ရှိုင်တွာန်ကြီး

wikishia မှ
ဘရာဇီးကာတွန်းဆရာ Carlos Latov ရေးဆွဲထားသည့် ရှိုင်တွာန်ကြီး (ခ) မာရ်နတ်ကြီး၏ ရုပ်ပြောင်

ရှိုင်တွာန်ကြီး (ခ) မာရ်နတ်ကြီး (အရဘီ : الشيطان الأكبر) ဆိုသည်မှာ အေမာမ် ခိုမေနီ (ရ.ဟ) ၏ အနက်ဖွင့် ဆို ထား သည့် စကားလုံး ဖြစ်ပါသည်။ တီဟီရန်မြို့ရှိ အမေရိကန်သံရုံးကို သိမ်းပိုက်ပြီးနောက် အေမာမ် ခိုမေနီ (ရ.ဟ) မှ မိမိ ၏ မိန့်ခွန်း မှ အမေရိကကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။[၁]အေမာမ် ခိုမေနီ (ရ.စ) မှ မိမိ၏ မိန့်ခွန်း တွင် ဤ သမ်စီးလ်(ပုံဥပမာ) အား ဟဒီးစ် တော် မှ ထုတ်ယူထားခြင်းဖြစ်ပါသည်။ ဤအဆိုအရ ရှိုင်တွာန်များ ၏ ခေါင်းဆောင် (အီဗလီးစ်) အနေဖြင့် အစ္စလာမ့်တမန်တော်မြတ် (ဆွ) ၏ ဗေအ်စသ် ပြီးနောက် မိမိ ၏ ဘက်တော်သားများ ကို စုရုံးစေပြီး လူတို့အား လွဲမှားသော လမ်းညွှန်မှုဖြင့် ၎င်းတို့အတွက် ဖြစ်ပေါ်လာ မည့် အခက်အခဲများကို ညွှန်ပြသကဲ့သို့ပင် ဖြစ်ပါသည်။[၂] ဤနည်းအားဖြင့်၊ အီရန်၏ အစ္စလာမ့် တော်လှန်ရေး အောင်မြင်ပြီးနောက် တွင် အေမာမ် ခိုမေနီ (ရ.ဟ) ၏ စာပေအရ ရှိုင်တွာန်ကြီး (ခ) မာရ်နတ်ကြီး အမေရိကသည် မိမိအနီးအနားရှိ ပြည်တွင်းပြည်ပ ရှိုင်တွာန်ငယ်များကို စုဆောင်းကာ ရုန်းရင်း ဆန်ခတ်ဖြစ်စေသည်။[၃]


ဤဖော်ပြချက်သည် ကုရ်အာန်တွင် ရှိုင်တွာန် ၏ ဝိသေသလက္ခဏာများမှ ဆင်းသက်လာသည်ဟု ဆိုပါသည်။ ကုရ်အာန်ကျမ်းတော်မြတ် မှ ရှိုင်တွာန် ကို ကာဖေရ်၊ [၄] လူသား၏ရန်သူ၊[၅] မာန ထောင်လွှားသူ၊[၆] စိတ်ဝမ်းကွဲအောင်ပြုသူ၊[၇]ယုံကြည်ဖွယ်မထိုက်သူ၊[၈] အကျင့်ပျက်သူ နှင့် ဖောက်ပြန်သူ ၊[၉] အဖွဲ့ ရှိသူ၊[၁၀] ထိုနည်းတူစွာ မကောင်းသည့် လုပ်ရပ်များကို ကောင်းသည့် လုပ်ရပ်များ ဟု တန်ဆာဆင်သူ၊[၁၁] ဟု ဖော်ပြထားပါသည်။ အေမာမ် ခိုမေနီ (ရ.ဟ) ၏ ရှုထောင့်မှကြည့်လျှင် ဤ ၏ ဝိသေသလက္ခဏာများ အားလုံး ကို အမေရိကကို အုပ်ချုပ်သည့် မူဝါဒများတွင် တွေ့မြင်နိုင်ပါသည်။

တီဟီရန်မြို့တော်မှာ ဘဲဟ်မန် ၂၂ ရက်နေ့က ချီတက်ဆန္ဒပြရာတွင် အမေရိကန်အလံနဲ့ ပြုလုပ်ထားတဲ့ စာတန်သင်္ကေတကို မီးရှို့


