သာသနာ့ ဥပဒေသများ

wikishia မှ

သာသနာ့ ဥပဒေသများ ဆိုသည်မှာ ဘာသာရေးဆိုင်ရာ ဥပဒေများဖြစ်ပြီး လူသားတို့၏ တာဝန်များဖြစ်သည်။ သာသနာ့ ဥပဒေသများကို သက္က်လီဖီးအဟ်ကာမ် (ဝတ္တရားဆိုင်ရာ ဥပဒေသ) နှင့် ဝဇ်အီးအဟ်ကာမ် (ပြဌာန်းမှုဆိုင်ရာဥပဒေသ) အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။ သက္က်လီဖီးအဟ်ကာမ် (ဝတ္တရားဆိုင်ရာ ဥပဒေသ) သည် လူသားများ ထန်းဆောင်ရမည့် တာဝန်ဝတ္တရားများကို တိုက်ရိုက်ပြောဆိုထားသည် ။ ဥပမာ နမာဇ်ဖတ်ရမည် ၊ အရက်မသောက်မသောက်ရ ဟူသော ဥပဒေသများ ဖြစ်သည်။ ဝဇ်အီးအဟ်ကာမ် (ပြဌာန်းမှုဆိုင်ရာဥပဒေသ) ဆိုသည်မှာ သွယ်ဝိုက်သော အခြေအနေများဖြင့် လူ့တာဝန်နှင့် သက်ဆိုင်‌ေပသည်။ ဥပမာ မသန့်ရှင်းသော အဝတ်အစားဖြင့် နမာဇ်ဖတ်ခြင်းသည် နမာဇ်ကို ပျက်ပြားစေသည်။ သာသနာ့ဥပဒေသများသည် သာသနာ့ဆင်ခြင်များမှ ထုပ်နုတ်ထား‌ေပသည်။ ၎င်းတို့မှာ ၊ ကျမ်းမြတ်ကုရ်အာန်၊ စွန္နသ် ၊ အသိဉာဏ် နှင့် လူ့အဖွဲ့အစည်း တို့ဖြစ်သည်။ ထို သာသနာ့ဆင်ခြင်များမှ သာသနာ့ဥပဒေသများအား ကိုးကားထုပ်နုတ်နိုင်စွမ်းရှိသူကို မုဂ်ျသဟီဒ် ဟုခေါ်ဆိုသည်။ ယနေ့တွင် သာသနာ့ဥပဒေသများသည် သောင်ဇီးဟုလ်မစာအီလ် စာအုပ်များတွင် ဖော်ပြထားပြီး မရ်ဂျအေသက္က်လီးဒ်များ၏ အမြင်များကိုပါ ထည့်သွင်းထားပေသည်။ မရ်ဂျအေသက္က်လီးဒ်များ၏ ဖသ်ဝါများအရ၊ လူတစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံမှုဆိုင်ရာ စည်းမျဉ်း ဥပ‌ေဒသများကို လေ့လာရမည်မှာ ဝါဂျီဘ် ဖြစ်သည်။

ဖိက္ကဟ် ဆိုင်ရာ အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း နှင့် အမျိုးအစားများ

လူ့တာဝန်နှင့် သက်ဆိုင်သော ဘာသာရေးဆိုင်ရာ စီရင်ထုံးများကို သာသနာ့ဥပဒေသများ ဟုခေါ်ဆိုသည်။ (1) ဥပမာ နမာဇ်ဖတ်ရန် ဝါဂျီဘ်ဖြစ်ခြင်း၊ ရိုဇာထားရန် ဝါဂျီဘ်ဖြစ်ခြင်း၊ အရက်သောက်ခြင်းသည် ဟရာမ် တားမြစ်ထားသည့်အရာ ဖြစ်ခြင်း၊ အိမ်ထောင်ရေး နှင့် အရောင်းအဝယ် ကဲ့သို့သော အကြောင်းအရာများ၏ မှန်ကန်မှု အခြေအနေများကို ဖော်ပြထားသည့် ဥပဒေသများ ဖြစ်သည်။ (2)

