သူရေစီနာအ်

wikishia မှ
သူရေစီနာအ် (ခ) စီနာအ်တောင်တော်

သူရေစီနာအ် (အရဘီ : طور سيناء) ဆိုသည်မှာ ကျမ်းမြတ် ကုရ်အာန် နှင့် သောင်ရာသ်ကျမ်း တွင်ဖော်ပြ ထားသော အီဂျစ်ပြည်၏ စီနာအ် သဲကန္တာရရှိ တောင် သို့မဟုတ် တောင်များအုပ်စုတစ်ခု ကိုခေါ်ဆို ခြင်း ဖြစ်ပါသည်။ သူရေစီနာအ် (ခ) စီနာအ်တောင်တော် တွင် ဖြစ်ရပ်မှန်များ ဖြစ်ပွားခဲ့ ပါသည်။ ပမာအားဖြင့် အလ္လာဟ်ဟို အရှင်မြတ် သည် ဟဇရသ် မူစာ (အ.စ) နှင့် စကားပြောခြင်း၊ ရက်လေးဆယ်တိုင် မီကာသ် နှင့် ဘနီအစ္စရအီ (ဣသရေလအမျိုးသားများ) အယောက် ခုနှစ်ဆယ် နှင့် အတူ မီကာသ် ပေါ်သို့ သွားခြင်း နှင့် ဟဇရသ် မူစာ (အ.စ) ၏ ဝဖါးသ်ဖြစ်တော် မူခြင်း ဖြစ်ပါသည်။တမန်တော်မြတ် (ဆွ) သည် စီနာအ် တောင်၏ ကြီးကျယ် မြင့်မြတ်မှု၏ အကြောင်းရင်းများ မှ တစ်ခု မှာ စီနာအ် တောင်တော် တွင် တမန်တော် မူစာ (ခ) မောရှေ (အ.စ) နှင့် အလ္လာဟ် ဟို အရှင်မြတ် စကားပြောဆိုတော် ဖြစ်ခြင်း ဖြစ်ကြောင်းကို သတ်မှတ် ထား တော် မူပါသည်။

ပထဝီဝင်တည်နေရာ

သူရေစီနာအ် (ခ) စီနာအ်တောင်တော် သည် စီနာအ် သဲကန္တာရ၏တောင်ဘက်တွင်တည်ရှိပြီး စီနာအ် သဲကန္တာရ သည် အီဂျစ် နိုင်ငံ၏ အရှေ့မြောက်ဘက်တွင်ရှိပြီး ပါလက်စတိုင်း၊ ဂျော်ဒန်နှင့် ဆော်ဒီ အာရေဗျတို့ နှင့် နယ်နိမိတ်ချင်း ထိစပ်နေ သည့်နေရာဖြစ်ပါသည်။ ဤ ဒေသတွင် တောင် အများအပြား ရှိပြီး ကြီးရှိပြီး စီနာအ် တောင်တော်သည် လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။[၁] အစ်ဗ်နေ မန်ဇူရ် သည် စီနာအ် တောင်တော် အား ဆီးရီးယား နိုင်ငံ ရှိ တောင်တစ်ခု ၏ အမည်ဖြစ်ကြောင်း ဆိုထားပါသည်။[၂] စီနာအ် တောင် တော် ၏ ဆိုလိုသည့် အဓိပ္ပါယ်မှာ တောင်များ အစုအဝေးဖြစ်ကြောင်း စီနာအ်တောင်တော် တွင် ဖြစ်ရပ်မှန် များ ဖြစ်ပွားခဲ့ ကြောင်း တောင်များ အစု အဝေးကို ခေါ်ဆိုကြောင်း တောင်တစ်ခုတည်း မဟုတ် ကြောင်း အချို့ပညာရှင်များ မှ ဆိုထားပါသည်။[၃] ကုရ်အာန်တွင် « စီနာအ် » နှင့် «စီနီးန် »ဟူသော ဝေါဟာရနှစ်ခု ဘက်သို့ ရည်ညွှန်းပြီး စီနီးန် တောင် တော်သည် စီနာအ် တောင် တော် ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု လည်း ဆိုထားပါသည်။[၄] စီနာအ် သဲကန္တာရ၏ တောင်ဘက် တွင် စီနအ် အမည် ရှိ တောင်တော် တစ်လုံး ရှိပါသည်။ ထိုတောင်တော် တွင် စိန့်ကက်သရင်း ဘုရားကျောင်းတစ်ကျောင်း ရှိပါသည်။[၅]

