လက်စွပ်

wikishia မှ

လက်စွပ် သို့မဟုတ် ခါသမ်သည် သတ္တုဖြင့် ပြုလုပ်ထားသည့် ရတနာလက်စွပ် ဖြစ်ပြီး ရေဝါယသ်များအရ ၊ ယင်းအား ဝတ်ဆင်ခြင်းသည် တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော်များ အနက်မှ တစ်ခုဖြစ်သည်။ ဖိက္ကဟ်ဓမ္မကျမ်း ၌၊ လက်စွပ်အတွက် ဥပဒေသများ ဖော်ပြထားသည်။ အေမာမ်ဟစန်အစ်ကရီ(အစ) ထံမှ ကိုးကားထားသည့် ရေဝါယသ်အရ၊ ညာလက်တွင် လက်စွပ် ဝတ်ဆင်ခြင်းသည် မိုအ်မင်န် သက်ဝင်ယုံကြည်သူ၏ အချင်းလက္ခဏာ ငါးပါးထဲမှ တစ်ခုဖြစ်သည်။ ရှီအဟ် ရေဝါယသ်များ၌ ၊ လက်စွပ်၏ ပစ္စည်းနှင့် ၎င်းပေါ်ရှိပုံစံနှင့် ခရိုင်းမီးယားကျောက်များ (အဖိုးတန်ကျောက်များ) အသုံးပြုရန် အကြံပြု တိုက်တွန်းထားသည်။ ကိုးကားထားသည်မှာ ရှီအဟ် အေမာမ်များ၏ လက်စွပ်ပေါ်ရှိပုံစံသည် «المُلْکُ لله» ၊ «حَسبی ‌الله» ဟူသော စကားစုများ ရှိပေသည်။ ရှီအဟ်များသည်လည်း မိမျတို့၏ လက်စွပ်ပုံစံများကို «لااله الا الله»، «محمد نبی الله» و «علی وَلیُ الله» ဟူသော စကားစုများဖြင့် ရေးထွင်းကြသည်။ စာများကို တံဆိပ်တုံးထုရန် လက်စွပ်များကိုလည်း အသုံးပြုခဲ့သည်။ တမန်တော်မြတ်(ဆွ)နှင့် ရှီအဟ်ပညာရှင်တို့လည်း ဤနည်းလမ်းကို အသုံးပြုခဲ့ကြသည်။ အေမာမ်ဟစန်အက်စ်ကရီ (အစ) မိုအ်မင်န် သက်ဝင်ယုံကြည်သူ၏ အချင်းလက္ခဏာ ငါးမျိုး ရှိပေသည်။ နမာဇ်ငါးကြိမ်အား ဖတ်ရွတ်ခြင်း၊ နေ့စဉ်နေ့တိုင်း နာဖေလဟ်များကို ဖတ်ခြင်း၊ အရ်ဘအီးန် ဇေယာရသ် သွားရောက်ခြင်း ညာလက်၌ လက်စွပ်ဝတ်ခြင်း စဂ်ျဒါ ပြုလုပ်ရာ၌ နဖူးကို မြေကြီးအပေါ်တွင် ထားခြင်း بسم الله الرحمن الرحیم အား ကျယ်စွာရွတ်ဆိုခြင်း သူစီ ၊ သဟ်ဇီးဘုလ်အဟ်ကာမ် ၊ ၊ ဟီဂျရီ ၁၄၀၇, အတွဲ ၆ ၊ စာမျက်နှာ ၅၂။

