မာတိကာသို့ ခုန်သွားရန်

လေဝါသွ်

wikishia မှ
ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။
သောင်ဇီးဟိုလ်မစာအေလ် ကျမ်း

လေဝါသွ် (အရဘီ : اللواط ) ဆိုသည်မှာ အမျိုးသားနှစ်ဦးကြား လိင်ဆက်ဆံခြင်းဖြစ်ပြီး ကဘီးရဟ် ဂိုနာဟ် များ တစ်ခုဖြစ်ပါသည်။ ဟဒီးစ်တော်များ တွင် ဇေနာ (အိမ်ထောင်ရေးဖောက်ပြန်ခြင်း ၊ တရားမဝင် လိင်ဆက် ဆံခြင်း ) ၏ အပြစ်ထက် ကြီးပေသည်။ဓမ္မသတ်ပညာရှင်များ မှ အာယသ်တော်များ နှင့် မအ်စူမီးန် (အ.စ) ၏ ဟဒီးစ်တော် များကို အခြေခံပြီး လေဝါသွ် ကို ဟရာမ် နှင့် (လိင်) ဝင်သွားသည့် အခြေအနေ တွင် သေဒဏ် အဖြစ် သတ်မှတ် ထားပါသည်။ (လိင်) မဝင်သွားသည့် အခြေအနေ တွင် ပြစ်ဒဏ်မှာ ကြိမ်ဒဏ် ၁၀၀ ဖြစ် ပါသည်။

အေမာမ် ၁၂ပါး (အ.စ) ၏ ဟဒီးဆ်တော်များ အရ လေဝါသွ် အားဟရာမ် အဖြစ် သတ်မှတ်ထားရသည့် အကြောင်းရင်းမှာ ကလေးမွေးဖွားခြင်းကို တားဆီးစေပြီး စကြဝဠာ၏ စည်းစနစ်များကို ဖောက်ပြန်ပျက်စီး စေသောသည့် အတွက်ကြောင့် ဖြစ်ပါသည်။ အခြားသော အီဗရာဟီးမီ ဘာသာများ (ဂျူး၊ခရစ်ယာန်၊ အစ္စလာမ် ) နှင့် အစ္စလာမ်မီ တွင်လည်း လေဝါသွ် (ခ) ယောက်ကျားတစ်ယာက်မှ အခြားယောက်ကျားတစ်ဦး ၏ စအို နှင့် လိင် ဆက်ဆံခြင်း ကို ရှုတ်ချတားမြစ်ထားပါသည်။

လေဝါသွ် ၊ ဇေနာ ထက်ကြီးမားသည့် ဂိုနာဟ်

လေဝါသွ် (ခ) ယောက်ကျားတစ်ယာက်မှ အခြားယောက်ကျားတစ်ဦး၏ စအိုနှင့်လိင် ဆက်ဆံခြင်း သည် ဂိုနာဟ် ကဘီးရဟ် ( ကြီးလေးသည့် အပြစ်ကြီးများ) မှ တစ်ခုဖြစ် ပါသည်။ []အေမာမ် ဆွာဒဏ်က် (အ.စ) ၏ ဟဒီးဆ်တော်တွင် ဤ အပြစ်သည် ဇေနာ (ခ) အိမ်ထောင်ရေး ဖောက်ပြန်ခြင်း၏ အပြစ်ထက် ကြီးမားသည်ဟု ဖော်ပြထားပါသည်။ []အစ္စလာမ့်တမန်တော်မြတ်(ဆွ)၏ ရီဝါဘသ်တော်များ အရ ဤ ပြစ်မှုကျူးလွန်သူသည် အလ္လာဟ်ဟို အရှင်မြတ် ၏ အမျက်ဒေါသ နှင့် လအ်နသ် ကို ခံရမည်ဖြစ်သည်။[] ကုရ်အာန် ကျမ်းမြတ် တွင် လေဝါသွ် ကို « မွန်ကရန် » (ရုပ်ဆိုး၊ ယုတ်ညံ့သော) နှင့် « ဖါဟေရှဟ် » (ဗြောင် ကျကျ အပြစ်) ဟုရည်ညွှန်းဖော်ပြထားပါသည်။ []လူးသွ်လူမျိုးများသည် ဤ လေဝါသွ် (ခ) လိင်တူ ဆက်ဆံခြင်း ကို ကျူးလွန် ခဲ့ကြသည့် အတွက် ကြိမ်များစွာ အပြစ်တင်ခြင်း ခံခဲ့ရသည်။[] ဤလုပ်ရပ် ကြောင့် ၎င်း တို့အပေါ် အလ္လာဟ် ဘက်မှ ပြစ်ဒဏ်ကျခြင်း နှင့် ပျက်စီးခြင်းကို ဖြစ်စေခဲ့ပါသည်။[]

