းဆောင် ပင်ဖြစ်ကြောင်း ကျွန်ုပ် ထောက်ခံပါသည်။ (79)

ရှဟာဒသ် ဖြစ်ခြင်း=

မိုဟမ္မဒ် ဟစန် မိုဇွဖ်ဖဲရ် ၏ အဆိုအရ သမိုင်းပညာရှင်အများစုသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) အား မိုဟရမ်လ ဆယ်ရက်နေ့၌ ရှဟီးဒ် ဖြစ်ခဲ့သည် ဟု ကျိန်းသေပြောဆိုထားကြသည်။ မိုဇွဖ်ဖဲရ် သည် မိုဟရမ်လ ခုနှစ်ရက်နေ့ နှင့် ကိုးရက် နေ့ တွင် ဟဇရသ်သေ အဘ္ဘာစ်(အစ) ရှဟာဒသ် ဖြစ်ခဲ့သည် ဟူသော အဆိုနှစ်ရပ်ကိုလည်း ဖော်ပြထားပြီး ထိုအဆို နှစ်ရပ်မှာ မမှန်ကန်ကြောင်း ပြောထားသည်။ (80) အာရှူရာနေ့၌ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ တိုက်ပွဲ နှင့် ၎င်း မည်သိုမည်ပုံ ရှဟီးဒ်ဖြစ်ခြင်း နှင့် ပတ်သက်ပြီး အဆိုအမျိုးမျိုး ဖော်ပြထားပေသည်။ (81) အချို့ကျမ်းကိုးများ၏ ဖော်ပြချက်အရ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်သား အနက်မှ နောက်ဆုံး စစ်တိုက်ထွက်သူ ၊ ဗနီဟာရှင်မ် မျိုးနွယ်မှ နောက်ဆုံး စစ်တိုက်ထွက်သူ မဟုတ်ပေ။ (82) ရှီးခ်မိုဖီးဒ် ၏ အဆိုအရ အေမာမ်ဟိုစိုင်းန်(အစ) နှင့် ဟဇရသ်သေ အဘ္ဘာစ်(အစ) တိုသည် အတူတူ စစ်မြေပြင်သို့ ထွက်လာခဲ့ကြသည်။ သိုသော် အွမ္မရ် ဗင်န် စအ်ဒ် ၏ တပ်သားများသည် ၎င်းတို့နှစ်ဦး အကြား ၀င်ရောက်တိုက်ခိုက်ခဲ့ကြပြီး အေမာမ်ဟိုစိုင်းန်(အစ) သည် ဒါဏ်ရာရပြီး ခိုင်မာ တဲနန်းသို ပြန်သွားကာ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် ပြင်းထန်စွာ ဒဏ်ရာရသွားကာ တိုက်ခိုက်နိုင်ခြင်း မရှိတော့သည်အထိ တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည်။ ထိုအချိန် ဇိုင်းဒ် ဗင်န် ၀ရကာအ် ဟနဖီ နှင့် ဟိုကိာင်းမ် ဗင်န် သွဖိုင်းလ် စင်န်ဗေစီ တိုသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) အား ရှဟီးဒ် လုပ်ခဲ့ကြသည်။ (83) ရှီးခ်မိုဖီးသည် အခြား အသစိတ် အချက်အလက်များကို ဖော်ပြခြင်း မရှိခဲ့ပေ။ မက္ကသလ်လေ အဘီမက်ခ်နက်ဖ် ၌လည်း ဟဇရသ်သေ အဘ္ဘာစ်(အစ)၏ ရှဟီးဒ်ဖြစ်ပုံ အသေးစိတ် အချက်အလက်အား မဖော်ပြထားသည်။ (84) ဇေယာရသ်သေ နာဟီယဟ် ဂိုင်းရေ မက်ရှ်ဟူးရ် တွင် ယဇီးဒ် ဗင်န် ၀က္ကာဒ် နှင့် ဟကီးမ် ဗင်န် သိုဖိုင်းလိသ် သွာအီး တိုအား ဟဇရသ်သေ အဘ္ဘာစ်(အစ) အား ရှဟီးဒ် လုပ်ခဲ့ကြသူများ ဟူ၍ ဖော်ပြထားသည်။ (85) အချို့ကျမ်းကိုးများ၏ ဖော်ပြချက်အရ နောက်လိုက်သား များ နှင့် ဗနီဟာရှင်မ် မျိုးနွယ်များ အားလုံး ရှဟီးဒ် ဖြစ်သွားကြပြီးနောက် ဟဇရသ်သေ အဘ္ဘာစ်(အစ) ခိုင်မာ တဲနန်းအတွက် ရေယူဆောင်လာရန် ရည်ရွယ်ခဲ့သည်။ ထိုကြောင့် ဟဇရသ်သေ အဘ္ဘာစ်(အစ)သည် ဖိုရာသ် မြစ်ကမ်းနဘေး၌ ရှိနေကြသော အစောင့်တပ်သားများကို တိုက်ခိုက်ကာ မြစ်ကမ်းနဘေးသို ရောက်အောင်သွားခဲ့သည်။ ရေအိပ်များကို ရေဖြည့်ပြီးနောက် ပြန်လာသည့် လမ်း၌ ရန်သူများသည် ၎င်းအား တိုက်ခိုက်ကြသည်။ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် ရန်သူများနှင့် တိုက်ခိုက်ပြီး ခိုင်မာ တဲနန်းရှိရာသို ပြန်လာနေစဉ် ဇိုင်းဒ် ဗင်န် ၀ရကာအ် ဂျဟန်နီး သည် စွန်ပလွန်ပင် အနောက်မှ အပြင်သို ခုန်ထွက်လာပြီး ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ညာလက်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ပေးခဲ့သည်။ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် ဓါးကို ဘယ်လက်ဖြင့် ပြောင်းကိုင်ကာ ရန်သူများနှင့် ဆက်လက် တိုက်ခိုက်ခဲ့သည်။ ထိုအချိန် စွန်ပလွန်ပင် အနောက်မှ ပုန်းနေသော ဟကီးမ် ဗင်န် သွဖီးလ် သွာအီ သည် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ဘယ်လက်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ပေးခဲ့သည်။ ထို့နောက် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ဦးခေါင်းကို သံတုတ်ဖြင့် အရှိန်ပြင်းစွာ ရိုက်ခဲ့ပြီး ၎င်းအား ရှဟီးဒ် လုပ်ခဲ့ကြသည်။ (86) ဟဝါရ်ဇမီး၏ အဆိုအရ ဟဇရသ်သေ အဘ္ဘာစ်(အစ) ရှဟီးဒ် ဖြစ်ပြီးနောက် အေမာမ်ဟိုစိုင်းန်(အစ) သည် မိမိညီတော်၏ ရှိသည့်နေရာသို သွားကာ အလွန်ငိုကြွေးလျက် မိန့်တော်မူသည်မှာ " اَلآنَ اِنکَسَرَ ظَهری وَ قَلَّت حیلَتی " အိုညီတော် ၊ ယခုအခါ ကျွန်ုပ်၏ ခါး ကြိုးသွားပြီးچارهام اندک شد.[ (87) ထို့ကြောင့် ဟဝါရ်ဇမီး သည် ဟဇရသ်သေ အဘ္ဘာစ်(အစ) အား စစ်မြေပြင်သို့ သွားရောက်သည့် နောက်ဆုံးသူ အဖြစ် မသတ်မှတ်ထားခြင်း ဖြစ်သည်။ ( 88)

