ဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနား

wikishia မှ

ဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနား ဟူသည်မှာ ကွယ်လွန်သေဆုံးသွားသူတို့နှင့်ပတ်သက်၍ ကျင်းပသည့် အခမ်းအနားတစ်ခုဖြစ်သည်။ ဤအခမ်းအနားများကို ရှေးပဝေသဏီများတည်းက ကျင်းပခဲ့ကြသည်။ ရှေးယခင်ကာလများ၌ မိမိတို့သိကျွမ်းရင်းနှီးသူများ သို့မဟုတ် ဘာသာ သာသနာအကြီးအကဲများအဖို့ လွမ်းဆွတ်အောက်မေ့ပွဲများ ကျင်းပကြသည်။ သမိုင်းအရင်းအမြစ်များအရ အစ္စလာမ်၌ ဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနားကျင်းပခြင်းသည် တမန်တော်မြတ်(ဆွ)၏ လက်ထက်တည်းက စတင်သည်။ ထိုအချိန်မှစ၍ ယခုထိတိုင် အစ္စလာမ့်နိုင်ငံအသီးသီး၌ ထိုအခမ်းအနား များကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပလာခဲ့ကြသည်။ ၎င်းတို့အနက်မှတစ်ခုမှာ ကွယ်လွန်သူများအဖို့ ကုသိုလ်ပြု ပို့သသည့်အခမ်းအနားများဖြစ်သည်။ ထိုအခမ်းအနားများကို တစ်ဦးတစ်ယောက် ကွယ်လွန်ပြီး သုံးရက်မြောက်နေ့တွင်လည်း ကောင်း၊ ရက်လေးဆယ်ပြည့်နေ့တွင်လည်းကောင်း ကျင်းပကြသည်။ ရှီအာဟ်ဓမ္မသတ်ပညာရှင်ကြီးများသည် ကွယ်လွန်သူများအဖို့ ဝမ်းနည်းအောက်မေ့ပွဲများကျင်းပခြင်း၊ ငိုကြွေးခြင်း၊ လွမ်းတေးဖတ်ရွတ်ခြင်းတို့ကို ခွင့်ပြုထားသည်။ သို့သော် စွန္နီဓမ္မသတ်ပညာရှင်ကြီးများ၏ဖှသ်ဝါ ၌ မိမိနှင့်နီးစပ်သူ ဆွေးမျိုးသားချင်းတစ်ဦးတစ်ယောက်သေဆုံးသွားခဲ့ပါက အသံမထွက်၍သာ ငိုခွင့်ရှိသည်။ ၎င်းတို့အနက်မှအချို့ဓမ္မသတ်ပညာရှင်တို့သည် ကွယ်လွန်သူအဖို့ အသံထွက်၍ အော်ဟစ်ငိုကြွေးခြင်းကို ခွင့်မပြုပေ။ ရှီအာဟ်များ၏မြောက်များစွာသောဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနားများမှာ ဘာသာရေးဆိုင်ရာအခမ်းအနားများ ဖြစ်သည်။ ဆိုလိုသည် မှာ သာသနာ့အကြီးအကဲများဖြစ်ကြသည့် တမန်တော်မြတ်(ဆွ)ကိုလည်းကောင်း၊ အေမာမ်ဦးသျှောင်(အ.စ) များကိုလည်းကောင်း၊ အထူးသဖြင့် အေမာမ်ဟိုစိုင်န်(အ.စ)ကိုလည်းကောင်း လွမ်းဆွတ်အောက်မေ့သောအား ဖြင့် ကျင်းပကြသည့်အခမ်းအနားများ ဖြစ်သည်။ စွန္နီပညာရှင်အချို့ကမူ ဤသို့သောဝမ်းနည်း အောက်မေ့ပွဲများကို ဗီဒ်အသ်၊ ဟရာမ်ဟူ၍ ယူဆကြသည်။ သို့သော် ရှေးယခင်များတည်းကစ၍ ယခုထိတိုင် စွန္နီအချို့သည် ရှီအာဟ် များ၏ဝမ်းနည်းခြင်းအခမ်းအနားများတွင် လာရောက်ပါဝင်ဆင်နွဲလေ့ရှိကြသည်။

ဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနားဟူသည်မှာ

ဝမ်းနည်း‌ခြင်းအောက်မေ့ဖွယ်အခမ်းအနားဟူသည်မှာ တစ်ဦးတစ်ယောက်ကွယ်လွန်သည့်အခါ ဝမ်းနည်းကြေကွဲ သောအား ဖြင့် ကျင်းပသည့်အခမ်းအနားဖြစ်သည်။ မိမိတို့ချစ်ခင်လေးစားရသူများ သို့မဟုတ် သာသနာ့အကြီးအကဲများ ကို ဆုံးရှုံးလိုက်ရသည့်အခါ ဤဝမ်းနည်းအောက်မေ့ပွဲကို ကျင်းပကြသည်။

ဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနားကျင်းပခြင်းအစဉ်အလာ

ဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနားများသည် မတူညီသော ယဉ်ကျေးမှုဓလေ့များစွာအတွင်း ရှေးယခင်ကာလများတည်းက ရှိခဲ့သည်။ အီရန်တွင် ဇော်ရော့အက်စတာဝါဒ မတိုင်ခင်ကလည်း ရှိခဲ့သည်။ ၎င်းမှ နမူနာအချို့မှာ ‘ရှာဟ်နာမာ’ တွင် လာရှိထားသည်။ သမ္မာကျမ်း၌ အစ္စရာအီလ်မျိုးနွယ်ဝင်များ သူတို့၏ကွယ်လွန်သူများအဖို့ ဝမ်းနည်း အောက်မေ့ပွဲပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ လာရှိထားသည့်သမိုင်းအရင်းအမြစ်များအရ အစ္စလာမ်သာသနာ၌ ဝမ်းအောက်မေ့ပွဲကျင်းပခြင်းသည် တမန်တော်မြတ်(ဆွ)လက်ထက်တည်းက ဖြစ်သည်။ သာဓကအနေဖြင့်တင်ပြရသော် ဟစ်ဂျရီ(၈) ရာစုနှစ်တွင် သမိုင်းကျမ်းပြုစုခဲ့သူ အိဗ်နေကစီးရ်သည် ဤသို့ရေးသားထားသည်။ အိုဟွဒ်တိုက်ပွဲပြီးနောက်၌ မဒီနဟ်မြို့ရှိ အမျိုးသမီးများသည် မိမိတို့နှင့်သက်ဆိုင်သည့်ကျဆုံးသွားသူများအဖို့ ဝမ်းနည်းကြေကွဲပွဲပြုလုပ်ကြသည်။ တမန်တော်မြတ်(ဆွ)သည် ထိုမြင်ကွင်းကိုတွေ့သည့်အခါ “ဟမ်ဇဟ်အဖို့ ငိုကြွေးမည့်သူမရှိ”ဟူ၍ မိန့်ခဲ့သည်။ ထိုအခါ အမျိုးသမီးများသည် ဟမ်ဇဟ် ဗင်န် အဗ်ဒွလ် မွသွ်သွလစ်ဗ် အဖို့လည်း ငိုကြွေးခဲ့ကြသည်။

မတူညီသောယဉ်ကျေးမှုဓလေ့များအကြားဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနားအကြောင်း