အဓိပ္ပာယ် ဖွင့်ဆိုချက်

ပိုမို၍ လေ့လာ နိုင်သည့် ဆောင်းပါး - လိင်တူဆက်ဆံမှု

ဖေက်(ဓမ္မသတ်) ဆိုင်ရာ အဓိပ္ပာယ် ဖြစ်ဆိုချက်အရ လေဝါသွ် ဆိုသည်မှာ ယောက်ကျားသားတစ်ဦးသည် အခြားယောက်ကျား တစ်ဦး ၏ စအိုထဲသို့ မိမိ၏ လိင်အင်္ဂါကို ထည့်သွင်းခြင်းဟု သတ်မှတ်သည်။[] ရှီအဟ် သာသနာ့ ပညာရှင်တစ်ဦးဖြစ်သည့် အလီ မစ်ရှ်ကီးနီ ၏ အဆိုအရ အချို့သော ဓမ္မသတ် ပညာရှင်များသည် ယောက်ကျား တန်ဆာ ၏ အရေဖျား လှီးဖြတ်သည့်နေရာထက် နည်းပြီး အခြားယောက်ကျား ၏ စအိုထဲ ဝင်ရောက်မှုကို လေဝါသွ်[]ဟုခေါ်တိုထားကြပါသည်။ အချို့ ဓမ္မသတ် ပညာရှင်များကလည်း လိင်အင်္ဂါသည် စအိုထဲသို့ မဝင်လျှင်ပင် ယောက်ျား နှင့် ယောက်ျားကြား လိင်ဆက်ဆံခြင်းကို လေဝါသွ် ဟု ဆိုကြပါသည်။[] အေမာမ် ရေဇာ (အ.စ) ထံ မှ ဆင့်ပြန်ထားသည့် ဟဒီးဆ်တော်အရ လူးသွ် လူမျိုးများသည် လိင်တူ ဆက်ဆံ ခြင်း ၏ အပြစ်ကြီးကို ဦးစွာကျူးလွန်ခဲ့သောကြောင့် ဤလူမျိုး၏အမည်မှ ဤဒုစရိုက်ကြီး၏ အမည် ကို နှုတ်ယူခဲ့ပြီး လေဝါသွ် ဟူသော စကားလုံးကို ကျင့်သုံးခဲ့သည်ဟု လာရှိပါသည်။[၁၀]

ရှရီအီ အမိန့်

လေဝါသွ် သည် တားမြစ်ထားသော လုပ်ရပ်ဖြစ်ပြီး ကြီးစွာသော အပြစ်ဟု သတ်မှတ်ထားပါသည်။[၁၁] ရှရီအီ ပြစ်ဒဏ် ရှိသည့် အပြင် ၎င်းတွင်လက်ထပ်ခြင်း ဆိုင်ရာ ကန့်သတ်ချက်များ ကဲ့သို့သော အခြား စီရင်ထုံး များလည်း ရှိပါ သည်။[၁၂]

အိမ်ထောင်ရေး ကန့်သတ်ချက်များ

ဤရွံရှာဖွယ်ကောင်းသော အလေ့အကျင့်၏ မရှိမဖြစ်လိုအပ်သော တစ်ချက်မှာ လေဝါသွ် ကျူးလွန်သူ နှင့် အမျိုးသမီးအချို့၏ လက်ထပ်ခြင်းကို တားမြစ်ခြင်းပင် ဖြစ်ပါသည်။ ရှီအဟ် မရ်ဂျာတော်များ ၏ ဖသ်ဝါ အရ လေဝါသွ် ကျူးလွန်သူ နှင့် လေဝါသွ် ကျူးလွန်ခံသူ ၏ မိခင်၊ သမီး၊ နှမ၊အစ်မ တို့နှင့် ထိမ်းမြား လက်ထပ်ခြင်းကို ထာဝရတားမြစ်[၁၃] ထားပါ သည်။[၁၄] ဤစီရင်ချက်ကို အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံတော်၏ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၀၅၆ တွင် ထည့်သွင်းထားပါသည်။[၁၅] သို့သော် လေဝါသွ် (ခ) ယောက်ကျား တစ်ယာက်မှ အခြားယောက်ကျားတစ်ဦး၏ စအိုနှင့်လိင် ဆက်ဆံခြင်း သည် အရွယ်ရောက်ပြီး သူဖြစ် ပါက ဤစီရင်ချက်သည် တရားဝင်သည်ဟု ဓမ္မသတ်ပညာရှင်များ မှ တစ်စုက ဆိုထားကြပါ သည်။[၁၆] ထိုနည်းတူစွာ အကယ်၍ လေဝါသွ် ကျူးလွန်ခံသူ ၏ မိခင် ၊ ညီမ၊ အစ်မ သို့မဟုတ် သမီး နှင့် လက်ထပ်ပြီးနောက် လေဝါသွ် အား ကျူးလွန်သူ က ကျူးလွန် မည်ဆိုလျင် လေဝါသွ် ကျူးလွန်ခံသူ ၏ မိခင် ၊ ညီမ၊ အစ်မ သို့မဟုတ် သမီး သည် လေဝါသွ် အား ကျူးလွန်သူ အတွက် ဟရာမ် မဟုတ်ချေ။ ပြီးနောက် ၎င်းတို့၏ နေကဟ်သည် လည်း မပျက်သွားပေ။[၁၇]

