သဲဟ်နီယသ် ၏ ဖြစ်ရပ်မှန်

wikishia မှ
အမီးရိုလ်မိုအ်မေနီ အေမာမ်အလီ (အ.စ) ၏ ရောင်ဇာတော်

သဲဟ်နီယသ် ၏ ဖြစ်ရပ်မှန် (အရဘီ - قضية التهنئة) သဲဟ်နီယသ် (မိုဘာရတ်က် ပြောကြားခြင်း ) ဆိုသည့် ဖြစ်ရပ် မှာ ဟဂျသိုလ်ဝေဒါအ် ပြီးနောက် ဂဒီးရ်ခွမ်း တွင် အစ္စလာမ့် တမန်တော် မြတ် (ဆွ) ဘက်မှ အေမာမ် အလီ (အ.စ)ဝေလာယသ် နှင့် ကိုယ်စားလှယ် အရိုက်အရာ ဆက်ခံ ခြင်းကို ကြေညာပြီး နောက် ထိုနေရာတွင် ရှိနေကြသည့် ဆွဟာဗဟ်များ အထူးသဖြင့် ပထမခလီဖွဟ် နှင့် ဒုတိယခလီဖွဟ် တို့ဘက်မှ အေမာမ်အလီ (အ.စ) အား မိုဘာရတ်က် ပြောကြားသည့် ဖြစ်ရပ်ကိုဆို လိုပါသည်။

ဤဖြစ်ရပ်မှန်အား အေမာမ် အလီ (အ.စ) ၏အေမာမသ် နှင့် ဝေလာယသ် ၏မှန်ကန်မှု အတွက် အထောက် အထားသက်သေ အဖြစ် သတ်မှတ် ရပါသည်။ ဤအတွက် အလ္လာဟ့် တမန်တော်မြတ်(ဆွ)မှ ဂဒီးရ် ဖြစ်ရပ်တွင် ဟာဂျီများအုပ်စု အကြားမိန့်ခွန်း မိန့်ကြားပြီး ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

မိုဘာရတ်က် ပြောသည့် စာသား

ဟဒီးစ်စေ သဲဟ်နီယသ်  ဆိုသည်မှာ ဟဂျသိုလ်ဝေဒါအ် ပြီးနောက် ဂဒီးရ်နေ့ (ဟီဂျရီ ၁၀ခုနှစ် ဇေလ်ဟဂျ်လ ၁၈ ရက်နေ့)  တွင် အစ္စလာမ့် တမန်တော် မြတ် (ဆွ) ဘက်မှ ဟဇရသ်အလီ (အ.စ)  ၏ ဝေလာယသ် နှင့် ကိုယ်စားလှယ် အရိုက်အရာ ဆက်ခံ ခြင်းကို ကြေညာပြီး နောက် ထိုနေရာတွင် ရှိနေကြသည့် ဆွဟာဗဟ်များ အထူးသဖြင့် ပထမခလီဖွဟ် နှင့် ဒုတိယခလီဖွဟ် တို့ဘက်မှ အေမာမ်အလီ (အ.စ) အား မိုဘာရတ်က် ပြောကြားသည့်ဘက်ကို ညွှန်ပြ ခြင်း ဖြစ်ပါသည်။[၁] ဒုတိယခလီဖွဟ် အိုမရ်ဗင်ခသွာဗ် မှ «بَخٍّ بَخٍّ لَک یا عَلِی أَصْبَحْتَ مَوْلَای وَ مَوْلَی کلِّ مُؤْمِنٍ وَ مُؤْمِنَةٍ»  ဆိုပြီး မောင်လာအလီ (အ.စ) အား မိုဘာရတ်က်ပြောကြားခဲ့ပါသည်။ အဓိပ္ပာယ်မှာ ဂုဏ်ယူပါသည်၊ဂုဏ်ယူပါသည်၊ဂုဏ်ယူပါသည်။ အိုအလီ အသင်သည် ကျွန်ုပ်၏ မောင်လာ ဖြစ်ပြီး မိုအ်မင်အမျိုးသားတိုင်း ၊မိုအ်မင်အမျိုးသမီးတိုင်း ၏ မောင်လာ ဖြစ်ပေသည်။[၂] အချို့ ကျမ်းကိုးများတွင် အလီဆိုသည့် စကားလုံး အစား အစ်ဗ်နေအဘီသွာလစ်ဗ်[၃] သို့မဟုတ် အမီးရိုလ်မိုအ်မေနီ[၄] ဆိုပြီးလာရှိပေသည်။ ဤနည်းအတိုင်း အချို့ ကျမ်းကိုးများတွင် မိုအ်မင် နှင့် မိုအ်မေနဟ်ဆိုသည့် စကားလုံးများ အစား မွတ်စလင်ဆိုပြီးလာရှိပါသည်။[၅] အဲဟ်မဒ်ဗင်ဟန်ဗလ် အနေဖြင့် ဒုတိယခလီဖွဟ် အိုမရ်ဗင်ခသွာဗ် စကား အား ဤကဲ့သို့ ဆင့်ပြန်ထား ပါသည်။ «هَنِیئًا یا ابْنَ أَبِی طَالِبٍ، أَصْبَحْتَ وَأَمْسَیتَ مَوْلَی کلِّ مُؤْمِنٍ وَمُؤْمِنَة» အဓိပ္ပာယ်မှာ ဂုဏ်ပြုပါသည်။ အို အဘီသွာလစ်ဗ်၏သားတော် ၊ အသင်သည် အီမာန်ရှင် အမျိုးသားတိုင်း အမျိုးသမီးတိုင်း၏ မောင်လာ အဖြစ် မနက်နှင့် ညနေ ဘဝတည် ဆောက်ခဲ့ပါသည်။[၆]