ကွယ်လွန်သွားသူများအဖို့ဝမ်းနည်းအောက်မေ့ပွဲကျင်းပခြင်းသည် မတူညီသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများစွာ၌ ပုံစံအမျိုးမျိုးဖြင့် လာရှိထားသည်။ အီရန်နိုင်ငံတွင်မူ ကွယ်လွန်သူများအဖို့ ကုသိုလ်ပြုပို့သသည့် အခမ်းအနား များကို တစ်ဦးတစ်ယောက်ကွယ်လွန်ပြီး သုံးရက်မြောက်နေ့တွင်လည်းကောင်း၊ ခုနှစ်ရက်မြောက်နေ့တွင်လည်းကောင်း၊ ရက်လေးဆယ်ပြည့်နေ့တွင်လည်းကောင်း ကျင်းပကြသည်။ တာဂျစ်ကစ္စတန်နိုင်ငံ၌မူ ရက်နှစ်ဆယ်ပြည့်နေ့ တွင်လည်းကောင်း၊ ရက်လေးဆယ်ပြည့်နေ့တွင်လည်းကောင်း ဝမ်းနည်းအောက်မေ့ပွဲကျင်းပကြသည်။ အိန္ဒိယ နိုင်ငံ၌မူ သုံးရက်မြောက်နေ့တွင် ကွယ်လွန်သူ၏သင်္ချိုင်းရှိရာသို့သွား၍ ဝမ်းနည်းအောက်မေ့ပွဲကျင်းပကြသည်။ အီဂျစ်နိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံနှင့် အီရတ်နိုင်ငံတို့တွင်လည်း ဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနားများအတွက် အထူးဓလေ့ထုံးတမ်းများ ရှိကြသည်။

ကွယ်လွန်သွားသူများအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှရီအသ်အမိန့်ဥပဒေသ

ရှီအာဟ်ဓမ္မသတ်ပညာရှင်ကြီးများ၏ဖှသ်ဝါအရ ကွယ်လွန်သွားသူများအဖို့ ငိုကြွေးခြင်း၊ လွမ်းချင်းတေးဖတ် ရွတ်ခြင်းတို့မှာ ပြုပိုင်ခွင့်ရှိသည်။ ဆွာဟီဗ်ဂျဝါဟိရ်(ဟစ်ဂျရီ၁၂၆၆ခုနှစ်တွင်ကွယ်လွန်)က “ကွယ်လွန်သူအဖို့ ငိုကြွေးခြင်း၊ လွမ်းချင်းတေးဖတ်ရွတ်ခြင်းတို့ ပြုပိုင်ခွင့်ရှိကြောင်းကိုထောက်ခံသည့် ရေဝါယသ်အမြောက်အမြားလာ ရှိထားသည်”ဟူ၍ ရေးသားထားသည်။ ထိုရေဝါယသ်များအနက်မှတစ်ခုမှာ တမန်တော်မြတ်(ဆွ)သည် မိမိ၏ ဘကြီးတော် ဟမ်ဇဟ်၏နာရေးတွင်လည်းကောင်း၊ မိမိ၏သားတော် အိဗ်ရာဟီမ်၏နာရေးတွင်လည်းကောင်း ငိုကြွေးခဲ့ကြောင်း သက်သေထူသည့်ရေဝါယသ်များဖြစ်သည်။ ထိုနည်းတူ တမန်တော်မြတ်(ဆွ)ဝဖှားသ်ဖြစ် သည့်အခါ ဖှာသွေမဟ်(စ.အ)လွမ်းတေးဖတ်ရွတ်၍ ငိုကြွေးခဲ့သည့်ရေဝါယသ်များလည်း ရှိသည်။

အဲဟ်လေစွန္နသ်တို့၏အမြင်

အီဂျစ်နိုင်ငံသား ဓမ္မသတ်ပညာရှင် အဗ်ဒွရ်ရဟ်မာန် ဂျဇီရီ၏ပြောကြားထားသည်မှာ- အဲဟ်လေ စွန္နသ်၏ ဓမ္မသတ်အမြင်အရ ကွယ်လွန်သူအဖို့ လွမ်းချင်းတေးဖတ်ရွတ်ခြင်းသည် ပြုပိုင်ခွင့်မရှိပေ။ သို့သော် ကွယ်လွန်သူအဖို့ အကယ်၍ အသံတိတ်ငိုကြွေးပါက ပြဿနာမရှိပေ။ အသံထွက်ငိုကြွေးခြင်းနှင့်စပ်လျဉ်း၍ အဲဟ်လေစွန္နသ် ဓမ္မသတ်လမ်းစဉ်များအကြား အမြင်ကွဲလွဲမှုများရှိကြသည်။ မာလေကီနှင့် ဟနဖှီတို့က ထိုသို့ (အသံထွက်) ငိုကြွေးခြင်းကို ဟရာမ်အဖြစ် မှတ်ယူကြသည်။ သို့သော် ရှာဖှေအီနှင့် ဟမ်ဗလီလမ်းစဉ်အရ ထိုသို့ငိုကြွေးခြင်းမှာ ပြုပိုင်ခွင့်ရှိသည်။