ပြစ်ဒဏ်

ဓမ္မသတ် ပညာရှင်များ၏ ဖသ်ဝါအရ လေဝါသွ် အား ကျူးလွန်သူ နှင့် လေဝါသွ် အား ကျူးလွန်ခံသူ အတွက် ပြစ်ဒဏ်မှာ သေဒဏ်ဖြစ်ပါသည်။[၁၈] လေဝါသွ် အား ကျူးလွန်သူ နှင့် လေဝါသွ် အား ကျူးလွန်ခံသူ မှ အရွယ်မရောက်သေးသော မည်သူ့ကိုမဆို သာအ်သီးဗ် (ခ) တရားတော်အရ ဆုံးမခြင်းကို ခံရလိမ့်မည်။[၁၉] သာအ်သီးဗ် (ခ) တရားတော်အရ ဆုံးမခြင်း ဆိုသည်မှာ အရွယ်မရောက်သေးသော ရာဇ၀တ်သားအား ဟာကင်မ်မေရှရအ် (ခ) အစ္စလာမ့်အုပ်ချုပ်သူ ဘက်မှ ချမှတ်သည့် ပြစ်ဒဏ်ဖြစ်ပြီး ၎င်း၏ပမာဏသည် ရှရီအီ ကန့်သတ်ချက်ထက် နည်းပါသည်။[၂၀]

သို့သော်ဓမ္မသတ်ပညာရှင် အချို့ မှ ပမာအားဖြင့် အဘူလ်ကာစင်မ်ခူဝီး အမြင်သည် မကျော်ကြားသည့် အမြင် ဖြစ်ပါသည်။ ထိုအမြင်မှာ လေဝါသွ် အား ကျူးလွန်သူ နှင့် လေဝါသွ် အား ကျူးလွန်ခံသူ အပေါ် သေဒဏ် သည် ၎င်းတို့ အနေဖြင့် မိုဟ်ဆင်န် ဖြစ်မှ အထမြောက်မည် ဖြစ်ပါသည်။ မိုဟ်ဆင်န်ဆိုသည်မှာ ဇနီးသည် ရှိသူ ဖြစ်ပြီး ဇနီးနှင့် လိင်ဆက်ဆံနိုင်သူ ကိုခေါ်ဆိုပါသည်။ ထိုသို့မဟုတ်ပါက သူ၏ ပြစ်ဒဏ်မှာ ကြိမ်ဒဏ် ၁၀၀ ဖြစ်ပါသည်။[၂၁] ဓမ္မသတ်ပညာရှင်များ၏အဆိုအရ ဤလုပ်ရပ်အတွင်း စအိုအတွင်းလိင် ဝင်သွားခြင်းမရှိပါက ကြိမ်ဒဏ် ၁၀၀ ကန့်သတ်ချက်ဖြစ်ပါသည်။[၂၂] ထိုပြင် မည်သို့ပင်ဆိုစေကာမူ လေဝါသွ် ၏ ပြစ်မှုကျူးလွန်သူသည် ၎င်း၏ ရာဇ၀တ်မှုကို သက်သေမထူမည် သောင်ဗဟ် ပြုပါက ရှရီအီပြစ်ဒဏ် ရပ်သွားမည် ဖြစ်ပါသည်။[၂၃]

သေဒဏ်ပေးကွပ်မျက်သည့် နည်းလမ်းများ

ရီဝါယသ်တော်များ[၂၄] နှင့် တရားစီရင်ရေး ဆိုင်ရာ သတင်းရင်းမြစ်များတွင် လေဝါသွ် ကျူးလွန်သူကို ကွပ်မျက်ရန် နည်းလမ်းများ[၂၅]တွင် ခေါင်းဖြတ်ခြင်း၊ မီးတင်ရှို့ခြင်း၊ တောင်ပေါ်မှ ပစ်ချခြင်း၊ ကျောက်ခဲနှင့် ပစ်ပေါက်သတ် ခြင်း ၊ ၎င်းအပေါ် တံတိုင်းကို ဖြိုချ ခြင်း စသည်တို့ကို ဖော်ပြထားပါသည်။ ဟာကင်မ် မေရှရအ် (ခ) အစ္စလာမ့်အုပ်ချုပ်သူ သည် အစ္စလာမ့်လူ့အဖွဲ့အစည်း၏ အရှိန်အဟုန်ကို အခြေခံ၍ ဖော်ပြထားသော နည်းလမ်းများထဲမှ တစ်ခုကို အကောင်အထည်ဖော်ရန် အမိန့်ပေးပါ သည်။[၂၆]သို့ရာတွင် အချို့သောအချိန်အခါများတွင် ရှာရီအီ ပြစ်ဒဏ်များ ထုတ်ပြန်ခြင်း သည် အစ္စလာမ်နှင့်ဘာသာကို စော်ကားမှု ဖြစ်စေပါက ဟာကင်မ် မေရှရအ် (ခ) အစ္စလာမ့်အုပ်ချုပ်သူသည် သာသနာ ၏ ကျယ်ပြန့် သော အကျိုး အတွက်ကြောင့် ဤ ပြစ်ဒဏ်ထုတ်ပေးခြင်းကို ယာယီရပ်တန့်ရန် အခွင့်အာဏာရှိပါ သည်။[၂၇] သို့မဟုတ် ဟာကင်မ် မေရှရအ် (ခ) အစ္စလာမ့်အုပ်ချုပ်သူသည် ကြိုးပေးခြင်း သို့မဟုတ် ပစ်သတ်ခြင်းကဲ့သို့သော အခြားနည်းလမ်းများနှင့် ပုံစံအချို့ကို လုပ်ဆောင်ရန် အမိန့်ပေးနိုင်ပါသည်။[၂၈]

