ဝူ‌ဇူ‌ယေဗီးရေဟ်

wikishia မှ
(ဝူ‌ဇူ‌-ယေ- ဂျဗီးရေဟ် မှ ပြန်ညွှန်းထားသည်)

ဝူ‌ဇူ‌ယေဗီးရေဟ် (အရဗီ - وضوء الجبيرة) သည် ဝူဇူ အမျိုးအစားများ အနက်မှ တစ်ခုဖြစ်ပေသည်။ အကယ်၍ ဝူဇူပြုလုပ်ရမည့် ကိုယ်ခန္ဓာအစိတ်အပိုင်း သို့မဟုတ် မက်စ်(ဟ်) ပြုလုပ်ရမည့်နေရာ တစ်နေရာသည် ဒဏ်ရာ သို့မဟုတ် ကျိုးနေပြီး ထိုနေရာကို ဆေးကြောရန် သို့မဟုတ် မက်စ်(ဟ်) ပြုလုပ်ရန် ဖြစ်နိုင်ခြေ မရှိပါက သို့မဟုတ် သာမာန်အတိုင်း ဝူဇူ ပြုလုပ်ရန် ဖြစ်နိုင်ခြေမရှိပါက ထိုနေရာများကို စိုစွတ်နေသောလက်ဖြင့် ပွတ်သပ်ပေးရပေးမည်။ ဂျဗီးရေ ဆိုသည်မှာ ဒဏ်ရာအပေါ် ပတ်ထားသော ပတ်တီး သို့မဟုတ် ပိတ်စ အစရှိသည့်အရာများကို ခေါ်ဆိုသည်။

ဝေါဟာရအနက်အဓိပါယ်

ဂျဗီးရေဟ် ဆိုသည်မှာ ဒဏ်ရာအပေါ် ပတ်ထားသော ပတ်တီး သို့မဟုတ် ပိတ်စ အစရှိသည့်အရာများကို ခေါ်ဆိုသည်။ [၁]မည်သည့်အချိန်မဆို ဝူဇူပြုလုပ်သူ၏ ဝူဇူလုပ်မည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုသည် ဒဏ်ရာရနေမည် သို့မဟုတ် ကျိုးနေမည် ဆိုပါက ထို့နောက် ယင်းအားဆေးကြောရန် သို့မဟုတ် မက်စ်(ဟ်) ပြုလုပ်ရန် ဖြစ်နိုင်ခြေမရှိပါက သို့မဟုတ် သာမန်အတိုင်းဝူဇူ ပြုလုပ်ရန် မဖြစ်နိုင်ပါက ထိုနေရာများအပေါ်သို့ ‌ဝူဇူအစား စိုစွတ်နေသောလက်ဖြင့် ပွတ်သပ်ပေးရပေမည်။[၂] ထို့ကြောင့် ဝူဇူပြုလုပ်သူသည် စိုစွတ်နေသောလက်ဖြင့် ယင်းနေရာများအပေါ်သို့ ပွတ်သပ်ပေးလိုက်ခြင်းကြောင့် ထိုသို့ဝူဇူကို ဝူဇူ-ယေ- ဂျဗီးရေဟ် ဟုခေါ်ဆိုသည်။

ပညတ်တော်များ

အကယ်၍ ဝူဇူပြုလုပ်ရမည့် ကိုယ်ခန္ဓာ အစိတ်အပိုင်း သို့မဟုတ် မက်စ်(ဟ်) ပြုလုပ်ရမည့်နေရာ တစ်နေရာသည် ဒဏ်ရာ သို့မဟုတ် ကျိုးနေမည် ဆိုပါက ထိုနေရာကို ဆေးကြေားရန် သို့မဟုတ် မက်စ်(ဟ်) ပြုလုပ်ရန် ဖြစ်နိုင်ခြေ မရှိပါက သို့မဟုတ် သာမာန်အတိုင်း ဝူဇူ ပြုလုပ်ရန် ဖြစ်နိုင်ခြေမရှိပါက ထိုနေရာများကို စိုစွတ်နေသောလက်ဖြင့် ပွတ်သပ်ပေးရပေးမည်။[၃] ဝူဇူ-ယေ-ဂျဗီးရေဟ် ပြုလုပ်ပိုင်ခွင့်ရှိသည့်အချိန်မှာ - ပတ်တီး သို့မဟုတ် ဒဏ်ရာ အပေါ် ပတ်ထားသည့် အရာအား ဖွင့်မည်ဆိုပါက အန္တရာယ် ရှိမည် သို့မဟုတ် ဒဏ်ရာ ၊ ကျိုးနေသည့်နေရာကို တိုက်ရိုက် ရေဆေးရန် ဖြစ်နိုင်ခြေ မရှိသော အခြေအနေမျိုး၌သာ ဝူဇူ-ယေ- ဂျဗီးရေဟ်ပြုလုပ်ခြင်းသည် မှန်ကန်ပေသည်။[၄]