အရိုက်အရာ နှင့် ‌အရေးပါမှု

အစ္စလာမ့် ဖိက္ကဟ် ဓမ္မကျမ်းတွင် လက်စွပ် ဆိုသည်မှာ ၊ သတ္တုဖြင့် ပြုလုပ်ထားသည့် အကွင်းဖြစ်ပြီး ကျောက်ပါသော အကွင်း နှင့် ကျောက်မပါသော အကွင်း မျိုးစုံ ပါဝင်ကာ သီးသန့် လက်ချောင်းအတွက်သာလျင် ဖြစ်သည်။ (1) အချို့သော ရေဝါယသ်များ၌၊ လက်စွပ်ဝတ်ဆင်ခြင်းသည် တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော်များ အနက်မှ တစ်ခုဖြစ်ပြီး (2) ရှီအဟ်များ၏ အချင်းလက္ခဏာ (3) နှင့် မိုအ်မင်န် သက်ဝင်ယုံကြည်သူများ၏ အချင်းလက္ခဏာ(4) ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ ဆိုထားသည်မှာ၊ ညာလက်ဖြင့် လက်စွပ်ကို ဝတ်ဆင်ခြင်းသည် ရှီအဟ်များဟူ၍ လူသိများသော လက္ခဏာများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုထားကြသည်။ (5) ဖိက္ကဟ် ကျမ်း၏ အခန်းအမျိုးမျိုး ဥပမာ ဆွလာသ် (6) ဟဂ်ျ (7) ဂျေဟာဒ် (8) တို့၌ လက်စွပ်နှင့်ပတ်ပြီး ဖော်ပြထားသည်။

အေမာမ်များ၏ လက်စွပ်ဝတ်ဆင်ပုံ

ရှီအဟ် ကျမ်းကိုး (9) နှင့် စွန္နီကျမ်းကိုး၌ လာရှိထားသည့် ရေဝါယသ်များအရ ၊ အေမာမ်အလီ(အစ) သည် နမာဇ်၏ ရူကူအ်၌ ၊ မိမိ၏လက်စွပ်ကို မရှိဆင်းရဲသားအား ပေးခဲ့သည်။ (11) ထိုအဖြစ်အပျက်ကို ခါသမ်ဘက်ခ်ရှီး ဟူ၍ သိကျွမ်းကြပေသည်။ ထို့အတူ အိဗ်နေသွာဝူးစ် (ဟီဂျရီ ၆၆၄ ကွယ်လွန်) ၏ လိုဟူးဖ် စာအုပ်၌ ဖော်ပြထားချက်အရ၊ အေမာမ်ဟိုစိုင်းန်(အစ) ရှဟီးဒ် ဖြစ်သည့်အချိန်၊ ၎င်း၏ လက်၌ လက်စွပ်ရှိပြီး အွမ်မရ် ဗင်န် စအ်ဒ်၏ တပ်သားမှ ဘက်ဂ်ျဒလ် ဗင်န် စိုလိုင်းမ် ကလ်ဘီ ဆိုသူသည် ထိုလက်စွပ်ကို ယူရန် အေမာမ်၏ လက်ချောင်းကို ဖြတ်တောက်ခဲ့သည်။ (12) ရေဝါယသ်တစ်ခုတွင်၊ အေမာန်ကာဇွင်မ် (အစ.) အား အေမာန်အလီ(အစ) ၏ ညာလက်တွင် လက်စွပ် ဝတ်ရရသည့် အကြောင်းရင်းကို မေးမြန်းခဲ့သည်။ အေမာမ်ဖြေဆိုသည်မှာ ၊အဘယ်ကြောင့်ဆိုသော် အေမာမ်အလီ(((အ.စ))သည် တမန်တော်မြတ်(((ဆွ.) ပြီးနောက် ယီမန် နောက်လိုက်သားများ၏ ခေါင်းဆောင်ဖြစ်သော ကြောင့် ဖြစ်သည်။ (13)