အေမာမ် ခိုမေနီ (ရ.ဟ) သည် "မာရ်နတ်ကြီး" ဟူသော စကားလုံးကို အကြိမ်များစွာ သုံးခဲ့ပါသည်။ အေမာမ် ခိုမေနီ (ရ.ဟ) ဆိုလိုသည်မှာ စာရိတ္တ ဆိုင်ရာ ၊ ကုရ်အာန် နှင့် သက်ဝင်ယုံကြည်မှု ဆိုင်ရာ ကိစ္စများတွင် အီဗလီးစ် သို့မဟုတ် နဖ်စ်စေအမာရဟ် ဖြစ်ပြီး နိုင်ငံရေး ကိစ္စများတွင် အမေရိကန် ဖြစ်သည်ဟု ဆိုလိုပါ သည်။[၁၂]

ထို့အပြင် အေမာမ် ခိုမေနီ (ရ.ဟ) မှ ဇီယွန်ဝါဒီအစိုးရအပေါ် အစ္စလာမ်မစ် နိုင်ငံများ၏ ကျွန်ခံမှု နှင့်ပတ်သက်ပြီး ကန့်ကွက်ခဲ့ပြီး ဤအစိုးရကို ရှိုင်တွာန်ငယ် အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။[၁၃]

ရှိုင်တွာန်ကြီး (ခ) မာရ်နတ်ကြီး ဆိုသည့် ဘွဲ့ဆိုး ကိုလည်း လက်ရှိ အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အကြိမ် ပေါင်းများစွာ အသုံးပြုခဲ့ပါသည်။[၁၄] အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အဆိုအရ အီဗလီးစ် သည် ရှိုင်တွာန် များအားလုံး၏ ခေါင်းဆောင်ဖြစ်သော်လည်း သူသည် လူသားများ တွင်သာ သွေးဆောင်မှုကို ပြုနိုင်ပါသည် ။ သို့သော် အမေရိကန်ပြည်ထောင်စုသည် အပြစ်မဲ့သူများကို ပြန်ပေးဆွဲရုံ သာမက လူသတ်မှုနှ င့် ဆူပူအုံကြွမှုများကိုလည်း ဦးဆောင်လျက်ရှိပါသည်။[၁၅] ထို့အပြင်၊ ဤဖော်ပြချက်ကို အမေရိကန်ဆန့်ကျင်ရေးချီတက်ပွဲများတွင် အမေရိကန်မူဝါဒများကို စက်ဆုပ်ရွံရှာဖွယ် ကြေညာ သည့် ဆောင်ပုဒ်အဖြစ် အသုံးပြုပါသည်။[၁၆]