သာသနာ့ဥပဒေသများ၏ အမျိုးအစားများ

ဥပဒေပညာရှင်များသည် သာသနာ့ဥပဒေသများကို အမျိုးအစားခွဲခြားရန် အဆိုပြုထားသည်။ ၎င်းတို့မှာ : ဟုက်မေသက္က်လီဖီး (ဝတ္တရားဆိုင်ရာ ဥပဒေသ) နှင့် ဟုက်မေဝဇ်အီး (ပြဌာန်းမှုဆိုင်ရာဥပဒေသ) ဟုက်မေအောင်ဝ်ဝလီ (ကနဦးဥပဒေသ) နှင့် ဟုက်မေစာနဝီ (ဒုတိယဥပဒေသ) ဟုက်မေဝါကေအီ နှင့် ဟုက်မေဇွာဟေရီ ဟုက်မေမောင်ဝ်လဝီ နှင့် ဟုက်မေအီရ်ရှာဒီ ဟုက်မေသအ်စီစီး နှင့် ဟုက်မေအင်ဇွာယီ (3) တို့ဖြစ်သည်။

ဟုက်မေသက္က်လီဖီး နှင့် ဟုက်မေဝဇ်အီး

ဟုက်မေသက္က်လီဖီး (ဝတ္တရားဆိုင်ရာ ဥပဒေသ) ဆိုသည်မှာ အကြောင်းအရာ တစ်ခုနှင့်စပ်လျဉ်း၍ လူသားများ လိုက်နာကျင့်ဆောင်ရမည့် တာဝန်ကို တိုက်ရိုက်ဖော်ပြသည်။ ဥပမာ နမာဇ်ဖတ်ပါ ၊ အရက်မသောက်ပါနှင့် ဟူ၍ ဆိုထားခြင်း။ (4) ဟုက်မေသက္က်လီဖီး (ဝတ္တရားဆိုင်ရာ ဥပဒေသ) ကါးမျိုးရှိပေသည်။ ဝါဂျီဘ်၊ မွစ်သဟဘ် ၊ ဟရာမ် ၊ မကရူဟ် နှင့် မိုဘာဟ် တို့ဖြစ်သည်။ (5) ၎င်းတို့အား အဟ်ကာမေခမ်စဟ် ဟူ၍ခေါ်ဆိုသည်။ (6) ဟုက်မေဝဇ်အီး (ပြဌာန်းမှုဆိုင်ရာဥပဒေသ) ဆိုသည်မှာ တိုက်ရိုက် အမိန့်မထုပ်ပြန်ပေ။ သို့သော် သွယ်ဝိုက်ကာ ပြောဆိုထားသည်။ ဥပမာ ကျင့်ဆောင်မှုတစ်ခု၏ မှန်ကန်ခြင်းဆိုင်ရာ ပညတ်ချက်ကို ဆိုထားပေသည်။ (7) ဥပမာ မသန့်ရှင်းသော အဝတ်အစားဖြင့် နမာဇ်ဖတ်ခြင်းသည် နမာဇ်ကို ပျက်ပြားစေသည် ဟူသော ဥပ‌ေဒသမျိုး ဖြစ်သည်။ (8) ထို့ကြောင့် ဟုက်မေဝဇ်အီး (ပြဌာန်းမှုဆိုင်ရာဥပဒေသ) ဟူသည် လူ့တာဝန်များနှင့် သွယ်ဝိုက်ဆက်စပ်နေပါသည်။ ဥပမာအားဖြင့်၊ အိမ်ထောင်ရေးစည်းမျဥ်းများ၊ ယင်း၌ ဟုက်မေဝဇ်အီး (ပြဌာန်းမှုဆိုင်ရာဥပဒေသ) သည် ထိုအိမ်ထောင်ရေး မှန်ကန်စေသည့် ပညတ်ချက်များကိုသာ ဖော်ပြပေးပေသည်။ သို့ရာတွင် အိမ်ထောင်ပြုပြီးနောက်တွင် ယောက်ျားနှင့်မိန်းမ အချင်းချင်း လိုက်နာရမည့် တာဝန်များဖြစ်သည့် စည်းမျဥ်းစည်းကမ်းများသည် ဟုက်မေသက္က်လီဖီး (ဝတ္တရားဆိုင်ရာ ဥပဒေသ) များသာ ဖြစ်ပေသည်။ (9)