စာများကို တံဆိပ်တုံးထုခြင်း

စာများကို လက်စွပ်ဖြင့် တံဆိပ်တုံးထုခြင်းသည် အစ္စလာမ့် ထုံးတမ်းများမှ တစ်ခုဖြစ်သည်ဟူ၍ သတ်မှတ်ထားသည်။ (14) တမန်တော်မြတ်(ဆွ)သည် ဟီဂျရီ ၆ ရာစု ၏အဆုံးတွင် ဘုရင်ထံ ရေးသောစာများကို တံဆိပ်ခတ်ဖို့ရန်အတွက် လက်စွပ်တစ်ကွင်းကို ပြုလုပ်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုထားသည်။ (15) လက်စွပ်ဖြင့် စာများကို တံဆိပ်ထုခြင်း ဓလေ့ကိုလည်း ရှီအာပညာရှင်များ ထံမှလည်း ကောက်နုတ်ဖော်ပြခဲ့သည်။ (16) ထို့ကြောင့် လက်စွပ်အား ခါသမ် (နောက်ဆုံး ၊ အဆုံးသက်ခြင်း) ဟူ၍လည်း ခေါ်ဆိုသည်။ (17)

လက်စွပ် အမျိုးအစား နှင့် လက်စွပ်အပေါ်၌ ထွင်းထားသည့် ပုံစံ

အလီ ဝလီယုလ္လာဟ် ရေးထွင်းထားသော လက်စွပ် အလီဝလီယုလ္လာဟ် ကို လက်စွပ်ရတနာပေါ်တွင် ရေးထွင်းထားသည်။ ရှီအဟ် ရေဝါယသ်များတွင် လက်စွပ်အမျိုးအစား၊ ကျောက်မျက် အမျိုးအစား၊ လက်စွပ်အပေါ်၌ ထွင်းထားသည့်ပုံစံ နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍ တို့အကြောင်း ပြောဆိုထားသည်။ (18) အမျိုးအစား အချို့သော ရေဝါယသ်များတွင် တမန်တော်မြတ်၏ လက်စွပ်ကို ငွေဖြင့် ပြုလုပ်ထားသည် ဟုဖော်ပြထားသည်။ (19) အချို့ရေဝါယသ်များအရ၊ ခရိုင်းမီးယား ကျောက်အချို့ ဥပမာ အကီးက် (20) ၊ ဖီရိုဇဟ် (21) ယာကူးသ် (22) နှင့် ဇုမ်ရုဒ် (23) ကဲ့သို့သော ကျောက်များကို အသုံးပြုရန် တိုက်တွန်းထားသည်။ ထို့အပြင်၊ ဝစာအီလုလ်ရှီအဟ် စာအ်ပ်တွင် တမန်တော်မြတ်၏ လက်စွပ်သည် အနက်ရောင်ဖြစ်ကြောင်း ရည်ညွှန်းသည့် ရေဝါယသ် များရှိသည်။ (24) လက်စွပ်အပေါ်၌ ထွင်းထားသည့် ပုံစံ လက်စွပ်ပေါ်တွင် ရေးထွင်းထားသည့် ပုံစံနှင့် ပတ်သက်၍ ေအမာမ်များထံမှ ရေဝါယသ်များ လာရှိထားသည်။ (25) အေမာမ်ဆွာဒီက်(အစ) ထံမှ ကောက်နုတ်ထားသည်မှာ တမန်တော်မြတ်(ဆွ)၏ လက်စွပ်အပေါ်၌ ထွင်းထားသည့် ပုံစံမှာ محمدٌ رسولُ الله ၊ အေမာမ်အလီ(အစ) ၏ လက်စွပ်အပေါ်၌ ထွင်းထားသည့် ပုံစံမှာ «المُلْکُ لِلّه» ၊ အေမာမ်ဘာကရ်(အစ) ၏ လက်စွပ်အပေါ်၌ ထွင်းထားသည့် ပုံစံမှာ «العِزةُ الله» ဖြစ်ပေသည်။ (27) ထို့အပြင် «الْمُلْكُ لِله وَحْدَهُ» “စိုးပိုင်အုပ်ချုပ်မှု နှင့် အမိန့်ပေးသူသည် သီးသန့်အရှင်မြတ် တစ်ပါးတည်းသာလျှင် ဖြစ်ပေသည်။” (28) ဟူ၍ဖော်ပြထားသည်။ «محمدٌ نَبیُ الله» နှင့် «علیٌ ولیُ الله» သည် လက်စွပ်ပေါ်တွင် ရေးထွင်းရန် တိုက်တွန်းထားသော စကားစုများ ဖြစ်ပေသည်။ (29) ရှီအဟ်များတွင် ဤသို့ ထွင်းထုထားသော လက်စွပ်များ ရှိ ပေသည်။