အမည်ထွင်ရခြင်း

ကုရ်အာန်ကျမ်းမြတ် သည် တစ်ကြိမ် « သူရေစီနာအ် » ဟူသော အသုံးအနှုန်းကို အသုံးပြုခဲ့ပြီး ထိုနေရာတွင် ပေါက်ရောက်ပြီး ဆီပေးသော သစ်ပင်ကိုဖြစ်ကြောင်းကို ရည်ညွှန်းထားပါ သည်။[၆] ထိုနည်းတူစွာ အလ္လာဟ် ဟို အရှင်မြတ်သည် သူရေစီနာအ် ၏ ကစမ် စားတော် မူထား(ကျိန်တော်မူထား) ပါသည်။[၇] ၎င်း အချို့ သဖ်စီးရ် ပညာရှင် များ မှထိုတောင် သည် သူရေစီနအ် ဖြစ်ကြောင်း ဆိုထားကြပါသည်။[၈] အခြား အာယသ်တော်များ တွင် «الطور» အသ်ွသူရ် ဆိုပြီးသုံးထားကြောင်း ၎င်း သဖ်စီးရ် ပညာရှင်များ မှ သူရေစီနအ် ဖြစ်ကြောင်း ဆိုထားကြပါတယ်။[၉] ရှိက်ခ် ဆူဒူက် မှ ဟဒီးစ်တော် တစ်ပါး အား အစ်ဗ်နေအဘာစ်မှ တဆင့် ဆင့်ပြန်ထားချက်အရ သူရေစီနအ် ဟုခေါ်တွင်ရခြင်း မှာ သစ်ပင်တစ်ပင်ရှိသောကြောင့်ဖြစ်ကြောင်း ဆိုထားပါသည်။[၁၀]

ကြီးကျယ်မြင့်မြတ်မှု

သူရေစီနအ် ဆိုသည်မှာ နေရာတစ်ခု ဖြစ်ပြီး ထိုနေရာတွင် အလ္လာဟ်ဟို အရှင်မြတ်သည် ဟဇရသ် မူစာ(အ.စ) နှင့် စကားပြောတော် မူခဲ့ပါသည်။ စူရဟ်သွာဟာ ၏ အာယသ်တော် အမှတ် ၁၂ အရ အလ္လာဟ် ဟို အရှင်မြတ် သည် ထိုနေရာ တွင် ဟဇရသ် မူစာ (အ.စ)အား အမိန့် ပေးတော် မူခဲ့ပါသည်။အမိန့်တော်မှာ ဖိနပ်များ ကိုချွတ်၍ ဝင်‌ရောက်လာရန် ဖြစ်ပါသည်။အကြောင်းမှာ «إِنَّک بِالْوادِ الْمُقَدَّسِ طُوی » သင်သည် မြင့်မြတ်သည် သူဝါ မြေတွင် ရှိနေသည့် အတွက်ကြောင့် ဖြစ်ပါသည်။[၁၁]အချို့ သုတေသီပညာရှင်များ မှ ဤ အာယသ် တော် အား ကိုးကား၍ သူရေစီနအ် သည် မြင့်မြတ် ကြောင်း ဆိုထားကြပါသည်။[၁၂]ထိုနည်းတူစွာ အလ္လာဟ် ဟို အရှင်မြတ်သည် စူရဟ်သွာဟာ တွင် ဤ တောင်တော် သူရေစီနအ် အား ကျိန်ဆိုထားတော် မူပါသည်။[၁၃]

သူရေစီနအ်(ခ) စီနအ် တောင်တော် ၏ ကြီးကျယ် မြင့်မြတ် ခြင်း နှင့် စပ်လျဉ်း၍ မေးမြန်းထားခြင်းတစ်ခုအား တမန်တော်မြတ် (ဆွ) ထံ အဖြေပေးထားချက်တစ်ခု ဆင့်ပြန်လာရှိပါသည်။ -

