ဟဂ်ျဂျာဂ်ျ ဗင်န် ဗိုင်းဒ် သမီမီး စအ်ဒီ

wikishia မှ

ဟဂ်ျဂျာဂ်ျ ဗင်န် ဗိုင်းဒ် သမီမီး စအ်ဒီ သည် ကရ်ဘလာ၏ ရှိုဟဒါများ အနက်မှ ဖြစ်ပြီး ကရ်ဘလာ အဖြစ်အပျက်၏ သတင်းပေးပို့သူ များထဲမှ တစ်ဦး ဖြစ်ပေသည်။ မုဟမ္မဒ် စမာဝီ သည် အဘ်ဆွာရုလ်အိုင်းန် စာအုပ်၌ ဆိုထားသည်မှာ ၊ ဟဂ်ျဂျာဂ်ျ ‌ဗင်န် ဘဒ်ရ် သည် ဗနီစအ်ဒ် မျိုးရိုး နှင့် ဗနီသမီးမ် မျိူနွယ်ဝင် ဖြစ်သည်။ (1) အေမာန်ဟိုစိုင်းန် (အစ) ၏ ပေးစာ ကို ဘဆွရဟ် ၏ မှူးမတ် များထံသို့ ပေးပို့ ပြီးနောက်၊ အေမာန်ဟိုစိုင်းန် (အစ) အား ခောက်ခံသူ ငါးဦး ထဲမှ တစ်ဦး ဖြစ်သည့် မစ်အူဒ် ဗင်န် အွမ်ရို အဇ်ဒီ သည် မိမိကိုယ်တိုင် နှင့် မိမိ၏ မျိုးနွယ်စုသည် အေမာန်ဟိုစိုင်းန် (အစ) အား ထောက်ခံ သည့် စာတစ်စောင် ရေးသား ခဲ့ပြီး ထိုစာအား ဟဂ်ျဂျာဂ်ျ ဗင်န် ဇိုင်းဒ် ကို ပေးခဲ့သည်။ ဟဂ်ျဂျာဂ်ျ သည် ထိုစာကို အေမာန်ဟိုစိုင်းန် (အစ) ထံ ပို့ခဲ့ပြီး ၎င်းနှင့်အတူ နေရစ်ခဲ့သည်။ အာရှုရာနေ့၌ အွမ္မရ် ဗင်န် စအ်ဒ် တပ်သားများမှ ပထမစစ်စင်ရေး တိုက်ခိုက်မှုအတွင်း ရှဟီးဒ် ဖြစ်ခဲ့သည်။ (2) ဟဂ်ျဂျာဂ်ျ ၏ ဖခင် ဇိုင်းဒ်သည် ဆွီဖီးန်တိုက်ပွဲ၌ အေမာမ်အလီ(အစ ၏ နောက်လိုက်သားများ အနက်မှ ဖြစ်သည်။ (3) အေမာမ်အလီ (အစ) ရှဟီးဒ် ဖြစ်ပြီးနောက်၊ မူဝီယာသည် ၎င်းအ ရဲအရာရှိအဖြစ် ခန့်အပ်ခဲ့သောလည်း ၎င်းမှ လက်မခံခဲ့ပေ။ (4) ဇေယာရက်သေ ရှိုဟဒါ တွင် «اَلسَّلَامُ عَلَی الْحَجَّاجِ بْنِ زَیدٍ السَّعْدِی»ဖြင့်လည်းကောင်း (5) ဇေယာရက်သေ ရဂျက်ဘီယေ အေမာန်ဟိုစိုင်းန် တွင် «السَّلَامُ عَلَی حَجَّاجِ بْنِ یزِیدَ» ဟူ၍လည်းကောင်း (6) ၎င်းအား စလာမ် ပို့သထားသည်။ စိုင်ယိဒ် မိုဟ်စင်န် အမီးန် သည်လည်း အအ်ယားနုလ်ရှီအဟ် တွင် ၎င်းအား ဟဂ်ျဂျာဂ်ျ ဗင်န် ဘဒ်ရ် သမီမီး ဟူ၍ ဖော်ပြထားသည်။ (7)