ဟဇရသ်အလီ  (အ.စ) အား မိုဘာရတ်က် ပြောကြားသည့် ဆွဟာဗဟ်များ (သာဝက တော်များ)

ဆွဟာဗဟ်များမှ အဘူဘကဲရ်အိုမရ်ဗင် ခသွာဗ် ၊သွလဟဟ် နှင့် ဇိုဘိုင်းရ် တို့မှ ဂဒီးရ်ခွမ်းတွင် ဟဇရသ် အလီ (အ.စ) ကို မိုဘာရတ်က် ပြောကြားခဲ့ပါတယ်။[၇] အချို့ စာရေးဆရာများ မှ အဘူဘကဲရ်နှင့်အိုမရ် မှ ဤ အလုပ်အား မဟာ တမန် တော်မြတ် (ဆွ) ၏ အမိန့်[၈] အရ ဆန့်ကျင်လျင် ကိုဖ်ရ်  ဖြစ်မည့်[၉] အရ ပြုခဲ့ခြင်း ဖြစ်ပါသည်။  အချို့  ကျမ်းကိုးများတွင် ဤအချိန်အခါ တွင် ဒုတိယခလီဖွဟ် အိုမရ်ဗင်ခသွာဗ် ဘက်မှ ဝမ်း‌မြောက်ကြောင်း ထုတ်ဖော်ပြပြီး[၁၀] အခြား သူများ ထက်အလျင် ဟဇရသ် အလီ (အ.စ) အား မိုဘာရတ်က် ပြောကြားပြီး[၁၁] သို့မဟုတ်အားလုံးထက် အရင်ပထမဆုံး ပြောကြားသူ[၁၂] သို့မဟုတ် အလျင် ပြောကြားသူများ စာရင်းတွင်[၁၃] ပါဝင်ကြောင်း ဖော်ပြထားပါသည်။

မည်သို့ဆိုစေ  ကျမ်းကိုးအများအပြား တွင် ဤဂုဏ်ပြုစကား ပြောသူသည် အိုမရ်ဗင်ခသွာဗ် ဖြစ်ကြောင်း ဖော်ပြထားပါသည်။[၁၄] သို့သော် အချို့ ကျမ်းကိုးများ တွင် အဘူဘကဲရ် နှင့် အိုမရ်ဗင်ခသွာဗ် နှစ်ဦး အတူတကွ မိုဘာရတ်က် ပြောဆို ကြောင်း လာရှိပါသည်။[၁၅]

ထိုနည်းတူစွာ အချို့ စာအုပ်များတွင် ဟဒီးစ် သဲဟ်နီယသ် ဆယက်ဒ် အာလေ အဒီ[၁၆] သို့မဟုတ် ဆရက်ဒ် ဗနီ အဒီ[၁၇] လာရှိပါသသည်။အိုမရ်ဗင်ခသွာဗ် သည် လည်း အီု ဗင်ကအ်ဗ် မှ ဖြစ်ကြောင်းလာရှိပါသည်။[၁၈] သို့မဟုတ် အခြား နာမည်မပါသူတစ်ဦးဦး  မှဆင့်ပြန် ထားတာလာရှိပါသည်။[၁၉]

အခြားဆင့်ပြန်ချက် တစ်ခုအရ အိုမရ်ဗင်ခသွာဗ် သည် အေမာမ် အလီ (အ.စ) ၏ ဝေလာယသ် ကြေညာပြီးနောက် လူငယ်တစ်ဦး နှင့်ပတ်သက်ပြီး တွေ့ရကြောင်းကို တမန်တော်မြတ် (ဆွ)အားလျှောက်ထားလေ၏။ ၎င်းလူငယ်မှ ဤအမိန့်အား မိုနာဖေက်များ မှအပ မည်သူမျှ ဆန့်ကျင် ကြမည် မဟုတ် ကြောင်း ပြောကြားလေ၏။ ထိုအချိန်တွင် တမန်တော်ြမတ်ကြီးမှ ထိုလူငယ်သည် ဂျီဘရအီးလ် ဖြစ်ကြောင်း မိန့်လေ၏။[၂၀]

