ဝါဂျစ်ဗ် ဗါသ်သေနမာဇ်
- ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။

ဝါဂျစ်ဗ် ဗါသ်သေနမာဇ် (အရဘီ : واجبات الصلاة ) ဆိုသည်မှာ နမာဇ် ၏အဓိကအစိတ်အပိုင်းများဖြစ်ပါ သည်။ ထင်ရှား ကျော်ကြားသည် ဓမ္မသတ်ပညာရှင်များ (ခ) မွတ်ဂျ်သဟစ်ဒ်များ အဆိုအရ အချက် ၁၁ ချက်ပါ ဝင်ပါ သည်။ ဝါဂျစ်ဗ် ဗါသ်သေနမာဇ် အား ရူက်န် (အစိတ်အပိုင်း ) နှင့် ဂိုင်းရေ ရူက်န် ( အစိတ်အပိုင်းမဟုတ်) ဟူ၍ ခွဲခြားထားပါသည်။ ဝါဂျစ်ဗ် ဗါသ်သေနမာဇ် ၏ အရ်ကာန် (ခ) အစိတ်အပိုင်းများ ကို တမင်တကာ သို့မဟုတ် မေ့၍ လွတ်လိုက်ခြင်း ဖြင့် နမာဇ် ပျက်သွားပါသည်။
အဓိပ္ပာယ် ဖွင့်ဆိုချက်
ဝါဂျစ်ဗ် ဗါသ်သေနမာဇ် သည် နမာဇ်၏ အဓိကအစိတ်အပိုင်းများဖြစ်ပြီး မလွဲမသွေ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထင်ရှား ကျော်ကြားသည့် အဆိုအရ ဝါဂျစ်ဗ် ဗါသ်သေနမာဇ် ၏ အရေအတွက်မှာ ၁၁ ခုဖြစ်ပါ သည်။
- နီယသ် - သတ်မှတ်ထားသည့် နမာဇ် တစ်ခုခု အား အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်ကို နာခံရန် နှင့် အရှင်မြတ်၏ နှစ်မြို့ မှုကို ဆွတ်ခူးနိုင်ရန် ဆိုသည့် ရည်ရွယ်ချက် ဖြင့် ဆောက်ရွက် ခြင်း ကို ခေါ်ဆိုပါသည်။ နမာဇ်ပြီးသည် အထိ ဤ နီယသ် ကို ထိန်းသိမ်းရန် အရေးကြီးပါသည်။[၁]
- ကယာန်းမ် - သက်ဘီးရသိုလ်အဲဟ်ရာမ် နှင့် ကေရာအသ် ပြုစဥ် ထိုနည်းတူစွာ ရကူအ် ပြုမတိုင်မီအလျင် နှင့် ရကူအ် ပြုပြီးနောက် မတ်ရပ်ရပ်ခြင်း ဖြစ်ပါသည်။[၂]
- သက်ဘီးရသိုလ်အဲဟ်ရာမ် - နီယသ် ပြီးနောက် နမာဇ် စတင်ချိန် နှင့် ကယာန်းမ် အခြေအနေအတွင်း «اَللّهُ أَکبَر» အလ္လာဟ်ဟိုအက္က်ဘဲရ် ဆိုခြင်း ဖြစ်ပါသည်။[၃]
- ကေရာအသ် - စူရဟ်ဟမ်ဒ် နှင့် စူရဟ် တစ်ပုဒ်ပုဒ်အား ပထမရကတ် နှင့် ဒုတိယ ရကတ် တွင် ဖတ်ရွတ် ခြင်း နှင့် စူရဟ် ဟမ်ဒ် သို့မဟုတ် သက်စ်ဘီဟာသ်သေ အရ်ဗအ် အား ရကတ် တတိယ နှင့် စတုတ္တ ရကတ် တွင် ဖတ်ရွတ် ခြင်း ဖြစ်ပါသည်။[၄]
