မာတိကာသို့ ခုန်သွားရန်

သအ်ဂျီးလ်လေဖရဂျ်

wikishia မှ
အိုအလ္လာဟ်ဟိုအရှင်မြတ် ! အရှင်၏ အချစ်တော် (အေမာမ်မဲဟ်ဒီ (အ.ဂျ) )အား အမြန်ဆုံး ဇူဟူရ် ဖြစ်စေ တော် မူပါဆိုသည့် ဒိုအာ အား ရွှေရောင်ခြယ်ဖြင့်ရေးဆွဲထားသည့် ပန်းချီကားချပ်

သအ်ဂျီးလ်လေဖရဂျ် ဆိုသည်မှာ အလျင်စလို ကိစ္စရပ်များနှင့် ပြဿနာများကို ဖြေရှင်းရာတွင် အလျင်အမြန် ပြုခြင်းကို ခေါ်ဆိုပါသည်။ ရှီအဟ် အေမာမ်မီယဟ် ၏ အမြင်တွင် ဖရဂျ် ဆိုသည်မှာ အေမာမ် မဲဟ်ဒီ (အ.ဂျ) ဇူဟူရ် (လူမြင်ကွင်းတွင် ဖူးပွင့်လာခြင်း) ကို ခေါ်ဆိုပါသည်။[]

ရှီအဟ် ဟဒီးစ်ပါရဂူ တစ်ပါးဖြစ်သည့် မိုဟမ္မဒ်ဒီ ရိုင်းရှဲဟ်ရီ ( ကွယ်လွန် - အီရန် သက္ကရာဇ် ၁၄၀၁ ခုနှစ်) ၏ အဆိုအရ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် အေမာမ် ၁၂ပါး (အ.စ) တို့ မိန့်ကြား ထား သည့် ဟဒီးစ်တော်များ အရ မွတ်စလင်မ်များ အနေဖြင့် သအ်ဂျီးလ်လေဖရဂျ် ( အေမာမ် မဲဟ်ဒီ (အ.ဂျ) အမြန်ဆုံးဇူဟူရ် ဖြစ်ရန် ) အတွက် ဒိုအာ များများ ပြုရန် တိုက်တွန်းထားပါသည်။ ထိုနည်းတူစွာ ဟဒီးစ်တော်များတွင် သအ်ဂျီးလ် လေဖရဂျ် ( အေမာမ် မဲဟ်ဒီ (အ.ဂျ) အမြန်ဆုံးဇူဟူရ် ဖြစ်ရန် ) ဒိုအာပြုခြင်းသည် အေမာမ် မဲဟ်ဒီ (အ.ဂျ) အားစောင့်စားသူများ ၏ တာဝန်များ မှာ တစ်ခု ဖြစ်ကြောင်း လာရှိပါသည်။[] ဤအကြောင်းအရာ နှင့် ပတ်သက်၍ ဒိုအားများလာရှိပါသည်။[]


