ဝဒါယေအ်အေမာမသ်

wikishia မှ

ဝဒါယေအ်အေမာမသ် (အာရဗီ-ودائع امامت) ဆိုသည်မှာ တမန်တော်များ၊ အေမာမ်အလီ(အ.စ)နှင့် ဟဇ်ရသ်သေဇဟ်ရာဟ် သခင်မကြီး (စ.အ) တို့မှ အေမာမ်(ခေါင်းဆောင်)များထံသို့ ပေးအပ်ထားရှိခဲ့သော အမွေအနှစ်များဖြစ်သည်။ ထိုအရာများသည် စစ်မှန်သော အေမာမ်ကို ဖေါ်ထုတ်သိရှိနိုင်ရန်အတွက် မှတ်ကျောက်များပင်ဖြစ်လေသည်။ တမန်တော်မြတ်(ဆွ)၏ ဓါးနှင့်လက်စွပ်တော် ၊ မူဆာ(အ.စ)၏ အဆွာတုတ်၊ ဟဇ်ရသ်စိုလေမာန်(အ.စ)၏ လက်စွပ်တော်၊ ဖှာတေမာသခင်မကြီး(စ.အ)၏ မွစ်ဟဖ်ကျမ်းများနှင့် ဂျဖ်ရ်နှင့်ဂျာမေအာ တို့သည် ထိုအမွေအနှစ်များအတွင်းမှ ဖြစ်လေသည်။ တစ်ဦးတစ်ယောက်သည် လူတို့အကြား မိမိသည်အေမာမ်ဖြစ်ကြောင်း လိမ်ညာ၍ ကြွေးကြော်ခဲ့မှုများနှင့် ကြုံကြိုက်လာခဲ့ပါက ရှီအာတို့၏အေမာမ်များမှ မိမိတို့သည် စစ်မှန်သော အေမာမ်များဖြစ်ကြောင်းကို ထိုအမွေအနှစ်များအား သက်သေပြုခဲ့ကြသည်။

အဓိပ္ပါယ်နှင့် အရိုက်အရာ

ဝဒါယေ့အ်ဆိုသည်မှာ အေမာမ်တစ်ပါးမှ တစ်ပါးထံသို့ အပ်နှင်းခဲ့သော ဓါး ၊ ကျမ်း၊ လက်စွပ် စသဖြင့် အရာများကို ခေါ်ပါသည်။ ထိုအရာများသည် အေမာမ်ဖြစ်ကြောင်း သက်သေအထောက်အထားများပင်ဖြစ်လေသည်။ ဝဒါယေ့အ်အေမာမသ်(အေမာမ်ဖြစ်ကြောင်းအထောက်အထားအမွေအနှစ်များ) သည် အေမာမ်တစ်ပါးမှမိမိနောက် ဆက်ခံမည့်အေမာမ်သည် မည်သူမည်ဝါဖြစ်သည်ဟု မှာကြားခဲ့မှုကဲ့သို့ အရေးပါလှပေသည်။ [၁] ဝဒါယေ့အ်အေမာမသ်သည် အထူးသဖြင့် သကိုင်ယ်ယာအခြေအနေတွင် အေမာမ်မသ်ကို သက်သေထူရန် ဝစီယသ် (မှာကြားခြင်း) ဖြင့် မဖြစ်နိုင်ပါက[၂] အေမာမ်ကိုရွေးချယ်သတ်မှတ်ရာတွင် သံသယကို ရှင်းပေးသော အရာများပင်ဖြစ်လေသည်။ [၃]

ပမာများ

ရှီအာတို့၏ ကျမ်းများရှိ ရေဝါယသ်တော်များတွင် အောက်ပါအရာများကို ဝဒါယေ့အ်အေမာမသ် ဟု သတ်မှတ်ဖေါ်ပြထားပြီး အေမာမ်(အ.စ)တို့သည် ထိုအရာများမိမိတို့ထံ၌ ရှိကြောင်းကို (عندنا) ကျွန်ုပ်တို့ထံ ၊ (عندی) ကျွန်ုပ်ထံ စသဖြင့် ဝေါဟာရများဖြင့် ရည်ညွှန်းထားကြလေသည်။