ဟုက်မေအောင်ဝ်ဝလီ နှင့် ဟုက်မေစာနဝီ

ဟုက်မေအောင်ဝ်ဝလီ (ကနဦးဥပဒေသ) ဆိုသည်မှာ သာမာန်ပညတ်ချက် အခြေအနေမျိုး၌ လူသားတို့၏ တာဝန်ဝတ္တရား ဖြစ်ပေသည်။ ဥပမာ ဖဂျရ်နမာဇ်ရန် ဝါဂျီဘ်ဖြစ်ခြင်း နှင့် အရက်သောက်ခြင်းသည် ဟရာမ်ဖြစ်ခြင်း စသည်တို့ကိုဖော်ပြသည့် ဥပဒေသမျိုး ဖြစ်သည်။ ဟုက်မေစာနဝီ (ဒုတိယဥပဒေသ) ဆိုသည်မှာ အရေးပေါ်အခြေအနေ သို့မဟုတ် အတင်းအကြပ် ထုတ်ပြန်သည့် ဥပဒေသမျိုး ဖြစ်သည်။ ဥပမာ ရိုဇာထား ခြင်းသည် မိမိ၏ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပါက ရိုဇာကို ရှောင်ပိုင်ခွင့် ရှိပေသည်၊ သို့မဟုတ် တစ်ဦးတစ်ယောက်မှ ၎င်းအား အတင်းလုပ်ခိုင်းသည့်အတွက် ပြုလုပ်လိုက်ရခြင်းမျိုး ဖြစ်သည်။ (10)

ဟုက်မေသအ်စီစီး နှင့် ဟုက်မေအင်ဇွာယီ

ဟုက်မေသအ်စီစီး ဆိုသည်မှာ အစ္စလာမ့်ဥပဒေတွင် ပထမဆုံးအကြိမ် အတုအယောင် လုပ်ကြံရယူ ပြုလုပ်ထားသော ဥပဒေသများဖြစ်သည်။ (11) ဟုက်မေအင်ဇွာယီ ဆိုသည်မှာ အစ္စလာမ်မတိုင်မီက ပြုလုပ်ခဲ့သော ၊ ရှိခဲ့ပြီးသော ဥပဒေသများဖြစ်ပြီး အစ္စလာမ်မှ ထိုအရာများအား အတည်ပြု‌ေထာက်ခံခဲ့သည့် ဥပဒေသများ ဖြစ်ပေသည်။ (12)

သာသနာ့ ဥပဒေသများ၏ ဆင်ခြင်များ

သာသနာ့ ဥပဒေသများ၏ ဆင်ခြင်များကို တရားဥပဒေ ဒရာယဟ် ၊ ရေဂျာလ်၊ ဖိက္က်ဟ် နှင့် အူစူလေဖိက္က်ဟ် တရားဥပဒေဆိုင်ရာ အခြေခံမူများကဲ့သို့သော ပညာရပ်များ၏ အကူအညီဖြင့် လက်ဝယ် ရရှိ‌ပေသည်။ (13) ဥပဒေပညာရှင်များသည် သာသနာ့ ဥပဒေသများ၏ ဆင်ခြင်များကို ထုပ်နုတ်ဖို့ရန်အတွက် အရင်းအမြစ် (ကျမ်းကိုး) လေးခုကို ကိုးကားကြသည်။ ၎င်းတို့မှာ ၊ ကုရ်အာန် ၊ စွန္နသ် ၊ အသိဉာဏ် နှင့် လူ့အဖွဲ့အစည်း တို့ဖြစ်ပြီး ၎င်းတို့အား အဒက်လေယေ အရ်ဘအဟ် (ဆင်ခြင်သက်သေလေးခု) ဟူ၍ ခေါ်ဆိုသည်။ (14) စန္နသ်၏ ဆိုလ်ုရင်းမှာ မအ်စူမ်(အစ) များ၏ မိန့်ဆိုချက် နှင့် လုပ်ဆောင်ချက်များမှ ကောက်နုတ်ကိုးကား ဖော်ပြထားသည့် ရေဝါယသ်များကို ဆိုလိုပေသည်။ (15) အဟ်လေစွန္နသ်တို့၏ ဖိက္က်ဟ် ဓမ္မပညာ၌ သီးငန့် တမန်တော်မြတ်၏ စွန္နသ်ကိုသာလျှင် ကောက်နုတ်ကိုးကားပေသည်။ သို့သော် ရှီအာတို့၏ ဖိက္က်ဟ် ဓမ္မပညာ၌ ၊ တမန်တော်မြတ်၏ စွန္နသ်တော်အပြင် အပြစ်ကင်းစင်သော အေမာမ်(အစ) များ၏ စွန္နသ်များကိုပါ ကိုးကားဖော်ပြပေသည်။ (16) ရှီအဟ် အေမာမီယဟ်တို့၏ ဖိက္က်ဟ် ဓမ္မပညာ၌ ၊ ကုရ်အာန် နှင့် အေမာမ် ၁၂ ပါးတို့၏ ရေဝါယသ်များသည်၊ သာသနာ့ဥပဒေသများ အတွက် အဓိကကျသော ကျမ်းကိုးအထောက်အထား ဖြစ်ပေသည်။ (17) သာသနာ့ဥပဒေသများအား ထိုကျမ်းကိုးအရင်းအမြစ်များမှ ကောက်နုတ်ကိုးကားဖော်ပြခြင်းသည် မုဂ်ျသဟီဒ် ၏ တာဝန်ဖြစ်သည်။ မုဂ်ျသဟီဒ် ဆိုသည်မှာ အီဂ်ျသေဟာဒ် အဆငါ့သို့ ရောက်ရှိပြီးသူကို ခေါ်ဆိုပေသည်။ ဆိုလိုသည်မှာ ၊ သာသာနာ့ဥပဒေသများ၏ ဆင်ခြင်အထောက်အထားများမှ သာသနာ့ဥပဒေသများကို ကိုးကားကောက်နုတ်ဖော်ပြနိုင်စွမ်း ရှိသူဖြစ်သည်။ (18)

