မာတိကာသို့ ခုန်သွားရန်

ဟက်ကိုလ်ဝါလေဒိုင်းန်

wikishia မှ

အဲဟ်စာန်ဘေ ဝါလေဒိုင်းန် နှင့် မရောထွေး မိရန်လိုပါသည်...


ဟက်ကိုလ်ဝါလေဒိုင်းန် (အရဘီ : حقوق الوالدين ) ဆိုသည်မှာ ဖခင် နှင့် မိခင် အပေါ် ၎င်းတို့၏ သားသမီးများ မှ ထမ်းဆောင်ပေးရမည့် တာဝန် ဝတ္တရားများဖြစ်ပါသည်။ ဤ တာဝန် ဝတ္တရားများ ကို စောင့်ထိန်းခြင်းသည် အလ္လာဟ် ဟို အရှင်မြတ် ၏ အရေးကြီးဆုံး ပညတ်တော်များထဲမှ တစ်ခုဟု ယူဆကြပြီး၊ အလ္လာဟ် ဟို အရှင်မြတ် နှင့်ပတ်သက်၍ ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များ ပြီးနောက် ၎င်းကို သားသမီး ထမ်းဆောင်ရမည့် အကြီးမြတ်ဆုံး တာဝန် ဝတ္တရား ဟု သတ်မှတ်ထားပါသည်။

ဘာသာရေးရင်းမြစ်များတွင် မိဘများအပေါ် ကြင်နာမှု၊ လေးစားမှုနှင့် နာခံမှုနှင့် မိဘများ၏လိုအပ်သည့် ငွေကြေးစီစဥ် ပေးမှုတို့သည် ဖခင် နှင့် မိခင် အပေါ် သားသမီးများ မှ ထမ်းဆောင်ပေးရမည့် တာဝန် ဝတ္တရား များ မှ ဖြစ်ပါသည်။ကုရ်အာန်ကျမ်းတော်မြတ်တွင် မိဘများအပေါ် ကရုဏာတရားထားရန် မိန့်ကြားပြီးနောက် သားသမီးများအား မိဘများအပေါ် ရက်စက်ကြမ်းကြုတ်မှုတို့ကို ရှောင်ကြဉ်ရုံသာမက ၎င်းတို့ ၏ ရှေ့မှောက်တွင် မိမိကိုယ်ကို နှိမ့်ချပြီး ဆက်ဆံရန် ဆိုထားပါသည်။ ပြီးနောက် မိဘနှစ်ပါး အသက်ရှင်နေချိန် နှင့် ၎င်းတို့ သေဆုံးသွားပြီးနောက် ၎င်းတို့ အတွက် ဒိုအာ ပြုရန် မိန့်ထားပါသည်။ မအ်စူမီးန် (အ.စ) ၏ ဟsဒီးစ်တော်များ တွင် မိဘများနှင့် ကြင်ကြင်နာနာ ဆက်ဆံခြင်းသည် အလ္လာဟ်ဟို အရှင်မြတ် ထံတော် တော်၌ အကောင်းတကာအကောင်းဆုံးနှင့် အချစ်အနှစ်သက်ဆုံး သော လုပ်ရပ် တစ်ခုဖြစ်ပြီး ရှီအဟ် မွတ်စလင်မ်များ ၏ ထူးခြားသောဝိသေသလက္ခဏာများထဲမှ တစ်ခုဖြစ်ပါသည်။ ရှီအဟ် ဓမ္မသတ်ပညာရှင်များ ၏ အဆိုအရ မိဘနှစ်ပါးကို အမိန့်ကို မနာခံခြင်းကြောင့် မိဘ နှစ်ပါး အားဒုက္ခ၊ သောကဖြစ်စေသည့် နာကျင်စေသည့် မဖြစ်အောင် ၎င်းမိဘ နှစ်ပါး ၏ အမိန့်ကို နားခံရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။သို့သော် ၎င်းမိဘနှစ်ပါး ၏ အမိန့် သည် ဂိုနာဟ်(ခ) အပြစ် မဖြစ်ရန်တော့ လိုအပ်ပါသည်။ ထို့အပြင် ဤ ရှီအဟ် ဓမ္မသတ်ပညာရှင်များ ၏ ဖသ်ဝါအရ တတ်နိုင်သည့် သားသမီးများ သည် ချို့တဲ့သော မိဘများ၏ စရိတ်စကများကို ထောက်ပံ့ပေးရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။