ဝဒါယေ့အ် အေမာမသ် ရှင်းလင်းချက်
တမန်တော်မြတ်(ဆွ)၏ဓါး[၄] အေမာမ်ဆွာဒိက်(အ.စ)ထံမှလာရှိသော ရေဝါယသ်တော်တစ်ခုတွင် အေမာမ်(အ.စ)သည် တမန်တော်မြတ်(ဆွ)၏ဓါးတော်အား ဘနီအိစ်ရာအိလ်တို့၏ (သာဘူးသ်)သေတ္တာနှင့် ခိုင်းနှိုင်းမိန့်ကြားရင်း မိန့်တော်မူလေသည်မှာ “ငါတို့အတွင်းမှ တမန်တော်မြတ်(ဆွ)၏ဓါးတော် ရှိသူသာလျှင် အေမာမသ်အရိုက်အရာအပ်နှင်းခြင်းခံရသူဖြစ်သည်။[၅] အချို့ရေဝါယသ်တော်များအရ ထိုဓါးတော်သည် ဇုလ်ဖေကားရ် ဖြစ်သည် ။[၆]
ဂျဖ်ရ်[၇] ကယာမသ်နေ့ထိတိုင် ဖြစ်လာမည့်အကြောင်းအရာများကို ကြိုတင်ရေးသားတင်ပြထားသော ကျမ်းတစ်စူဖြစ်သည်။[၈]
ဂျာမေအာဟ်ကျမ်း တမန်တော်မြတ်(ဆွ) နှုတ်တော်မှ မိန့်ခဲ့မှုများကို အလီ(အ.စ)၏လက်ရေးဖြင့် ရှိသမျှသော ဟလာလ်နှင့် ဟရာမ် ဥပဒေသများကို ရေးသားထားသောကျမ်းဖြစ်သည်။[၉]
အေမာမ်အလီ(အ.စ)၏ကျမ်း[၁၀] အချို့က ဂျာမေအာဟ်ကျမ်းနှင့် အလီ(အ.စ)ကျမ်းကို တစ်စူတည်းဟု သတ်မှတ်၍ ၎င်း၌အခေါ်အဝေါ် (၂)မျိုးရှိနေသည်ဟု ဆိုကြသည်။[၁၁]သို့သော် အာဂါဘိုဇိုရုက်တဲဟ်ရာနီသည် ထိုကျမ်းအား အမာလီ-ယေ-ရစူလွလ္လာဟ် ကျမ်းဟု မှတ်ယူထားပြီး ၎င်းသည် ဂျဖ်ရ်ကျမ်းနှင့် ဂျာမေအာဟ် ကျမ်းတို့အပြင် အခြားကျမ်းတစ်စူ ဖြစ်ကြောင်း တင်ပြထားသည်။ .[၁၂]
မွစ်ဟဖ်-ဖှေ-ဖှာတေမာ(စ.အ) အလ္လာဟ်ဘက်မှစေလွှတ်သော ဖှရိရှ်တာမှ သခင်မကြီး(စ.အ)အား အကြောင်းအရာများကို ပြောခဲ့စဥ် အေမာမ်အလီ(အ.စ) မှလိုက်လံရေးသားခဲ့သော ကျမ်း[၁၃]
ဆွဟီဖှာ-ယေ_ဖှရာအိဇ် အမွေကိစ္စရပ်များနှင့် ပတ်သက်ပြီး အေမာမ်အလီ(အ.စ)လက်ရေးတော်ဖြင့် အေမာမ်ကိုယ်တိုင် ရေးသားခဲ့ သော ကျမ်း [၁၄]
တမန်တော်မြတ်(ဆွ)၏ လက်စွပ်တော်[၁၅]
တမန်တော်မြတ်(ဆွ)၏သံချပ်ကာ အင်္ကျီ[၁၆] ရေဝါယသ်တော်များတွင် လာရှိထားသည်မှာ - တမန်တော်မြတ်(ဆွ)နောက် ဆက်ခံမည့်သူ အေမာမ်သည် မြတ်တမန်(ဆွ) ၏ သံချပ်ကာအင်္ကျီကို တော်ဆံ့သူ ဖြစ်ရမည်။[၁၇]
ဂျဖ်ရေစူရ်ခ် တမန်တော်မြတ်(ဆွ)၏ ဓါးတော်တည်ရှိသည့် နေရာ[၁၈]
ဂျဖ်ရေဆဖီးဒ် သောင်ရားသ်၊ အင်န်ဂျီလ်၊ဇဗူရ်နှင့် အခြားသော ကောင်းကင်ကျကျမ်းများ တည်ရှိသော နေရာ.[၁၉]
ဒီဝါးန်-နေ-ရှီအာယားန် ရှီအာတို့၏ အမည်နာမများရေးမှတ်ဖေါ်ပြထားသောကျမ်းဖြစ်သည်။ အချို့သော ရေဝါယသ်တော်များတွင် ၎င်းကို “နာမူးစ်”ဟုခေါ်သည်[၂၀]
တမန်တော်တို့၏အခြားအမွေအနှစ်များ ကောင်းကင်ကျ အမိန့်စာများ၊ ပန်းကန်၊ သေတ္တာ၊ မူစာ(အ.စ)၏ တုတ်ကောက်နှင့် စိုလေမာန်(အ.စ)၏ လက်စွပ်[၂၁]