အေမာမ်ဟိုစိုင်းန်(အစ) အား အရို‌အသေ ပေးသောအားဖြင့် ရေမသောက်ခဲ့ခြင်း

၁၁ရာစာ သမိုင်းသုတေသီ ပညာရှင် ဖက်ခ်ရိုဒီးနေ သွရီးဟီး သည် မွန်သခီဘ် စာအုပ်၌ ပြောထားသည်မှာ ဟဇရသ်သေ အဘ္ဘာစ်(အစ) ဖိုရာသ် မြစ်ကမ်းသို ရောက်ရှိသည့်အခါ ရေသောက်ရန် မိမိ၏ လက်များဖြင့် ရေခပ်လိုက်သော်လည်း အေမာမ်ဟိုစိုင်းန်(အစ) ၏ ရေစာနေသည်ကို သတိရပြီး ရေမသောက်ပဲ ထွက်သွားကာ ရေစာနေသော နှုတ်ခမ်းဖြင့် ဖိုရာသ်မြစ်မှ ထွက်လာခဲ့သည်။ (89) အလ္လာမဟ် မဂ်ျလေစီ လည်း ဗေဟာရွလ်အန်ဝါရ် စာအုပ်၌ ဤအကြောင်းအရာကို မူရင်းကျမ်းကိုး အမည်မပါပဲ ဖော်ပြထားသည်။ (90) ဟဘီးဘွလ္လာဟ် ချာယီချီယားန် ဆိုသူသည် အဲဟ်လေဘိုင်းသ်(အစ) အကြောင်း ကဗျာရေးသူ ဖြစ်ပြီး ထိုသူသည် ဤအကြောင်းနှင့် ပတ်သက်၍ ကဗျာတစ်ပုဒ် ရေးသားခဲ့သည်။(91) အူရ်ဒူဘာဒီးသည် ကဗျာအနည်းငယ် နှင့် ဇေယာရသ်သေ နာဟီယဟ် မိုကဒ္ဒက်စ် ၏ အစိတ်အပိုင်းတစ်ခုကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် ဤအဖြစ်အပျက် ဖြစ်ခဲ့ကြောင်း သက်သေပြရန် ကြိုးစားခဲ့သည်။ (92) ဂျူယာဂျဟားန် ဘက်ခ်ရှ် နှင့် သရာစ်ပိုင်ဂျိုရှ် တိုသည် ဤအဖြစ်အပျက်သည် ရှေးကျမ်းကိုးစာအုပ် များတွင် မပါရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဤအဖြစ်အပျက်သည် အကာသီလွလ် သွာလိဘီးန် တို့၏ ရှေးကျသော အဇာဒါရီဖြစ်သည်ဟု ပြောထားသည်။ ထိုအဇာဒါရီ၌ " အဘလ်ဖက်ဇ်ွ လိလ် အဘ္ဘာစ် သည် ရေစာနေသော်လည်း ဟိုစိုင်းန် အတွက် အနှစ်နာခံကာ ရေမသောက်ခဲ့ပေ" ဟု ဖတ်ရွတ်ထားသည်။(93)

ဟဇရသ်အဘ္ဘာစ်(အစ) ၏ ကိုယ်ကျင့်သီလ နှင့် ထူးခြားမှုများ

အချို့များသည် ဟဇရသ်အဘ္ဘာစ်(အစ) ၏ ထူးခြားမှုများ အနက်မှ တစ်ခုမှာ ၎င်းသည် အေမာမ်အလီ(အစ) ၊ အေမာမ်ဟစန်(အစ) နှင့် အေမာမ်ဟိုစိုင်း(အစ) တို့နှင့် အတူတူနေထိုင်ခဲ့ခြင်းပင် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (94) အဘ်ဒွလ်ရဇာက္က် မိုကရ်ရမ် သည် အလ်အဘ္ဘာစ် ဟူသော စာအုပ်၌ အိစ်ရာရွလ် ရှိဟဒါ စာအုပ်မှ စကားတစ်ခွန်းကို မအ်စူးမ်များ၏ ဟဒီးစ်တော်များ ဟူသောခေါင်းစဉ်ဖြင့် ကိုးကားထားသည်မှာ အဘ္ဘာစ် သည် အသိပညာမှ အကျိုးရယူခဲ့သည်။ (95) ဂျအ်ဖဲရ် နက္က်ဒီ သည် ၎င်းနှင့်ပတ်သက်ပြီး ပြောထားသည်မှာ "အဘ္ဘာစ်(အစ) သည် အသိပညာရှိမှု ၊ ဘာသာတရားကိုင်းရှိင်းမှု နှင့် ကိုးကွယ်မှုဆိုင်ရာ တို့၌ အဲဟ်လေဘိုင်းသ်(အစ) ကဲ့သို့ဖြစ်သည်။ " (96) အချို့များ ယုံကြည်ထားသည်မှာ အဘ္ဘာစ်(အစ) သည် မအ်စူမ်များ အနက်မှ မဟုတ်သော်လည်း မအ်စူးမ်များနှင့် အနီးစပ်ဆုံးရှိသူ ဖြစ်သည်။ (97) ဟဇရသ်သေ "အဘ္ဘာစ်(အစ) သည် မအ်စူးမ် ငါးပါးကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့မှာ အေမာမ်အလီ (အစ) ၊ အေမာမ်ဟစန်(အစ) ၊ အေမာမ်ဟိုစိုင်းန်(အစ) ၊ အေမာမ်စဂျာဒ်(အစ) နှင့် အေမာမ်ဘာကရ်(အစ) (အေမာမ်ဘာကရ်သည် ကရ်ဘလာ၌ ရှိနေခဲ့သည်) (98) ဆယ့်လေးရာစု၏ ဘာသာရေးကဗျာဆရာ စိာင်ယိဒ် မိုဟမ္မဒ် အလီ ရေယာဇီး သည် လူသိများသော ကဗျာတစ်ပုဒ်တွင် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ကိုယ်ကျင့်သီလကို ရည်ညွှန်းခဲ့သည်။ စာရေးဆရာများ ရေးသားဖော်ပြထားသည်မှာ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် မိမိ၏ အစ်ကိုကြီး နှစ်ဦးဖြစ်သည့် အေမာမ်ဟစန် (အစ) နှင့် အေမာမ်ဟိုစိုင်းန်(အစ) တို့နှင့် တန်းတူရှိသည် ဟု မမှတ်ယူဘဲ အမြဲတစ်စေ ၎င်းတို့အား မိမိ၏ အေမာမ် ဟူ၍ အသိအမှတ် ပြုထားပြီး ၎င်းတို့ ရှေ့မှောက်၌ ရိုဘကျိုလေ့ရှိကာ ၎င်းတို့မှ နာခံ လိုက်နာလေ့ ရှိသည်။ ။ (99) ထို့အပြင် ၎င်းတို့ နှစ်ဦးအား အစဉ်အမြဲ " အို ရစူလ်၏ သားတော်" "အို ကျွန်ုပ်၏ သခင်" စသကဲ့သို့ ခေါ်ဆိုလေ့ရှိသည်။ (100)