ဘာသာရေးဆိုင်ရာ ဝမ်းနည်းအခမ်းအနားများ

زنجیرزنی

အချို့သောဝမ်းနည်းခြင်းအခမ်းအနားတို့သည် ဘာသာရေးနှင့်ဆက်စပ်မှုရှိသည်။ ရှီအာဟ်များသည် ဤသို့ သောဝမ်းနည်းခြင်းအခမ်းအနားများကို အထူးအရေးပေးကြသည်။ သာသနာ့အကြီးအကဲများဖြစ်ကြသည့် တမန် တော်မြတ်(ဆွ)အဖို့လည်းကောင်း၊ ဟဇရသ် ဇဟ်ရာ(စ.အ)အဖို့လည်းကောင်း၊ အေမာမ် ဦးသျှောင်(အ.စ)များ အဖို့လည်းကောင်း၊ အထူးသဖြင့် မိုဟရမ်ရမ်လ၌ အေမာမ်ဟိုစိုင်န်(အ.စ)အဖို့လည်းကောင်း ဝမ်းနည်း အောက်မေ့ပွဲများ ကျင်းပကြသည်။ ရှီအာဟ်များ၏ဝမ်းနည်းခြင်းအခမ်းအနားများသည် ပုံစံအမျိုးမျိုးဖြင့်ဖြစ်သည်။ ၎င်းမှာ ‘မဆာအိဗ်’ ဖတ်ရွတ် ခြင်း၊ လွမ်းတေးဖတ်ရွတ်ခြင်း၊ ငိုကြွေးခြင်း၊ ရင်ထုခြင်း၊ သံကြိုးရိုက်ခြင်း တို့ဖြင့် ဖြစ်သည်။ ရှီအာဟ်ပညာရှင်ကြီးများသည် ဝမ်းနည်းအောက်မေ့ပွဲကျင်းပခွင့်ရှိကြောင်း၊ ရှရီအသ်တရားတော်အရ ထိုသို့ပြုခွင့်ရှိကြောင်းတို့ကို စာအုပ်အမြောက်အမြား၊ ကျမ်းအမြောက်အမြားရေးသားပြုစု၍ ရှင်းပြထားကြ သည်။ ထိုကျမ်းများအနက်မှတစ်ခုမှာ စိုင်ယိဒ် မိုဟ်စင်န်အမီးန် ရေးသားပြုစုထားသည့် ‘အီက်နာအွလ် လားအင်မ် အလာ အေကားမသိလ် မအာသင်မ်’ကျမ်းဖြစ်သည်။ စွန္နီပညာရှင်များ၊ အထူးသဖြင့် ဟမ်ဗလီပညာရှင်များသည် ဝမ်းနည်းခြင်းအခမ်းအနားကျင်းပခြင်းကို ဗစ်ဒ်အသ်၊ ဟရာမ်ဟူ၍ မှတ်ယူကြသည်။ သို့သော်လည်း သမိုင်းမှတ်တမ်းများအရ အီရန်နိုင်ငံတွင် အချို့သော စွန္နီများ၊ အထူးသဖြင့် ရှာဖှေအီဓမ္မသတ်လမ်းစဉ်၏နောက်လိုက်များ၊ ထိုနည်းတူ ဟနဖှီနှင့်ရှာဖှေအီ ဓမ္မသတ် နောက်လိုက်စွန္နီပညာရှင်များပင် ရှီအာဟ်များကျင်းပကြသည့်ဝမ်းနည်း အောက်မေ့ပွဲအခမ်းအနားများ၌ ပါဝင် ဆင်နွှဲကြသည်။