အေမာမ်အလီ (အ.စ) ၏ အေမာမ်မသ် အတွက် သက်သေ အထောက်အထား

ဒုတိယခလီဖွဟ်ဘက်မှ အေမာမ် အလီ (အ.စ) အား မိုဘာရတ်က် စကား ပြောကြား ခြင်း သည် အမှန်တကယ် ဂဒီးရ် ဖြစ်စဥ် တွင် မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)ဘက်မှ ဟဇရသ်အလီ (အ.စ) အား ကိုယ်စားလှယ် အရိုက်အရာကို ချီးမြှင့်ခြင်း[၂၁] အခြားသူများထက် အေမာမ်အလီ မြင့်မြတ်ခြင်း[၂၂] ကို ကြေညာသည့် သက်သေ အထောက် အထား ဖြစ်ပါသည်။[၂၃] အချို့ ကျမ်းကိုးများတွင် အေမာမ်အလီ (အ.စ) သည် နောက်ပိုင်း ပထမခလီဖွဟ် နှင့် တွေ့ချိန် ဤဆိုလိုချက်ကို မိမိခေလာဖသ် ၏ အမှန်တရားအဖြစ် သက်သေထူခဲ့ကြောင်းလာရှိပါသည်။[၂၄] ဖိုင်ဇ်ကာရှာနီ ၏အဆိုအရ ဒုတိယခလီဖွဟ်ဘက်မှ ဤမိုဘာရတ်က် စကား ပြောကြားပြီးနောက်ပိုင်း ဟဇရသ် အလီ  (အ.စ) အား အမီးရိုလ်မိုအ်မေနီ ဆိုပြီး စလာမ် ပေးကြောင်း လာရှိပါသည်။[၂၅]

ဤဖြစ်ရပ်မှန်သည် ဖြစ်ခဲ့သသည့်အချိန်

ကျမ်းကိုး အများအပြား ၏ အဆိုအရ ဆွဟာဗဟ်များမှ ဂဒီးရ်နေ့ တွင် အစ္စလာမ့် တမန်တော် မြတ် (ဆွ) ဘက်မှ ဟဇရသ်အလီ (အ.စ)  ၏ ဝေလာယသ် နှင့် အရိုက်အရာ ကိုယ်စားလှယ် ဆက်ခံ ခြင်းကို ကြေညာပြီး နောက် မိုဘာရတ်က်များ ပြောကြကြောင်း လာရှိပါသည်။[၂၆]  ဆင့်ပြန်ချက် တစ်ခု အဆိုအရ ဟဇရသ်အလီ (အ.စ) အား ကိုယ်စားလှယ် အရိုက်အရာ ကြေညာပြီးနောက် တမန်တော်မြတ် (ဆွ) မှ ဟဇရသ် အလီ (အ.စ) အတွက် တဲ တစ်လုံး သီးသန့်  လုပ်ပြီး ဆွဟာဗဟ်များ အားလုံး ကို တစ်ယောက်ပြီး တစ်ယောက် မောင်လာအလီ (အ.စ) မိုဘာရတ်က် စကားပြောကြားဖို့ ၎င်းတဲ့အတွင်း ဝင်ဖို့ အမိန့်ပေးခဲ့ကြောင်းလာ ရှိပါသည်။[၂၇]

အချို့ ကျမ်းကိုး’များ အရ ဤဖြစ်ရပ်မှန် အား မိုဘာဟေလဟ်နေ့ သို့မဟုတ် အက်ဒ်‌ဒေ အစ်ခ်ဝသ် အတူ ဆက်နွယ်မှုပြုပြီး မဟာတမန်တော်မြတ်ကြီး (ဆွ) ဘက်မှ အေမာမ် အလီ (အ.စ) အား ကိုယ်စားလှယ် အရိုက်အရာ ကို ပေးအပ်ခြင်းကို ကြေညာပြီး နောက်ပိုင်း အိုမရ်ဗင်ခသွာဗ် မှ  ဟဇရသ် အလီ (အ.စ) အား မိုဘာရတ်က်  ပြောကြားခဲ့ကြောင်း လာရှိပါသည်။[၂၈]