ဟရာမ် ပြုရခြင်း၏ ဒဿန

လေဝါသွ် အား ဟရာမ် သတ်မှတ်ရခြင်း ၏ ဟေက်မသ် နှင့် ပတ်သက်၍ အေမာမ် ရေဇာ (အ.စ) ထံ မှဆင့်ပြန် ထားသည့် ဟဒီးစ်တော် တစ်ပါး လာရှိသည် မှာအလ္လာဟ် ဟို အရှင်မြတ် သည် အမျိုးသားများ၏ သဘောသဘာဝအရ အမျိုးသမီးများကို ဖန်ဆင်းထားတော်မူပါသည်။ လေဝါသွ် သည် မျိုးဆက်ဖြတ်တောက် မှုကို ဖြစ်စေပြီး စကြဝဠာ၏ စည်းစနစ်များကို ဖောက်ပြန်ပျက်စီး စေပါ သည်။[၂၉]

အလာမာ သွဗာသွဗာရီ အနေဖြင့် မိမိ၏ ကျမ်း အလ်မီးဇန်း တွင် လေဝါသွ် နှင့် ဇေနာ ကို နှိုင်းယှဉ်ကာ ကျမ်းတော်မြတ် ကုရ်အာန် တွင် လေဝါသွ် အား «تَقْطَعُونَ السَّبِيلَ » အဓိပ္ပာယ် မှာ မင်းတို့သည် လမ်းကြောင်းပိတ်ဆို့နေပါသည် ဟု[၃၀] ဖော်ပြထားပါသည် ။[၃၁]သို့သော် ဇေနာ နှင့်ပတ်သက်ပြီး[၃၂] «سَاءَ سَبِيلًا» ဆိုလိုသည်မှာ ဆိုးရွားသောနည်းလမ်းဖြစ်ပါသည်။ ထို့ကြောင့် ကုရ်အာန်အရ ရလဒ်မှာ အဘယ်ကြောင့်ဆိုသော် လေဝါသွ် သက်ရောက်မှု သည် ဇေနာ ထက် ပို၍ပြင်းထန်ပါသည်။ အကြောင်း မှာ မျိုးပွားလမ်းကြောင်း နှင့် ကလေးမွေးဖွားမှုကို ထိခိုက်စေသောကြောင့် ဖြစ်ပါသည်။[၃၃]

လေဝါသွ် နှင့် ပတ်သက် ၍ အခြား ဘာသာများ နှင့် မဇ်ဟဗ်များ ၏ အမြင်များ

လေဝါသွ် ကို အဲဟ်လေ့စွန္နသ် ၏ မဇ်ဟဗ်များ တွင် လည်း တားမြစ်ထားပြီး ကျူးလွန်သူများအား ဟတ်ဒ်(ခ) ကန့်သတ် ပြစ်ဒဏ် ချမှတ်ထားပါသည်။[၃၄]သို့သော် အဘူဟနီဖဟ် ၏ ဖသ်ဝါ အရ လေဝါသွ် ကျူးလွန်သူ အား ဟတ်ဒ်(ခ) ကန့်သတ် ပြစ်ဒဏ် အစား သအ်ဇီးရ် ပြစ်ဒဏ် ပေးရမည် ဟု ဆိုထားပါသည်။[၃၅]

အခြားသော အလ္လာဟ်ဟို အရှင်မြတ် (ခ)ဖန်ဆင်းရှင် ကို ကိုးကွယ်သည့် ဘာသာတရားများတွင် လေဝါသွ်အား ရွံရှာ စရာ အဖြစ် ရှုတ်ချပြီး တားမြစ်ထားပါသည်။ Zoroastrianism ၏ဘာသာ တွင် လေဝါသွ် အား အဆိုး တကာ အဆိုးဆုံး လုပ်ရပ် ဟု သတ်မှတ်ထားပြီး ကျူးလွန်သူ အား သေဒဏ်ထိုက်သည်ဟု ဆိုထားပါ သည်။[၃၆] သောင်ရာသ် ကျမ်း တွင် လေဝါသွ်အား ဖူဂျူ အဖြစ်ဖော်ပြထားပါသည်။[၃၇] ဓမ္မသစ်ကျမ်း (ခရစ်ယာန်များ၏ သန့်ရှင်းသောကျမ်း) တွင်လည်းလေဝါသွ် ကျူးလွန်သူများကို ဖောက်ပြန် ဆိုးသွမ်းသူများ၊ ညှဉ်းဆဲသူများ နှင့် ရုပ်တုကိုးကွယ်သူများအဖြစ် ဖော်ပြထားပြီး ထိုသို့သောသူများသည် ဘုရားသခင်၏ (အလ္လာဟ်၏) နိုင်ငံတော်ကို အမွေမခံရဟု ဆိုထားသည်။[၃၈]

