ဝေလာယသ် ချန်နယ်

wikishia မှ

ဝေလာယသ်ကမ္ဘ့ာချန်နယ် သည် ရှီအဟ်တို့၏ မရ်ဂျအ် သက္က်လီးဒ် နာဆွီရ် မကာရင်မေ ရှဖိရာဇီ ၏ ပံ့ပိုးကူညီမှုနှင့် ကြီးကြပ်မှုဖြင့် တည်ထောင်ပြီး လည်ပတ်နေသည့် ဂြိုလ်တု ချန်နယ်တစ်ခု ဖြစ်သည်။ ဤချန်နယ်ကို အီရာန်နှစ် ၁၃၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၎င်း၏ ပရိုဂရမ်များကို ပါရှန်၊ အာရဗီ၊ ဟူစာယီ နှင့် အာဇဲရီ ဘာသာစကားများဖြင့် ထုတ်လွှင့်သည်။ ဤချန်နယ်၏ ရည်ရွယ်ချက်များမှာ အဟ်လေဗိုင်သ်(အစ) ၏ သင်ကြားမှုနှင့် ယဉ်ကျေးမှုကို ဖြန့်ဝေခြင်းဖြစ်ပြီး ရှီအဟ် ဘာသာ၏ အလေးအနက်ထားရာများမှ ကာကွယ်ခြင်း၊ အဟ်လေဗိုင်သ်(အစ) ၏ ယဉ်ကျေးမှုနှင့် အတွေးအခေါ်များအပေါ် အခြေခံ၍ အစ္စလာမ် သာသနာအား ထိုးထွင်းသိမြင်မှု နှင့် တန်ဖိုးထားမှုများကို ဖြန့်ဝေခြင်း တို့ဖြစ်သည်။ ဤချ်နယ်သည် ၎င်း၏ အကြောင်းအရာများကို အွန်လိုင်းတွင်လည်း ပြသထားပြီး ၎င်း၏ ပရိုဂရမ်အချို့ကို စာအုပ်များအဖြစ် ပြောင်းလဲထားသည်။

ရည်ရွယ်ချက် နှင့် အရေးပါမှုများ

ဝေလာယသ်ကမ္ဘ့ာချန်နယ် သည် ရှီအဟ်တို့၏ မရ်ဂျအ် သက္က်လီးဒ် နာဆွီရ် မကာရင်မေ ရှဖိရာဇီ ၏ ပံ့ပိုးကူညီမှုနှင့် ကြီးကြပ်မှုဖြင့် တည်ထောင်ပြီး လည်ပတ်နေသည့် ဂြိုလ်တု ချန်နယ်တစ်ခု ဖြစ်သည်။ (1) ချန်နယ်၏ ပရိုဂရမ်များကို ပါရှန်၊ အာရဗီ၊ အာဇဲရီ နှင့် ဟူစာယီ ဘာသာစကားများဖြင့် ထုတ်လွှင့်ပြီး ချန်နယ်၏ မန်နေဂျာများ အဆိုအရ စဝါဟီလီ ဘာသာစကား (2) နှင့် ရုရှား ဘာသာစကား တို့ကိုလည်း ၎င်းတို့ထံ ပေါင်းထည့်မည် ဖြစ်သည်။ (3) ဤချန်နယ်၏ ရည်ရွယ်ချက်များမှာ အဟ်လေဗိုင်သ်(အစ) ၏ သင်ကြားမှုနှင့် ယဉ်ကျေးမှုကို ဖြန့်ဝေခြင်းဖြစ်ပြီး ရှီအဟ် ဘာသာ၏ အလေးအနက်ထားရာများမှ ကာကွယ်ခြင်း၊ အဟ်လေဗိုင်သ်(အစ) ၏ ယဉ်ကျေးမှုနှင့် အတွေးအခေါ်များအပေါ် အခြေခံ၍ အစ္စလာမ် သာသနာအား ထိုးထွင်းသိမြင်မှု နှင့် တန်ဖိုးထားမှုများကို ဖြန့်ဝေခြင်း ထို့အပြင် ဘာသာရေးဆိုင်ရာ စောဓကများနှင့် မေးခွန်းများကို ဖြေကြားခြင်းနှင့် အစ္စလာမ့်အသိပညာ နှင့် အသိတရားများကို နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် စသည်တို့ ဖြစ်သည်။ (4) ဂြိုလ်တုနှစ်ခုဖြင့် ချတ်ဆက်ထားသည့် ဝေလာယသ်ကမ္ဘ့ာချန်နယ် ဝေလာယသ်ကမ္ဘ့ာချန်နယ် ကို မြောက်နှင့် တောင်အမေရိက၊ ဥရောပ၊ မြောက်အာဖရိက၊ အလယ်ပိုင်းအာရှ၊ ပင်လယ်ကွေ့ နိုင်ငံများ၊ တောင်နှင့် အရှေ့တောင် တရုတ်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်နှင့် ရုရှားဓနသဟာယ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Hotbird နှင့် Galaxy ဂြိုလ်တုများဖြင့် ရရှိနိုင်ပါသည်။ ဤချန်နယ်ပေါ်ရှိ အချေအတင် ဆွေးနွေးမှုများ နှင့် သံသယများကို ဖြေကြားခြင်း ကဲ့သို့သော အချို့သော ပရိုဂရမ်များသည် လာရောက်ကြည့်ရှုသူ သန်း ၄၀ အထိ ရရှိခဲ့သည်ဟု ဆိုထားသည်။ ချန်နယ်သို့ နေ့စဉ် အင်တာနက် ထုပ်လွှင့်မှုမှ လာရောက်ကြည်ရှုသူ ၄,၀၀၀ ရှိသည်။ (5) ဤချန်နယ်၏ ဌာနချုပ်သည် ကွမ်းတွင် တည်ရှိသည်။ (6)