အောက်ခြေ မှတ်စုများ

  1. အမီးနီ ၊အလ်ဂဒီးရ် ၊ ဟီဂျရီ ၁၄၁၆ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၅၀၈။
  2. ဟေလာလီ ၊ ကေသာဗ် စလင်းမ် ဘင်န် ကိုက်စ် ၊ ဟီဂျရီ ၁၄၀၅ ခုနှစ် ၊ အတွဲ၂ ၊ စာမျက်နှာ ၈၂၉ ။ ဖိုရာသ် ကူဖီ ၊ သဖ်စီးရ် ဖိုရာသ်သိုလ်ကူဖီ ၊ ဟီဂျရီ ၁၄၁၀ ခုနှစ် ၊ စာမျက်နှာ ၅၁၆။ မိုဖီးဒ် ၊ အလ်အေရ်ရှာဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၇၇။
  3. အလ်သဖ်စီးရ် အလ်မန်စူဘ် အေလာ အလ်အေမာမ် မိုလ်အက်စ်ကရီ (အ.စ) ၊ ဟီဂျရီ ၁၄၀၉ ခုနှစ် ၊ စာမျက်နှာ ၁၁၂ ။ ခသီးဗ် ဘဂ္ဂဒတ်ဒီ ၊ သာရီးခ် ဘဂ္ဂဒတ် ၊ ဟီဂျရီ ၁၄၁၇ ခုနှစ် ၊ အတွဲ၈ ၊ စာမျက်နှာ ၂၈၄ ။အစ်ဗ်နေအစာ ကေရ် ၊သာရီးခ် ဒမစ်ရှ် ၊ ဟီဂျရီ ၁၄၁၅ ခုနှစ် ၊ အတွဲ၄၂ ၊ စာမျက်နှာ ၂၃၃။
  4. ခစီဘီ ၊ အလ်ဟေဒယသိုလ်ကွဗ် ရာ ၊ ဟီဂျရီ ၁၄၁၉ ခုနှစ် ၊ စာမျက်နှာ၁၀၄ ။
  5. ဆူဒူက်၊ အလ်အမာလီ ၊ အီရန် သက္ကရာဇ် ၁၃၇၆ ခုနှစ် ၊ စာမျက်နှာ ၂ ။ ခသီးဗ် ဘဂ္ဂဒတ်ဒီ ၊ သာရီးခ် ဘဂ္ဂဒတ် ၊ ဟီဂျရီ ၁၄၁၇ ခုနှစ် ၊ အတွဲ၈ ၊ စာမျက်နှာ ၂၈၄။ အစ်ဗ်နေကစီးရ် ၊ အလ်ဘေဒါယသိုဝန်နေဟရဟ် ဟီဂျရီ ၁၄၀၇ ခုနှစ် ၊ အတွဲ၇ ၊ စာမျက်နှာ၃၄၉။
  6. အစ်ဗ်နေဟန်ဘလ် ၊ မွတ်စ်နဒ် အဲဟ်မဒ် ဘင်န် ဟန်ဘလ်၊ ဟီဂျရီ ၁၄၁၆ ခုနှစ် ၊ အတွဲ၃၀ ၊ စာမျက်နှာ ၄၃၀ ။
  7. ဟစ်လီ ၊ အလ်အဒဒ်ဒိုလ်ကဝီးယဟ် ၊ ဟီဂျရီ ၁၄၀၈ ခုနှစ် ၊ စာမျက်နှာ ၁၈၃ ။
  8. အလ်သဖ်စီးရ် အလ်မန်စူဘ် အေလာ အလ်အေမာမ် မိုလ်အက်စ်ကရီ (အ.စ) ၊ ဟီဂျရီ ၁၄၀၉ ခုနှစ် ၊ စာမျက်နှာ ၁၁၂ ။
  9. ဟေလာလီ ၊ ကေသာဗ် စလင်းမ် ဘင်န် ကိုက်စ် ၊ ဟီဂျရီ ၁၄၀၅ ခုနှစ် ၊ အတွဲ၂ ၊ စာမျက်နှာ ၈၂၉ ။
  10. အရ်ဘလီ ၊ ကရှဖ်ဖိုလ်ဂန်မဟ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ အတွဲ၁ ၊ စာမျက်နှာ ၂၃၇ ။
  11. မိုဖီးဒ် ၊ အလ်အေရ်ရှာဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၇၇။ သွဗ်ရစီ ၊ အေလာန်မ်မိုလ်ဝရာ ၊ ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၁၃၃ ။
  12. မိုဖီးဒ် ၊ မစာရိုရှ်ရှီအဟ် ၊ ဟီဂျရီ ၁၄၂၂ ခုနှစ် ၊ စာမျက်နှာ ၄၄ ၊ ဘဲဟ်ရာနီ ၊ မဒီနသွန် မအာဂျစ်ဇ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ်၊အတွဲ ၂ ၊ စာမျက်နှာ၂၃၉။
  13. အစ်ဗ်နို သွာအူစ် ၊သွရဖ်မင်းန်နလ်အန်ဗီယာအ် ဝလ်မိုနာကစ်ဗ် ၊ ဟီဂျရီ ၁၄၂၀ ခုနှစ်၊စာမျက်နှာ၂၃၉။