အောက်ခြေ မှတ်စုများ

  1. အလာမဟ် ဟစ်လီ ၊ သဲဟ်ရီရိုလ်အဲဟ်ကာမ်မေရှ်ရှရ်အီယဟ် ၊ မိုအ်စေစေဟ် အာလိုလ်ဘိုက်(သ) (အ.စ) ၊ အတွဲ ၂၊ စာမျက်နှာ ၂၂၄ ။
  2. ကိုလိုင်းနီ ၊အလ်ကာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်၊ အတွဲ ၅ ၊ စာမျက်နှာ ၅၄၃။
  3. ကိုလိုင်းနီ ၊အလ်ကာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်၊ အတွဲ ၅ ၊ စာမျက်နှာ ၅၄၃။
  4. စူရဟ်အန်ကဗူသ် ၊ အာယသ်တော် အမှတ် ၂၈ - ၂၉ ။ စူရဟ် အအ်ရာဖ် ၊ အာယသ်တော် အမှတ် ၈၀။
  5. ဖကီးဟီ ၊ သရ်ဗီယသ် သေ ဂျင်စီ ၊ အီရန်သက္ကရာဇ် ၁၃၈၇ ခုနှစ် ၊ စာမျက်နှာ ၃၁၁။
  6. ဖိုင်ဇိုလ်အစ္စလာမ် ၊ သရ်ဂျိုမဟ် ဝသဖ်စီးရ်ရိုလ်ကုရ်အာန် နေကရီးမ် ၊ အီရန်သက္ကရာဇ် ၁၃၇၈ ခုနှစ် ၊ အတွဲ၂၊ စာမျက်နှာ ၄၄၃။
  7. မစ်ရှ်ကီးနီ ၊ မွတ်ဆ်သွလဟာသိုလ်ဖေက်ဟေ၊ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ စာမျက်နှာ ၄၅၇ ။
  8. မစ်ရှ်ကီးနီ ၊ မွတ်ဆ်သွလဟာသိုလ်ဖေက်ဟေ၊ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ စာမျက်နှာ ၄၅၇ ။
  9. မစ်ရှ်ကီးနီ ၊ မွတ်ဆ်သွလဟာသိုလ်ဖေက်ဟေ၊ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ စာမျက်နှာ ၄၅၇ ။
  10. အလီဘင်န် မူစာ ၊ အလ်ဖေက်ဟိုလ်မန်စူဗို လေလ်အေမာမ်မေရ်‌ရေဇာ (အ.စ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ် ၊ စာမျက်နှာ ၂၇၆။
  11. အလာမဟ် ဟစ်လီ ၊ သဲဟ်ရီရိုလ်အဲဟ်ကာမ်မေရှ်ရှရ်အီယဟ် ၊ မိုအ်စေစေဟ် အာလိုလ်ဘိုက်(သ) (အ.စ) ၊ အတွဲ ၂၊ စာမျက်နှာ ၂၂၄ ။ စဗ်ဇ်ဝါရီ ၊ မဟဇ်ဇဗ်ဗိုလ်အဲဟ်ကာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၂၇၊ စာမျက်နှာ ၃၀၃။
  12. အလာမဟ် ဟစ်လီ ၊ သဲဟ်ရီရိုလ်အဲဟ်ကာမ်မေရှ်ရှရ်အီယဟ် ၊ မိုအ်စေစေဟ် အာလိုလ်ဘိုက်(သ) (အ.စ) ၊ အတွဲ ၂၊ စာမျက်နှာ ၁၃ ။ ခူဝီ ၊ မင်န်ဟာဂျိူလ်ဆွာလေဟီးန် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၀ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၆၅။
  13. ရှိုဗိုင်ရီ ဇန်ဂျာနီ ၊ကေသာဗွန် နေကဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ် ၊ အတွဲ ၇ ၊ စာမျက်နှာ ၂၁၀၉။ ဖရ်ဟန်ဂ်‌ဂေဖေက်ဟ် ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၆၅။
  14. အေမာမ် ခိုမေနီ ၊သောင်ဇီးဟိုလ်မစာအေလ် (မဟရှ်ရှီ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၇၃ ။
  15. အေမာမ်မီ ၊ ဟူကူကို မဒနီ ၊ အင်န်သေရှာရာသ်သေ အစ္စလာမ်မီယဟ် ၊ အတွဲ၄ ၊ စာမျက်နှာ ၃၂၈။
  16. အေမာမ် ခိုမေနီ ၊သောင်ဇီးဟိုလ်မစာအေလ် (မဟရှ်ရှီ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၇၃ ။
  17. အေမာမ် ခိုမေနီ ၊သောင်ဇီးဟိုလ်မစာအေလ် (မဟရှ်ရှီ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၇၃ ။
  18. နမူနာကြည့်ရန် - မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ၄ ၊ စာမျက်နှာ ၁၄၈ ။ အလာမဟ် ဟစ်လီ ၊ သဲဟ်ရီရိုလ်အဲဟ်ကာမ်မေရှ်ရှရ်အီယဟ် ၊ မိုအ်စေစေဟ် အာလိုလ်ဘိုက်(သ) (အ.စ) ၊ အတွဲ ၂၊ စာမျက်နှာ ၂၂၄ ။ ရှဟီးဒ် စာနီ ၊ မစာလေက်ကိုလ်အစ်ဖ်ဟာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၁၄၊ စာမျက်နှာ ၄၀၂ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်၊အတွဲ ၄၁၊ စာမျက်နှာ ၃၇၉ - ၃၈၀ ။ အေမာမ် ခိုမေနီ ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ မိုအ်စေစေဟ် ဒါရိုလ်အေလ်မ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၆၉ ၊မင်းန် ၄ ။