အချို့သောအရာများ၌ ဝူဇူအစား သယ(မ်)မွမ် ပြုလုပ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ ဥပမာ အကယ်၍ ဝူဇူပြုလုပ်မည်ဆိုပါက နမားဇ်အချိန် ကုန်သွားမည် သို့မဟုတ် နမားဇ်၏ အချို့အစိတ်အပိုင်းများ ဖတ်ရန် လွတ်သွားမည် ဆိုပါက ထိုသို့အခြေအနေ၌ ဝူဇူ အစား သယ(မ်)မွမ် ပြုလုပ်ရပေမည်။ [၅]ထို့အတူ ရေ မရှိပါက သို့မဟုတ် ရေ သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အန္တရာယ် ရှိပါက ဝူဇူ အစား သယ(မ်) မွမ် ပြုလုပ်ရပေမည်။ [၆] ဂျနာ ဘသ် ဂူစွလ် ပြု လုပ်ပီးနောက် နမားဇ် အတွက် ဝူဇူ ထပ်မံ ပြု လုပ်ရန် မလိုအပ်ပေ။ ထိုဂူစွလ်သည် ဝူဇူအစား ဖြစ်သွားပေသည်။ [၇]

မှတ်စုများ

  1. ဖွလာဇာဒဲဟ် ဒရ်စ်နာမဲဟ်ယေ အဲဟ်ကာမ် မွတ်ဘ်သလာဘေဟ် ဟဂျာဂျ် ၊ဟီဂျရီ၁၃၈၅ခုနှစ် ၊စာမျက်နာ၃၇
  2. ဖွလာဇာဒဲဟ် ဒရ်စ်နာမဲဟ်ယေ အဲဟ်ကာမ် မွတ်ဘ်သလာဘေဟ် ဟဂျာဂျ် ၊ဟီဂျရီ ၁၃၈၅ခုနှစ် ၊စာမျက်နာ၃၇၊၃၈
  3. ဖွလာဇာဒဲဟ် ဒရ်စ်နာမဲဟ်ယေ အဲဟ်ကာမ် မွတ်ဘ်သလာဘေဟ် ဟဂျာဂျ် ၊ဟီဂျရီ၁၃၈၅ခုနှစ် ၊စာမျက်နာ၃၇၊၃၈
  4. ဖွလာဇာဒဲဟ် အဲဟ်ကာမ်မေဒီန်၊အီရန် သက္ကရာဇ် ၁၃၈၄၊စာမျက်နာ၄၇၊၄၈
  5. ဖွလာဇာဒဲဟ် အဲဟ်ကာမ်မေဒီန်၊အီရန် သက္ကရာဇ် ၁၃၈၄၊စာမျက်နာ၄၆
  6. အဘ်နေအီဒ်ရီစ် ဟလ်လီ၊အရ်စရာအရ် ၊ဟီဂျရီ၁၄၁၀၊အတွဲ၁၊စာမျက်နာ၁၃၅
  7. ဖွလာဇာဒဲဟ် အဲဟ်ကာမ်မေဒီန်၊အီရန် သက္ကရာဇ် ၁၃၈၄၊စာမျက်နာ၅၇

ကျမ်းကိုးမျာ

  • အဘ်နေအီဒ်ရီစ်၊ မိုဟမ္မဒ်ဘင်န်အဟ်မ္မဒ်၊အလ်စရာအင်ရ် ၊ကွမ်းမြို၊မိုအက်စ်စသလ်နရှ်ရ်အစ္စလာမ်မီး အရ်သာဘေအသလ်ဂျမာအာသ်ုရ်မိုဒရ်ရေဆီးန်၊နှစ်ကြိန်မြောက်ဖြန့်ချီမှု ၊ဟီဂျရီ(၈)ခု
  • ဖွလာဇာဒဲဟ် အဲဟ်ကာမ်မေဒီန်၊တီဟ်ရန်၊မရှ်အရ်၊အီရန်သက္ကရာဇ်၁၃၉၀
  • ဖွလာဇာဒဲဟ်၊မိုဟမ္မဒ် ဟိုစိန်း၊ဒရ်စ်နာမဲဟ်ယေ အဲဟ်ကာမ် မွတ်ဘ်သလာဘေဟ် ဟဂျာဂျ် ၊တီဟ်ရန်၊မရှ်အရ်၊အီရန်သက္ကရာဇ်၁၃၈၉