  14. ဟေလာလီ ။ ကေသာဗ် ဆိုလိုင်းဘန်ကိုက်စ် ၊ ဟီဂျရီ ၁၄၀၅ ခုနှစ်၊အတွဲ ၂ ၊ စာမျက်နှာ၈၂၉ ။အလ်သဖ်စီးရ် အလ်မန်စူဗ် အေလာ အလ်အေမာမ် မိုလ် အက်စ်ကရီ ၊ ဟီဂျရီ ၁၄၀၉ခုနှစ်၊ စာမျက်နှာ၁၁၂။ခစီဘီ၊ အလ်ဟေဒယသိုလ်ကိုဗ်ရာ ၊ ဟီဂျရီ ၁၄၁၉ ခုနှစ်၊စာမျက်နှာ ၁၀၄။ဆူဒူက် ၊ အလ်အမာလီ ၊ အီရန်သက္ကရာဇ် ၁၃၇၆ ၊ စာမျက်နှာ ၂ ။ မိုဖီးဒ် ၊ အလ်အေရ်ရှာဒ်၊ ဟီဂျရီ ၁၄၁၃ ခုနှစ်၊အတွဲ ၁ ၊ စာမျက်နှာ၁၇၇။
  15. အမီးနီ ၊ အလ်ဂဒီးရ် ၊ ဟီဂျရီ ၁၄၁၆ ခုနှစ်၊အတွဲ ၁ ၊ စာမျက်နှာ၅၁၂။
  16. ရှာမီး ၊ အလ်ဒရိုန်နဇီးမ် ၊ ဟီဂျရီ ၁၄၂၀ ခုနှစ်၊စာမျက်နှာ၄၄၄။
  17. ဒိုင်လမီ ၊ ဂိုရရိုလ်အက်ခ်ပါရ် ၊ ဟီဂျရီ ၁၄၂၇ ခုနှစ်၊စာမျက်နှာ၃၅၆။
  18. အစ်ဗ်နေအစ်ဗ်ဒိုလ်ဘရ် ၊ အလ်အစ်သီအာဗ် ၊ ဟီဂျရီ ၁၄၁၂ ခုနှစ်၊အတွဲ၃၊ စာမျက်နှာ ၁၁၄၄။
  19. ဖူရာသ် ကူဖီ ၊ သဖ်စီးရ် ဖူရာသ်သေ ကူဖီ ၊ ဟီဂျရီ ၁၄၁၀ ခုနှစ်၊စာမျက်နှာ၅၁၆။
  20. ရှာမီး ၊ အလ်ဒရိုန်နဇီးမ် ၊ ဟီဂျရီ ၁၄၂၀ ခုနှစ်၊စာမျက်နှာ၂၅၃။
  21. ကရာဂျကီ ၊ ကန်ဇိုလ် ဖဝါအေဒ် ၊ ဟီဂျရီ ၁၄၁၀ ခုနှစ်၊စာမျက်နှာ၂၅၃။
  22. ရှာမီး ၊ အလ်ဒရိုန်နဇီးမ် ၊ ဟီဂျရီ ၁၄၂၀ ခုနှစ်၊စာမျက်နှာ၂၆၈-၂၆၉။
  23. ဒိုင်လမီ ၊ ဂိုရရိုလ်အက်ခ်ပါရ် ၊ ဟီဂျရီ ၁၄၂၇ ခုနှစ်၊စာမျက်နှာ၃၄၉။
  24. ဒိုင်လမီ ၊ အေရ်ရှာဒ် ဒိုလ်ကိုလူဗ် ၊ ဟီဂျရီ ၁၄၁၂ ခုနှစ်၊အတွဲ၂၊ စာမျက်နှာ၂၆၄။ စာမျက်နှာ၁၁၂။ခစီဘီ၊ အလ်ဟေဒယသိုလ်ကိုဗ်ရာ ၊ ဟီဂျရီ ၁၄၁၉ ခုနှစ်၊စာမျက်နှာ ၁၀၃-၁၀၄။
  25. ဖိုက်ဇ် ကာရှာနီ ၊ နဝါဒေရိုလ်အက်ခ်ဗါရ် ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ။ စာမျက်နှာ ၁၆၆။
  26. ဟေလာလီ ၊ ကေသာဗ် ဆိုလိုင်းဘန်ကိုက်စ် ၊ ဟီဂျရီ ၁၄၀၅ ခုနှစ်၊အတွဲ ၂ ၊ စာမျက်နှာ၈၂၉ ။ အလ်သဖ်စီးရ် အလ်မန်စူဗ် အေလာ အလ်အေမာမ် မိုလ် အက်စ်ကရီ ၊ ဟီဂျရီ ၁၄၀၉ခုနှစ်၊ စာမျက်နှာ၁၁၂။ ခစီဘီ၊ အလ်ဟေဒယသိုလ်ကိုဗ်ရာ ၊ ဟီဂျရီ ၁၄၁၉ ခုနှစ်၊စာမျက်နှာ ၁၀၄။ ဆူဒူက် ၊ အလ်အမာလီ ၊ အီရန်သက္ကရာဇ် ၁၃၇၆ ၊ စာမျက်နှာ ၂ ။ မိုဖီးဒ် ၊ အလ်အေရ်ရှာဒ်၊ ဟီဂျရီ ၁၄၁၃ ခုနှစ်၊အတွဲ ၁ ၊ စာမျက်နှာ၁၇၅။ အစ်ဗ်နေအစာ ကေရ် ၊ သရီးခ် ဒမစ်ရှ်၊ ဟီဂျရီ ၁၄၁၅ ခုနှစ်၊အတွဲ ၄၂ ၊ စာမျက်နှာ၂၃၄ ။
  27. ဟေလာလီ ၊ ကေသာဗ် ဆိုလိုင်းဘန်ကိုက်စ် ၊ ဟီဂျရီ ၁၄၀၅ ခုနှစ်၊အတွဲ ၂ ၊ စာမျက် နှာ၈၂၉ ။ မိုဖီးဒ် ၊ အလ်အေရ်ရှာဒ်၊ ဟီဂျရီ ၁၄၁၃ ခုနှစ်၊အတွဲ ၁ ၊ စာမျက် နှာ၁၇၆ ။ သွဗရစီ ၊ အေလာန်မိုလ်ဝရာ ၊ ဟီဂျရီ ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၁၃၂ ။
  28. အစ်ဗ်နေ ဘသွရီးက် ၊ အွန်မဒသွန် အူယွန် ၊ ဟီဂျရီ ၁၄၀၇ ခုနှစ်၊ စာမျက်နှာ ၁၆၉ ။ အစ်ဗ်နေ ရှာ ဇာန် ၊ အလ်ရောင်ဇဟ် ၊ ဟီဂျရီ ၁၄၂၃ ခုနှစ်၊အတွဲ ၁ ၊ စာမျက်နှာ၇၆-၇၇ ။ အရ်ဗလီ ၊ကရှ်ဖိုလ်ဂွန်မဟ် ၊ ဟီဂျရီ ၁၃၈၁ ခုနှစ်၊ စာမျက်နှာ ၃၂၈ ။