သာသာနာ့ဥပဒေသများကို မဖြစ်မနေ သိကျွမ်းထားရခြင်း

ဥပဒေပညာရှင်များ၏ ဖက်ဝါအရ၊ ကျွန်ုပ်တို့ မကြာခဏ ထိတွေ့အသုံးပြုလေ့ရှိသော သာသာနာ့ဥပဒေသများ၏ အစိတ်အပိုင်းများကို လေ့လာရန် လိုအပ်ပေသည်။ (19) ထို့ပြင် လူတစ်ဦးသည် မုဂ်ျသဟီဒ် ဖြစ်သင့်ပြီး မိမိကိုယ်တိုင် ဥပဒေသများကို သာသနာ့ဆင်ခြင်များမှ ထုတ်နုပ်ရယူသင့်သည် သို့မဟုတ် မရ်ဂျအေ သက္က်လီးဒ်မှ သက္က်လီးဒ် ယူရပေမည် သို့မဟုတ် အေသေယာသ် အနေဖြင့် မိမိ၏ တာဝန်များကို ပြီးမြောက်အောင် ထမ်းဆောင်ခဲ့ကြောင်း ယုံကြည်ရပေမည်။ ဥပမာအားဖြင့်၊ မုဂ်ျသဟီဒ် အချို့က တားမြစ်သည်ဟု ယူဆကြပြီး အချို့က ခွင့်ပြုသည်ဟု ယူဆသည့် လုပ်ရပ်ကို မပြုလုပ်သင့်ဘဲ၊ သို့မဟုတ် အချို့သော မုဂ်ျသဟီဒ်များက မဖြစ်မနေလုပ်ဆောင်သင့်သည်ဟု ယူဆကာ အချို့က ခွင့်ပြုသည်ဟု ယူဆသော လုပ်ရပ်ကို ပြုလုပ်ရ‌ေပမည် ။ (20)

သီးသန့် ဥပဒေသများ၏ စာအုပ်များ

ယနေ့တွင် သာသနာ့ဥပဒေသများသည် မရ်ဂျအေသက္က်လီးဒ်များ ရေးသားထားသော သောင်ဇီးဟုလ်မစာအီလ် စာအုပစာအုပ်များတွင် လာရှိထားပေသည်။ (21) မရ်ဂျအေသက္က်လီးဒ် ဆိုသည်မှာ အခြားသူများသည် ၎င်းမှ သက္က်လီးဒ် ရယူကြပေသည်။ ဥပမာ လူသားများသည် သာသနာ့ကျင့်‌ေဆာင်မှုများကို ထိုမရ်ဂျအေသက္က်လီးဒ် ၏ ဖသ်ဝါအတိုင်း လိုက်နာကျင့်ဆောင်ကြပေသည်။ လူသားတို့သည် မိမိတို့၏ ဘာသာရေးရန်ပုံငွေများကို ထိုမရ်ဂျအေသက္က်လီးဒ် သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်များထံ ပေးဆောင်ကြသည်။ (22)


]