- ဇေက်ရ် - ရကူအ် နှင့် စဂျ်ဒဟ် တွင် ဖတ်ရွတ်ရသည့် စာသား ဖြစ်ပါသည်။ ဇေက်ရ် မွတ်စ်သဟဗ် ရကူအ် မှာ « سُبْحَانَ رَبِّی الْعَظِیمِ وَ بِحَمْدِهِ » မြန်မာအသံထွက် « စိုဗ်ဟာနရဗ်ဘီယလ်အဇီးမ်မေ ဝဗေဟမ်ဒေဟီ » ဖြစ်ပါ သည်။ ဇေက်ရ် မွတ်စ်သဟဗ် စဂျ်ဒဟ် မှာ « سُبْحَانَ رَبِّی الْأَعْلَی وَ بِحَمْدِهِ۔ » မြန်မာအသံထွက် « စိုဗ်ဟာန ရဗ်ဘီယလ်အအ်လာ ဝဗေဟမ်ဒေဟီ » ဖြစ်ပါ သည်။[၅]
- သရ်သီးဗ် - ဝါဂျစ်ဗ် ဗါသ်သေနမာဇ် အား သူနေရာနှင့် သူ ၊ ရှေ့နောက် မပြုဘဲ ဆောင်ရွက် ခြင်းဖြစ်ပါ သည်။[၆]
- မဝါလာသ် -နမာဇ်၏ ဇေက်ရ်များ နှင့် လုပ်ဆောင်ချက်များ အနားယူခြင်းမပြုဘဲ ရှေ့ဆင့်နောက်ဆင့် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။[၇]
- ရကူအ် - နမာဇ် ဝတ်ပြုသူအနေဖြင့် ကေရာအသ် ပြုပြီးနောက် မိမိ၏ လက်ချောင်းများ ကို ဒူးများအထိ ကွေးကာ ဦးညွှတ်ပြီး ဇေက်ရ် ဆိုခြင်း ဖြစ်ပါသည်။[၈]
- စဂျ်ဒဟ် - ရကူအ် ပြုပြီးနောက် မတ်တပ်ရပ်ပြီး လက်နှစ်ဖက် ၊ ဒူးနှစ်ချောင်း၊ ခြေမ နှစ်ချောင်း (အား မြေကြီး(သို့မဟုတ်)အခင်းတစ်ခုခု စသည်အပေါ်ထိပြီး ) နှင့် နဖူးကို မြေကြီးပေါ်တင်ပြီး ဇေက်ရ် ဖတ်ရွတ် ခြင်း ဖြစ်ပါသည်။[၉]
- သရှ်ဟွတ်ဒ် - နမာဇ် ဝတ်ပြုသူအနေဖြင့် ဒုတိယ ရကတ် ၏ ဒုတိယ စဂျ်ဒဟ်အပြီး နှင့် နောက်ဆုံး ရကတ် ၏ နောက်ဆုံးစဂျ်ဒဟ် ပြုပြီးနောက် ထိုင်ပြီး «اَشْهَدُ اَنْ لا اِلهَ اِلاَّ اللّهُ وَحْدَهُ لا شَریکَ لَهُ، وَ اَشْهَدُ اَنَّ مُحَمَّداً عَبْدُهُ وَ رَسُولُهُ، اَللّهُمَّ صَلِّ عَلی مُحَمَّدٍ وَ آلِ مُحَمَّدٍ» မြန်မာအသံ ထွက် « အရှ်ဟဒိုအလ်လာအေလဟအစ်လ္လာဟ်ဟို ဝဟ်ဒဟို လာရှရီးကလဟ် ဝအရှ်ဟဒို အန်န မိုဟမ္မဒ်ဒန်းအဗ်ဒိုဟို ဝရစူလိုဟ် ၊ အလ္လာဟ်ဟွန်မ်မ ဆွလ်လေအလာ မိုဟမ္မဒ် ဝအာလေ မိုဟမ္မဒ် » ကို ဆို ခြင်း ဖြစ်ပါသည်။[၁၀]