ဟက်ကိုလ်ဝါလေဒိုင်းန် အရေးပါမှု

ဖခင် နှင့် မိခင် အပေါ် ၎င်းတို့၏ သားသမီးများ မှ ထမ်းဆောင်ပေးရမည့် တာဝန် ဝတ္တရားများကို စောင့်ထိန်း ခြင်း သည် အလ္လာဟ် ဟို အရှင်မြတ် ၏ အရေးကြီးဆုံး ပညတ်တော်များထဲမှ တစ်ခုဖြစ်ပါသည်။ [1] အလ္လာဟ် ဟို အရှင်မြတ် နှင့်ပတ်သက်၍ ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များ ပြီးနောက် ၎င်းကို သားသမီး ထမ်းဆောင်ရမည့် အကြီးမြတ်ဆုံး တာဝန် ဝတ္တရား ဟု သတ်မှတ်ထားပါသည်။[2] မိဘနှစ်ပါး အပေါ် ကောင်းမှု ပြုခြင်း မိဘများအပေါ် ကြင်နာကရုဏာ ပြုခြင်းတို့သည် ဖခင် နှင့် မိခင် အပေါ် ၎င်းတို့၏ သားသမီးများ မှ ထမ်းဆောင်ပေးရမည့် တာဝန် ဝတ္တရားများ မှ ဖြစ်ပါသည်။ [3] ကျမ်းတော်မြတ် ကုရ်အာန် တွင် အကြိမ်များစွာ အလေး တိုက်တွန်း ပေးဖော်ပြထားသည်။[4] ဤအမိန့်ကို ထပ်ခါတလဲလဲ မိန့်မှာခြင်း ထိုမိန့်မှာသည့်အခါလည်း အလ္လာဟ်ဟို အရှင်မြတ် အား ခဝပ်ကိုးကွယ်ရန် အလ္လာဟ် ဟိုအရှင်မြတ် နှင့် ယှဥ်ပြီး ရှေးက်ရ်မပြုရန် [5] မိန့်မှာချက် ဖြစ်နောက် ချက်ခြင်း မိန့်မှာခြင်း ဖြစ်သည့် အတွက် ကိုယ်ကျင့် တရားနှင့် ဘာသာရေးဆိုင်ရာ သွန်သင်ချက်၏ အထူးအရေးပါမှု၏ လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ [6] ရှီအဟ် နှင့်စွနီ ဟဒီးစ်တော်များ အသိုင်းအဝိုင်း တွင် မိဘများ၏ အထူးရာထူးကို အလေးပေးထားပြီး ၎င်းအတွက် သီးခြားလွတ်လပ်သောအပိုင်းကို ရည်စူးထားပါ သည်။ [7] မိဘနှစ်ပါ’ အပေါ် မသိနားမလည် ခြင်း နှင့် မိဘနှစ်ပါး ၏ စကားကို မနာခံခြင်းတို့ကို တားမြစ်ထားပြီး ကြီးကြီးမားမား အပြစ်များထဲမှ တစ်ခုဟု ဆိုထားပါသည်။[8] ဓမ္မဟောင်းကျမ်းကဲ့သို့သော အခြားဘာသာတရားအချို့၏ စာအုပ်များတွင်လည်း မိဘများကိုရိုသေခြင်းအပေါ် အလေးထားသည်ကို တွေ့ရပါသည်။ [9]

وَاعْبُدُوا اللَّـهَ وَلَا تُشْرِ‌کُوا بِهِ شَیْئًا وَبِالْوَالِدَیْنِ إِحْسَانًا.