သမိုင်းအကျဉ်း

ဝေလာယသ် ချန်နယ်သည် စိုင်ယိဒ် မုဟမ္မဒ် ဟိုစိုင်းန် ကဇ်ဝီနီ၏ စီမံခန့်ခွဲမှု အောက်တွင် ရဂျက်ဘ်လ ၁၃ ရက် ဟီဂျရီ ၁၄၃၁ (7) သီးရ်လ ငါးရက် အီရာန်နှစ် ၁၃၈၉ တွင် စတင်လည်ပတ်ခဲ့သည်။ (8) ဤစုဆောင်းမှုကို “ကမ္ဘာတစ်ဝန်း ဝေလာယသ် ဌာနချုပ်” အဖြစ် အီရန်တွင် မှတ်ပုံတင်ထားပြီး အမေရိကန်နှင့် ဗြိတိန်တွင် “ကမ္ဘာတစ်ဝန်း ဝေလာယသ် ဌာနချုပ်” အဖြစ် တရားဝင် အသိအမှတ် ပြုထားသည်။ (9) ၁၃၉၆ ခုနှစ် အာဇဲရ်လတွင် အဘ္ဘာစ် ရဖ်အသီအား နာဆွီရ် မကာရင်မေ ရှီရာဇီ မှ ဤချန်နယ်၏ ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ (10) အိစ်ဖန့်ဒ် ၁၄၀၁ တွင် စိုင်ယိဒ် ဂျအ်ဖရ် အလဝီ အား ပြည်နယ်ချန်နယ်၏ ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့သည်။ (11) အီရာန်နှစ် ၁၃၉၆ ခုနှစ်တွင် မောင်လဝီ အဗ္ဗ်ဒုလ်ဟမီးဒ် ဇာအ်ဒါန် ၊ အဟ်လေစွန္နသ်တို့၏ ရှေ့ဆောင် အေမာမ် ဂျမာအသ် ၏ အစီအစဉ် တစ်ခုတွင် ရှီအဟ် တို့၏ မရ်ဂျအ် သက္က်လီးဒ် နာဆွီရ် မကာရင်မေ ရှီရာဇီ သည် အစ္စလာမ္မစ် အတိုင်ပင်ခံ ညီလာခံ၏ စွန္နီအဖွဲ့ခွဲများ၏ အစီအစဉ်တစ်ခုအား ထုတ်လွှင့်ပြီးနောက်၊ အီရာန်မှ ထိုအစီအစဉ်ကို တုံ့ပြန်ပြီး ရှုတ်ချခဲ့သည်။ မကာရင်မေ ရှီရာဇီ ၏ သတငအချက်အလက်၌ လာရှိထားသည်မှာ သဘောထားကွဲလွဲသော ပရိုဂရမ်များကို ထပ်ခါတလဲလဲ ပြုလုပ်ပါက၊ ဤချန်နယ်အတွက် ၎င်း၏ ပံ့ပိုးမှုကို ဖြတ်တောက်လိမ့်မည် ဟုဖော်ပြထားသည်။ (12)

အစီအစဉ်များ

ဝေလာယသ် ချန်နယ်၏ အစီအစဉ်များကို အစ္စလာမ်၊ ရှီအဟ် ယဉ်ကျေးမှု၊ လူမှုရေး နှင့် စီးပွားရေးဆိုင်ရာ အကြောင်ူအရာ များကဲ့သို့ အမျိုးမျိုးသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသည့် စကားဝိုင်းများ၊ ပညာရေး ဆွေးနွေးပွဲများ ၊ မှတ်တမ်းရုပ်ရှင်များ၊ အချေအတင် ဆွေးနွေးမှုများ နှင့် အစီရင်ခံစာများဖြင့် ဖွဲ့စည်းထားသည်။ ချန်နယ်၏ အကြောင်းအရာအများစုသည် ချန်နယ်ကို မိတ်ဆက်ခြင်းနှင့် အသိအမှတ်ပြုခြင်း၊ သံသယများနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြဿနာများကို တုံ့ပြန်ခြင်း စသည်တို့ ဖြစ်သည်။ (13) ဤချန်နယ်၏ စာများကို တစ်နေ့လျှင် ၁၄ နာရီ ထုတ်လွှင့်သည်။ ဤစုစည်းမှု၏ အကြောင်းအရာများကို သဖ်စီးရ်၊ ကုရ်အာန်ကျမ်းတော်မြတ် ပညာများ၊ ဓမ္မပညာ နှင့် မဟ်ဒဝီယသ်၊ ဘာသာရေးဆိုင်ရာ အသိပညာနှင့် တွေးခေါ်မှု၊ မိသားစု၊ သမိုင်းနှင့် အမူအကျင့်များ၊ စောဓကများ၏ အဖြေများ၊ နဟ်ဂျွလ်ဗလာဂဟ် နှင့် ဆွဟီးဖေယေ စဂျာဒီယဟ် နှင့် အထူးအစီအစဉ်များကို ထုပ်လွှင့်ပေသည်။ (14) ဤချန်နယ်မှ ထုတ်လုပ်သည့် ပရိုဂရမ်အချို့ကို စာအုပ်များအဖြစ် ပြောင်းလဲထားသည်။ (15)