မဲဟ်ဒဝီယသ် ၏ သုတေသီ ရှီအဟ် အာလင်မ် ပညာရှင် တစ်ပါးဖြစ်သည့် ဆယက်ဒ် မိုဟမ္မဒ် သကီး အစ္စဖဟန်နီ (ကွယ်လွန် - ဟီဂျရီ ၁၃၄၈ ခုနှစ်) အနေဖြင့် မိမိ၏ စာအုပ် مِکیالُ المَکارِم فی فوائدِ دعاءِ لِلْقائم (မစ်က်ယာလိုလ်မကာရေမ် ဖီး ဖဝါအေဒေ ဒိုအာအေ လစ်လ်ကာအေမ် ) တွင် အခန်း ကဏ္ဍ သီးသန့်တစ်ခု အနေဖြင့် မအ်စူမီးန် (အ.စ) ၏ ဟဒီးစ်တော်များ မှ သအ်ဂျီးရ် အတွက် ဒိုအာ အမျိုးပေါင်း ၁၈ မျိုး ကို ဖော်ပြထား ပါသည်။[] သအ်ဂျီးလ်လေဖရဂျ် ဒိုအာ သည် အေမာမ် မဲဟ်ဒီ (အ.ဂျ) ဇူဟူရ် ဖြစ်ဖို့ အဓိက အခြေခံ ကြသည့် အခန်းကဏ္ဍမှာ ပါဝင်သည့် အပြင် အေမာမ် ဇမာန်း (အ.ဂျ) နှင့် အတူ စဉ်ဆက်မပြတ် နာမ်ပိုင်း နှင့် နှလုံးသားပိုင်း အရ ချိတ်ဆက် စေပါသည်။ ပြီးနောက် အေမာမ် ဇမာန်း (အ.ဂျ) ဂိုက်ဗသ် (လူမြင် ကွင်း တွင်ပျောက်ကွယ်နေမှု ) အရှည်ကြီးကြောင့် ဖြစ်ပေါ်လာသော မျှော်လင့်ချက်ကင်းမဲ့မှုကို ဟန့်တား ခြင်း ၏ အကျိုးသက်ရောက်မှုကို ဤ ဒိုအာ မှ ဖြစ်စေပါသည်။[]

အခြားတစ်ဖက်တွင် အချို့သော ဟဒီးစ်တော်များ အရ အလ္လာဟ်ဟို အရှင်မြတ် နှောင့်နှေးထားသည့် အလုပ်တစ်ခုတွင် မနုဿလူသားသည် အလျင်အမြန်တောင်းရန် မကောင်းကြောင်း လာရှိပါသည်။ အလုပ် တွင် အလျင်စလိုလုပ်ခြင်းသည်လည်း မှားသည်ဟု ဆိုထားပါသည်။[] ထို့အပြင် အချို့သော ဟဒီးစ်တော်များသည် အေမာမ် ဇမာန်း (အ.ဂျ) အမြန်ဆုံး ဇူဟူရ် ဖြစ်ရန် အတွက် ဒိုအာ တောင်းခြင်းကို အထူးတားမြစ်ထားပါသည်။[] ဥပမာ အားဖြင့် အေမာမ် ဂျအ်ဖရန်ဆွာဒစ်က် (အ.စ) ထံ မှဆင့်ပြန် လာရှိသည့် ဟဒီးစ်တော် တစ်ပါးလာ ရှိပါသည်။ ထို ဟဓီးစ်တော် တွင် အေမာမ် မဲဟ်ဒီ (အ.ဂျ) ဇူဟူရ် ဖြစ်မည့် အချိန် နှင့် ပတ်သက်ပြီး မေးမြန်း လျှောက်ထားသည့် အခါ အေမာမ် (အ.စ) အနေဖြင့် အချိန် သတ်မှတ် သူများကို လိမ်ပြောသူများ အမြန်ဆုံး ဇူဟူရ် ဖြစ်ရန် လိုလားသူများ ကို ပျက်စီးမည့် သူများ နှင့် အလ္လာဟ် ဟို အရှင်မြတ် ၏ အလိုတော် ရှေ့တွင် ဦးညွှတ် လိုက်နာသူများကို လွတ်မြောက်သူများဖြစ်ကြောင်း မိန့်ကြားထားပါသည်။[]