ကျမ်းကိုးမျာ

  • ကူဖီ ၊ ဖူရာသ် ဘင်န် အီဗရာဟီးမ် ၊ သဖ်စီးရ် ဖူရာသ် သေ ကူဖီ ၊သဲဟ်ကီးက် မိုဟမ္မဒ် ကာစင်မ် ၊ တီဟီရန် ၊ ဝေဇာရသ်ဖရ်ဟန်ဂ် ဝအေရ်ရှာဒ် အစ္စလာမ်မီ ၊ ဟီဂျရီ ၁၄၁၀ ခုနှစ်။
  • ဒိုင်လမီ ၊ ဟစန် ဘင်န် မိုဟမ္မဒ် ၊ အေရ်ရှာဒ် ဒိုလ်ကိုလူဗ် အေလာလ်ဆါဝါဗ် ၊ကွမ်း ၊ အလ်ရှရီးဖ်ဖိုလ်ရဇီ ၊ ဟီဂျရီ ၁၄၁၂ ခုနှစ်။
  • ကရာဂျကီ ၊ မိုဟမ္မဒ် ဘင်န်အလီ ၊ ကန်ဇိုလ် ဖဝါအေဒ် ၊သဲဟ်ကီးက် အဗ်ဒိုလ္လာဟ် နေအ်မဟ်၊ ကွမ်း၊ ဒါရိုလ်ဇခါအေရ် ၊ ဟီဂျရီ ၁၄၁၀ ခုနှစ်။
  • ခစီဘီ၊ဟိုစိုင်းန်ဘင်န် ဟမ်ဒန် ၊ အလ်ဟေဒယသိုလ်ကိုဗ်ရာ ၊ ဘေရွတ် ၊ အလ်ဗလာဂ် ၊ အလ်ဗလာဂ်ဟီဂျရီ ၁၄၁၉ ခုနှစ်။
  • ခသီးဗ် ဘဂ္ဂဒတ်ဒီ ၊ အဲဟ်မဒ် ဘင်န် အလီ ၊ သာရီးခ် ဘဂ္ဂဒတ် ၊ သဲဟ်ကီးက် မွတ်စ်သဖွာ အဗ်ဒိုလ်ကာဒေရ် အသွာ ၊ဘေရွတ် ၊ ဒါရိုလ်ကိုသွဗ် ဗေလ်အေလ်မီယဟ် ၊ဟီဂျရီ ၁၄၁၇ ခုနှစ်။
  • ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န်အလီ ၊ အလ်အမာလီ ၊ တီဟီရန် ၊ ကေသာဗ်ကြီ ။ ၆ကြိမ်မြောက်ပုံနှိပ် ၊ အီရန်သက္ကရာဇ် ၁၃၇၆။
  • ဒိုင်လမီ ၊ ဟစန် ဘင်န် မိုဟမ္မဒ်၊ ဂိုရရိုလ်အက်ခ်ပါရ် ဒိုရရိုအာစာရ် ဖီ မိုနာကစ်ဗ် အဘီ အလ်အအေမသိုလ်အသွဟာရ် ၊ သဲဟ်ကီးက် အစ်စမာအီးလ် ဇိုင်ဂမ်၊ ကွမ်း၊ ဒလီးလ်မာ ၊ ဟီဂျရီ ၁၄၂၇ ခုနှစ်။
  • ဘဲဟ်ရာနီ ၊ ဆယက်ဒ် ဟာရှင်းမ် ဘင်န် ဆိုလိုင်းမန် ၊ မဒီနသွန် မအာဂျစ်ဇ် ဇိုလ်အအေမဟ်သိုလ်အစ်နာ ၊ ကွမ်း ၊ မိုအ်စစေသိုလ်မအာရေဖ် ဖိုအစ္စလာမ်မီယဟ်၊ ၊ ဟီဂျရီ ၁၄၁၃ ခုနှစ်။
  • မဂျ်လေစီ ၊ မိုဟမ္မဒ် ဘာကဲရ် ၊ ဘေဟာရိုလ်အန်နဝါရ် ရိုလ်ဂျမေအသို လေဒရ်ရေအက်ခ်ဗာရိုလ်အအေမသိုလ်အသွဟာရ် ၊ ဘေရွတ်၊ ဒရိုအဲဟ်ယာ အိုလ်သိုရာစ်စိုလ်အရဘီ ၊ဒုတိယအကြိမ် ပုံနှိပ် ၊ဟီဂျရီ ၁၄၀၃ ခုနှစ်။