« အဘယ်ကြောင့်ဆိုသော် ထို ချိုင့်ဝှမ်း (ဝါဒီ) ၌  ကြီးကျယ်မြင့်မြတ်သည့် ရူဟ်များ (ဝိညာဉ်များ ) ရှိသည့် အတွက် ကြောင့် ပြီးနောက် ကောင်းကင်တမန်များ ဤနေရာတွင် တန်းစီခဲ့ကြသည့်အတွက်ကြောင့် နှင့် ဤ နေရာ တွင် အလ္လာဟ်အရှင်မြတ်သည် မူစာ (အ.စ) နှင့် စကားပြောတော်ခဲ့သည့် အတွက် ကြောင့်ဖြစ် ကြောင်းဖြစ်ပါ သည်။  »[၁၄] 

စီနာအ်တောင်တော် ၏ ဖြစ်ရပ်မှန်များ

အာယသ်တော်များ နှင့် ရီဝါယသ်တော်များအရ သူရေစီနာအ် (ခ) စီနာအ်တောင်တော် တွင် ဟဇရသ် မူစာ (အ.စ) နှင့် ဘနီအစ္စရအီ (ဣသရေလအမျိုးသားများ) တို့၏ အချို့ ဖြစ်ရပ်မှန်များဖြစ်ပွားခဲ့ပါသည်။

  • အီဂျစ်နိုင်ငံသို့ ထွက်ခွာသွားခြင်း နှင့်ပထမဆုံးဝဟီ ကျရောက်ခြင်း ၊ ဟဇရသ် မူစာ (အ.စ) သည် မဒ်ယန်းမြို့ တွင် ဟဇရသ် ရှိုအိုက်ဗ် (အ.စ) နှင့် ပြုထား သည့် ကတိကဝတ်များ ၏ ကာလ ပြီးဆုံးနောက် မိမိ၏ ဇနီး၊ သား သမီးများ ပစ္စည်း ဥစ္စာ များ နှင့်အတူ အီဂျစ် နိုင်ငံ သို့ ထွက်ခွာ သွား ကာ လမ်းပျောက် သွားခဲ့ ပါသည်။[၁၅] တောင် တော် ပေါ်၌ မီးကိုမြင်၍ ထိုအရပ်သို့ သွားခဲ့ပါသည်။[၁၆] ထိုနေရာတွင် ဟဇရသ်မူစာ(အ.စ) ပေါ်သို့ ဝဟီကျတော်မူခဲ့ပါသည်။ ပြီးနောက် ဟဇရသ် မူစာ(အ.စ) ဗေအ်စသ် စခဲ့ပါသည်။[၁၇] ကျမ်းတော်မြတ် ကုရ်အာန် တွင် ဤအဖြစ်အပျက် ဖြစ်ခဲ့သည်နေရာ «الطور» အသ်ွသူရ် [၁၈] နှင့် «طُوی» သူဝါ [၁၉] ဟူသော အသုံးအနှုန်းများဖြင့် ဖော်ပြထားပါသည်။ အချို့ သော သဖ်စီးရ် ပညာရှင်များ သည် «الطور» အသ်ွသူရ် အဓိပ္ပာယ် ကို သူရေစီနာအ် (ခ) စီနာအ်တောင်တော် အဖြစ် ဖွင့်ဆိုထားကြပါသည်။«طُوی» သူဝါ သည် ဤ စီနာရ် တောင်၏ အောက်ခြေချိုင့်ဝှမ်း ဖြစ်ပါသည်။[၂၀] ၈ ရာစု၏ ကဗျာဆရာ ဖရ်ဃာနီ မှလည်း အောက်ပါ အတိုင်း စပ်ဆိုထားပါသည်။

خطاب إنی أنا الله شنود گوش کلیم[၂၁] و گرچه در پی آتش به طور سینا رفت

  • ရက်လေးဆယ်တိုင် မီကာသ် ၊ ဘနီအစ္စရအီ (ဣသရေလအမျိုးသားများ) အီဂျစ် မှ ထွက်ခွာပြီးနောက် ဟဇရသ် မူစာ (အ.စ) သည် တောင်တော် ပေါ်သို့တက်တော် မူခဲ့ပါသည်။ပြီးနောက် ရက် လေးဆယ် ထိတိုင်နေတော်မူခဲ့ပါသည်။ထိုနေရာတွင် အလ်ဝါဟ် သောင်ရာသ်ကျမ်း ကျရောက်ခဲ့ပါသည်။[၂၂] အချို့ သဖ်စီးရ် ပညာရှင်များ မှ ရက်လေးဆယ်တိုင် မီကာသ် ၏နေရာအား သူရေစီနအ်ဖြစ် ကြောင်းဆိုထားကြပါ သည်။[၂၃] သောင်ရာသ်ကျမ်းတွင် လာရှိသည်မှာ -