ဝဒါယေ့အ်အေမာမသ်တို့ဖြင့် အေမာမ်(အ.စ)တို့၏ သက်သေထူမှုများ

ရှီအာတို့၏ အေမာမ်(အ.စ)များသည် တစ်ဦးတစ်ယောက်မှ လိမ်ညာ၍ အေမာမ်ဖြစ်ကြောင်း ကြေညာသည့်အခါတွင် လည်းကောင်း မိမိတို့၏ ရှီအာများအတွင်းမှတစ်ဦးတစ်ယောက်သည် မိမိတို့၏ စစ်မှန်သောအေမာမ်ကို သိရှိနိုင်ရေး၌ သံသယတစ်စုံတစ်ရာဖြစ်နေခဲ့ပါလျှင်သော်လည်းကောင်း မိမိတို့ထံတွင်ရှိနေသော ဝဒါယေ့အ် အမွေအနှစ်များဖြင့် မိမိတို့သည် စစ်မှန်သော အေမာမ်ဖြစ်ကြောင်းကို သက်သေထူလေ့ရှိခဲ့ကြသည်။ ဥပမာအားဖြင့် အေမာမ်အလီ(အ.စ)သည် ခြောက်ဦးကော်မတီဖွဲ့ရာတွင် မိန့်ကြားခဲ့သည်မှာ “အလ္လာဟိုအရှင်မြတ်အား ကစမ်စား၍ အသင်တို့အားပြောကြားလိုသည်မှာ ငါမှလွဲ၍ အသင်မည်သူတို့ထံတွင် တမန်တော်မြတ်(ဆွ)၏ ဓါးတော်၊အလံနှင့် လက်စွပ်ရှိပါသနည်း။[၂၂] အေမာမ်ဆွာဒိက်(အ.စ)သည် တစ်ဘက်မှ မိုဟမ္မဒ်ဘင်န်အဘ်ဒုလ္လာဟ် မဟ်ဇ် သည် မဲဟ်ဒီဖြစ်ကြောင်းကို ဝါဒဖြန့်နေသော ဟစန်နီယာန်း(ရှီအာဂိုးဏ်ခွဲတစ်ခု)တို့နှင့်ရင်ဆိုင်ချိန်တွင်လည်းကောင်[၂၃]း ကျန်တစ်ဘက်တွင် ရှီအာအခြားဂိုးဏ်ခွဲများဖြစ်သည့် ကိုင်ဆာနီယာ အပြင် ဇိုင်ဒီယာတို့နှင့် ရင်ဆိုင်နေချိန်တွင်လည်းကောင်း မိမိထံ၌ရှိနေသော မြတ်တမန်(ဆွ)၏ဓါးတော်ကို သက်သေအဖြစ်အသုံးပြုကာ (မိမိသည် စစ်မှန်သော အေမာမ်ဖြစ်ကြောင်းကို )သက်သေထူခဲ့သည်။[၂၄] ဆင်ပြန်ထားမှုတွင် လာရှိထားသည်မှာ အချို့က အေမာမ်ဆွာဒိက်(အ.စ)အား “ မြတ်တမန်(ဆွ)၏ ဓါးတော်သည် အဘ်ဒုလ္လာဟ်အိဘ်နေဟစန်ထံတွင် ရှိနေသည် ဟု အချို့က ထင်နေကြသည်” ဟု ပြောဆိုလျှောက်ထားခဲ့ကြသည့်အခါ အေမာမ်(အ.စ)က “အလ္လာဟ်၏ကစမ် အဘ်ဒုလ္လာဟ်အိဘ်နေဟစန်သည် ထိုဓါးကိုပင် မတွေ့ဖူးပါ ။ မြတ်တမန်(အ.စ)ဓါးတော်နှင့် အလံသည် အကျွန်ုပ်ထံ၌ ရှိ၏။ မြတ်တမန်(ဆွ)၏ဓါးတော်သည် ဘနီအိစ်ရာအိလ်တို့ထံရှိ သာဘူးသ်(သေတ္တာ)ကဲ့သို့ပင်ဖြစ်လေသည် ။ ထိုသာဘူးသ်ရှိသည့်နေရာတွင် နဗူဝသ်ရှိသလို ထိုဓါးရှိသူသည် အေမာမ်ဖြစ်ပေသည်” ဟု မိန့်ကြားတော်မူခဲ့လေသည်။[၂၅])