ကလ်ဘာစီ သည် ခဆွာအိဆွလ်အဘာစ် စာအုပ်၌ ဖော်ပြထားသည်မှာ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် လင်း၀င်းတောက်ပပြီး ကျက်သရေရှိကာ ခန်းညားသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့်အတွက် ၎င်းအား ကမ္မရ်ရေ ဗနီဟာရှင် ( ဗနီဟာရှင်မ် မျိုးနွယ်၏ လ၀န်း) ဟူ၍ ခေါ်ဆိုကြသည်။ (101) ဟဇရသ်သေ အဘ္ဘာစ်(အစ) အား ရှဟီးဒ်လုပ်သူထံမှ ကောက်နုတ်ထားသည်မှာ ကရ်ဘလာ၌ ချောမောခန့်ညားပြီး လှပသေ မျက်နှာရှိကာ မျက်လုံးနှစ်ခု အကြား စဂ်ျဒါအရာရှိသော သူကို သတ်ခဲ့သည်။ (102) အချို့ကိုးကား ဖော်ပြချက်များအရ ဟဇရသ်သေ အဘ္ဘာစ်(အစ) သည် ဗနီဟာရှင်မ် မျိုးနွယ် ၏ ထူးခြားသော မျက်နှာပိုင်ရှင်များ အနက်မှ တစ်ဦးဖြစ်ပြီးသန်မာ‌သော ကိုယ်ခန္ဓာရှိပြီး အရပ်ရှည် ပေသည်။ ၎င်းသည် မြင်းအပေါ် ထိုင်သောအခါ ၎င်း၏ခြေထောက်များကို မြေပြင်ပေါ်တွင် ဆန့်တန်းထားရသည်။(103) မိတ်ဆွေ နှင့် ရန်သူ မည်သူမျှမငြင်းနိုင်သော ဟဇရသ်သေ အဘ္ဘာစ်(အစ)၏ ထူးခြားမှာများ အနက်မှ တစ်ခုမှာ ၎င်း၏ ရဲရင့်မှု ပင်ဖြစ်သည်။ (104) အချို့များသည် ဟဇရသ်သေ အဘ္ဘာစ်(အစ)၏ ပေးကမ်းစွန့်ကြဲမှာကို ၎င်း၏ ထူးခြားသော ဂုဏ်ရ ည်များ အနက်မှ တစ်ခု ဖြစ်သည်ဟု ခေါင်းစဉ်တပ်ကြသည်။ လူသားများအကြား ၎င်း၏ ထိုလုပ်ဆောင်ချက်သည် စံနမူနာ ယူထိုက်သည့်အထိ ဖြစ်လာခဲ့သည်။ (105)

ဂျန္နသ် သုခဘုံ၌ ရှိသည့် ဟဇရသ်သေ အဘ္ဘာစ်(အစ)၏ အရိုက်အရာ နှင့် ရှိုဟာဒါများ၏ အားကျမှု

ဟဇရသ်သေ အဘ္ဘာစ်(အစ) ကို အာရှူရာနေ့တွင် အေမာမ်ဟိုစိုင်းန်(အစ) ၏ အထင်ရှားဆုံး နောက်လိုက်သား ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (106) ဟဇရသ်သေ အဘ္ဘာစ်(အစ) ကရ်ဘလာ အဖြစ်အပျက်၌ အေမာမ်ဟိုစိုင်းန်(အစ) ၏ တပ်သားများကို ဦးဆောင်သူ ၊ အလံကိုင်ဆောင်သူ ဖြစ်ခဲ့သည်။ (107) အေမာမ်ဟိုစိုင်းန်(အစ) သည် ဟဇရသ်သေ အဘ္ဘာစ်(အစ) နှင့်ပတ်သက်ပြီး " အို ညီအကို ကျွန်ုပ်၏ အသက်ကိုပင် အသင်ဘဝအတွက် စတေးပါ၏" ဟူ၍ သုံးနှုန်းလေ့ရှိသည်။ (108) ထို့အတူ အေမာမ်ဟိုစိုင်းန်(အစ) သည် ဟဇရသ်သေ အဘ္ဘာစ်(အစ) ကျဆုံးခဲ့သည့် နေရာ၌လည်း ငိုကြွေးခဲဘသည်။ (109) အချို့များသည် အေမာမ်ဟိုစိုင်းန်(အစ) ၏ ထိုသို့လုပ်ဆောင်ချက် ထောက်ထားခြင်းဖြင့် ယင်းသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ အရိုက်အရာကို ဖော်ညွှန်းပေသည်ဟု သတ်မှတ်ထားသည်။ (110) ဟဒီးစ်တော်များ၌လည်း ဂျန္နသ် သုခဘုံတွင် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ အထူးအရိုက်အရာနှင့် ပတ်သက်ပြီး ထောက်ခံထားသည်။ ရေဝါယသ် တစ်ခုအရ ၊ အေမာမ်စဂျာဒ်(အစ) မိန့်တော်မူသည်မှာ အရှင်မြတ်သည် ကျွန်ုပ်၏ ဦးရီးတော် အဘ္ဘာစ်(အစ) အား ကရုဏာ ထားတော်မူပါစေ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိမိကိုယ်ကို အေမာမ်ဟိုစိုင်းန်(အစ) အတွက် စတေးခဲ့ပြီး ထိုသို့စတေးရာ၌ ၎င်း၏ လက်နှစ်ဖက် ဖြတ်တောက်ခံခဲ့ရသည်။ အရှင်မြတ်သည် ထိုဖြတ်‌တောက်ခံခဲရသော လက်နှစ်ဖက်အစား အတောင်ပံ နှစ်ခုကို အာခေရသ်၌ အစားပြန်ပေးမည် ဖြစ်သည်။ ထိုအတောင်ပံ နှစ်ခုဖြင့် သုခဘုံဥယျာဉ်တော်၌ ကောင်းကင်တမန်များ နှင့်အတူ ပျံသန်းပေမည်။ အတောင်ပံနှစ်ခု အစားပြန်ပေးခဲ့သော ဂျအ်ဖဲရ် ဗင်န် အဘီသွာလီဘ် ကဲ့သို့ ပင် ဖြစ်သည်။ ( 111)

အေမာမ်ဘာကဲရ်(အစ) သည် ဆက်လက်၍ မိန့်ဆိုသည်မှာ ကျွန်ုပ်၏ ဦးရီးတော် အဘ္ဘာစ်(အစ) သည် အရှင်မြတ် ထံတော်၌ ထူးခြား ၍ မြင့်မားသော အရိုက်အရာ ရှိပေသည်။ ရှိဟဒါများ အားလုံးသည် ကေယာမသ် နေ့၌ ၎င်း၏ အရိုက်အရာကို ကြည့်ပြီး အားကျ ကြမည် ဖြစ်သည်။ (112) ထို့အတူ အဘုနက်ဆ်ွရ် ဘိုခါရီး သည် အေမာမ်ဆွာဒီ(အစ) ထံမှ ရေဝါယသ် တစ်ခု ကောက်နုတ်ထားရာ ထိုရေဝါယသ်တွင် ဟဇရသ်သေ အဘ္ဘာစ်(အစ) အား «نافذ البصیرة» "နက်ရှိင်းသောအမြင်ရှိသူ" ဟူ၍ ချီးကြူးထားပြီး ၎င်းအား အေမာမ်ဟိုစိုင်းန်(အစ) ၏ အနား၌ ရပ်တည်ကာ အေမာမ်ဘက်မှ ခုခံကာကွယ် တိုက်ခိုက်ပြီး ရှဟီးဒ်ဖြစ်သွားသည့် ခိုင်မာသော အီမာန် သက်၀င်ယုံကြည်သူ ဟုမိတ်ဆက်ပေးထားသည်။ (113) ဤရေဝါယသ်သည် အခြားကျမ်းကိုးများ၌လည်း လာရှိထားသည်။ (114) စိုင်ယိဒ် အဘ်ဒွလ် ရဇ္ဇာက် သည် မက္က်သလွလ်ဟိုစိုင်းန် စာအုပ်၌ ပြောထားသည်မှာ အေမာမ်စဂျာဒ်(အစ) ကရ်ဘလာ အဖြစ်အပျက် ပြီးနောက်ပိုင်း ကရ်ဘလာ ရှိဟဒါများကို မြုပ်နှံဖိုရန် အတွက် ‌ဗနီအစက်ဒ် မျိုးနွယ်မှ အကူအညီ တောင်းခဲ့သည်။ သိုသော် အေမာမ်ဟိုစိုင်းန်(အစ) နှင့် ဟဇရသ်သေ အဘ္ဘာစ်(အစ) တိုနှစ်ပါးအား မြုပ်နှံဖိုရန် ၎င်းတို့ထံမှ အကူအညီ မရယူခဲ့ပေ။ ထို့နောက် မိန့်တော်မူသည်မှာ ဤရှိဟဒါ နှစ်ပါးကို မြုပ်နှံဖိုရန် အတွက် အချို့များသည် ကျွန်ုပ် အား အကူအညီပေးကြသည့် အသင့်တို့၏ အကူအညီကို မလိုအပ်တော့ပါလေ။ (115)