- စလာမ် - နမာဇ် ဝတ်ပြုသူ အနေဖြင့် နောက်ဆုံး ရကတ် ၏ သရှ်ဟွတ်ဒ် ပြီးနောက် ထိုင်လျက် ဝါကျ နှစ် ကြောင်း မှာ တစ်ကြောင်း ကို ပြောခြင်း ဖြစ်ပါသည်။ ၎င်းဝါကျ နှစ်ကြောင်း မှာ «اَلسَّلامُ عَلَینا وَ عَلی عِبادِ اللَّهِ الصّالِحینَ، اَلسَّلامُ عَلَیکمْ وَ رَحْمَةُ اللَِّه وَ بَرَکاتُهُ » မြန်မာ အသံထွက် « အစ်စလာမ်မိုအလိုင်းနာ ဝအလာ အေဗါဒေဟစ်ဆ်ဆွာလေဟီးန် ၊ အက်စ်စလာမ်မို အလိုင်းကွမ်းမ် ဝရဟ်မသိုလ် လ္လာဟ်ဟေဝဘရ ကာသိုဟ် » ဖြစ်ပါသည်။ အထက်ပါ ဝါကျ နှစ်ကြောင်း စလုံးကို အတူ ရွတ် ဆိုခြင်း နှင့် ဤဝါကျ နှစ်ကြောင်း ကို မရွတ်ဆိုမီအလျင် ဤ ဝါကျ « اَلسَّلامُ عَلَیکَ اَیهَا النَّبِی وَ رَحْمَةُ اللَّهِ وَ بَرَکاتُهُ » မြန်မာ အသံထွက် « အက်စ်စလာမ်မိုအလိုင်းကာ အိုင်းယိုဟန်နဘီယို ဝရဟ်မသိုလ်လ္လာဟ်ဟေ ဝဘရကာသိုဟ် » အား ရွတ် ဆိုခြင်း သည် မွတ်စ်သဟဗ် ဖြစ်ပါသည်။[၁၁]
အမျိုးအစားများ
ဝါဂျစ်ဗ် ဗါသ်သေနမာဇ် အား ရူက်န် (အစိတ်အပိုင်း ) နှင့် ဂိုင်းရေ ရူက်န် ( အစိတ်အပိုင်းမဟုတ်) ဟူ၍ ခွဲခြားထားပါသည်။[၁၂] ရူက်န် (အစိတ်အပိုင်း ) သည် ထင်ရှားကျော်ကြားသော ဆိုရိုးစကားအရ ၎င်းတို့ကို လျော့၍ ဖြစ်စေ သို့မဟုတ် ပို၍ ပြုလုပ်ခြင်း ဖြစ်စေ၊ မရည်ရွဘ်ဘဲ ဖြစ်စေ သို့မဟုတ် မသိဘဲဖြစ်စေ ၊ သိလျက် တတ်နိုင်ဖြစ်စေ ၊ တမင်တကာဖြစ်စေ မဆောင်ရွက်သည့် အတွက်ကြောင့် နမာဇ် အား ပျက်ပြားသွားစေသည့် အစိတ်အပိုင်းများဖြစ်ပါသည်။[၁၃] သို့သော် နမာဇ် ဝတ်ပြုသူ အနေဖြင့် မေ့ပြီး နမာဇ် ၏ ရူက်န် (အစိတ်အပိုင်း ) တစ်ခုခု အား မပြုလုပ်ခဲ့မိလျင် အချိန်မီသေးလျင် အစားထိုးမှုကို ပြန်လုပ်၍ရ ပါသည်။ ၎င်းနမာဇ်သည် မပျက်ချေ။[၁၄] ဂိုင်းရေ ရူက်န် ( အစိတ်အပိုင်းမဟုတ်) ကို တမင်တကာ လျော့၍ ဖြစ်စေ ၊ပို၍ ဖြစ်စေ ပြုခြင်းသည် နမာဇ်ကို ပျက်စေပါသည်။ မေ့၍ဖြစ်လျင် ရပါသည်။[၁၅]
- ဝါဂျစ်ဗ် ဗါသ်သေ ရူက်န်နီ - နီယသ်၊ ကယားန်မ် ( သက်ဘီးရသိုလ်အဲဟ်ရာမ် အတွင်း နှင့် ရကူအ် မပြုမီ ) ၊ သက်ဘီးရသိုလ်အဲဟ်ရာမ် ၊ ရကူအ် ၊ (ရကတ်တိုင်းတွင်) စဂျ်ဒဟ် နှစ်ခု ဖြစ်ပါသည်။[၁၆]
- ဝါဂျစ်ဗ် ဗါသ်သေ ဂိုင်းရေ ရူက်န်နီ - ကေယာအသ် ၊ ကယားန်မ် ( ကေရာအသ် ပြုချိန် နှင့် ရကူအ် ပြုပြီးနောက်) ၊ ဇေက်ရ် ၊ သရ်သီးဗ် ၊ မဝါလာသ် ၊ သရှ်ဟွတ်ဒ် နှင့် စလာမ် ဖြစ်ပါသည်။[၁၇]