မစ်က်ယာလိုလ်မကာရေမ် ဖီး ဖဝါအေဒေ ဒိုအာအေ လစ်လ်ကာအေမ်ကျမ်းရှင် အနေဖြင့် သအ်ဂျီးရ် အတွက် တားမြစ်ရသည့် အင်္ဂါရပ် အချို့ကိုဖော်ပြခဲ့ပါသည်။ ၎င်းတို့အနက် အချို့မှာ - မဲဟ်ဒဝီယသ် ၏ အတုအယောင် များ ၏နောက်လိုက်ခြင်း ၊ အေမာမ် ဇမားန် (အ.ဂျ) ဇူဟူရ် ကိစ္စ တွင် စိတ်ပျက်အား ငယ်လာခြင်း နှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်း ၊ အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏တည်ရှိမှုကို ငြင်းဆိုခြင်း ၊ အေမာမ် မဲဟ်ဒီ (အ.ဂျ) ဇူဟူ ကိစ္စ တွင် နှောင့်နှေးခြင်းကြောင့် အလ္လာဟ်အရှင်မြတ် အပေါ် စောဒက တက်ခြင်း ၊ ဂိုက်ပသ် နှင့် ပတ်သက် သည့် ဆင်ခြင်တုံတရား ကို ငြင်းဆိုခြင်း ၊ ဇူဟူရ် ဖြစ်ရန် စောင့်စားမှုနျင့် ပတ်သက် သည့် ဟဒီးစ်တော်များ ကို လျှော့တွက်ခြင်း၊ ဇူဟူရ် နှင့်ပတ်သည့် ဟဒီးစ်တော်များကို ငြင်းပယ်ခြင်း၊ မဲဟ်ဒဝီယသ် နှင့်ပတ်သက်သည့် ဟဒီးစ်တော် များ ကို လွဲမှားစွာ သဖ်စီးရ် (အကျယ်ဖွင့်ဆိုခြင်း) ပြုခြင်း အမှန် တကယ် အေမာမ် မဲဟ်ဒီ (အ.ဂျ) အား စောင့်‌မျှော်နေသူများ အား လှောင်ပြောင် ခြင်း နှင့် မျှော်လင့် ချက်ကင်း ပြီးနောက် သအ်ဂျီးလ်လေဖရဂျ် အတွက် ဒိုအာ မပြုခြင်း တို့ ဖြစ်ပါသည်။[] ဆယက်ဒ် မိုဟမ္မဒ် သကီး အစ္စဖဟန်နီ ၏ အဆိုအရ အလျင်လိုမှုကို ငြင်းပယ်ခြင်း စွန့်လွတ်ခြင်းသည် သအ်ဂျီးလ်လေဖရဂျ် အတွက် တောင်းခံခြင်း နှင့် မဆန့်ကျင်ပေ။ အကြောင်းမှာ ဤ ဒိုအာ သည် အခြားဒိုအာများကဲ့သို့ပင် သတ်မှတ် စည်းမျဉ်း စည်းကမ်း ချက်များ မပါဘဲ မပြည့်စုံနိုင်သော အခြေအနေများရှိသည့် အတွက်ကြောင့် ဖြစ်ပါ သည်။ ထိုကြောင့် သအ်ဂျီးလ်လေဖရဂျ် အတွက် ဒိုအာ ပြုခြင်းသည် ကောင်းပြီး ကုသိုလ်ကောင်းမှု ဖြစ်ပါသည်။ သို့သော် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းချက်များ မပါလျင် ကောင်းပြီး ကုသိုလ် ကောင်းမှုဖြစ် မည်မဟုတ်ချေ။ နမာဇ် ဝတ်ပြုခြင်း၏ နိယာမသည် အလ္လာဟ် ဟို အရှင်မြတ် အလိုရှိသည် အတိုင်း၊ သို့သော် ၎င်း၏အခြေအနေများနှင့် မကိုက်ညီပါက ယင်းအရည်အသွေးကို ရရှိတော့ မည် မဟုတ်ပေ။[၁၀] အေမာမ်မဲဟ်ဒီ(အ.ဂျ) မိန့်တော် မူသည်။ သအ်ဂျီးလ်လေဖရဂျ် ( ဇူဟူရ်ရေအေမာမ် (အ.ဂျ) )အတွက် ဒိုအာ များများ တောင်းခံပါလေ။ အကြောင်းသည်ကား ဤတောင်းဆိုမှု တွင် သင် တို့အတွက် သက်တောင့်သက်သာ ဖြစ်မှု နှင့် လွယ်ကုမှု ကို ဖြစ်စေသည့် အတွက်ကြောင့် ဖြစ်ပါသည်။[၁၁] မဲဟ်ဒဝီယသ် ၏ သုတေသီ ရှီအဟ် အာလင်မ် ပညာရှင် တစ်ပါးဖြစ်သည့် အလီအဇ်ဂ္ဂဲရ် ရေဇ်ဝန်နီ ( မွေးဖွား - အီရန်သက္ကရာဇ် ၁၃၄၁ ခုနှစ်) မှလည်း သအ်ဂျီးလ်လေဖရဂျ် ( ဇူဟူရ်ရေအေမာမ် (အ.ဂျ) )အတွက် ဒိုအာ တောင်း ခြင်းသည် အလျင်စလို အလုပ်မလုပ်ရန် တားမြစ်ထားသည့် ဟဒီးစ်တော်များ နှင့် မဆန့်ကျင်ကြောင်း ဆိုထားပါသည်။ အကြောင်းမှာ သအ်ဂျီးလ်လေဖရဂျ် အတွက် အလ္လာဟ် ဟို အရှင်မြတ်ထံ ဒိုအာ တောင်းခံခြင်း စပ်လျဉ်းပြီး စည်းမျဉ်းစည်းကမ်းချက်များကို ထည့်သွင်းစဉ်းစားရန် မလိုအပ် သောကြောင့် ဖြစ်ပါသည်။ထိုပြင် အေမာမ် မဲဟ်ဒီ (အ.ဂျ) ဇူဟူရ် ဖြစ်ရန် ဒိုအာတောင်းခြင်းသည် အေမာမ် မဲဟ်ဒီ (အ.ဂျ) ဇူဟူရ် ဖြစ်ဖို့ စီစဥ် ပေးသည့် အကြောင်းခံများ မှ တစ်ခု ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။[၁၂]