ဇေယာရသ် နာမဟ်များ

" ပိုင်ရျိုဟီရှီး ဒရ် စီးရေဟ် ဝါ စီမားယေ အဘ္ဘာစ် ဗင်န် အလီ" ဟူသော စာအုပ်၏ ကိုးကားဖော်ပြချက်အရ စာအုပ်အမျိုးမျိုး၌ ဇေယာရသ်ပေါင်း ၁၁ ခုကို ဟဇရသ်သေ အဘ္ဘာစ်(အစ) အတွက် ဖော်ပြပေးထားသည်။ (116) ထိုဇေယာရသ်နာမဟ်များ၏ အရေအတွက်သည် အခြား ဇေယာရသ်နာမဟ်များ၏ အကျဉ်းချုံးဖြစ်သည် ဟု သတ်မှတ်ထားသည်။ (117) ထိုဖော်ပြခဲ့သည့် ဇေယာရသ်နာမဟ်များ အနက်မှ ဇေယာရသ်နာမဟ် သုံးခုသည် အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားခြင်း ဖြစ်သည်။ (118) အင်န်စာဘ် စာအုပ်၌ အချို့ ဇေယာရသ်နာမဟ်များသည် မာအ်စူမီးန်(အစ) ဇေယာရသ်နာမဟ်များနှင့် အတူတူ လာရှိထားသည်။ (119) ဤဇေယာရသ်နာမဟ် များတွင် ဟဇရသ်သေအဘ္ဘာစ်(အစ) အတွက် ချီးမွမ်းထိုက်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဖော်ပြထားပါသည်။ ဥပမာ အက်ဘ်(ဒ် )ဆွာလေဟ် (ကောင်းမွန်သော ဗန်ဒါကျေးကျွန်) ၊ ထို့အတူ ဟဇရသ်သေအဘ္ဘာစ်(အစ) သည် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ်တော်အား ယုံကြည်လက်ခံသူ ၊ ၎င်းဘက်မှ ထောက်ခံရပ်တည်သူ ၊ ၎င်းအပေါ် သစ္စာရှိသူ ဖြစ်သည်။ ထို့အပြင် အရှင်မြတ် နှင့် အအင်မ်မဂ်(အစ) များမှ နာခံလိုက်နာသူ ဖြစ်ပြီး အရှင်မြတ်၏ လမ်းတော်၌ ဂျေဟာဒ် ပြုလုပ်ခဲဘသူလည်း ဖြစ်သည်။ (120) ထို့အတူ အချို့သည် ဟဇရသ်သေအဘ္ဘာစ်(အစ) နှင့်ပတ်သက်ပြီးလာရှိထားသည့် ဇေယာရသ်သေ နာဟီယဟ်၏ စာသားအကြောင်းအရာများကို ထောက်ထားခြင်းအားဖြင့် အေမာမ်ဇမားန်(အဂျ) ဘက်မှ ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ မြင့်မားသောရာထူးကို ညွှန်ပြ နေသည် ဟူ၍ ယူဆထားကြသည်။ (121)

ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ ကေရာမသ် များ

ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ ကေရာမသ် များသည် ရှီအများ အကြား အလွန် ကျော်ကြားပေသည်။ မကျမ်းမာသူများကို ရှဖွာပေးခြင်း ၊ လူသားများသည် ဟဇရသ်သေအဘ္ဘာစ်(အစ) အား သဝစွလ် လုပ်ခြင်းဖြင့် ၎င်းတို့၏ ပညသနာများ ဖြေရှင်းသွားခြင်း စသည့် အကြောင်းအရာများသည် လူအများအကြား ထင်ရှားမှု ရှိသည်။ " ဒရ်ကေနားရေ အလ်အမဟ် ကေရာမာသ်သွလ် အဗ္ဗာစီယဟ်" ဟူသော စာအုပ်၌ ဤကေရာမသ်များနှင့် ပတ်သက်ပြီး အဖြစ်အပျက် ၇၂ ခုကို စုစည်းတင်ပြထားသည်။ (122) ရဘ္ဘာနီး ခလ်ခါလီး သည်လည်း " ကျယ်ဟ်ရေယေ ဒေရက်ခ်ရှာန်း ကမ္မရ်ရေ ဗနီဟာရှင်" ဟူသော စာအုပ်၌ ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ ကေရာမသ် များ ရှစ်ရာခန့်ကို စုဆောင်းထားပြီး၊အတွဲတစ်တွဲတိုင်း၌ အဖြစ်အပျက် ၂၅၀ ကျော် ကို ဖော်ပြထားသည်။ အချို့များသည် ထိုကေရာမသ် အဖြစ်အပျက် များကို ထပ်ခါတစ်လဲ ပြန်လည်ဖော်ပြထားသည်။ ဤကျမ်းကိုးများ၏ ဖော်ပြချက်အရ ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ ကေရာမသ် များသည် သီးသန့် ရှီအာများ အတွက်သာလျင် မဟုတ်ပေ။ သိုသော် ၎င်းကို ယံုကြည်ကြသည့် အခြား ဘာသာ၀င်များ ၊ အဲဟ်လေစွန္နသ်များ ၊ မစီဟီများ ၊ ကီလီမီယားန် များ နှင့် မီးကိုးကွယ်သူများ ၌လည်း ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ ကေရာမသ် များဖြစ်ပေါ်လာပုံကို ကောက်နုတ် ဖော်ပြထားသည်။ (123)

ရှီအာ တို့၏ ‌ယဉ်ကျေးမှု၌ ဟဇရသ်သေအဘ္ဘာစ်(အစ)

ရှီအာများသည် ဟဇရသ်သေအဘ္ဘာစ်(အစ) နှင့် ပတ်သက်ပြီး စိတ်ခံစားမှုဆိုင်ရာ ဆက်စပ်မှုများစွာရှိကြောင်း သိရှိရပါသည်။ ၎င်းအား မအ်စူမီးန် (အစ) များ ပြီးနောက် အမြင့်မြတ်ဆုံးသူ အဖြစ် လက်ခံထားကညသည်။ (124) မိုဟမ္မဒ် ဘဂ်ဒေါဒီး သည် ၎င်းရေးသားထားသည့် စာအုပ်‌၏ အပိုင်း တစ်ပိုင်း ကို ရှီအားများ နှင့် ဟဇရသ်သေအဘ္ဘာစ်(အစ) တိုအကြား ဆက်နွယ်မှု ဟူသော ခေါင်းစဉ်ဖြင့် သီးသန့် လာရှိထားပြီး ရှီအာများသည် ဟဇရသ်သေအဘ္ဘာစ်(အစ) အပေါ် အလွန်အချစ်ထားကြသည်ကို ရှင်းလင်းစွာ ဖော်ပြပေးထားသည်။ (125) ဤ ဆက်နွယ်ပတ်သက်မှုသည် ဟဇရသ်သေအဘ္ဘာစ်(အစ)အား ကို ရှီအာများ၏ ယဉ်ကျေးမှု တွင် အရေးကြီး‌ေသာ အရိုက်အရာ ရှိလာပြီး အဇာဒါရီ ပြုလုပ်ရာ၌ အရေးပါသော နေရာတစ်ခု ရရှိစေခဲ့သည်။

ဟဇရသ်သေအဘ္ဘာစ်(အစ) အပေါ် ယုံကြည်အားကိုး အပ်နှံခြင်း

ရှီအာများအကြား ဟဇရသ်သေအဘ္ဘာစ်(အစ) သည် ထူးခြားသော အရိုက်အရာများ ရှိခြင်း၏ အထောက်အထားများအရ လူသားများသည် မိမိတို့၏ လိုအင်ဆန္နများကို လက်၀ယ်ရရှိဖိုရန်အတွက် ဟဇရသ်သေအဘ္ဘာစ်(အစ) အပေါ် ယုံကြည်အားကိုး အပ်နှံကြပြီး နဇဲရ် များပြုလုပ်ကြသည်။ (126) အချို့များသည်လည်း ဟဇရသ်သေအဘ္ဘာစ်(အစ)ကို ယုံကြည်ကြသည့် အခြား ဘာသာ၀င်များ ၊ အဲဟ်လေစွန္နသ်များ ၊ မစီဟီများ ၊ ကီလီမီယားန် များ နှင့် မီးကိုးကွယ်သူများ ၌လည်း ဟဇရသ်သေအဘ္ဘာစ်(အစ) ၏ ကေရာမသ် များဖြစ်ပေါ်လာပုံကို ကောက်နုတ် ဖော်ပြထားသည်။ (127)