  • မိုဖီးဒ် ၊ ၊ မိုဟမ္မဒ် ဘင်န် မိုဟမ္မဒ် နိုအ်မာန် မစာရိုရှ်ရှီအဟ် ဖီ မွတ်ခ်သဆွရ် သဝါရီခ် ခွတ်ရှ်ရှရီအဟ် ၊မဂျ်မူအဟ် နဖီစဟ် ဖီ သာရီခ် ခိုအအေမဟ် (အ.စ) ၊ဘေရွတ် ။ ဒရိုလ်ကာရီ ၊ ဟီဂျရီ ၁၄၂၂ခုနှစ်။
  • မိုဖီးဒ် ၊ မိုဟမ္မဒ် ဘင်န် မိုဟမ္မဒ် နိုအ်မာန် ၊ အလ်အေရ်ရှာဒ် ဖီ မအ်ရေဖသို ဟိုဂျဂျိုလ္လာဟ် အလာလ် အေဗါဒ် ၊ ကွမ်း ၊ ဂွန်ဂရဟ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ်။
  • ရှာမီး ၊ ယူစွဖ် ဘင်န် ဟာသန်မ် ၊ အလ်ဒရိုန်နဇီးမ် ဖီ မိုနာကစ်ဗ် ဗိုလ်အအေ မသိုလ်လစ်ဟာမီးမ် ။ ကွမ်း ၊ ဂျအ်မေအအ် မိုဒရာစီးန် ၊ ဟီဂျရီ ၁၄၂၀ ခုနှစ်။
  • သွဗရစီ ၊ ဖွဇ်လ် ဘင်န် ဟစန် ၊ အေလာန်မိုလ်ဝရာ အေအ်လာန်မိုလ်ဟိုဒါ ၊ တီဟီရန် ၊ အစ္စလာမ်မီယဟ် ၊ တတီယအကြိမ် ပုံနှိပ် ၊ ဟီဂျရီ ၁၃၉၀ ခုနှစ် ။
  • ဟစ်ကာနီ ၊ အိုဗိုင်းသွလ္လာဟ် ဘင်န် အဗ်ဒိုလ္လာဟ် ၊ ရှဝါဟစ်ဒ် ဒိုလ်သန်ဇီးလ် လေကဝါအစ်ဒ် ဒိုလ်သဖ်ဇီးလ် ၊ တီဟီရန် ၊ ဝေဇာရသ်ဖရ်ဟန်ဂ် ဝအေရ်ရှာဒ် အစ္စလာမ်မီ ၊ ဟီဂျရီ ၁၄၁၁ ခုနှစ်။
  • ဟစ်လီ ၊ အလီဘင်န် ယူစွဖ် ၊ဘင်န် မိုသွဟရ် ၊ အလ်အဒဒ် ဒိုအလ်အဒဒ်ဒိုလ် ကဝီးယဟ်သို လေဒဖ်အိုလ် မိုခါဝဖိုလ်ယောင်မီယဟ် ၊ ကွမ်း ၊ အာယာသွလ္လာဟ် မရ်အရှီးနဂျဖီ စာကြည့်တိုက် ၊ဟီဂျရီ ၁၄၀၈ ခုနှစ်။
  • ဟေလာလီ ၊ လိုင်းဘန်ကိုက်စ် ၊ ကေသာဗ် ဆိုလိုင်းဘန်ကိုက်စ် အလ်ဟေလာလီ ၊ သဲဟ်ကီးက် မိုဟမ္မဒ် အန်ဆွာရီ ၊ ဇာန်ဂျာနီ ခူအီနီ ၊ ကွမ်း ၊ အလ်ဟာဒီ ၊ ၊ ဟီဂျရီ ၁၄၀၅ ခုနှစ်။
  • အစ်ဗ်နေ ရှာ ဇာန် ကွမ်းမီ ၊ အလ်ရောင်ဇဟ် ဘင်န် ဂျီဗရာအီးလ် ၊ အလ်ရောင်ဇသိုရ် ဖီ ဖွာဇာအေလ် အမီးရိုလ် မိုအ်မေနီ အလီ အစ်ဗ်နေ အဘီ သွာ လစ်ဗ် (အ.စ) သဲဟ်ကီးက် အလီ ၊ရှကရ်ကြီ ၊ ကွမ်း ၊ မက်သဗာသိုလ်အမီးန် ။ ဟီဂျရီ ၁၄၂၃ ခုနှစ်။
  • အစ်ဗ်နေကစီးရ် ၊ အစ်စမာအီးလ် ဘင်န် အိုမရ် ၊ အလ်ဗဒါယသိုဝန်နေဟာယဟ် ၊ ဘေရွတ်၊ ဒရိုလ်ဖေက်ရ် ၊ဟီဂျရီ ၁၄၀၇ ခုနှစ်။