« မနက်စောစော အသင့်ရှိပါလေ။ နံနက်အချိန်၌ စီနာအ် တောင်ထိပ် သို့ လာ၍ ထို တောင်ထိပ်၌ ငါနှင့်အတူ ရပ်နေလော့။ »[၂၄]

  • ဘနီအစ္စရအီ (ဣသရေလအမျိုးသားများ) အယောက် ခုနှစ်ဆယ် နှင့် အတူ မီကာသ် ပေါ်သို့ သွားခြင်း၊ ဟဇရသ် မူစာ (အ.စ) သည်မိမိ ၏ ဝစီ(အရိုက်အရာဆက်ခံသူ)[၂၅] ဟဇရသ် ရှိုအိုက်ဗ် (အ.စ) အပါအဝင် အဘောက် ၇၀ မီကာသ် သို့သွား ရောက်ခဲ့ကြပါသည်။[၂၆] ပြီးနောက် အချို့ ဖြစ်ရပ်မှန်များ အရ အလ္လာဟ် ဟို အရှင်မြတ်သည် တောင်တော် (သို့မဟုတ်တောင်တော်၏ အချို့ အစိတ်အပိုင်း ) ၎င်းတို့၏ ဦးခေါင်း ထက်တွင် ထားရှိပြီး၎င်းတို့လက်ခံခဲ့ပြီး အလ္လာဟ် ၏ ပြစ်ဒဏ် မကျခဲ့ချေ။[၂၇] အေမာမ်ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ၏ ဟဒီးစ်တော် တစ်ခု အရ ဤဖြစ်ရပ်မှန် ဖြစ်ရပ်သည် သူရေစီနအ် တွင် ဖြစ်ခဲ့ကြောင်းလာရှိပါ သည်။[၂၈]

အချို့ သော ရီဝါယသ်တော်များ အရ ဟဇရသ် မူစာ (အ.စ) ၏ ဝဖါးသ်သည် သူရေစီနာအ် (ခ) စီနာအ် တောင်တော် တွင်ဖြစ်ပေါ်ခဲ့ပါသည်။[၂၉]