ဆက်နွယ်နေသည့် ဆောင်းပါးများ


အောက်ခြေ မှတ်စုများ

  1. ရေဇ်ဝန်နီ ၊ မောင်အူဒ်ရှနာစီ ဝ ပါစူခ် ဘေ ရှိုဗ်ဟာသ် ၊ အီရန်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ စာမျက်နှာ ၃၉၈-၃၉၉။
  2. မိုဟမ္မဒ်ဒီ ရိုင်းရှဲဟ်ရီ ၊ ဒါနစ်ရှ် နာမေဟ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ၊ အီရန်သက္ကရာဇ် ၁၃၉၄ ခုနှစ်၊ စာမျက်နှာ ၂၇-၂၈။
  3. မိုဟမ္မဒ်ဒီ ရိုင်းရှဲဟ်ရီ ၊ ဒါနစ်ရှ် နာမေဟ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ၊ အီရန်သက္ကရာဇ် ၁၃၉၄ ခုနှစ်၊ စာမျက်နှာ ၂၈။
  4. အစ္စဖဟန်နီ ၊ မစ်က်ယာလိုလ်မကာရေမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၈ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၈၁- ၈၄ ။
  5. ရှဖီးအီ စရိုစ်သာနီ ၊ မအ်ရေဖသ် သေ အေမာမ် ဇမာန်း (အ.စ) ဝ သက်လီးဖ်ဖေ မွန်သဇေရာန် ၊ အီရန်သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ စာမျက်နှာ ၂၂၈ ။
  6. နမူနာ ကြည့်ရန် - အေမာမ် စဂျာဒ် (အ.စ) ၊ ဆဟီးဖဟ် စဂျာဒ်ဒီယဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၆ ခုနှစ်၊ စာမျက်နှာ ၁၅၆ ။ နဲဟ်ဂျိုလ်ဗလာဂဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ်၊ စာမျက်နှာ ၂၈၂ ။
  7. အစ္စဖဟန်နီ ၊ မစ်က်ယာလိုလ်မကာရေမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၈ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၂၂၁ - ၂၂၈ ။
  8. ကိုလိုင်းနီ၊ အလ်ကာဖီ ၊ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ၁ ။ စာမျက်နှာ ၃၆၈။
  9. အစ္စဖဟန်နီ ၊ မစ်က်ယာလိုလ်မကာရေမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၈ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၂၂၈ - ၂၃၄။
  10. အစ္စဖဟန်နီ ၊ မစ်က်ယာလိုလ်မကာရေမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၈ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၂၃၄။
  11. ရှိက်ခ် ဆူဒူက် ၊ ကမာလွတ်ဒ်ဒီးန် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၅ ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၄၈၅။
  12. ရေဇ်ဝန်နီ ၊ မောင်အူဒ်ရှနာစီ ဝ ပါစူခ် ဘေ ရှိုဗ်ဟာသ် ၊ အီရန်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ စာမျက်နှာ ၅၀၂-၅၀၃။