ဥပဒေသများ

ဖိက္ကဟ် ဓမ္မရေးဆိုင်ရာ ကဏ္ဍအသီးသီးတွင် လက်စွပ်အတွက် ဥပဒေသ ပညတ်ချက်များကို ဖော်ပြထားပြီး၊ အချို့မှာ အောက်ပါတို့ ပါဝင်သည်။ သန့်ရှင်းမှုရှိရခြင်း ၊ အချို့သော ဥပဒေပညာရှင်များ ဆိုထားသည်မှာ အိမ်သာသွားသည့်အချိန် ((ဆီးနှင့် မစင် စွန့်သည့်အချိန်) (30) အရှင်မြတ်၏ နာမတော် သို့မဟုတ် ကုရ်အာန်ထဲက အာယသ် တစ်ခုခုရေးထားသည့် လက်စွပ်ကို ဝတ်ဆင်ခြင်းသည် မကရူဟ် ဖြစ်သည်။ (31) ဂျဝါဟီရုပ်ကလာမ် စာအုပ်ရေးသူ မုဟမ္မဒ် ဟစန် နဂျဖီ ရေးထားသည်မှာ အေမာမ်များ၏ အမည်များ၊ ဖှာသွေမဟ်(စအ) ၏ အမည်များသည်လည်း ထိုသို့ပင် ဖြစ်သည်။ (32) ဝူဇူ ၊ ဝူဇူ ပြုလုပ်သည့်အခါ ၊ ဝူဇူရေသည် လက်စွပ်အောက်ရှိ အသားကို ထိရပေမည်။ ထို့ကြောင့် ရေအောက်သို့ ရောက်ရှိစေရန် လက်စွပ်ကို လှုပ်ခါရမည်မှာ မွစ်သဟဘ် ဖြစ်ပြီး အကယ်၍ ရေအောက်သို့ မရောက်ရှိပါက ၎င်းကို ဖယ်ရှားရမည်ဖြစ်သည်။ (33) နမာဇ် ၊ ဓမ္မပညာရှင်များ၏ ဖသ်ဝါအရ၊ နမာဇ်ဖတ်သည့်အချိန် အကီးက် လက်စွပ်အား ညာလက်တွင် ဝတ်ဆင်ခြင်းမှာ မွစ်သဟဘ် ဖြသ်သည်။ (34) သို့သော် အမျိုးသားသည် ရွှေလက်စွပ် ဖြက့် နမာဇ် ဖတ်ခြင်းသည် ဟရာမ်ဖြစ်ပြီး နမာဇ်ကို ပျက်ပြားစေသည်။ (35) ထို့အတူ အမျိုးသား နှင့် အမျိုးသမီးများ အဖို့ နမာဇ် ဝတ်ပြုချိန် နှင့် အခြားသော အချိန်များ၌ သံလက်စွပ်ကို ဝတ်ဆင်ခြင်းသည် မကရူဟ် ဖြစ်သည်။ (36) အချို့ဓမ္မပညာရှင်များ၏ အမြင်အရ၊ မတရား ရယူထားသော လက်စွပ်ဖြင့် နမာဇ်ဖတ်ခြင်းသည် နမာဇ်ကို ပျက်ပြားစေသည်။ (37) ဟဂ်ျ ၊ ဟဂျ် အတွက် ပြင်ဆင်မှုများကို ဆွေးနွေးရာတွင် အချို့သော ဥပဒေပညာရှင်များက