အောက်ခြေ မှတ်စုများ

  1. မွတ်စ်သဖဝီ၊ဟစန်၊ အသ်သဲဟ်ကီးက် ဖီးကလမာသိုလ်ကုရ်အာန်နေလ်ကရီးမ် ၊ အီရန် သက္ကရာဇ် ၁၃၆၀ ခုနှစ် ၊ အတွဲ ၅ ၊ စာမျက်နှာ ၂၉၃။
  2. အစ်ဗ်နေ မန်ဇူရ် ၊လေစာန်နိုလ်အရဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၄ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၅၀၈။
  3. မွတ်စ်သဖဝီ၊ဟစန်၊ အသ်သဲဟ်ကီးက် ဖီးကလမာသိုလ်ကုရ်အာန်နေလ်ကရီးမ် ၊ အီရန် သက္ကရာဇ် ၁၃၆၀ ခုနှစ် ၊ အတွဲ ၅ ၊ စာမျက်နှာ ၂၉၃။
  4. မွတ်စ်သဖဝီ၊ဟစန်၊ အသ်သဲဟ်ကီးက် ဖီးကလမာသိုလ်ကုရ်အာန်နေလ်ကရီးမ် ၊ အီရန် သက္ကရာဇ် ၁၃၆၀ ခုနှစ် ၊ အတွဲ ၅ ၊ စာမျက်နှာ ၂၉၅။
  5. မဂျ်မူအေဟ် နဝီးစန်ဒ်ဒဂန် ၊ မောင်ဂျစ်ဇ်ဇိုဒါအေရသိုလ် မအာရေဖ် အလ်အစ္စလာမ်မီယဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၈ ခုနှစ် ၊ အတွဲ ၂၂ ၊စာမျက်နှာ ၆၉၉။
  6. စူရဟ် မိုအ်မေနူးန် ၊ အာယသ်တော် အမှတ် ၂၀ ။
  7. စူရဟ် သီးန် ၊ အာယသ်တော် အမှတ် ၂။
  8. မကာရေမိုရှီးရာဇီး ၊ သဖ်စီးရ်နမူနာ ၊ အီရန် သက္ကရာဇ် ၁၃၇၄ ခုနှစ် ၊ အတွဲ ၂၇ ၊ စာမျက်နှာ ၁၄၀ ။
  9. သွယစ်ဗ် ၊အသွယစ်ဗ် အလ်ဗယန်းဖီး သဖ်စီးရ်ရိုလ်ကုရ်အာန် ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ် ၊ အတွဲ ၁၂၊ စာမျက်နှာ ၂၉၂။
  10. ရှိက်ခ် ဆူဒူက် ၊ အလလ်လွတ်ရှ်ရှရာအေအ်၊ အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၆၈။
  11. စူရဟ် သွာဟာ ၊အာယသ်တော် အမှတ်၁၂ ။
  12. ကရ်ရှီ ၊ကာမူစ် ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၅ ၊ စာမျက်နှာ ၂၅၆။
  13. စူရဟ် သွာဟာ ၊ ဘာယသ်တော် အမှတ် ၁။
  14. ရှိက်ခ် ဆူဒူက် ၊ အလလ်လွတ်ရှ်ရှရာအေအ်၊ အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၇၂။
  15. မကာရေမိုရှီးရာဇီး ၊ သဖ်စီးရ်နမူနာ ၊ အီရန် သက္ကရာဇ် ၁၃၇၄ ခုနှစ် ၊ အတွဲ ၁၃ ၊ စာမျက်နှာ ၁၆၇။
  16. စူရဟ် သွာဟာ ၊အာယသ်တော် အမှတ် ၁၀၊၁၁ ။
  17. စူရဟ် သွာဟာ ၊အာယသ်တော် အမှတ် ၁၂၊၁၃ ။
  18. စူရဟ် ကဆဆ် ။ အာယသ်တော် အမှတ် ၂၉။
  19. စူရဟ် သွာဟာ ၊အာယသ်တော် အမှတ် ၁၂ ။
  20. မွတ်ဂ်နီယေဟ် ၊ သဖ်စီးရ် အလ်ကာရှက်ဖ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၈ ခုနှစ် ၊ အတွဲ ၅ ၊စာမျက်နှာ ၅၀၉။
  21. ဇိုက်ဖ် ဖရ်ဃာနီ ၊ ဒီဝမ်းန် နေအရှ်အာရ် ၊ ရှိုမာရဟ် ၁၅ ။
  22. စူရဟ် အအ်ရာဖ် ၊ အာယသ်တော် အမှတ် ၁၄၂၊ ၁၄၅။
  23. မွတ်လာဟဝီးရှ် ၊ ဗယာန်းနိုလ်မအာနီ ၊ ဟီဂျရီသက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ အတွဲ ၁ ၊စာမျက်နှာ ၄၁၆။
  24. ခိုရူဂျ် ၊ ဗါဗ် ၃၄ ၊ အာယသ်တော် ၂။
  25. ခိုရူဂျ် ၊ ဗါဗ် ၂၃ ၊ အာယသ်တော် ၁၃။
  26. စူရဟ် အအ်ရာဖ် ၊ အာယသ်တော် အမှတ် ၁၅၅။
  27. စူရဟ် ဘကရဟ် ၊ အာယသ်တော် အမှတ် ၉၃။
  28. ကွမ်းမီ ၊ သဖ်စီးရ်ရိုလ်ကွမ်းမီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၁ ၊စာမျက်နှာ ၂၄၆။
  29. ဘဲဟ်ရာနီ ၊ အလ်ဘိုရ်ဟာန် ဖီးသဖ်စီးရ်ရိုလ်ကုရ်အာန် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၆ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၂၈၉။