ကျမ်းကိုးများ

  • နဲဟ်ဂျိုလ်ဗလာဂဟ် ၊ သဆ်ဟီးဟ် ဆွဗ်ဟီ ဆွာလေဟ် ၊ကွမ်း ၊ နရှ်ရ် ဟစ်ဂျရသ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄။
  • ဆဟီးဖဟ် စဂျာဒ်ဒီယဟ်၊ ကွမ်း ၊ နရှ်ရ် အလ်ဟာဒီ၊ အီရန် သက္ကရာဇ် ၁၃၇၆ ခုနှစ်။
  • အစ္စဖဟန်နီ ၊ ဆယက်ဒ် မိုဟမ္မဒ် သကီး ၊ မစ်က်ယာလိုလ်မကာရေမ် ဖီး ဖဝါအေဒေ ဒိုအာအေ လစ်လ် ကာအေမ် ၊ မိုအ်စေစသိုလ်အေမာမ်မေလ်မဲဟ်ဒီ (အ.စ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၈။
  • ရေဇ်ဝန်နီ ၊ အလီအဇ်ဂ္ဂဲရ် ၊ မောင်အူဒ်ရှနာစီ ဝ ပါစူခ် ဘေ ရှိုဗ်ဟာသ် ၊ ကွမ်း ၊ အင်န်သေရှာရာသ် မတ်စ်ဂျစ်ဒ် ဂျန်မ်ကရာန် ၊ အီရန်သက္ကရာဇ် ၁၃၈၈ ခုနှစ်။
  • ရှဖီးအီ စရိုစ်သာနီ ၊အီဗရာဟီးမ်၊ မအ်ရေဖသ် သေ အေမာမ် ဇမာန်း (အ.စ) ဝ သက်လီးဖ်ဖေ မွန်သဇေရာန် ၊ တီဟီရန် ၊ မောင်အူဒ်ဒေ အဆ်ရ် ၊ အီရန်သက္ကရာဇ် ၁၃၈၇ ခုနှစ်။
  • ရှိက်ခ် ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ၊ ကမာလွတ်ဒ်ဒီးန် ဝသမာန်မ်မွန်နေအ်မဟ် ၊ တီဟီရန်၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၅ ခုနှစ်။
  • ကိုလိုင်းနီ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူးဗ် ၊အလ်ကာဖီ ၊တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်။
  • မိုဟမ္မဒ်ဒီ ရိုင်းရှဲဟ်ရီ ၊ မိုဟမ္မဒ် ၊ ဒါနစ်ရှ် နာမေဟ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ဘရ်ပါယေဟ် ဟေကုရ်အာန် ၊ ဟဒီးစ် ဝ သာရီးခ် ၊ ကွမ်း ၊ မိုအ်စေစေဟ် အေလ်မီ ဖရ်ဟန်ဂီ ဒါရိုလ်ဟဒီးစ် ၊ စာဇမာန် ဂျာဗ် ဝနရှ်ရ် ၊ အီရန်သက္ကရာဇ် ၁၃၉၃ ခုနှစ်။