  19. နမူနာကြည့်ရန် - အလာမဟ် ဟစ်လီ ၊ သဲဟ်ရီရိုလ်အဲဟ်ကာမ်မေရှ်ရှရ်အီယဟ် ၊ မိုအ်စေစေဟ် အာလိုလ်ဘိုက်(သ) (အ.စ) ၊ အတွဲ ၂၊ စာမျက်နှာ ၂၂၄ ။ ရှဟီးဒ် စာနီ ၊ မစာလေက်ကိုလ်အစ်ဖ်ဟာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၁၄၊ စာမျက်နှာ ၄၀၃ ။ အေမာမ် ခိုမေနီ ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ မိုအ်စေစေဟ် ဒါရိုလ်အေလ်မ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၆၉ ၊မင်းန် ၄ ။
  20. သရ်ဟီနီ အာမေလီ ၊ အဇ်ဇိုဗ်ဒသိုလ်ဖေက်ဟီယသို ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၇ ခုနှစ် ၊ အတွဲ ၉၊ စာမျက်နှာ ၃၀၅ ။
  21. ခူဝီ ၊ သက်မီလသိုလ်မင်န်ဟာဂျ် ၊ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၈- ၃၉ ။
  22. နမူနာကြည့်ရန် - မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ၄ ၊ စာမျက်နှာ ၁၄၈ ။ အလာမဟ် ဟစ်လီ ၊ သဲဟ်ရီရိုလ်အဲဟ်ကာမ်မေရှ်ရှရ်အီယဟ် ၊ မိုအ်စေစေဟ် အာလိုလ်ဘိုက်(သ) (အ.စ) ၊ အတွဲ ၂၊ စာမျက်နှာ ၂၂၄ ။
  23. အေမာမ် ခိုမေနီ ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ မိုအ်စေစေဟ် ဒါရိုလ်အေလ်မ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၇၀ ၊မင်းန် ၈ ။
  24. ကိုလိုင်းနီ ၊အလ်ကာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်၊ အတွဲ ၇ ၊ စာမျက်နှာ ၂၀၀။
  25. မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ၄ ၊ စာမျက်နှာ ၁၄၈ ။ အလာမဟ် ဟစ်လီ ၊ သဲဟ်ရီရိုလ်အဲဟ်ကာမ်မေရှ်ရှရ်အီယဟ် ၊ မိုအ်စေစေဟ် အာလိုလ်ဘိုက်(သ) (အ.စ) ၊ အတွဲ ၂၊ စာမျက်နှာ ၂၂၄ ။
  26. အေမာမ် ခိုမေနီ ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ မိုအ်စေစေဟ် ဒါရိုလ်အေလ်မ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၇၀ ၊မင်းန် ၅ ။
  27. အေမာမ် ခိုမေနီ ၊ ဆဟီးဖဟ် အေမာမ် ၊ အီရန် သက္ကရာဇ် ၁၃၈၉ ခုနှစ်၊ အတွဲ ၂၀ ၊ စာမျက်နှာ ၄၅၂။
  28. မကာရေမ်မိုရှီရာဇီး ၊ အစ်သစ်ဖ်သာအာသ် ဂျဒီးဒ် ၊ ဟီဂျရီ ၁၄၂၇ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၃၆၉ ၊ မေးခွန်း ၉၄၈။
  29. ၂၉။ ဆူဒူက် ၊ အိုယွန်းနိုအက်ခ်ဗါရိုရ်ရေဇာ (အ.စ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၇၈ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၉၇။ ဆူဒူက် ၊ အလလွတ်ရှ်ရှရာယေအ် ၊ မန်ရှိုရာသိုလ်မက်သဗသေလ်ဟိုင်ဒရီယဟ် ၊ အတွဲ၂၊ စာမျက်နှာ ၅၄၈။
  30. စူရဟ်အန်ကဗူသ် ၊ အာယသ်တော် အမှတ် ၂၉ ။
  31. သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ မန်ရှိုရာသ် အီစမအီလီယာန်း ၊ အတွဲ ၁၆ ၊ စာမျက်နှာ ၁၂၃။
  32. စူရဟ် အက်စ်ရာအ် ၊ အာယသ်တော် အမှတ် ၃၂။ စူရဟ် နမလ် ၊ အာယသ်တော် အမှတ် ၅၄။
  33. သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ မန်ရှိုရာသ် အီစမအီလီယာန်း ၊ အတွဲ ၁၃၊ စာမျက်နှာ ၈၈။
  34. မူစဝီ အရ်ဒဗိုင်းလီ ၊ ဖေက်ဟိုလ်ဟူဒူဒေ ဝလ်သအ်ဇီးရာသ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၇ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၄၉။
  35. စရ်ခစီ ၊ အလ်မဗ်စူသို ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ်၊ အတွဲ ၉ ၊ စာမျက်နှာ ၇၇။ မူစဝီ အရ်ဒဗိုင်းလီ ၊ ဖေက်ဟိုလ်ဟူဒူဒေ ဝလ်သအ်ဇီးရာသ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၇ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၅၂။
  36. ရေဇာရီ ၊ သာရီခ်ခေ အဒယာန်း နေဂျဟာန် ၊ အီရန် သက္ကရာဇ် ၁၃၈၀ ခုနှစ်၊ အတွဲ ၁ ၊ စာမျက်နှာ ၁၉၇။
  37. ကေသာဗို မကဒက်စ် ၊ ကေသာဗို လာဝေယာန်း ၊ အခန်း ၁၈ ၊ အာယသ်တော် အမှတ် ၂၂။
  38. ကေသာဗို မကဒက်စ် ၊ ကေသာဗို ကရန်သေယာန်း ၊ အခန်း ၆ ၊ အာယသ်တော် အမှတ် ၉ - ၁၀။

