လဟက်(ဒ်)

wikishia မှ

လဟက်(ဒ်) ဆိုသည်မှာ ၊ ကိဗ်လဟ် ဘက်ခြမ်းရှိ ကဗရ်အုတ်ဂူ၏ အောက်ခြေ၌ တူးထားသော စတုဂံအပေါက်တစ်ခု ဖြစ်သည်။ မွတ်စ်လင်မ်များသည် မိမိတို့၏ သေဆုံးသွားသူများကို ထိုနေရာ၌ မြုပ်နှံကြသည်။ ထိုသို့ တူးရခြင်း၏ အကြောင်းအရင်းမှာ ၊ ရုပ်အလောင်းသို့ အညစ်အကြေးများ နှင့် မြေကြီးများ မရောက်စေရှိရန် ၊ ဖြစ်သည်။ မွတ်စ်လင်မ် ဥပဒေသပညာရှင်များသည် လဟက်(ဒ်) တူးခြင်းကို မွတ်စ်သဟဘ် ဖြစ်သည်ဟု သတ်မှတ်ထားပြီး ရှီအဟ် ဥပဒေသပညာရှင်များသည် ယင်းအား ရွှံ့နွံဖြင့် ခိုင်ခံ့အောင် ပြုလုပ်ခြင်း နှင့် ကျောက်တုံးကို တည်သောအခါ ဖတ်ရွတ်သင့်သည့် အထူးဒိုအာများကို ရွတ်ဆိုရန် တိုက်တွန်းထားသည်။ ရှီအဟ် ဥပဒေသပညာရှင်များ၏ ဖသ်ဝါအရ၊ အကယ်၍ မြေကြီး ပျော့နေပါက ၊ လဟက်(ဒ်) အစား ရှက္က် (သေဆုံးသူများ ထားရှိရာ အုတ်ဂူ၏ အနက်တွင် စတုဂံအပေါက်တစ်ခု တူးပြီး အမိုးဖုံးထားကာ ၎င်းအပေါ် မြေကြီးဖုံးအုပ်ရမည်) ကို အသုံးပြုခြင်းသည် ပိုကောင်းပေသည်။

Lahad

ဝေါဟာရ အနက်အဓိပ္ပါယ်

Sang lahad

လဟက်(ဒ်) သည် ကဗရ်အုတ်ဂူ၏ နံဘေးကို တူးပြုလုပ်ထားသော စတုဂံအပေါက်တစ်ခု ဖြစ်သည်။ လဟက်(ဒ်) တူးဖော်ရန်အတွက်၊ ကိဗ်လဟ် ဘက်ခြမ်းရှိ ကဗရ်အုတ်ဂူ၏ အောက်ခြေ၌ အရှည်လိုက်၊ သေဆုံးသူ ထားရှိရန် လုံလောက်သော အတိုင်းအတာ အထိ တူးဖော်ရပေမည်။ (1) ဒဲဟ်ခိုဒါ အဘိဓာန်၌ ၊ လဟက်(ဒ်) အား အနက်အဓိပ္ပါယ် ဖွင့်ဆိုထားသည်မှာ ၊ ကဗရ်အုတ်ဂူ၏ အောက်ခြေတွင် တူးထားသည့် အပေါက်။ သေဆုံးသူများကို ထားရှိရန် ကဗရ်အုတ်ဂူ၏ အောက်ခြေတွင် အရှည်လိုက် တူးထားသည့် အပေါက်တစ်ခု ဖြစ်သည်။ (2) အုပ်ခဲ၊ ကျောက် သို့မဟုတ် လဟက်(ဒ်) ကို ဖုံးအုပ်ထားသည့် ထိုအရာနှင့် ဆင်တူသော အရာကို လဟက်(ဒ်)ကျောက် ဟုခေါ်သည်။ (3)

