သောင်ဝ်ဝါဗီးန်

wikishia မှ


သောင်ဝ်ဝါဗီးန် (သောင်ဝ်ဗဟ် ပြုလုပ်ကြသူများ) ဟုအနက်အဓိပ္ပါယ်ရှိပြီး စိုလိုင်မားန် ဗင်န် ဆိုရဒ် ခိုဇာအီ ဦးဆောင်သော ကူဖှာ မှလူတစ်စုသည် အေမာန်ဟိုစိုင်းန် (အစ) ၏သွေး ေကြွးအတွက် ဟီဂျရီ ၆၅ တွင် အိုမိုင်ယဟ် အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ၎င်းတို့အနက်မှ များစွာသည် အိဗ်နေဇေယာဒ်၏ တပ်သားဖြင့် စစ်တိုက်ရာ၌ အိုင်းနုလ်ဝရ်ဒဟ် နေရာတွင် ရှဟီးဒ် ဖြစ်သွားခဲ့ကြသည်။ (1) ၎င်းတို့အနက်မှ အချို့သူများသည် အေမာန်ဟိုစိုင်းန်(အစ) ထံ စာတစ်စောင် ပေးပို့ခဲ့ပြီး အေမာန် ကူဖှာသို့လာရန် အေမာမ်အားကူညီရန် ဖိတ်ခေါ်ခဲ့ကြသည်။ သို့သော် ကရ်ဘလာ အဖြစ်အပျက်၌ အေမာမ်အား မကူညီခဲ့ကြပေ။ ကရ်ဘလာ ဖြစ်ရပ်အပြီးတွင် ၎င်းတို့သည် ၎င်းတို့ပြုခဲ့သော အရာကို နောင်တရပြီး အေမာမ်ဟိုစိုးန်(အစ) ၏သွေး ကြွေးကို ဆပ်ရန် အိုမိုင်ယဟ် အစိုးရကို ဆန့်ကျင်ခဲ့ကြရာ ၎င်းတို့အား သောင်ဝ်ဝါဗီးန် ဟူ၍ လူသိများလာခဲ့သည်။ (2) ဤသည်မှာ ကရ်ဘလာ ဖြစ်ရပ်ပြီးနောက် ပထမဆုံး ရှီအဟ် တို့၏ ဆန့်ကျင်တိုက်ခိုက်မှု ဖြစ်သည်။ (3) သောင်ဝ်ဝါဗီးန် တို့စ အရေအတွက်မှာ လေးထောင်ရှိသည်ဟု ဆိုထားသည်။ (4) စိုလိုင်းမာန် ဗင်န် ဆိုရဒ် ၊ ရေဖှာအဟ် ဗင်န် ရှဒ်ဒါဒ် ဂျဘလီ၊ မိုစိုင်ယိဘ် ဗင်န် နဂ်ျဘဟ်၊ အဗ္ဗ်ဒုလ္လာဟ် ဗင်န် စအ်ဒ် အဇ်ဒီ၊ နှင့် အဗ္ဗ်ဒုလ္လာဟ် ဗင်န် ဝါလ်သီမီ ၎င်းတို့သည် ရိုဖှာအဟ် မှလွဲ၍ ကျန်လေးဦးသည် သောင်ဝ်ဝါဗီးန်၏ ခေါင်းဆောင်များထဲတွင် ပါဝင်ခဲ့သည်။ (5)