သာစူအာ (မိုဟရမ် ကိုးရက်နေ့) ၏ အဇာဒါရီ မိုဟရမ် တယ်ရက် အတွင်း ပြုလုပ်ကျင်းပသည့် အဇာဒါရီ အခမ်းအနားများတွင် မိုဟရမမလ ကိုးရက် နေ့ကို သာစူအာနေ့ အဖြစ် ဟဇရသ်သေ အဘ္ဘာစ်(အစ) အတွက် အဇာဒါရီ ပြုလုပ်ကျင်းပ ကြသည်။ ထိုနေ့သည် အာရှူရာနေ့ ပြီးနောက် အရေးအကြီးဆုံးနေ့ ဖြစ်ပြီး ယင်းနေ့၌ ရှီအာများသည် ဗလီများ ၊ အဇာဒါရီ ဖြစ်မြောက်ရေး အဖွဲများ၌ အဇာဒါရီများ ပြုလုပ်ကြသည်။ ဤနေ့သည် အီရာန်နှင့် အစ္စလာမ္မစ်နိုင်ငံအချို့တွင် ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ (128) ဤအခမ်းအနားတွင် အမြဲကျင်းပလေ့ရှိသော အစီအစဉ်များထဲမှ တစ်ခုမှာ ဟိုစိုင်နီ ၏ အဇာဒါရီ ပြုလုပ်သူများကို အုပ်စုနှစ်စုခွဲကာ ပထမ အုပ်စုသည် နောင်ဟာ၏ ပထမပိုဒ်ကို ရွတ်ဆိုကြပြီး ကျန်အုပ်စုတစ်စုက ဒုတိယပိုဒ်ကို ရွတ်ဆိုကြသည်။ ဥပမာ အို အဲဟ်လေ ဟရမ် ၊ အလမ်ဒါရေ ကရ်ဘလာ ပြန်မလာတော့ပေ ။ ဟိုစိုင်းန် ၏ စက္ကာ ၊ စိုင်ယိဒ် စာလာရ် ခိုင်မာ တဲနန်းသို ပြန်မလာတော့ပေ။ (129) ယောင်မွလ် အဗ္ဗာစေ ဇန်ဂျားန် ၊ နှစ်စဉ် နှစ်တိုင်း မိုဟရမ်လ ရှစ်ရက်နေ့ နေ၀င်ချိန်တွင် အဇာဒါရီ ပြုလုပ်သူများသည် ဟိုစိုင်နီယဟ် အအ်ဇဠမ် ဇန်ဂျားန် နှင့် အေမာမ်ဇာဒဟ် စိာင်ယိဒ် အီဗ်ရာဟီးမ် အကြားတွင် လူစူလိုက်ပြီး အဇာဒါရီ ဖတ်ရွတ်ခြင်း ၊ နောင်ဟာ ဖတ်ရွတ်ခြင်း တို ပြုလုပ်ကြသည်။ အချို့ဖော်ပြချက်များအရ ၁၉၉၆ ခုနှစ်တွင် ၉၇၀၀ ကျော်နှင့် ၁၉၉၅ ခုနှစ်တွင် လူများ၏ နဇဲရ်ပြုလုပ်ထားခြင်းကြောင့် ဤအခမ်းအနားတွင် သိုးတစ်သောင်းနှစ်ထောင်ခန့် ကို ကုရ်ဘာနီ လုပ်ခဲ့ကြသည်။ (130) မကြာသေးမီနှစ်များအတွင်း နှစ်စဉ်နှစ်တိုင်း လူဦးေရ အယောက် 500,000 ခန့် ဤအဇာဒါရီ ပွဲအား တက်ရောက်ခဲ့ကြသည်။ ဤအခမ်းအနားကို အီရာန်နိုင်ငံ၏ လောကာတ္တရာ ဆိုင်ရာ အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။ (131)

ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ဇီကီရ် یا کاشفَ الکَرْبِ عنْ وَجهِ الْحُسَین اِکْشِفْ کَرْبی بِحَقِّ أَخیکَ الحُسَین» ဘာသာပြန် ။ ။ အို ဟိုစိုင်းန် မျက်နှာတော်မှ ပူဆွေး၀မ်းနည်းခြင်း များကို ဖယ်ရှားပေးသူ ၊ အသင့်အကို ဟိုစိုင်းန်အား တိုင်တည်ပြီးပြောပါ၏ ကျွန်ုပ်တို့၏ ပူဆွေး ဒုက္ခ များနှင့် ပြဿနာများကို ေဖြရှင်းပေးတော်မူပါ။ ဤဇီကီရ်သည် ဟဇရသ်သေ အဘ္ဘာစ်(အစ) အား သ၀စွလ် ပြုလုပ်ရာ၌ ရွတ်ဆိုသည့် ဇီကီရ် ဖြစ်သည်ဟု ကျော်ကြားပေသည်။ တစ်ခါတစ်ရံ၌ ဤ ဇီကီရ်ကို ၁၃၃ ကြိမ် ( အဘ္ဘာစ် ၏အမည်သည် အဘ်ဂျက်ဒ်အရ တွက်ချက်ပါက ع = ၇၀ ၊ ب = ၂ ၊ ا= ၁ ၊ س = ၆၀) ဖတ်ရွတ်ရန် တိုက်တွန်းထားသည်။ (132) ဤ ဇီကီရ်သည် ရှီအာ ဟဒီးစ် စာအုပ်များ၌ မဖော်ပြထားပေ။