အဝါရောင် အကီးက် လက်စွပ်ကို ခရီးသွားရာ၌ ဝတ်ဆင်ခြင်းသည် မွစ်သဟဘ် တစ်ခုအဖြစ် ဖော်ပြခဲ့ကြသည်။ (38) မရာဂျေအေ သက္က်လီးဒ် စိုင်ယိဒ် အဘူလ်ကာစင်မ် ၏ အမြင်အရ၊ အဟ်ရမ် ဝတ်ဆင်ထားသူအဖို့ လက်စွပ်ဝတ်ခြင်းသည် ၊ အကယ်၍ အလှပြဖို့ရန်အတွက် ဖြစ်ပါက ဟရာမ်ဖြစ်ပြီး ဤသို့မဟုတ်ပါက ဝတ်ပိုင်ခွင့်ရှိပေသည်။ (39) ထို့အတူ အေမာမ်ခိုမီနီသည် အေဟ်သေယာသ် အနေဖြင့်၊ နဂျီစ် ဖြစ်‌ေနသော လက်စွပ်ဖြင့် ဟဂ်ျလုပ်ပါ ၊ ဟဂ်ျ ကိုပျက်ပြားစေသည်။ (40) ဂျေဟာဒ်၊ လက်စွပ်သည် စလက်ဘ် အမျိုးအစား အနက်မှ ဖြစ်သည်။ (41) စလက်ဘ် ဆိုသည်မှာ ဂျေဟာဒ်၌ အသက်ခံရသူ၏ ပစ္စည်းဥစ္စာ ဖြစ်ပြီး သတ်ဖြတ်သူသည် ထိုပစ္စည်းကို ပိုင်ဆိုင်ပေကာ မျှဝေခွဲယူဖို့ မလိုအပ်ပေ။ (42) ထိန်းမြားခြင်း ၊ မိုဟဒီစေ ဘဟ်ရာနီ၏ အဆိုအရ၊ အရှင်မြတ်၏ နာမတော် သို့မဟုတ် ကုရ်အာန်ထဲမှ အာယသ်တစ်ခုခု ရေးသားထားသော လက်စွပ်ဖြင့် နှီးနှောဆက်ဆံခြင်းသည် မကရူဟ် ဖြသ်သည်။ (43) အမွေ ၊ လက်စွပ်သည် အမွေမခွဲမီ ၊ သားအကြီးဆုံးထံ ရောက်ရှိသည့် ဟက်ဘ်ဝဟ် အမျိူအစား အနက်မှ ဖြစ်သည်။ (44) ရွှေလက်စွပ် ၊ ရှီအဟ် မ္မပညာရှင်များသည်၊ ရွှေဖြင့် ပြုလုပ်ထားသော လက်စွပ်အား အမျိုးသားများ ဝတ်ဆင်ခြင်းကို ဟရာမ် ဟူ၍ သတ်မှတ်ထားသည်။ (45)

တမန်တော်စိုလိုင်မားန်၏ လက်စွပ်

ရေဝါယသ်များ၌၊ တမန်တော်စိုလိုင်မားန် အတွက် လက်စွပ်တစ်ကွင်းကို ဖော်ပြထားပြီး၊ ယင်းမှာ ၎င်း၏ တန်ခိုးတော်၏ သင်္ကေတ ဖြစ်သည်ဟု ဖော်ပြထားသည်။ (46) ထိုလက်စွပ်သည် အေမာမ်များ၏ လက်ထဲတွင် ဖြစ်ပြီး (47) အေမာမ်မဟ်ဒီ(အဂျ) ဖူးပွင့်သည့်အခါ ထိုလက်စွပ်ကို ဝတ်ဆင်ထားမည် ဖြစ်သည်။ (48)