ကျမ်းကိုးများ

  • ကုရ်အာန်
  • ကေသာဗို မကဒက်စ် (ဓမ္မသစ်ကျမ်း)
  • အေမာမ် ခိုမေနီ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ မိုအ်စေစေဟ် မသွဗူအာသ်ဒါရိုလ်အေလ်မ် ၊ ပထမကြိမ် ပုံနှိပ် ၊ ခုနှစ်မသိ။
  • အေမာမ် ခိုမေနီ ၊ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ သောင်ဇီးဟိုလ်မစာအေလ် (မဟရှ်ရှီ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ်
  • အေမာမ် ခိုမေနီ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ ဆဟီးဖဟ် အေမာမ် ၊ တီဟီရန် ၊ မိုအ်စေစေဟ် သောင်းဇီးအ် ဝနရှ်ရ် ရေ အာစာရေ အေမာမ် ခိုမေနီ ၊ အီရန် သက္ကရာဇ် ၁၃၈၉ ခုနှစ်။
  • အေမာမ်မီ ၊ဆယက်ဒ် ဟစန် ၊ ဟူကူကို မဒနီ ၊ တီဟီရန် ၊ အင်န်သေရှာရာသ်သေ အစ္စလာမ်မီယဟ် ၊ ခုနှစ် မသိ။
  • ဘနီဟာရှင်မ် ခိုမေနီ ၊ ဆယက်ဒ် မိုဟမ္မဒ် ဟစန် ၊ သောင်ဇီးဟိုလ်မစာအေလ် မရာ‌ဂျေအ် ၊ ကွမ်း ၊ ဒဖ်သရ် အင်န်သေရှော ရာသ် သေ အစ္စလာမ်မီ ဂျာမေအသို မိုဒရေစင်းန် ဟောင်ဇေဟ် အေလ်မီယေ ကွမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ်။
  • သရ်ဟီနီ အာမေလီ ၊ ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ အဇ်ဇိုဗ်ဒသိုလ်ဖေက်ဟီယသို ဖီး ရှရ်ဟ် ဟေရ်ရောင်ဇသိုလ်ဗဟီးယဟ် ၊ ဒါရိုလ်ဖေက်ဟ် လစ်လ် သွဗာအသ်သေ ဝန်နရှ် ၊ ကွမ်း ၊ ဟီဂျရီ သက္ကရာဇ် ၊ စတုတ္တ အကြိမ် ပုံနှိပ် ၊ ၁၄၂၇ ခုနှစ်။
  • ဂျန်မ်အီ အဇ် ဗဂျူဟစ်ရှ်ဂရာန် ၊ ဇီးရေ နဇရ်ရေ ရှားဟ်ရူဒီ၊ ဆယက်ဒ် မဲဟ်မူဒ် ဟာရှင်မ်မီ ၊ဖရ်ဟန်ဂ်‌ဂေ ဖေက်ဟ် မိုသွာဗစ်က် ကေ မဇ်ဟဗ်ဘေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ ကွမ်း ၊ မိုအ်စေစေဟ် ဒါယေရ သိုလ်မအာရေဖ် ဖေ ဖေက်ဟ်ဟေ အစ္စလာမ်မီ ဗရ် မဇ်ဟဗ်ဘေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ်။
  • ခူဝီ ၊ ဆယက်ဒ် အဘူလ် ကာစင်မ် ၊ သက်မီလသိုလ်မင်န်ဟာဂျ် ၊ ပုံနှိပ် မဒီနသိုလ်အေလ်မ် ၊ ကွမ်း ၊ ၂၈ ကြိမ် မြောက် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ်။
  • ရေဇာရီ ၊ အဗ်ဒိုရ်ရဟီးမ် ၊ သာရီခ်ခေ အဒယာန်း နေဂျဟာန် ၊ အီအင်န်သေရှာရာသ် အေလ်မီ ၊ တတိယ အကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၈၀ ခုနှစ်။
  • စဗ်ဇ်ဝါရီ ၊ ဆယက်ဒ် အဗ်ဒိုလ်အအ်လာ ၊ မဟဇ်ဇဗ်ဗိုလ်အဲဟ်ကာမ် ၊ကွမ်း ၊ မိုအ်စေစေဟူလ်မေနာရ် ၊ စတုတ္တ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ်။
  • စရ်ခစီ ၊ မိုဟမ္၎ဒ်ဘင်န် အဲဟ်မဒ် ၊ အလ်မဗ်စူသို ၊ ဘေရွတ် ၊ ဒါရိုလ်မအ်ရေဖဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ်။
  • ရှိုဗိုင်ရီ ဇန်ဂျာနီ ၊ ဆယက်ဒ် မူစာ ၊ ကေသာဗွန် နေကဟ် ၊ မိုအ်စေစေဟ် ဗဂျူဟစ်ရှ်ရှီ ရိုင်ဗရ်ဒါဇ် ၊ ပထမ အကြိမ် ပုံနှိပ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ်။