သင်္ကေတများ အလံ ကိုင်ဆောင်သူ ၊ အလံ ဟူသည် အေမာမ်ဟိုစိုင်းန်(အစ) ၏ အဇာဒါရီ ပြုလုပ်ကျင်းပရာတွင် ဟဇရသ်သေအဘ္ဘာစ်(အစ) အား အောင့်မေ့သတိရစေရန်အတွက် အလမ်ဒါရေ ကရ်ဘလာ အဖြစ် အသုံးပြုသည့် သင်္ကေတများ အနက်မှ တစ်ခု ဖြစ်သည်။ (133) စက္ကာ ၊ အထူးသဖြင့် သာစူအာ နှင့် အာရှူရာ အဇာဒါရီ ပြုလုပ်ကျင်းပသည့် နေ့ရက်များအတွင်း အထူးသဖြင့် အီရာန် ၌ ကျင်းပသည့် အဇာဒါရီ ဓလေ့များထဲမှ တစ်ခုဖြစ်သည်။ ဤထုံးတမ်းစဉ်လာကို တစ်ခါတစ်ရံတွင် စုပေါင်းခြင်းပုံစံဖြင့် ကျင်းပကြပြီး တစ်ခါတစ်ရံတွင် အဇာဒါရီ ပြုလုပ်သည့် လမ်း၌ အဇာဒါရီအဖွဲများအတွင်း ရေစာနေသူများကို ရေ ပေးသည့် ပုံစံဖြင့် ကျင်းပကြသည်။ ပထမ ပုံစံ၌ ၎င်းတွင်အထူး ကဗျာများ နှင့် နောင်ဟာများပါရှိပြီး ဒုတိယ ပုံစံ၌ စက္ကာ ရေပေးသူများသည် အထူးအဝတ်အစားများကို ၀တ်ဆင်ကာ အဇာဒါရီ ပြုလုပ်သူများကို အိုး သို့မဟုတ် ရေအိတ်ဖြင့် ရေပေးကြသည်။ (134) ဤအဇာဒါရီ ဤ စက္ကာ ရေပေးသူအဖြစ် ပါ၀င်ကြသော သူများသည် စက္ကာ ရေပေးသူ၏ သင်္ကေတများကို ၀တ်ဆင်ထားကြသည်။ လက်တစ်ဖက်ဖြင့် ဆောင်ထားသော ရေအိတ်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ဇလုံတစ်ခု ကိုင်ဆောင်ကာ ငိုကြွေးမြည်တမ်းသူများကြားသို သွား၍ ရေစာနေသူများကို ရေတိုက်ကြသည်။ ထို့နောက် အေမာမ်ဟိုစိုင်းန် (အစ) နှင့် ၎င်း၏ နောက်လိုက်သားများ ရေစာခြင်းကို ဖော်ပြသည့် နောင်ဟာများကို ရွတ်ဆိုကြသည်။ (135) စက္ကာ ကဲ့သို့ အဇာရီ၌ သရုပ်ဖော်သည့် ယဉ်ကျေးမှုသည် အီရတ်နှင့် အီရာန်ရှိ ရှီအာမြိုများစွာတွင် ပြုလုပ်လေ့ရှိသည်။ (136) ဟဇရသ်သေ အဘ္ဘာစ် အမည်ဖြင့် တည်ဆောက်ထားသော စက္ကာ ခါနဟ် အများအပြားတွင် စက္ကာ၏ ယဉ်ကျေးမှုများ လွှမ်းမိုးခြင်းကို တွေ့မြင်နိုင်သည်။ (137) ဟဇရသ်သေ အဘ္ဘာစ်(အစ) ကို ကျိန်ဆိုခြင်း- ဟဇရသ်သေ အဘ္ဘာစ်(အစ) အား ကျိန်ဆိုခြင်းသည် ရှီအာများနှင့် အဲဟ်လေစွန္နသ် များအကြားတွင် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည်။ ထို့ကြောင့် အချို့သော အဆိုအရ ရှီအာအများအပြားသည် ၎င်းတို့၏ အငြင်းပွားမှုများကို အဆုံးသတ်ရန် ဟဇရသ်သေ အဘ္ဘာစ်(အစ) အား ကျိန်ဆိုကြသည်။ အချို့သေသူများသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏နာမတော်ဖြင့် ဤကျိန်ဆိုခြင်းကို တစ်ခုတည်းသော သစ္စာတရားဟု ယူဆကြသည်။ (138)

ရှီအာ အုပ်စု အချို့သည် ဟဇရသ်သေ အဘ္ဘာစ်(အစ) အား ကျိန်ဆိုခြင်းဖြင့် ၎င်းတို့၏ သစ္စာပြုမှုများ၊ စာချုပ်များ ၊ အရောင်းအ၀ယ်များ နှင့် ကတိစာချုပ်များကို အတည်ပြုကြသည်။ (139) ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ကျမ်းကျိန်ခြင်းကို အထူးဂရုပြုရခြင်း၏ အကြောင်းရင်းမှာ ၎င်း၏ ရဲစွမ်းသတ္တိ၊ သစ္စာစောင့်သိမှု၊ ဇွဲလုံလ၊ ကတိသစ္စာရှိမှု၊ ယဉ်ကျေးသိမ်မွေ့မှု နှင့် သတ္တိရှိမှုတို ကြောင့် ဖြစ်သည်။ (140) အဲဟ်လေစွန္နသ် မှ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ကျိန်ဆိုမှုအပေါ်ယုံကြည်မှု အထူးသဖြင့် အီရတ်နိုင်ငံ၏ အဲဟ်လေစွန္နသ် နှင့်ပတ်သက်သော ကိုးကားချက်အချို့ရှိ ပေသည်။ ဥပမာ အီရတ်ကာကွယ်ရေးဝန်ကြီးဟောင်း ဟရ်ဇဒါးန် သက္က်ရီသီး သည် အဟ်မဒ် ဟစနွလ် ဘက္က်ရ် (အီရတ်သမ္မတဟောင်းများထဲမှတစ်ဦး) ဖြစ်ပြီး ၎င်းသည် ဆွဒမ် နှင့် အချင်းချင်း သစ္စာမဖောက်ဘဲ ၎င်းတို့၏ သဘောတူ စာချုပ်ကို ခိုင်မာစေဖိုါအတွက် မိမိတို အချင်းချင်း သစ္စာပြုရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ အချို့က အဘူဟနီဖဟ် ၏ ဟရမ်ရှိသည့် နေရာသို သွားရောက် ကျိန်ဆိုရန် အကြံပြုခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းတို့သည် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ဟရမ်ရှိရာသို သွားကြပြီး ထိုနေရာတွင် ကျိန်ဆိုရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။ (141)

အဘွလ်ဖွဿွ်လ် စားပွဲခင်း ၊ နဇဲရ် ပြုလုပ်ထားသော ရှီအာများ၏ စားပွဲ သို့မဟုတ် စားပွဲခင်း ဖြစ်ပြီး ယင်းမှာ အမျိုးသမီး များနှင့် ပိုမို သက်ဆိုင်ပေသည်။ (142) အစားအသောက် စားပွဲဖြန့်ကျက်ပြီး ထုံးတမ်းစဉ်လာများ ရွတ်ဆိုခြင်း နှင့် အထူး ဇီကီရ်များ ရွတ်ဆိုခြင်းတိုဖြင့် အသပြု ကျင်းပကြသည်။ ထို့အပြင် အရေးကြီးဆုံးနှင့် အသုံးများသော စားပွဲခင်းများ အနက်မှ တစ်ခုမှာ "အဘွလ်ဖွဿွ်လ်" စားပွဲခင်း ဖြစ်သည်။ ( 143)

အဗာစ္စီယဟ် သို့မဟုတ် ဘိုင်းသွလ် အဘ္ဘာစ်- ၎င်းသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) အမည်ဖြင့် တည်ဆောက်ထားသော နေရာများဖြစ်ပြီး ဝမ်းနည်းပူဆွေးရန်အတွက် ဖြစ်သည်။ အချို့က ဤနေရာများတွင် အခြား ပရိုဂရမ်များစွာကို လုပ်ဆောင်ကြပြီး ၎င်းတို့၏ လုပ်ဆောင်ချက်သည် ဟိုစိုင်းန္ယဟ်များ နှင့် ဆင်တူသည်ဟု အချို့က ဆိုကြသည်။ (144)

စစ်ပြန်များနေ့- အီရာန် အစ္စလာမ္မစ် သမ္မတနိုင်ငံ၏ တရားဝင်ပြက္ခဒိန်တွင် ဟဇရသ်သေ အဘ္ဘာစ်(အစ) မွေးဖွားသည့် အခါသမယတွင် ရှအ်ဗာန်လလေးရက်နေ့ကို စစ်ပြန်များနေ့ အဖြစ်သတ်မှတ်ခဲ့သည်။)145)

လက်ငါးချောင်း အရာ သို့မဟုတ် ငါးဦး သင်္ကေတ ၊ ရှီအာ ဒေသအချို့တွင် ထိုအရာများကို အသုံးပြုပြီး အလံ သို့မဟုတ် အလံပေါ်တွင် တပ်ဆင်ထားကာ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ဖြတ်ေတာက်ခြင်း ခံထားသော လက်များ၏ သင်္ကေတ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ အခြားရှီအျများ အချို့သည် ၎င်းအား အလ်-အဘ္ဘာစ် အဖွဲဝင်ငါးဦး၏ သင်္ကေတဟု ယူဆကြသည်။ (146)