« အလ္လာဟ်ဟိုအရှင်အား ခဝပ်ကိုးကွယ်ပါ။ ထိုအရှင်အား မည်သည့် အရာနှင့်မျှ ယှဥ်၍ ရှေးရ်က် မပြုလုပ် ပါလေနှင့်။ မိဘနှစ်ပါးအား ကြင်နာစွာ ဂရုဏာသက်စွာ ဆက်ဆံပါလေ။ » စူရဟ်နေစာ ၊ အာယသ်တော် အမှတ် ၃၆

မိဘ နှစ်ပါးအပေါ် မည်သည့် တာဝန်ဝတ္တရားများ ထမ်းဆောင်ရမည် နည်း? ဘာသာရေးရင်းမြစ်များတွင် မိဘများအပေါ် ကြင်နာခြင်း နှင့် လေးစားခြင်း [10] နှင့် ၎င်းတို့ကိုစကားကို နာခံခြင်း [11] နှင့် ၎င်းတို့၏ ငွေကြေးလိုအပ်ချက်များအတွက် ပံ့ပိုးပေးခြင်း [12] တို့သည် မိဘများ အပေါ် သားသမီးများ မှ ထမ်းဆောင်ပေးရမည့် တာဝန် ဝတ္တရားများ မှ ဖြစ်ပါသည်။ မိဘ နှစ်ပါး အပေါ် ကြင်နာခြင်း နှင့် လေးစားခြင်း ပင်မဆောင်းပါး - မိဘနှစ်ပါး အပေါ် ကြင်နာခြင်း မိဘနှစ်ပါး အပေါ် ကြင်နာခြင်း နှင့် လေးစားခြင်း သည် မိဘများ အပေါ် သားသမီးများ မှ ထမ်းဆောင် ပေးရမည့် တာဝန် ဝတ္တရားများ မှ ဖြစ်ပါသည်။ [13] ရှိက်ခ် ဟူးရ်ရေ အာမိုလီ အနေဖြင့် မိမိ ဝစာအေလွရှ်ရှီအဟ် ကျမ်း ၏ ကဏ္ဍ တစ်ခု တွင် ဟူကူကိုလ်ဝါလေဒိုင်းန် ခေါင်းစဉ်ဖြင့် မိဘနှစ်အပါး ကောင်းမှု ကုသိုလ် ပြုခြင်း ၊ မိဘ နှစ်ပါး အပေါ် ကြင်နာခြင်း နှင့် လေးစားခြင်း ဆိုင်ရာ ဟဒီးစ်တော်များ ကို ဖော်ပြထားပါသည်။ [14] မအ်စူမီးန် (အ.စ) ၏ ဟsဒီးစ်တော်များ တွင် လာရှိသည်မှာ မိဘ နှစ်ပါး အပေါ် ကောင်းကောင်း မွန်မွန် ဆက်ဆံခြင်းသည် အကောင်းတကာအကောင်းဆုံး လုပ်ရပ်[15] နှင့်အလ္လာဟ်ဟိုထံ တွင် အချစ် အနှစ် သက်တကာ အချစ်အနှစ်သက်ဆုံးလုပ်ရပ် ဖြစ်ကြောင်း ဖြစ်ပါသည်။ [16]ထိုပြင် ရှီအဟ် မွတ်စလင်မ်များ ၏ ထူးခြားသောဝိသေသလက္ခဏာများမှဖြစ်ပါသည်။ [17] ထို့အပြင်အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေနပ်နှစ်မြို့ မှုနှင့် ဒေါသသည် မိဘနှစ်ပါး ၏ သားသမီးများ အပေါ် ကျေနပ်မှုနှင့် မကျေနပ်မှုပေါ်တွင် မူတည်သည်။ [၁၈] ပြီးနောက် မိဘ နှစ်ပါး အပေါ် ဂရုဏာ ကြင်နာမှု မရှိမှု အတွက် မည်သည့် အကြောင်းပြချက်ကိုမှ လက်မခံ ထားကြောင်း ဖြစ်ပါသည်။ [19] တမန်တော်မြတ်(ဆွ) ၏ ဘဝသက်တမ်း တွင် လည်းတမန်တော်မြတ်(ဆွ) သည် မိမိ၏မွေးစားမိခင်ကို အလွန်လေးစားကြောင်း ဖော်ပြထားပါသည်။ [20] ပြီးနောက် မိဘနှစ်ပါး နှင့် ကောင်းမွန်စွာ ပေါင်းသင်း ဆက်ဆံ တဲ့ သူများ ကိုလည်း လေးစားရမည်ဖြစ်ပါသည်။ [21]ဤအချက်ကို အခြေခံ ပြီး မွတ်စလင်မ်များ အနေဖြင့် မိဘနှစ်ပါးအပေါ် ကောင်းမွန် စွာဆက်ဆံ ခြင်း မိဘနှစ်ပါးကို ထိန်းသိမ်းစောင့်ရှောက်ရင်း သောက အခက်အခဲများကို ခံနိုင်ရည်ရှိရန်အမိန့် ညွှန်ကြားထားပါသည်။[22]ယုတ်စွ မိဘ နှစ်ပါး မွတ်ရှ်ရေက် [23] သို့မဟုတ် မကောင်းသူ ပင်ဖြစ်နေပါစေ။ [24] အေမာမ်ကာဇင်းမ် (အ.စ) လူတစ်ဦးတစ်ယောက်မှ တမန်တော်မြတ် (ဆွ) ထံမေးမြန်းလျှောက်ထားသည်မှာ - ဖခင်နှင့်ပတ်သက်ပြီး သားသမီးများ ထမ်းဆောင်ရမည်တာဝန် ဝတ္တရားသည် အဘယ်နည်း? အဖြေပေးမိန့်တော် မူ၏။ ဖခင်အားအမည်တပ်၍ မခေါ်ပါနှင့် ။ အဖေ ရှေ့မှ မသွားပါနှင့်။ အဖေထက်အလျင် မထိုင်ပါနှင့် ပြီးနောက် လူထုအနေဖြင့် မိမိ ကြောင့် အဖေကိုဆဲဆို စေမည့် အလုပ် ကိုမလုပ်ပါနှင့်။ ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၁၅၈ ။

