ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ

wikishia မှ

ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ (အရဘီ : الحسن بن الفضل الطَبرِسي) သည် ဆဋ္ဌမရာစုရှိ အေမာမ်မီယဟ် ဟဒီးစ် ပညာရှင်များ မှ တစ်ဦးဖြစ်ပြီး ဖွဇ်လ်ဘင်န် ဟစန် သွဗ်ရစီ ၏ သား ဖြစ်ပါသည်။ ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ သည် သွဗ်ရစီ မျိုးနွယ် ဝင် ပညာရှင်များ မှ တစ်ဦး ဖြစ်ပါသည်။ မကာရေမိုလ်အက်ခ်လာက် ကျမ်း သည် ရှီအဟ် စာရိတ္တဆိုင်ရာ ကိုယ်ကျင့်တရား ဆိုင်ရာ အကျော်ကြားဆုံး ကျမ်းများ မှ တစ်ဆူ ဖြစ်ပြီး ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ ရေးသားထားသည့် ကျမ်း ဖြစ်ပါသည်။

အတ္ထုပ္ပတ္တိ

ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ ၏ ကွန်နီယသ်တော်မှာ အဘူနဆ်ရ် ဖြစ်ပြီး သွဗ်ရစီ မျိုးနွယ် မှ ဖြစ်ပါသည်။ [1]သူသည် သဖ်စီးရ်ကျမ်း မဂျ်မအိုလ်ဗယာန်း ကျမ်း အား ရေးသား သီးကုံးခဲ့သူ ဖွဇ်လ်ဘင်န် ဟစန် သွဗ်ရစီ (ကွယ်လွန် ဟီဂျရီ သက္ကရာဇ် ၅၄၈ ခုနှစ်) ၏ သား ဖြစ်ပါသည်။ မစ်ရှ်ကာသ် သိုလ် အန်နဝါရ် ကျမ်း ရေးသားသီးကုံးသူ အလီဘင်န် ဟစန် သွဗ်ရစီ သည် ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ ၏ သား ဖြစ်ပါသည်။ [2]

၎င်း ဘဝ၏ အသေးစိတ်အချက်အလက်များအပြင် ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ ၏ မွေးဖွားရက်နှင့် သေဆုံးခြင်းအကြောင်းအချက်အလက်များကို မှတ်တမ်းတင်ထားခြင်း မရှိချေ။ [3] ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ သည် မိမိ အဖေ ၏ တပည့်များထဲမှ တစ်ဦးအဖြစ် လူသိများပြီး [4] ၎င်းဖခင်သည် သဖ်စီးရ် ကျမ်း ဂျဝါ မေအိုလ်ဂျာမေအ် ကျမ်းအား ၎င်း၏ မေတ္တာ ရပ်ခံ ချက်ကြောင့် ရေးသား သီးကုံးခဲ့သည် ဟု သိရှိရပါသည်။ ဤမိသားစုအတွက် သွဗ်ရစီ ဟူသော စကားလုံးကို ထည့်သွင်းရခြင်း၏ အကြောင်းရင်းနှင့် ပတ်သက်၍ အကွဲအလွဲ ရှိပါသည်။ အချို့က သွဗ်ရစီ ကို طَبْرِس ဆိုသည့် (အာရဘီ စကားလုံး تَفْرِش မှ ပြောင်းသွားပြီး) [6] နှင့် အခြားသူများကို သွဗ်ရစစ်သန် [7] ဟု သတ်မှတ်ကြပါသည်။

လက်ရာများ

ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ ၏ အကျော်ကြားဆုံးလက်ရာမှာ ရှီအဟ် များကြားတွင် အရေးအကြီးဆုံး ကိုယ်ကျင့်တရား၊ စာရိတ္တာ ဆိုင်ရာ ကျမ်းများမှ တစ်ဆူ ဖြစ်သည့် မကာရေမိုလ်အက်ခ်လာက် ကျမ်း ဖြစ်ပါသည်။ [8] ထိုနည်းတူစွာ ဟဒီးစ် ကျမ်း တစ်ဆူ ဖြစ်သည့် ဂျာမေအိုလ်အက်ခ်ဗါရ် ကျမ်းသည်လည်း ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ ၏ လက်ရာ ဟု ဆိုထားပါသည်။ [9] သို့သော် ဆယက်ဒ် မိုဟ်စင်အမီးန် နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗဟာနီ တို့ မှ ဂျာမေအိုလ်အက်ခ်ဗါရ် ကျမ်း အား ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ ၏ လက်ရာ ဖြစ်ကြောင်းကို လက်မခံကြချေ။ [10]အဘူလ်ကာစင်မ် ဂူရ်ဂျီ သည် ဂျဝါ မေအိုလ်ဂျာမေအ် ကျမ်း ၏ နိဒါန်း တွင် အစရာရိုအေမာမ်မဟ် ကျမ်း အား ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ ၏ လက်ရာ ဖြစ်ကြောင်း ဆိုထားပါသည်။ [11] ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ သည် လူအများ ကြိုဆိုသည့် မကာရေမိုလ်အက်ခ်လာက် ကျမ်း ကို ပြုစုပြီးနောက် မိမိ ၏ သား အလီဘင်န် ဟစန် သွဗ်ရစီ ၏ မေတ္တာ ရပ်ခံချက်အရ «جامع لسائر الاقوال و حاو لمحاسن الافعال» ကျမ်း ကို စတင်ပြုစုရေးသား သီးကုံးခဲ့သော်လည်း ကျမ်း ကို အဆုံး မသတ်မီ အလ္လာဟ် အမိန့်ကို ခံယူတော် မူသွားပါသည်။ [12]

ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ သည် မိမိ ဖခင်ထံ မှ ဟဒီးစ်တော်များ ၊ ရီဝါယသ်တော်များ ကို ဆင့်ပြန် ခဲ့ပါသည်။ မိုဟဇဗွန်ဒ်ဒီးန် ဟိုစိုင်းန် ဘင်န် အဘူလ် ဖရ်ဂျ် မှလည်း ဟစန်ဘင်န် ဖွဇ်လ် သွဗ်ရစီ ထံ မှ ဟဒီးစ်တော်များ ရီဝါယသ်တော်များ ကို ဆင့်ပြန် ခဲ့ပါသည်။ [13]

ဆက်နွယ်နေသည့် ဆောင်းပါးများ

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