ဝါဂျီဘ်ဆွဒ်ကဟ်

wikishia မှ

        ဝါဂျီဘ်ဆွဒ်ကဟ် ဆိုသည်မှာ အစ္စလာမ်သာသနာ၏ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများဖြစ်သည့် ဇကားသေမာလီ (ပစ္စည်းဥစ္စာငွေကြေး ဆိုင်ရာ ဇကားသ် ပေးဆောင်ခြင်း) ၊ ဇကားသေဖိသ်ွရာ နှင့် ကဖာရဟ်များ ကို ရည်ညွှန်းပေသည်။ ဝါဂျီဘ်ဆွဒ်ကဟ် သည် ဖိက္ကဟ် ဓမ္မသတ်ကျမ်း၌ သီးသန့် ခေါင်းစဉ်တစ်ခု အနေဖြင့် မလာရှိထားပေ။ သို့သော် ၎င်းတို့နှင့် သက်ဆိုင်သော အကြောင်းအရာ တစ်ခုချင်စီတိုင်းကို သီးခြားဆွေးနွေးတင်ပြထားသည်။ ဝါဂျီဘ် ဆွဒ်ကဟ် နှင့်ပတ်သက်ပြီး အချို့ဖကီးဟ် ပညာရှင်များ၏ အမြင်၌ ရေဘူယျ ဥပဒေသတစ်ခု တင်ပြထားသည်မှာ “ဝါဂျီဘ်ဆွဒ်ကဟ် သည် မွစ်သဟဘ်ဆွဒ်ကဟ် နှင့်ဆန့်ကျင်ဘက် ဖြစ်ပြီး ၎င်းအား ပေါ်လွင်ထင်ရှားစွာ ပေးကမ်းခြင်းသည် ပိုမိုကောင်းမွန်ပေသည်။”

ဝါဂျီဘ်ဆွဒ်ကဟ် အား အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း

        ဆွဒ်ကဟ် ဆိုသည်မှာ မိမိပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို အရှင်မြတ်အတွက် ဟူသော နီယသ်ဖြင့် အခြားသူများအား ပေးကမ်းစွန့်ကြဲခြင်း ကိုခေါ်ဆိုသည်။ (1) ဆွဒ်ကဟ် နှစ်မျိုးရှိပေသည်။ မွစ်သဟဘ်ဆွဒ်ကဟ် နှင့် ဝါဂျီဘ်ဆွဒ်ကဟ် တို့ဖြစ်သည်။ ပစ္စည်းဥစ္စာများကို အခြားသူများအား ပေးကမ်းစွန့်ကြဲခြင်း သည် အကယ်၍ အရှင်မြတ်နှင့် နီးစပ်ဖို့ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ပေးကမ်းပါက ၊ မွစ်သဟဘ်ဆွဒ်ကဟ် ဖြစ်သည်။ ဝါဂျီဘ်ဆွဒ်ကဟ် ၌ မဖြစ်မနေ ပေးဆောင်ရမည့် ပစ္စည်းဥစ္စာများ ဥပမာ ဇကားသေမာလ် (ပစ္စည်းဥစ္စာငွေကြေး ဆိုင်ရာ ဇကားသ် ပေးဆောင်ခြင်း) ၊ ဇကားသေ ဖိသ်ွရဟ် နှင့် ကဖာရဟ်များ အကျုံးဝင်ပေသည်။ (2)

ဥပဒေသ

        ဖိက္ကဟ် စာအုပ်များ၌၊ ဝါဂျီဘ်ဆွဒ်ကဟ် တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်ဥပဒေသများ ရှိပြီး ထိုဥပဒေသများကို သီးခြားစွာ ဆွေးနွေး‌တင်ပြ ထားပေသည်။ ဥပမာ ၊ ဇကားသေမာလ် (ပစ္စည်းဥစ္စာငွေကြေး ဆိုင်ရာ ဇကားသ် ပေးဆောင်ခြင်း) ၊ ဇကားသေ ဖိသ်ွရဟ် နှင့် ကဖာရာများ ဖြစ်ကြပြီး ၎င်းတို့ တစ်ခုချင်းစီတိုင်း၏ ဥပဒေသများသည် ဖိက္ကဟ်စာအုပ်၌ လာရှိထားပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် ခေါင်းစဉ် တစ်ခုခြင်းစီတိုင်းကို ဆွေးနွေးတင်ပြထားသည်။ (3) အချို့သော ဖိက္ကဟ် အရေးအသားများတွင် ဝါဂျီဘ်ဆွဒ်ကဟ် အကြောင်းကိုလည်း ယေဘူယျ အားဖြင့် ဆွေးနွေး‌တင်ပြထားသည်။ ဥပမာပေးရသော် ၊ ဆွာဟီဘေဂျဝါဟီရ် ( ဟီဂျရီ ၁၂၀၂- ၁၂၆၆ ) သည် ဂျဝါဟီရုလ်ကလာမ် စာအုပ်၏ အချို့အပိုင်းတွင် “ဝက္က်ဖ် ဝါ ဆွဒ်ကဟ်” ဟူသော ခေါင်းစဉ်ဖြင့် ဝါဂျီဘ်ဆွဒ်ကဟ် နှင့်သက်ဆိုင်သော အကြောင်းအရာတစ်ခုကို တင်ပြထားသည်။ ထိုအကြောင်းအရာမှာ “အချို့သော ဖကီးဟ် ပညာရှင်များသည် ရေဝါယသ်တစ်ခုကို ထောက်ထားကိုးကားခြင်းဖြင့် ၊ ပြောထားသည်မှာ ၊ ဝါဂျီဘ်ဆွဒ်ကဟ် အားပေါ်လွင်စွာ ပေးဆောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့သော် မွစ်သဟဘ်ဆွဒ်ကဟ် သည် လျှို့ဝှက်စွာ ပေးဆောင်သင့်ပေသည်။” ဟူ၍ဖြစ်သည်။ (4) အချို့များသည်လည်း မည်သည့်ဆွဒ်ကဟ် တိုင်းကိုမဆို ဝါဂျီဘ် ဖြစ်စေ ၊ မွစ်သဟဘ် ဖြစ်စေ ၊ လျှို့ဝှက်စွာ ပေးဆောင်ခြင်းသည် အကောင်းဆုံး ဖြစ်သည် ဟု ဖော်ပြထားသည်။ (5) ဟီဂျရီ ၁၁ ရာစု၏ ဖကီးဟ် ပညာရှင် ဖြစ်သူ မုဟမ္မဒ် ဆွာလေဟ် မာဇင်န်ဒရောနီ သည် ဆွဒ်ကဟ်တိုင်းကို လျှို့ဝှက်စွာ ပေးဆောင်ရခြင်း၏ အကြောင်းအရင်းကို ပြောထားသည်မှာ “ ထိုသို့ပေးဆောင်ခြင်းသည် ကျွန်ုပ်တို့အား ကြွားဝါခြင်းမှ ကင်းဝေးစေသည်” ။ (6)