အောက်ခြေ မှတ်စုများ
- ↑ ခိုမေနီ ၊ မောင်စူအသိုလ်အေမာမ်မိုလ်ခိုမေနီ ၊ အီရန် သက္ကရာဇ် ၁၃၉၂ ခုနှစ် ၊ အတွဲ၂၉ ၊ စာမျက်နှာ ၁၇၀။
- ↑ အာယာသွလ္လာဟ် ခါမေနာအီ ၏ တရားဝင်ဝဘ်ဆိုဒ်၊ ဝါဂျစ်ဗ် ဗါသ်သေနမာဇ် - နီယသ်၊ သက်ဘီးရသိုလ်အဲဟ်ရာမ် ၊ ကယားန်မ် ၊ ကေရာအသ် »
- ↑ ဖရ်ဟန်ဂ် ဂေ ဖေက်ဟ်ဟေ ဖွာရစီ ၊ အီရန် သက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၉၅ - ၅၉၇။
- ↑ ဇဟ်နီ ၊ တီဟီရန်နီ ၊ သရ်ဂျိုမဟ် ဝ ရှရ်ဟေလုံမ်အသွတ်ဒ် ဒမစ်ရှ်ကီးယဟ် ၊ အီရန် သက္ကရာဇ် ၁၃၇၃ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၂၃- ၁၂၅။
- ↑ ရှဟီးဒ် စာနီ အရ်ရောင်ဇာသိုလ်ဗဟီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ အတွဲ ၁၊ စာမျက်နှာ ၆၂၁။
- ↑ အာယာသွလ္လာဟ် ခါမေနာအီ ၏ တရားဝင် ဝဘ်ဆိုဒ်၊ ဝါဂျစ်ဗ် ဗါသ်သေနမာဇ် - ဇေက်ရ် ၊ သရှ်ဟွတ်ဒ် ၊ စလာမ် ၊ သရ်သီးဗ် ၊ မဝါလာသ် ၊ ကူနူးသ် နှင့် သအ်ကီးဗ် »
- ↑ ဇဟ်နီ ၊ တီဟီရန်နီ ၊ သရ်ဂျိုမဟ် ဝ ရှရ်ဟေလုံမ်အသွတ်ဒ် ဒမစ်ရှ်ကီးယဟ် ၊ အီရန် သက္ကရာဇ် ၁၃၇၃ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၈၁ ။
- ↑ ဗဟ်ရာနီ ၊ အလ်ဟဒါအေကွန်နာဇေရဟ် ၊ အတွဲ ၈ ၊ စာမျက်နှာ ၂၃၄ ။
- ↑ ရှဟီးဒ် စာနီ အရ်ရောင်ဇာသိုလ်ဗဟီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ အတွဲ ၁၊ စာမျက်နှာ ၆၂၁။
- ↑ ဖရ်ဟန်ဂ် ဂေ ဖေက်ဟ်ဟေ ဖွာရစီ ၊ အီရန် သက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၉၄ - ၄၉၆။
- ↑ ရှဟီးဒ် စာနီ အရ်ရောင်ဇာသိုလ်ဗဟီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ အတွဲ ၁၊ စာမျက်နှာ ၆၂၄။
- ↑ ဖရ်ဟန်ဂ် ဂေ ဖေက်ဟ်ဟေ ဖွာရစီ ၊ အီရန် သက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ အတွဲ ၄၊ စာမျက်နှာ ၁၂၆ ။
- ↑ ဖရ်ဟန်ဂ် ဂေ ဖေက်ဟ်ဟေ ဖွာရစီ ၊ အီရန် သက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ အတွဲ ၄၊ စာမျက်နှာ ၁၂၆ ။
