ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက်မဇ်ဟေဂျီ ဂျိုအ်ဖီ

wikishia မှ
ရှိုဟဒါယေကရ်ဗလာ၏ ရောင်ဇာတော်

ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက် မဇ်ဟေဂျီ ဂျိုအ်ဖီ (အရဘီ : الحَجّاج بن مَسروق الجُعفي ) ဆိုသည်မှာ ဆိုသည်မှာ အေမာမ်အလီ (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) သာဝကတော် များ မှတစ်ပါးဖြစ်ပြီး အာရှူရာနေ့ တွင် ကျဆုံး ခဲ့သည့် အာဇာနည်များထဲမှ တစ်ပါးဖြစ်ပါသည်။ အချို့သော သတင်းရင်းမြစ်များ မှ ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက်မဇ်ဟေဂျီ ဂျိုအ်ဖီ မက္ကဟ် မှ ကရ်ဗလာသို့ သွားရာလမ်းတွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မုဇ်ဇင်ဟု ခေါ်ဆိုကြပါသည်။

အမည် နှင့် မျိုးရိုး

ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက် ဘင်န် မာလစ်က် ဘင်န် ကစီးဖ် ဘင်န် အိုသ်ဘဟ်ဘင်န် ကလာအ် ဂျိုအ်ဖီ ဖြစ်ပါသည်။ [1] မတ်ဇ်ဟေဂျ် မျိုးနွယ်မှဆင်းသက် လာသူ ဖြစ်ပါသည်။ရှိက်ခ်မိုဖီးဒ် သည် ၎င်း၏ အမည်ကို ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူရ် အဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။ [2]

သမိုင်း

မိုဟမ္မဒ်ဘင်န် သွာအေရ် စမာဝီ ၏ အဆိုအရ ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက် မဇ်ဟေဂျီ ဂျိုအ်ဖီ သည် ရှီအဟ်များ ထဲမှ တစ်ဦးဖြစ်ပြီးကူဖဟ် မြို့ ရှိ အေမာမ် အလီ (အ.စ) ၏ သာဝကတော်များ မှ တစ်ပါးဖြစ်ပါသည်။ အေမာမ်ဟိုစိုင်းန် (အ.စ) သည် မဒီနာမှ မက္ကဟ် သို့ ပြောင်းရွေ့သောအခါ ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက် မဇ်ဟေဂျီ ဂျိုအ်ဖီ ကူဖဟ် မှ မက္ကဟ် သို့လည်း ရောက်ပြီး ထိုအရပ်၌ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ခရီးသွား အုပ်စု တွင်သို့ ဝင်ရောက်ခဲ့ပါသည်။ [3]

ဇူဟစ်မ် ၏အိမ်တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ခရီးသွား အုပ်စု နှင့် ဟူးရ် ဘင်န် ယဇီးဒ် ရေယာအီ ၏ကွပ်ကဲမှုအောက်တွင်ရှိသောကူဖဟ် စစ်တပ် နှင့် ရင်ဆိုင်ခဲ့ကြပြီး နေ့လယ် အချိန်တွင် အေမာမ် ဟိုစိုင်းန် မှ ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက် အားအဇာန်ပေးရန်မိန့် ကြားခဲ့ပါသည်။ [4]


အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ခရီးသွားအုပ်စုသည် ဘနီ မကာသေလ် နန်းတော်သို့ရောက်ရှိသည့်အခါ အေမာမ် ဟိုစိုင်းန် (အ.စ) သည် တဲတစ်လုံး ဆောက်ထား သည်ကို တွေ့လိုက်ရပါသည်။ ဤတဲက မည်သူ့အတွက်လဲ? ဟုမေးမြန်းလေ။ ဤတဲ သည် အိုဘိုင်းသုလ္လာဟ် ဘင်န် ဟူးရ် ဂျိူအ်ဖီ အတွက် ဖြစ်သည် ဟူ ၎င်းတို့ မှ ဖြေကြ ပါတယ် ။ အေမာမ် (အ.စ) သည် ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက် မဇ်ဟေဂျီ ဂျိုအ်ဖီ အား အိုဘိုင်းသုလ္လာဟ် ဘင်န် ဟူးရ် ဂျိူအ်ဖီ ထံ စေလွတ်ဖို့ အေမာမ် ဘက်မှကူညီရန် ဖိတ်ခေါ်ခဲ့ပါသည်။ ၎င်းအနေဖြင့် အေမာမ် (အ.စ)၏ ဖိတ်ကြားချက်ကို လက်မခံခဲ့ပေ။ [5]

ရှဟာဒသ်

ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက် မဇ်ဟေဂျီ ဂျိုအ်ဖီ အာရှူရာ နေ့တွင် Hajj သည် အေမာမ် ဟိုစိုင်းန် (အ.စ) ထံမှ ခွင့်ပြုချက် ရခဲ့ပြီး စစ်မြေပြင် သို့သွားခဲ့ပါသည်။ အချိန်အတန်ကြာ စစ်တိုက် ပြီးနောက် သွေးများ လူးနေသည့် ခန္ဓာကိုယ် နှင့် ပြန်လာ ကာ အေမာမ် (အ.စ) အားမျက်နှာမူဿ ဤကဗျာကို ရွတ်ဆိုခဲ့ပါသည်။

فدتک نفسی هادیا مهدیا*****الیوم ألقی جدّک النبیا
ثمّ أباک ذی الندی علیا*****ذاک الذی نعرفه الوصیا[6]


အဓိပ္ပာယ် ။ ။လမ်းမှန်ရပြီသူ နှင့် လမ်းမှန်ကိုညွှန်ပေးသူ အတွက် ကျနော် အသက်ကို စတေးပါမည်။ယနေ့ ကိုယ်တော် ၏ အဘိုးတော် တွေ့မှာ ဖြစ်ပါသည်။ ပြီးနောက်ကိုယ်တော်၏ ဖခမည်းတော် အေမာမ် အလီ (အ.စ) နှင့် တွေ့ရပါမည်။အေမာမ်အလီ(အ.စ) အားကျွန်ုပ်တို့ အနေဖြင့် တမန်တော်မြတ်(ဆွ) ၏ ဝဆီ (အရိုက်အရာ ဆက်ခံသူ) အဖြစ်လက်ခံ သက်ဝင် ယုံကြည်ပါသည်။

အေမာမ် ဟိုစိုင်းန် (အ.စ) မှ ၎င်းအား အဖြေပေး မိန့်တော်မူ၏။ “ဟုတ်ပါသည်။မှန်ပါသည်။ သင် နောက်မှာ ၎င်း တို့ကို ကျွန်ုပ် တွေ့ဆုံ မည် ဖြစ်ပါသည် ။ ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက် မဇ်ဟေဂျီ ဂျိုအ်ဖီ သည် စစ်မြေပြင်သို့ သို့ပြန်ထွက် လာပြီး ရှဟီးဒ် ဖြစ်သည်အထိ တိုက်ပွဲဝင်ခဲ့ပါသည်။ [7] ဇေယာရသ် နာအီယဟ် ဂိုက်ရေ မရှ်ဟူးရ် (ဇေယာရသ်သိုရှ်ရှိဟာဒါ ) နှင့်ဇေယာရသ် ရဂျဘ်ဘီယဟ် အေမာမ် ဟိုစိုင်းန် (အ.စ)တို့တွင်လည်း ဟဂျ်ဂျာဂျ်ဘင်န် မက်စ်ရူက် အမည်နှင့်ဤကဲ့သို့ စလာမ်ဆိုထား ပါသည်။ «السَّلَامُ عَلَی الْحَجَّاجِ بْنِ مَسْرُوقِ الْجُعْفی

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