အေမာမ်တစ်ပါးမှတစ်ပါးထံသို့ ဝဒါယေ့(အမွေအနှစ်)ဆင်းသက်ပုံ

ရှီအာတို့၏ ရေဝါယသ်တော်များအရ ဝဒါယေ့အ်-အေ-အေမာမသ်ကို အေမာမ်တစ်ပါးမှ တစ်ပါးထံသို့ တိုက်ရိုက်ဖြစ်စေ(သို့) အကြောင်းခံဖြင့်ဖြစ်စေ အပ်နှင်းလေ့ရှိခဲ့သည်။ အေမာမ်ဆွာဒိက်(အ.စ)ထံမှ ဆင့်ပြန်ထားသည်မှာ “အလီ(အ.စ)ထံ၌ ကျမ်းများရှိခဲ့သည် ။ အေမာမ်အလီ(အ.စ)သည် အီရတ်(ကူဖှာ)သို့ ပြောင်းရွှေ့ချိန်တွင် ထိုကျမ်းများကို အွမ်-မေ-စလ်မာ သခင်မကြီးထံ၌ အပ်နှံထားရှိခဲ့သည်။ ထိုမှတစ်ဆင့် ၎င်းကျမ်းများသည် အေမာမ်ဟစန်(အ.စ)ထံသို့ ရောက်ရှိခဲ့သည် ။ ထိုမှတစ်ဆင့် အေမာမ် ဟိုစိုင်းန် (အ.စ) ပြီးနောက် အေမာမ်အလီအိဘ်နေဟိုစိုင်းန် (အ.စ)ထိုမှ ကျွန်ုပ်၏ဖခင်ထံသို့ရောက်ရှိခဲ့သည်။” ဟုဖြစ်သည်။ [၂၆] ထိုအတိုင်းပင် ဆင့်ပြန်ထားရှိခဲ့သည်မှာ - အေမာမ်ဟိုစိုင်းန်(အ.စ)သည် အီရတ်ဘက်သို့ ဦးတည်ခဲ့သည့်အခါ ကျမ်းများနှင့် မှာတမ်းစာများကို အွမ်-မေ-စလ်မာ သခင်မကြီးထံတွင် အပ်နှံခဲ့ပြီး အလီအိဘ်နေဟိုစိုင်းန်(အ.စ) (မဒီနာ)သို့ ပြန်ရောက်ချိန်တွင် သူမသည် ၎င်းအား ပေးအပ်ခဲ့သည်။ ဟုဖြစ်သည်။[၂၇] အေမာမ်ဘာကိရ်(အ.စ)ထံမှလည်းဆင့်ပြန်ထားမှုတစ်ခုမှာ - အေမာမ်အလီအိဘ်နေဟိုစိုင်းန်(အ.စ) ရှဟီးဒ်ဖြစ်ချိန်ရောက်ရှိလာခဲ့သည့်အခါ သေတ္တာတစ်ခုအားယူဆောင်လာခိုင်းပြီး “အို မိုဟမ္မဒ် ဤသေတ္တာကို ယူသွားပါဟု မိန့်ခဲ့သည်။ ထိုသေတ္တာအတွင်း၌ တမန်တော်မြတ်(ဆွ)၏ဓါးတော်နှင့် ၎င်း၏ကျမ်းများရှိနေခဲ့သည်။ [၂၈] ဟုဖြစ်သည်။