  • ရှဟီးဒ် စာနီ ၊ ဇိုင်နွန်ဒီးန် ဘင်န် အလီ ၊ မစာလေက်ကိုလ်အစ်ဖ်ဟာမ် အေလာ သန်ကီးဟ် ဟို ရှရာအေအ် အေလ် အစ္စလာမ်မီ ၊ မိုအ်စေစေသိုလ်မအာရေဖ်ဖိုလ်အစ္စလာမ်မီယဟ် ၊ ကွမ်း၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ်။
  • ဆူဒူက် ၊ အလလွတ်ရှ်ရှရာယေအ် ၊ နဂျဖ် ၊ မန်ရှိုရာသိုလ်မက်သဗသေလ်ဟိုင်ဒရီယဟ်၊ ခုနှစ်မသိ။
  • ဆူဒူက် ၊ အိုယွန်းနိုအက်ခ်ဗါရိုရ်ရေဇာ (အ.စ) ၊ တီဟီရန် ၊ ပုံနှိပ် ဂျဟာန် ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၇၈ ခုနှစ်။
  • သွဗာသွဗာရီ ၊ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ အလ်မီးဇန်း ဖီး သဖ်စီးရ် ရိုလ်ကုရ်အာန် ၊ မန်ရှိုရာသ် အီစမအီလီယာန်း ၊ ခုနှစ်မသိ။
  • အလာမဟ် ဟစ်လီ ၊ သဲဟ်ရီရိုလ်အဲဟ်ကာမ်မေရှ်ရှရ်အီယဟ် အလာ မဇ်ဟဗ် ဗေလ်အေမာမ်မီယဟ် ၊မိုအ်စေ စေဟ် အာလိုလ်ဘိုက်(သ) (အ.စ) ၊ မရှ်ဟဒ် ၊ ပထမကြိမ် ပုံနှိပ် ၊ ခုနှစ် မသိ။
  • အလီဘင်န် မူစာ (အေမာမ် ဟရှ်သွန်မ်) ၊ အလ်ဖေက်ဟိုလ်မန်စူဗို လေလ်အေမာမ်မေရ်‌ရေဇာ (အ.စ) ၊ မရှ်ဟဒ် ၊ ၊မိုအ်စေ စေဟ် အာလိုလ်ဘိုက်(သ) (အ.စ) ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ်။
  • ဖကီးဟီ ၊ အလီ နကီ ၊ သရ်ဗီယသ် သေ ဂျင်စီ ၊ ကွမ်း ၊ မိုအ်စေစေဟ် အေလ်မီ ဖရ်ဟန်ဂီ ဒါရိုလ်ဟဒီးစ် ၊ ပထမကြိမ် ပုံနှိပ် ၊ အီရန်သက္ကရာဇ် ၁၃၈၇ ခုနှစ် ။
  • ကိုလိုင်းနီ၊ မိုဟမ္မဒ် ဘင်န် ယအ်ကူးဗ် ၊အလ်ကာဖီ ၊တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ်၊ စုတ္တ အကြိမ် ပုံနှိပ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်။
  • မိုဟကစ်က်ကေ ဟစ်လီ ၊ နဂျ်မွတ်ဒ်ဒီးန် ၊ ရှရာအေအိုလ်အစ္စလာမ် ဖီး မစာအေ လေလ် ဟလာလ် ဝလ် ဟရာမ် ၊ကွမ်း ၊ မိုအ်စေစေဟ် အီစမအီလီယာန်း ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ်။
  • မစ်ရှ်ကီးနီ ၊ မီးရ်ဇာအလီ ၊ မွတ်ဆ်သွလဟာသိုလ်ဖေက်ဟေ၊ ကွမ်း ၊ အလ်ဟာဒီ ပုံနှိပ် တိုက် ၊ တတိယ အကြိမ် ပုံနှိပ် ၊ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ်။
  • မကာရေမ်မိုရှီရာဇီး ၊ နာစေရ် ၊ အစ်သစ်ဖ်သာအာသ် ဂျဒီးဒ် ၊ အင်န်သေရှာရာသ် သေ မဒရ်စေဟ် အေမာမ် အလီ ဘင်န် အဘီ သွာလစ်ဗ် (အ.စ) ၊ ကွမ်း ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၇ ခုနှစ်။
  • မူစဝီ အရ်ဒဗိုင်းလီ ၊ ဆယက်ဒ် အဗ်ဒိုရ် ကရီးမ်၊ ဖေက်ဟိုလ်ဟူဒူဒေ ဝလ်သအ်ဇီးရာသ် ၊ ကွမ်း၊ မိုအ်စေစေဟ် အန်နရှ်လေဂျာမေအသိုလ် မိုဖီးဒ် ၊ ဒုတိယ အကြိမ် ပုံနှိပ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၇ ခုနှစ်။
  • နဂျဖီ ၊ မိုဟမ္မဒ် ဟစန် ၊ ဂျဝါဟေရိုလ်ကလာန်မ် ဖီး ရှရ်ဟ်ဟေ ရှာရာအေအ် အိုလ်အစ္စလာမ် ၊ဘေရွတ် ၊ ဒါရိုလ်ဟယာအ်အိုလ်သိုရာစိုလ်အရဘီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်။