ဖိက္ကဟ်ဥပဒေသ

ရှီအဟ်ဥပဒေပညာရှင်များ၏ အဆိုအရ လူသေများကို မြုပ်နှံဖို့ရန်အတွက် လဟက်(ဒ်) တူးခြင်းသည် မွစ်သဟဘ် ဖြစ်သည်။ (4) အကယ်၍ မြေကြီး ပျော့နေပါက ၊ လဟက်(ဒ်) အစား ရှက္က် (သေဆုံးသူများ ထားရှိရာ အုတ်ဂူ၏ အနက်တွင် စတုဂံအပေါက်တစ်ခု တူးပြီး အမိုးဖုံးထားကာ ၎င်းအပေါ် မြေကြီးဖုံးအုပ်ရမည်) ကို အသုံးပြုခြင်းသည် ပိုကောင်းပေသည်။ (5) ရှီအဟ်ဖိက္ကဟ် အရ၊ ရွှံ့ခဲ ဖြင့် လဟက်(ဒ်) တူးခြင်းသည် မွစ်သဟဘ် ဖြစ်သည်။ (6) ထိုသို့ တူးရခြင်း၏ အကြောင်းအရင်းမှာ ၊ ရုပ်အလောင်းကို အညစ်အကြေးများ နှင့် မြေကြီးများ မရောက်စေရှိရန် ၊ မရောက်ရှိရန် ဖြစ်သည်။ (7) ကျောက်၊ ကောက်ရိုး၊ သစ်သား သို့မဟုတ် လူသေထံသို့ မြေဆီလွှာ ၊ မြေကြီး ၊ အညစ်အကြေး မရောက်ရှိအောင် တားဆီးသည့် မည်သည့်အရာမဆို အသုံးပြုရန်လည်း ခွင့်ပြုထားသည်။ (8) သို့သော် ဂျဝါဟီရုလ်ကလာမ် စာအုပ်ရေးသူ မုဟမ္မဒ် ဟစန်နဂျဖီ (ဟီဂျရီ ၁၂၆၆ ကွယ်လွန်) သည် ရွှံ့ခဲ ဖြင့် လဟက်(ဒ်) တူးခြင်းကို ပိုကောင်းသည်ဟု ဆိုထားသည်။ (9) သဟ်ဇီးဘ် စာအုပ်၌ လာရှိထားသည့် ရေဝါယသ်အရ၊ အေမာမ်အလီ(အစ) သည်လည်း ဟစန်နိုင်းန်(အစ) အား မိမိ သေဆုံးသည့်အခါ မိမိ၏ လဟက်(ဒ်)အား ရွှံ့ခဲ ဖြင့် ဖုံးအုပ်ရန် မှာကြားခဲ့သည်။ (10) အခြားရေဝါယသ် တစ်ခုအရ၊ အေမာမ်အလီ(အစ) သည် တမန်တော်မြတ်(ဆွ) ၏ လဟက်(ဒ်) ကို ရွှံ့ခဲ ဖြင့်ဖုံးအုပ်ခဲ့သည်။ (11) မရာဂျေအ်သက္က်လီးဒ် စိုင်ယိဒ် မုဟမ္မဒ် စအီးဒ် ( ဟီဂျရီ ၂၃၅၄) သည်၊ ကဗရ်အုတ်ဂူကို ရွှံ့ခဲ ဖြင့် မဟုတ်သည့်တိုင် ခိုင်ခံအောင် ပြုလုပ်ခြင်းသည် မွစ်သဟဘ် ဖြစ်သည်။ (12) အချို့ အဟ်လေစွန္နသ် ဖက္ကီးဟ် ပညာရှင်များသည်၊ မီးဖြင့်ဖုတ်ထားသော သစ်သား နှင့် ရွှံ့ခဲ တို့ကို လဟက်(ဒ်) တူးဖော်ရန် အသုံးပြုခြင်းကို မကရူဟ် ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (13)

အာဒါဘ်

ရှီအဟ် ဖက္ကီးဟ်ပညာရှင်များသည် (14) ရေဝါယသ်များအရ (15) ဆိုထားသည်မှာ လဟက်(ဒ်) ကျောက်သည် ရွှံ့ဖြင့် ခိုင်ခံစွာ ပြုလုပ်ခြင်းသည် ပိုကောင်းပြီး ကျောက်တုံးများဖြင့် လဟက်(ဒ်) တည်ဆောက်သည့်အခါ ဤ‌ဒိုအာကို ဖတ်ရွတ်သင့်သည် : اللَّهُمَّ صِلْ وَحْدَتَهُ، وَ آنِسْ وَحْشَتَهُ، وَ أَسْکِنْ إِلَیْهِ مِنْ رَحْمَتِکَ رَحْمَةً تُغْنِیهِ عَنْ رَحْمَةِ مَنْ سِوَاکَ အို အရှင်မြတ် ၊ ၎င်းအား အထီးကျန်မှုကနေ ကယ်တင်တော်မူပါ။ ၎င်း၏ ကြောက်စိတ်များကို ‌အဖော်ပြု နားလည်တော်မူပါ။ အသင့်မှ တစ်ပါး အခြားသော ကရုဏာကို မလိုအပ်သောကြောင့် ၎င်းအား အသင်၏ ကရုဏာတော်ဖုင့် ငြိမ်သက်ခြင်းများစွာကို ပေးသနားတော်မူပါ။ (16) ဟဒီးစ် ကောက်နုတ်ကိုးကားသူ ၊ ဟီဂျရီ ခြောက်ရာစု ဖက္ကီးဟ်ပညာရှင် ဖြစ်သူ ကုသ်ွဘုရဝါန်ဒီ ဖော်ပြထားသည်မှာ ၊ ရှီအဟ်များသည် လဟက်(ဒ်) ကျောက် တန်းစီခြင်းကို သေဆုံးသူ၏ ဦးခေါင်းဘက်မှ စတင်ပြုလုပ်ပေသည်။ (17) ဂျဝါဟီရုလ်ကလာမ် စာအုပ်ရေးသူ မုဟမ္မဒ် ဟစန်နဂျဖီ (ဟီဂျရီ ၁၂၆၆ ကွယ်လွန်) ၏ အမြင်၌၊ ဤသို့ပြုလုပ်ရခြင်း၏ အကြောင်းအရင်းမှာ၊ ဦးခေါင်းသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများထက် ပိုအရေးကြီးသောကြောင့်ဖြစ်သည်။ (18)