ဟဇရသ်သေ အဘ္ဘာစ်(အစ) နှင့် ဆက်စပ်သော နေရာများနှင့် အဆောက်အဦများ အီရာန်နှင့် အီရတ်တိုတွင် အချိန်နှင့်အမျှ လူအများလေးစားခံရသည့် နေရာများရှိပြီး လူများသည် ၎င်းတို့၏ နဇဲရ် ကတိများနှင့် လက်ဆောင်များ ပေးဆောင်ရန် ထိုနေရာသို သွားရောက်ကြသည်။ ထို့နောက် ၎င်းတို့သည် အကယ်၍ ဤသို့ နဇဲရ် ပြုလုပ်ပါက ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟု ယုံကြည်ထားကြသည်။

ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ဟရမ် ကရ်ဘလာ မြိုရှိ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ဟရမ်နေရာသည် အေမာမ်ဟိုစိုင်းန် (အစ) ဟရမ်၏ အရှေ့မြောက်ဘက် ၃၇၈ မီတာ အကွာတွင် တည်ရှိပြီး ရှီအာများ၏ ဇေယာရသ် ပြုလုပ်ရာဌာန များ အနက်မှ အရေးကြီးဆုံးသော ဇေယာရသ် ပြုလုပ်ရာဌာနတစ်ခု ဖြစ်သည်။ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ဟရမ် နှင့် အေမာမ်ဟိုစိုင်းန် (အစ) ဟရမ် နှစ်ခုကြားအကွာအဝေးကို ဘိာယုင်တွလ်ဟရမ်မိုင်းန် ဟုခေါ်သည်။ (147) သမိုင်းပညာရှင် များစွာ၏ အဆိုအရ ဟဇရသ်သေ အဘ္ဘာစ် (အစ) ကို အလ်ကမဟ် (ဖိုရာသ် မြစ်မှ ခွဲထွက်သည့် ဆည်) မြစ်ကမ်းနဘေးတွင် မြှုပ်နှံထားခဲ့သည်။ (148) အဘယ်ကြောင့်ဆိုသော် အေမာမ်ဟိုစိုင်းန် (အစ) သည် ဟဇရသ်သေ အဘ္ဘာစ် (အစ) ကို ၎င်း ရှဟီးဒ် ဖြစ်ခဲ့သည့် နေရာမှ မရွှေ့ဘဲ အခြားသော ရှိဟဒါများ ကဲ့သို့ အသယ်ဆောင်သွားခဲ့သောကြောင့် ဖြစ်သည်။ အချို့သော စာရေးဆရာများ ဥပမာ အဘ်ဒွရ်ရဇာက် မိုကရ်ရမ် ယုံကြည်ထားသည်မှာ အေမာမ်ဟိုစိုင်းန်(အစ) သည် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ကိုယ်ခန္ဓာအား ခိုင်မာ တဲနန်းဘက်သို ခေါ်ဆောင် မသွားရခြင်း၏ အကြောင်းတရားမှာ ဟဇရသ်သေ အဘ္ဘာစ် (အစ) ကိုယ်တိုင် တောင်းဆိုခြင်း သို့မဟုတ် ၎င်း ခန္ဓာကိုယ်၌ ထိခိုက်ထား‌ေသာ ဒဏ်ရာများကြောင့် ဟဇရသ်သေ အဘ္ဘာစ် (အစ) ၏ ခန္ဓာကိုယ်ကို အေမာမ်ဟိုစိုင်းန်(အစ)က မသယ်ဆောင်ခြင်း စသည်တိုကြောင့် မဟုတ်ပေ။ သိုသော် အေမာမ်ဟိုစိုင်းန်(အစ) သည် မိမိ၏ ညီတော်အား သီးခြား ဟရမ် တစ်ခု၏ ပိုင်ရှင် ဖြစ်စေလိုသောကြောင့် ဖြစ်သည်။ (149) မိုကရ်ရမ်သည် ဤအဆိုအတွက် အထောက်အထား မဖော်ပြထားပေ။

ဟဇရသ်သေ အဘ္ဘာစ်(အစ) လက်မောင်း ပျက်ခဲ့သည့်နေရာ ကဖ်ဖွလ်အဘ္ဘာစ် နေရာသည် ဟဇရသ်သေအဘ္ဘာစ် (အစ) ၏ လက်များကို ၎င်းခန္ဓာကိုယ်မှ ဖြတ်‌ေတာက်လိုက်ပြီး မြေပြင်ပေါ်သို ကျသွားသည့် နေရာနှစ်ခု၏ အမည်ဖြစ်သည်။ ဤနေရာ နှစ်နေရာသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) ဟရမ်၏ အရှေ့မြောက်နှင့် အရှေ့တောင်ဘက် ရှိ ဈေးလမ်းကြားနှစ်ခု၏ ဝင်ပေါက်တွင် တည်ရှိသည်။ထိုနေရာနှစ်ခုတွင် သင်္ကေတများ ပြုလုပ်ထားပြီး ဇေယ ရသ် လာရောက် ပြုလုပ်သူများသည် ထိုနေရာကို ဇေယာရသ် ပြုလုပ်ကြသည်။ (150)

ကဒမ်ဂါဟ် (ခြေနေရာ) ၊ စက္ကာခါနဟ် နှင့် စက္ကာနဖာရ် အီရာန်န်နိုင်ငံတွင် ဟဇရသ်သေအဘ္ဘာစ် ဟူ၍ အမည်ပေးထား‌ေသာ ကဒမ်ဂါဟ် (ခြေနေရာ) အမျိုးမျိုးရှိပြီး လူများသည် ၎င်းတို့၏ တဇဲရ်ပြုလုပ်ပြီး ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖိုရန် ထိုနေရာ၌ ဝတ်ပြုဆုတောင်းဖို အမြဲ သွားလေ့ရှိကြသည်။ (151) ထိုကဒမ်ဂါဟ် (ခြေနေရာ) များမှာ ဥပမာ စမ်နားန် ၊ ဟိုဝိုင်ဇေဟ် ၊ ဘူရှဟ်ရ် နှင့် ရှီရာဇ် ဟူ၍ ဖော်ညွှန်းနိုင်သည်။ (152) ခလ်ခါလီး ၏ အဆိုအရ လာရ် ဟုခေါ်ဆိုသော မြိုတွင် နဇဲရ်ဂါဟ် တစ်ခုရှိပြီး ထိုဒေသရှိ အဲဟ်လေစွန္နသ် များသည် အင်္ဂါနေ့တိုင်းတွင် ၎င်းတို့၏ မိသားစုများ နှင့်အတူ နဇဲရ်ဖြေဖိုရန် အတွက် သွားကြ‌ေလ့ရှိသည် ။ (153) စက္ကာခါနဟ် ( သောက်သုံးရေကန်များ) ၊ ရှီအာများ၏ အဇာဒါရီ သင်္ကေတများထဲမှ တစ်ခုဖြစ်သည်။ စက္ကာခါနဟ် သောက်သုံးရေကန်များသည် သေးငယ်သော နေရာများဖြစ်ပြီး လမ်းသွားလမ်းလာများအား ရေပေးရန်အတွက် အများသူငှာ လမ်းများပေါ်တွင် တည်ဆောက်ထားသည့် နေရာငယ်များဖြစ်သည်။ စက္ကာခါနဟ် သောက်သုံးရေကန်များသည် ရှီအာယဉ်ကျေးမှုတွင်၊ ကရ်ဘလာ ဖြစ်ရပ်၌ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ရှဟီးဒ်ခြင်းကို အမှတ်ရနေ စေရန် ဖြစ်သည်။ ထို့ကြောင့် စက္ကာခါနဟ် သောက်သုံးရေကန်များသည် အေမာမ်ဟိုစိုင်းန် (အစ) နှင့် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ အမည်များဖြင့် အလှဆင်ထားခြင်း ဖြစ်သည်။ (154) တချိုလူများသည် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖိုရန် အတွက် ဖယောင်းတိုင်မီးထွန်းကြသည်။ (156)