အေမာမ်ဇမားန်(အ.ဂျ) ပျောက်ကွယ်နေစဥ်ကာလ၌ ဝဒါယေ့အ်ရှိနေသောနေရာ

အလ္လာမာဟ် မဂျ်လိစ္စီ တင်ပြထားမှုအရ အေမာမ် ဂိုင်ဘသ်-သေ-စိုဂ်ရာ ၌ ရှိနေစဥ်အတွင်း ၎င်းအမွေအနှစ်များသည် အေမာမ်(အ.ဂျ)၏ အထူးကိုယ်စားလှယ်များထံတွင် ရှိနေခဲ့ပြီး ဒုတိယကိုယ်စားလှယ် ဖြစ်သူ မိုဟမ္မဒ်ဘင်န်အွစ်မားန် သေဆုံးသွားသည့်အခါ ၎င်းသူ၏ တပည့်သည် ထိုအမွေအနှစ်သေတ္တာကို တတိယကိုယ်စားလှယ်ဖြစ်သူ ဟိုစိုင်န်းဘင်န်ရူးဟ် နောင်ဘခ်သီး ထံ အပ်နှင်းခဲ့သည် ဟုဖြစ်သည်။[၂၉] အာဂါဘိုဇိုရ်ခ်တဲဟ်ရာနီ၏ ပြောကြားချက်အရ ရှီအာရေဝါယသ်တော်များအရ ထိုဝဒါယေ့အ် (အမွေအနှစ်များ)သည် အေမာမ်ဇမာန်း ၁၂ ပါးမြောက်အေမာမ် (အ.ဂျ)ထံတွင်ရှိနေသည် ဟုဖြစ်သည်။[၃၀]