အောက်ခြေ မှတ်စုများ

  1. မူစဝီ ခို‌မေနီ ၊ ဆဟီးဖေဟ် အေမာမ် ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ်၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၈၉။
  2. မူစဝီ ခို‌မေနီ ၊ ဆဟီးဖေဟ် အေမာမ် ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ်၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၈၉။
  3. မူစဝီ ခို‌မေနီ ၊ ဆဟီးဖေဟ် အေမာမ် ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ်၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၈၉။
  4. ရကာဘီယာန်း «မဘာနီယေ ကုရ်အာန်နီ ဒီးဒ်ဂါယေ အေမာမ် ခိုမေနီ (ရ.ဟ) ဒရ်ဗါရေယေ အမေရိကာ «  ရှိုင်တွာန်နေ ဗူဇူးရ်က်  » » ၊ စာမျက်နှာ ၉၄ ။
  5. ရကာဘီယာန်း «မဘာနီယေ ကုရ်အာန်နီ ဒီးဒ်ဂါယေ အေမာမ် ခိုမေနီ (ရ.ဟ) ဒရ်ဗါရေယေ အမေရိကာ «  ရှိုင်တွာန်နေ ဗူဇူးရ်က်  » » ၊ စာမျက်နှာ ၉၄ - ၉၆ ။
  6. ရကာဘီယာန်း «မဘာနီယေ ကုရ်အာန်နီ ဒီးဒ်ဂါယေ အေမာမ် ခိုမေနီ (ရ.ဟ) ဒရ်ဗါရေယေ အမေရိကာ «  ရှိုင်တွာန်နေ ဗူဇူးရ်က်  » » ၊ စာမျက်နှာ ၉၆ - ၉၈ ။
  7. ရကာဘီယာန်း «မဘာနီယေ ကုရ်အာန်နီ ဒီးဒ်ဂါယေ အေမာမ် ခိုမေနီ (ရ.ဟ) ဒရ်ဗါရေယေ အမေရိကာ «  ရှိုင်တွာန်နေ ဗူဇူးရ်က်  » » ၊ စာမျက်နှာ ၉၈ ။
  8. ရကာဘီယာန်း «မဘာနီယေ ကုရ်အာန်နီ ဒီးဒ်ဂါယေ အေမာမ် ခိုမေနီ (ရ.ဟ) ဒရ်ဗါရေယေ အမေရိကာ «  ရှိုင်တွာန်နေ ဗူဇူးရ်က်  » » ၊ စာမျက်နှာ ၉၈ -၉၉ ။
  9. ရကာဘီယာန်း «မဘာနီယေ ကုရ်အာန်နီ ဒီးဒ်ဂါယေ အေမာမ် ခိုမေနီ (ရ.ဟ) ဒရ်ဗါရေယေ အမေရိကာ «  ရှိုင်တွာန်နေ ဗူဇူးရ်က်  » » ၊ စာမျက်နှာ ၉၉ - ၁၀၀ ။
  10. ရကာဘီယာန်း «မဘာနီယေ ကုရ်အာန်နီ ဒီးဒ်ဂါယေ အေမာမ် ခိုမေနီ (ရ.ဟ) ဒရ်ဗါရေယေ အမေရိကာ «  ရှိုင်တွာန်နေ ဗူဇူးရ်က်  » » ၊ စာမျက်နှာ ၁၀၀ ။
  11. ရကာဘီယာန်း «မဘာနီယေ ကုရ်အာန်နီ ဒီးဒ်ဂါယေ အေမာမ် ခိုမေနီ (ရ.ဟ) ဒရ်ဗါရေယေ အမေရိကာ «  ရှိုင်တွာန်နေ ဗူဇူးရ်က်  » » ၊ စာမျက်နှာ ၁၀၁ ။
  12. သဝါနာယီ ဝရဖီးအီ « ဝါယေ « ရှိုင်တွာန် » ဒရ်အဒယီယာသ်သေ အင်န်ကေလာဗ်ဗေ အစ္စလာမ်မီ ဝ ကလာမ်မေ အေမာမ် ခိုမေနီ (ရ.ဟ)  » ၊ စာမျက်နှာ ၆၂ ။
  13. မူစဝီ ခို‌မေနီ ၊ ဆဟီးဖေဟ် အေမာမ် ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ်၊ အတွဲ ၁၅ ၊ စာမျက်နှာ ၂၆၅။
  14. «ရှိုင်တွာန်ကြီး၏ပြေစာများ » ၊ Ayatollah Khamenei's Office for Preservation and Publication of Works ၏ ဝဘ်ဆိုဒ်။
  15. « လူတန်းစားပေါင်းစုံ နှင့်တွေ့ဆုံပွဲ ၏ မိန့်ခွန်း »၊ Ayatollah Khamenei's Office for Preservation and Publication of Works ၏ ဝဘ်ဆိုဒ်။
  16. ဥပမာကိုကြည့်ပါ။ « ခိုဒါဟာဖေဇ် အိုကြေကွဲ နေသည့် နှလုံးသား » ၊ Jamaran သတင်းအခြေစိုက်စခန်း၊ [https://enghelab-news.ir/4244 «အီရတ်တစ်ခွင် တွင် အလ္လာဟ် ၊ အလ္လာဟ်ဟို အက္က်ဘဲရ် ၊ အမေရိကာ ရှိုင်တွာန်နိုင်အက္က်ဘဲရ်ဆိုသည့် ကျယ်လောင်စွာထွက်ပေါ်လာသည့်ညာသံ»၊အင်န်ကေလာဗ်သတင်းဌာန၊[https://old.irannewspaper.ir/newspaper/item/565296/ ««အက်သ်သဲဟ်ရီးရ် အလိုင်းဟေ အမေရိကာ »» အီရန် သတင်းစာ ။