ဂရုဏာ နှင့် ကြင်နာမှု ၏ ဥပမာများ

စူရဟ် အက်စ်ရာအ် ၏ အာယသ်တော် ၂၃ နှင့် ၂၄ တွင် မိဘများအား ဂရုဏာ ရှိစွာ ကြင်နာစွာဆက်ဆံ ရန် အမိန့်ပေးပြီးနောက် အချို့သော ဥပမာများမှာ «အို » ဟု တားမြစ်ခြင်းနှင့် ၎င်းတို့အား ကြမ်းတမ်းစွာ ပြောဆိုခြင်းကဲ့သို့သော အချို့သော ဥပမာများကို ဖော်ပြထားပါသည်။ [25] အာယသ်တော် မှ ဆက်လက်ပြီး သားသမီးများ အား မိမိတို့ မိဘ နှစ်ပါး သက်ကြီးလာသောအခါတွင် မိဘများနှင့် မှားယွင်းစွာပြုမူခြင်းမှ ရှောင်ကြဉ်ရန်သာမက၎င်းတို့အား ကျိုးနွံစွာဆက်ဆံရန် ပြီးနောက် မိဘ နစ်ပါး မှ သားသမီးများ ကြီးပြင်းလာအောင် သွန်သင် ပျိုးထောင် ချိန် ကြံ့ကြံ့ခံ့ခံနေကြရသော အခက်အခဲများကို ပေးဆပ်ရန် မိဘ နှစ်ပါး အသက်ရှင်နေသည့် အချိန် ကော် သေဆုံးသွားပြီးနောက်ကော် ၎င်းတို့ အတွက် ဒိုအာ တောင်းပေးရန် ဖြစ်ပါသည်။ [26

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