ကျမ်းကိုးများ

  • အစ်ဗ်နေ မန်ဇူရ် ၊မိုဟမ္မဒ် ဘင်န် မိုကရမ် ၊ လေစာန်နိုလ်အရဗ် ၊ မော်ဟကစ်က် ၊ သဆ်ဟီးဟ် ၊ မီးရ် ဒါမါဒ်ဒီ ၊ ဂျမာလ်လွဒ်ဒီးန် ၊ ဘေရွတ် ၊ ဒါရိုလ်ဖေက်ရ် ၊ ဒါရိုဆာဒရ် ၊ တတိယ အကြိမ် ပုံနှိပ်၊ ဟီဂျရီသက္ကရာဇ် ၁၄၁၄ ခုနှစ်။
  • ဘဲဟ်ရာနီ ၊ ဆယက်ဒ် ဟာရှင်မ် ၊ အလ်ဘိုရ်ဟာန် ဖီးသဖ်စီးရ်ရိုလ်ကုရ်အာန် ၊ တီဟီရန် ဘွန်ယာဒ် ဗေအ်စသ် ၊ ပထမအကြိမ် ပုံနှိပ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၆ ခုနှစ် ။
  • ရှိက်ခ် ဆူဒူက် ၊ အလလ်လွတ်ရှ်ရှရာအေအ်၊ကွမ်း၊ ကေသာဗ် ဖရူရှီ ဒါဝရီ ၊ ၊ ပထမအကြိမ် ပုံနှိပ် ၊အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ်။
  • သွယစ်ဗ် ၊ဆယက်ဒ် အဗ်ဒိုလ်ဟိုစိုင်းန် ၊ အသွယစ်ဗ် အလ်ဗယန်းဖီး သဖ်စီးရ်ရိုလ်ကုရ်အာန် ၊ တီဟီရန် ၊ အင်န်သေရှာရာသ်သေအစ္စလာမ် ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ်။
  • ကရ်ရှီ ၊ဆယက်ဒ် အလီအက်ဘဲရ် ၊ ကာမူစ် စေ ကုရ်အာန် ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်အလ်အစ္စလာမ်မီယဟ် ၊ခြောက်ကြိမ် မြောက် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ်။
  • ကွမ်းမီ ၊ အလီ ဘင်န် အဗဗရာဟီးမ် ၊ သဖ်စီးရ် ရိုလ်ကွမ်းမီ ၊ မော်ဟကစ်က် ၊ သဆ်ဟီးဟ် ၊မူစဝီ ဂျဇာအေရီ၊ ဆယက်ဒ် သွယစ်ဗ် ၊ ကွမ်း ၊ဒါရိုလ်ကေသာဗ် ၊ တတိယအကြိမ် ပုံနှိပ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်။
  • မဂျ်မူအေဟ် နဝီးစန်ဒ်ဒဂန် ၊ မောင်ဂျစ်ဇ်ဇိုဒါအေရသိုလ် မအာရေဖ် အလ်အစ္စလာမ်မီယဟ် ၊ ပုံနှိပ်သည့်နေရာမပါ၊ မရ်ကဇ် အရှ်ရှာရေကသိုလစ်လ်အစ်ဗ်ဒါအိုလ်ဖေက်ရီ ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၈ ခုနှစ်။
  • မွတ်စ်သဖဝီ၊ဟစန်၊ အသ်သဲဟ်ကီးက် ဖီးကလမာသိုလ်ကုရ်အာန်နေလ်ကရီးမ် ၊ တီဟီရန် ၊ ပင်န်ဂါဟ် သရ်ဂျိဒမဟ်ဝသရှ်ရ်ကေသာဗ် ၊ အီရန် သက္ကရာဇ် ၁၃၆၀ခုနှစ်။
  • မွတ်ဂ်နီယေဟ် ၊ မိုဟမ္မဒ် ဂျဝါဒ် ၊ သဖ်စီးရ် အလ်ကာရှက်ဖ် ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်အလ်အစ္စလာမ်မီယဟ် ၊ပထမကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၄ ခုနှစ်။
  • မကာရေမ်မိုရှီရာဇီး ၊ နာစေရ် ၊ သဖ်စီးရ်နမူနာ ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်အလ်အစ္စလာမ်မီယဟ် ၊ပထမကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၄ခုနှစ်။
  • မွတ်လာဟဝီးရှ် အာလေ ဃာဇီ ၊ အဗ်ဒိုလ်ကာဒရ် ၊ ဗယာန်းနိုလ်မအာနီ ၊ဒမစ်ရှ်က် ၊ မတ်သွဘူအသိုလ်သရ်ကီ ၊ ပထမကြိမ် ပုံနှိပ်၊ ဟီဂျရီသက္ကရာဇ် ၁၃၈၂ ခုနှစ်။