- ↑ ဖရ်ဟန်ဂ် ဂေ ဖေက်ဟ်ဟေ ဖွာရစီ ၊ အီရန် သက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ အတွဲ ၄၊ စာမျက်နှာ ၁၂၇ ။
- ↑ အာယာသွ လ္လာဟ် မကာရေမ်မိုရှီရာဇီး ၏ တရားဝင်ဝဘ်ဆိုဒ်၊ ရူက်န် နှင့် ဂိုင်းရေ ရူက်န် ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် »
- ↑ ဖရ်ဟန်ဂ် ဂေ ဖေက်ဟ်ဟေ ဖွာရစီ ၊ အီရန် သက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ အတွဲ ၄၊ စာမျက်နှာ ၁၂၆ ။
- ↑ ဖရ်ဟန်ဂ် ဂေ ဖေက်ဟ်ဟေ ဖွာရစီ ၊ အီရန် သက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ အတွဲ ၄၊ စာမျက်နှာ ၁၂၆ ။
ကျမ်းကိုးများ
- ဂျန်မ်အီ အဇ် ဗဂျူဟစ်ရှ်ဂရာန် ၊ ဖရ်ဟန်ဂ် ဂေ ဖေက်ဟ်ဟေ ဖွာရစီ ၊ ကွမ်း ၊ မိုအ်စေစေဟ် ဒါယေရ သိုလ်မအာရေဖ် ဖေ ဖေက်ဟ်ဟေ အစ္စလာမ်မီ ၊ ဟီဂျရီသက္ကရာဇ် ၁၃၈၂ခုနှစ်။
- ဗဟ်ရာနီ ၊ ယူစွဖ်၊ အလ်ဟဒါအေကွန်နာဇေရဟ် ဖီးအဲဟ်ကာမေလ်အစ်သ်ရသေလ်သွာဟေရဟ် ၊ ကွမ်း ၊ နရှ်ရ် အစ္စလာမ်မီ ၊ အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ်။
- ခိုမေနီ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ မောင်စူအသိုလ်အေမာမ်မိုလ်ခိုမေနီ ၊ ကွမ်း ၊ မိုအ်စေစေဟ် သောင်းဇီးအ် ဝနရှ်ရ် ရေ အာစာရေ အေမာမ် ခိုမေနီ ၊ အီရန် သက္ကရာဇ် ၁၃၉၂ ခုနှစ်။
- ဇဟ်နီ ၊ တီဟီရန်နီ ၊ ဆယက်ဒ် မိုဟမ္မဒ် ဂျဝါဒ်၊ သရ်ဂျိုမဟ် ဝ ရှရ်ဟေလုံမ်အသွတ်ဒ် ဒမစ်ရှ်ကီးယဟ် ၊ကေသာဗ်ဖရူရှီ ဝတ်ဂျ်ဒါနီ၊ ပထမကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၃ ခုနှစ်။
- အာမေလီ (ရှဟီးဒ် စာနီ) ၊ ဇိုင်နွန်ဒီးန် ဘင်န် အလီ ၊ အရ်ရောင်ဇွာသိုလ်ဗဟီးယဟ် ဖီး ရှရ်ဟ် ဟေလစ်လ် လုံမအသွန်ဒ် ဒမတ်စ်ရှ်ကီးယဟ် ၊ နဂျဖ် ၊ ဂျာမေအသွန်နဂျဖ်အဒ်ဒီနီယဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၃၈၆ခုနှစ်။
- အာယာသွလ္လာဟ် ခါမေနာအီ ၏ တရားဝင် ဝဘ်ဆိုဒ်
- အာယာသွ လ္လာဟ် မကာရေမ်မိုရှီရာဇီး ၏ တရားဝင်ဝဘ်ဆိုဒ်