စက္ကာနိဖားရ် ၊ သို့မဟုတ် စာကီနိဖားရ် သို့မဟုတ် စက္ကာသလ ရ် သည် အီရာန်နိုင်ငံ မာဇင်န်ဒရာန် ဒေသရှိ ရိုးရာအဆောက် အအုံများ၏ အမည်ဖြစ်ပြီး ဘာသာရေး ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပရန်နှင့် နဇဲရ်ကတိသစ္စာပြုရန် အသုံးပြုကြသည်။ ဤအဆောက်အဦများသည် ယေဘူယျအားဖြင့် ဗလီ၊ ဟိုစိုင်းင်နီယဟ် များကဲ့သို့သော ဘာသာရေးနေရာ အနီးတစ်၀ိုက်တွင် ဆောက်လုပ်ကြသည်။ စက္ကာနိဖားရ် ကို ဟဇရသ်ျသ အဘ္ဘာစ်(အစ) အတွက် ရည်ညွှန်းပြီး အချို့က ( အဘွလ်ဖက်ဆ်ွလီ) ဟု ခေါ်ဆိုကြသည်။ (157) ဟဇရသ် သေ အဘ္ဘာစ် ၏ မျက်နှာအား ပြသခြင်း နှင့် ၎င်း၏ ပုံတူပန်းချီ ရှီအာ လူထုယဉ်ကျေးမှုတွင် အဘ္ဘာစ် ဗင်န် အလီ (အစ) ၏ မျက်နှာ ဟုခေါ်သော ပုံတူ ပန်းချီကားများ ရှိပေသည်။ ဤပုံများကို အဇာဒါရီ ဖြစ်မြောက်ရေးအဖွဲများတွင်လည်း အသုံးပြုကြသည်။ များစွာသော မရာဂျေအေ သက္ကကလီးဒ် ပညာရှင်များ၏ အမြင်အရ ထိုပုံတူ ပန်းချီများသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ မျက်နှာတော် ဖြစ်ကြောင်းကို အလွယ်တကူ လက်မခံကြပေ။ ဤရုပ်ပုံများကို အဇာဒါရီ ဖြစ်မြောက်ရေးအဖွဲများတွင် တပ်ဆင်ခြင်းသည် ဟာရမ် သို့မဟုတ် မရိုမသေပြုမူ မှုများ မဖြစ်စေပါက ဘာသာရေးပြဿနာမရှိဟု ၎င်းတို့က ဖော်ပြထားသော်လည်း၊ ထိုသို့ ဤပုံများကို ထည့်သွင်းအသုံးပြု ခြင်းမှ ရှောင်ကြဉ်ရန် အကြံပြုထားသည်။(158) မကြာသေးမီနှစ်များအတွင်း၊ မုခ်သားရ်နာမေဟ် နှင့် ရက်စ်သာခီးစ် ဟုခေါ်သော အာရှူရာ အဖြသ်အပျက်ကို ပြန်ရိုက်ကူးထားသည့် ရုပ်ရှင်နှစ်ကား၌ ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏တည်ရှိမှု နှင့် ဆက်စပ်သော အပိုင်းများတွင် အချို့ ပညာရှင်များ၏ ကန့်ကွပ်မှုကြောင့် ဟဇရသ် သေ အဘ္ဘာစ် ၏ မျက်နှာအား ပြသခြင်းမှ ပယ်ဖျက်ခဲ့ကြသည်။ (159) ထို့အတူ ရက်စ်သာခီးစ် ရုပ်ရှင်၌လည်း ထိုအကြောင်းကြောင့်ပင် ဟဇရသ် သေ အဘ္ဘာစ် ၏ မျက်နှာအား ပြသခြင်းမှ ဖယ်ရှားခဲ့ကြသည်။ (160)

စာအုပ်များ အချို့သောစာအုပ်များသည် ဟဇရသ်သေ အဘ္ဘာစ်(အစ) ၏ ကိုယ်ကျင့်တရား နှင့် ထူးခြားမှုများ အကြောင်း ရေးသားထားပြီး၊ ထိုစာအုပ်များ အနက်မှ အချို့မှာ အောက်ပါတို့ ဖြစ်သည် - ဇင်ဒဂါနီယေ ကမ္မရေ ဗနီဟာရှင်မ် ၊ ဇူဟူးရေ အီရှ်ကေ အအ်လာ၊ ဟိုစိုင်းန် ဘက်ဒ်ရွလ် ဒီးန် ၊ သီဟီရာန် ၊ မဟ်သာဘ် ၊ အီရာန်နှစ် ၁၃၈၂ ။

စာကီရေ ခူဘားန် ၊ ဟဇရသ်သေ အဘ္ဘာစ်(အစ) အတ္တုပတ္ထိုကို ဖွင့်ဆိုရှင်းလင်း ထားသည်။ မိုဟမ္မဒ် ချက္က်ကာယီ အရာကီ ၊ ကွမ်း၊ မွရ်သဇွာ ပုံနှပ်တိုက်၊ အီရာန်နှစ် ၁၃၇၆။

ဇင်န်ဒဂါနီယေ ဟဇရသ်သေ အဘွလ်ဖက်ဆ်ွလွတ် အဘ္ဘာစ် အလမ်ဒါရ် ကရ်ဘလာ ၊ ရေဇွာဒက်ရှ်သီ ၊ သီဟီရာန် ၊ ပါဇီးနေဟ်ကျောင်း၊ အီရာန်နှစ် ၁၃၈၂ ။

ကျယ်ဟဲရေယေ ဒေရက်ခ်ရှားန် ကမ္မဲရေ ဗနီဟာရှင်မ် အဘွလ်ဖက်ဆွလ်လွတ် အဘ္ဘာစ် ၊ အလီ ရက်ဘ္ဘာနီ ခလ်ခါလီ၊ ကွမ်း ၊ မက္က်သဘွလ် ဟိုစိုင်းန်၊ အီရာန်နှစ် ၁၃၇၈ (အတွဲ၃)

အဘွလ်ကုရ်ဘဟ် ၊ ဟဇရသ်သေ အဘ္ဘာစ်(အစ) အတ္တုပတ္ထိ ကို ဖွင့်ဆိုရှင်းလင်း ထားသည်။ မဂျီးဒ် ဇဂျာဂျီး မိုဂျရ်ရက်ဒ် ကာရှာနီး ၊ သီဟီရာန် ၊ စွဘ်ဟားန် ၊ အီရာန်နှစ် ၁၃၇၉ ။

အဘ္ဘာစ်(အစ) စီဖ်ဖေဟေ စာလားရေ ကရ်ဘလာ ၊ အတ္တုပတ္ထိ ၊ အဘ္ဘာစ် ရှက်ဘ်ဂါဟီ ရှက်ဘက်စ်သရီ ၊ သီဟီရာန် ၊ ဟိုရူဖီယဟ် ၊ အီရာန်နှစ် ၁၃၈၁ ။

အ္ဗာစ် ဗင်န် အလီ (အစ) ၊ ဂျဝါဒ် မိုဟဒ္ဒီစီ ၊ အာရှနာယီး ဘာ အွစ်ဝေဟ်ဟာ ၏ နဝမမြောက် စာစောင် ၊ အင်န်သေရှာရာသေ ဘူစ်သားနေ ကိဘာသေ ကွမ်း ၊ ရှစ်ကြိမ်မြောက် ထုပ်ဝေမှု ၊ အီရာန်နှစ် ၁၃၉၃ ။ (161)

အဘွလ်ဖက်ဆ်ွလွလ်အဘ္ဘာစ် (အစ) ၊ ပိုင်ဂျိုဟီရှီး ဒရ် စီးရေဟ် ဝါ စီမာယေ အဘ္ဘာစ် ဗင်န် အလီ(အစ) ၊ ဂျဝါဒ် ခရ်မီယားန် ၊ ရာသဟ စက်ဘ်ဇ် ပုံနှပ်တိုက်၊ ပထမအကြိမ် ထုပ်ဝေမှု ၊ အီရာန်နှစ် ၁၃၈၆ ။