မှတ်စုများ

  1. شیخ طوسی‌، الاقتصاد‌، ۱۴۳۰ق، ص۳۷۵.
  2. طباطبایی، «جستاری در آسیب‌شناسی چالش‌های آغاز امامت امام کاظم»، ص۱۰۴.
  3. طباطبایی، «جستاری در آسیب‌شناسی چالش‌های آغاز امامت امام کاظم»، ص۷۹.
  4. کلینی، الکافی، ج۱، ۱۳۶۲ش، ص۳۰۵.
  5. کلینی، الکافی، ۱۳۶۲ش، ج۱، ص۲۳۸.
  6. ابن‌شهرآشوب، المناقب، ۱۳۷۹ق، ج۴، ص۱۳۵ و ۲۵۳.
  7. کلینی، الکافی، ۱۳۶۲ش، ج۱، ص۲۳۹؛ صفار، بصائرالدرجات، ۱۴۰۴ق، ص۱۵۲.
  8. شیخ صدوق، کمال‌الدین، ۱۳۹۵ق، ج۲، ص۳۵۳.
  9. شیخ مفید، الارشاد، ۱۴۱۳ق، ج۲، ص۱۸۶.
  10. صفار، بصائرالدرجات، ۱۴۰۴ق، ص۱۴۷.
  11. عسکری، معالم‌المدرستین، ۱۴۱۰ق، ج۲، ص۳۳۵-۳۳۸.
  12. آقابزرگ تهرانی، الذریعه، ۱۴۰۸ق، ج۲، ص۳۰۶-۳۰۷.
  13. صفار، بصائرالدرجات، ۱۴۰۴ق، ص۱۵۲-۱۵۳.
  14. آقابزرگ تهرانی، الذریعه، ۱۴۰۸ق، ج۲، ص۱۶۲.
  15. صفار، بصائرالدرجات، ۱۴۰۴ق، ص۱۵۶.
  16. صفار، بصائرالدرجات، ۱۴۰۴ق، ص۱۵۶.
  17. ابن‌شهرآشوب، المناقب، ۱۳۷۹ق، ج۱، ص۲۵۳؛ شیخ مفید، الارشاد، ۱۴۱۳ق، ج۲، ص۲۱۷.
  18. شیخ مفید، الارشاد، ۱۴۱۳ق، ج۲، ص۱۸۶.
  19. شیخ مفید، الارشاد، ۱۴۱۳ق، ج۲، ص۱۸۶.
  20. صفار، بصائرالدرجات، ۱۴۰۴ق، ص۱۷۳.
  21. صفار، بصائرالدرجات، ۱۴۰۴ق، ص۱۷۵.
  22. صفار، بصائرالدرجات، ۱۴۰۴ق، ص۱۸۲.
  23. نجفیان رضوی، «بررسی چگونگی مناسبات حسنیان و امامان شیعه، مطالعات تاریخ اسلام»، ۱۳۹۲ش.
  24. شیخ مفید، الارشاد، ۱۴۱۳ق، ج۲، ص۱۸۷-۱۸۸.
  25. صفار، بصائرالدرجات، ۱۴۰۴ق، ص۱۷۵.
  26. صفار، بصائرالدرجات، ۱۴۰۴ق، ص۱۶۲.
  27. کلینی، الکافی، ۱۳۶۲ش، ج۱، ص۳۰۴؛ ابن‌شهرآشوب، المناقب، ۱۳۷۹ق، ج۴، ص۱۷۲.
  28. کلینی، الکافی، ۱۳۶۲ش، ج۱، ص۳۰۵.
  29. علامه مجلسی، بحارالانوار، ۱۴۰۳ق، ج۸۵، ص۲۱۱.
  30. آقابزرگ تهرانی، الذریعة، ۱۴۰۸ق، ج۲۱، ص۱۲۶.

ကျမ်းကိုးမျာ

  • آقابزرگ تهرانی، محمدمحسن، الذریعة الی تصانیف الشیعة، قم، اسماعیلیان، ۱۴۰۸ق.
  • ابن‌شهرآشوب، محمد بن علی، المناقب، قم، نشر علامه، ۱۳۷۹ق.
  • شیخ صدوق، محمد بن علی، كمال‌الدين و تمام النعمة، تصحیح علی‌اکبر غفاری، تهران، اسلامیه، چاپ دوم، ۱۳۹۵ق.
  • شیخ طوسی، محمد بن حسن، الاقتصاد فیما یجب علی العباد، تحقیق‌ سید‌ کاظم‌ موسوی، قم، دلیل ما، چاپ اول، ۱۴۳۰ق.
  • شیخ مفید، محمد بن محمد، الارشاد فی معرفة حجج الله علی العباد، قم، کنگره شیخ مفید، ۱۴۱۳ق.
  • صفار، محمد بن حسن، بصائر الدرجات فی فضائل آل محمد، قم، کتابخانه آیت‌الله مرعشی نجفی، چاپ دوم، ۱۴۰۴ق.
  • طباطبایی، محمدکاظم، «جستاری در آسیب‌شناسی چالش‌های آغاز امامت امام کاظم»، مجله امامت‌پژوهی، شماره ۸، سال دوم، زمستان ۱۳۹۱ش.
  • عسکری، سید مرتضی، معالم المدرستین، بیروت، مؤسسه نعمان، ۱۴۱۰ق.
  • علامه مجلسی، محمدباقر، بحار الانوار الجامعة لدرر اخبار الائمة الاطهار، بیروت، مؤسسه وفا، ۱۴۰۳ق.
  • کلینی، محمد بن یعقوب، الکافی، تهران، اسلامیه، چاپ دوم، ۱۳۶۲ش.
  • نجفیان رضوی، لیلا، «بررسی چگونگی مناسبات حسنیان و امامان شیعه تا سال ۱۴۵ هجری قمری»، مطالعات تاریخ اسلام، شماره پنجم، ۱۳۹۲ش.