  • အစ်ဗ်နေဟန်ဘလ် ၊ အဲဟ်မဒ် ဗင်န် မိုဟမ္မဒ် ၊ မွတ်စ်နဒ် အဲဟ်မဒ် ဘင်န် ဟန်ဘလ်၊ သဲဟ်ကီးက် အဗ်ဒိုလ္လာဟ် ဗန် အဗ်ဒိုလ်မိုဟ်စင်န် သူရ်ကီ ဝဒီဂရာန် ၊ ဘေရွတ် ၊ မိုအ်စစေသိုရ်ရေစာလဟ် ၊ ဟီဂျရီ ၁၄၁၆ ခုနှစ်။
  • အစ်ဗ်နေအစာ ကေရ် ၊ အိုဗိုင်းသွလ္လာဟ် ၊ ရှဝါဟစ်ဒ် ဒိုလ်သန်ဇီးလ် လေကဝါအစ်ဒ် ဒိုလ် သဖ်စီးလ် ။တီဟီရန် ၊ ဝေဇာရာသ် ဖရ်ဟန်ဂ် ဝ အေရ်ရှာဒ် အစ္စလာမ်မီ ၊ ဟီဂျရီ ၁၄၁၁ခုနှစ်။
  • အစ်ဗ်နေအစ်ဗ်ဒိုလ်ဘရ် ၊ ယူစွဖ် ဘင်န် အဗ်ဒိုလ္လာဟ် ၊ အလ်အစ်သီအာဗ် ဖီ မအ်ရေဖသိုလ် အဆွဟာဗ် ၊ သဲဟ်ကီးက် အလီ မိုဟမ္မဒ် အလ်ဘဂျဝီ ၊ဘေရွတ်၊ ၊ ဒါရိုလ်ဂျီးလ် ၊ ဟီဂျရီ ၁၄၁၂ ခုနှစ်။
  • အရ်ဘလီ ၊ အလီဘင်န် အီစာ ၊ကရှဖ်ဖိုလ်ဂန်မဟ် ဖီ မအ်ရေဖသိုလ်အအေမဟ် ၊သဲဟ်ကီးက်၊ဟာရှင်မ်ရစူလ်လီ မဟလာသီး ၊သဗ်‌ရေဇ် ၊ ဘနီ ဟာရှင်မီ ၊ ဟီဂျရီ ၁၃၈၁ ခုနှစ်။
  • အလ်သဖ်စီးရ် အလ်မန်စူဗ် အေလာ အလ်အေမာမ် မိုလ် အက်စ်ကရီ (အ.စ) ၊ သဲဟ်ကီးက် မဒရ်စာသို အေမာမ် မဲဟ်ဒီ (အ.ဂျ) ၊ ကွမ်း ၊ ဟီဂျရီ ၁၄၀၉ခုနှစ်။
  • ဖိုက်ဇ် ကာရှာနီ ၊မိုဟမ္မဒ် မိုဟ်စင် ၊ နဝါဒေရိုလ်အက်ခ်ဗါရ် ဖီမာ ယသအလ ကိုဗေအူစူလေဒ် ဒီးန် ၊ တီဟီရန် ၊ မိုအ်စစေဟ် မိုသွာလေအာသ် ဝ သဲဟ်ကီးက် ကာသ် ဖရ်ဟန်ဂီ ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ။
  • အစ်ဗ်နို သွာအူစ် ၊အလီ ယင်န် မူစာ ၊ သွရဖ်မင်းန်နလ်အန်ဗီယာအ် ဝလ်မိုနာကစ်ဗ် ၊ သဲဟ်ကီးက် ကိုက်စ် အသွာရ် ၊ မရှ်ဟဒ် ၊ သာစူအာ ၊ဟီဂျရီ ၁၄၂၀ ခုနှစ်။
  • အစ်ဗ်နေ ဘသွရီးက် ၊ ယဟ်ယာ ဗင်န် ဟစန် ၊ အွန်မဒသွန် အူယွန် ဆေဟာဟိုလ် အက်ခ်ဗါရ် ဖီး မနာ ကစ်ဗ် အေမာမ်မိုလ်အဗ်ရာရ် ၊ ကွမ်း ၊ ဂျအ်မေအ် မိုဒရေစင်းန် ၊ ဟီဂျရီ ၁၄၀၇ ခုနှစ်။
  • အမီးနီ ၊ အဗ်ဒိုလ်ဟိုစိုင်းန် အလ်ဂဒီးရ် ဖီလ်ကေသာဗ် ဝလ် စွန္နဟ် ဝလ်အဒဗ် ၊ကွမ်း ၊ မရ်ကဇ် ဇိုလ်ဂဒီးရ် လေလ်ဒရာစာသိုလ် အစ္စလာမ်မီယဟ်၊ ဟီဂျရီ ၁၄၁၆ ခုနှစ်။