ကျမ်းကိုးများ

  • « လူတန်းစားပေါင်းစုံ နှင့်တွေ့ဆုံပွဲ ၏ မိန့်ခွန်း »၊ Ayatollah Khamenei's Office for Preservation and Publication of Works ၏ ဝဘ်ဆိုဒ်။ အကြောင်းအရာထည့်သွင်းသည့်ရက်စွဲ - ရှဲဟ်ရီဝရ် ၁၈ ရက် ၊ အီရန်သက္ကရာဇ် ၁၃၉၄ ခုနှစ် ၊ လည်ပတ်ရက်စွဲ - အိုရ်ဒီဗေဟစ်ရှ် ၃၁ ရက် ၊ အီရန်သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
  • [https://old.irannewspaper.ir/newspaper/item/565296/ ««အက်သ်သဲဟ်ရီးရ် အလိုင်းဟေ အမေရိကာ »» အီရန် သတင်းစာ ။အကြောင်းအရာထည့်သွင်းသည့်ရက်စွဲ - ဒေ ၁၅ရက် ၊ အီရန်သက္ကရာဇ် ၁၃၉၉ ခုနှစ် ၊ လည်ပတ်ရက်စွဲ - အိုရ်ဒီဗေဟစ်ရှ် ၃၁ ရက် ၊ အီရန်သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
  • သဝါနာယီ ၊ မိုဟမ္မဒ် ဟိုစိုင်းန် ဝ ဟိုစိုင်းန် ရဖီးအီ « ဝါယေ « ရှိုင်တွာန် » ဒရ်အဒယီယာသ်သေ အင်န်ကေလာဗ်ဗေ အစ္စလာမ်မီ ဝ ကလာမ်မေ အေမာမ် ခိုမေနီ (ရ.ဟ)  » ၊ နိုင်ငံရေးသုတေသနဂျာနယ်၊ နံပါတ် ၁၅၊ ဆောင်းရာသီ ၊ အီရန်သက္ကရာဇ် ၁၃၉၄ ခုနှစ်။
  • « ခိုဒါဟာဖေဇ် အိုကြေကွဲ နေသည့် နှလုံးသား » ၊ Jamaran သတင်းအခြေစိုက်စခန်း၊ အကြောင်းအရာထည့်သွင်းသည့်ရက်စွဲ - ဒေ ၁၆ ရက် ၊ အီရန်သက္ကရာဇ် ၁၃၉၈ ခုနှစ် ၊ လည်ပတ်ရက်စွဲ - အိုရ်ဒီဗေဟစ်ရှ် ၃၁ ရက် ၊ အီရန်သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
  • ရကာဘီယာန်း ၊ရရှီဒီ ၊ «မဘာနီယေ ကုရ်အာန်နီ ဒီးဒ်ဂါယေ အေမာမ် ခိုမေနီ (ရ.ဟ) ဒရ်ဗါရေယေ အမေရိကာ «  ရှိုင်တွာန်နေ ဗူဇူးရ်က်  » » ၊ Marafet မဂ္ဂဇင်း၊ အမှတ် ၂၇၉၊ အစ်ဖန်ဒ် လ ၊ အီရန်သက္ကရာဇ် ၁၃၉၉ ခုနှစ်။
  • [https://enghelab-news.ir/4244 «အီရတ်တစ်ခွင် တွင် အလ္လာဟ် ၊ အလ္လာဟ်ဟို အက္က်ဘဲရ် ၊ အမေရိကာ ရှိုင်တွာန်နိုင်အက္က်ဘဲရ်ဆိုသည့် ကျယ်လောင်စွာ ထွက်ပေါ်လာသည့် ညာသံ»၊ အင်န်ကေလာဗ်သတင်းဌာန၊ အကြောင်း အရာထည့်သွင်းသည့်ရက်စွဲ - ဒေ ၁၁ ရက် ၊ အီရန်သက္ကရာဇ် ၁၃၉၈ ခုနှစ် ၊ လည်ပတ်ရက်စွဲ - အိုရ်ဒီဗေဟစ်ရှ် ၃၁ ရက် ၊ အီရန်သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
  • » ၊ Ayatollah Khamenei's Office for Preservation and Publication of Works ၏ ဝဘ်ဆိုဒ်။ လည်ပတ်ရက်စွဲ - အိုရ်ဒီ ဗေဟစ်ရှ် ၃၁ ရက် ၊ အီရန်သက္ကရာဇ် ၁၄၀၃ ခုနှစ် ။
  • မူစဝီ ခို‌မေနီ ၊ရူဟွလ္လာဟ် ၊ ဆဟီးဖေဟ် အေမာမ် ၊ တီဟီရန် ၊ မအ်စစေယေ သန်ဇီးမ် ဝ နရှ်ရေ အာစာ ရေ အေမာမ် ခိုမေနီ (ရ.ဟ) ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ်။