ရှဘီးဘ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် နဟ်ရှလီ

wikishia မှ

ရှဘီးဘ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် နဟ်ရှလီ (ဟီဂျရီ ၆၁ အာရှုရာ) အေမာမ်အလီ(အစ) ၏ နောက်လိုက်သား နှင့် ကရ်ဘလာ၏ ရှိုဟဒါများ အနက်မှ ဖြစ်သည်။ ရှဘီးဘ် သည် သာဘေအီးန် အနက်မှ ဖြစ်ပြီး ဂျမလ် ၊ ‌ဆွီဖီးန် နှင့် နဟ်ရဝါးန် စစ်ပွဲများတွင် အေမာမ်အလီ (အစ) ၏ တပ်သားဘက်၌ ပါဝင်ခဲ့သည်။ အေမာမ်အလီ(အစ) ရှဟီးဒ် ဖြစ်ပြီးနောက်၊ အေမာမ်ဟစန် (အစ) နှင့် အေမာမ်ဟိုစိုင်းန်(အစ) တို့နှင့် အတူရှိကာ ၊ ကရ်ဘလာ အဖြစ်အပျက်၌ ရှဂီးဒ် ဖြစ်ခဲ့သည်။

အမည် နှင့် မျိုးရိုး

ရှဘီးဘ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် နဟ်ရှလီ ဘဆွရီး ကို ဗနီနဟ်ရှလ် မှ ဗနီသမီးမ် မျိုးနွယ်စု နှင့် အဒ်နာန် အရဗ်တို့မှ (1) သို့မဟုတ် ဗနီနဖီးလ် ဗင်န် ဒါရမ် မှဖြစ်ပေသည်။ (2) နောက်ပိုင်းတွင် ဖှာရ်စီဘာသာစကားဖြင့် ‌ေရးသားထား‌ေသာ စာအုပ်အချို့တွင် ၎င်းကို ဂိုလာမ် ဟာရီစ် ဗင်န် စရီးအ် ဟမေဒါနီ အဖြစ် မိတ်ဆက်ခဲ့ပြီး စိန်းဖ် ဗင်န် ဟာရီစ် တှင့် မာလီက် ဗင်န် အဗ္ဗ်ဒုလ္လာဟ် ဗင်န် စရီးအ် တို့နှင့်အတူ ကရ်ဘလာ၌ ရှဟီးဒ် ဖြစ်ခဲ့သည်။ (3) ဤဖြစ်ရပ်တွင် ၎င်းသည် မဒီနဟ် နှ အေမာမ်နှင့်အတူ လိုပါသွားသည် ဟုဖော်ပြထားသော သတင်းများနှင့် ကိုက်ညီမှု မရှိပေ။ မာမကာနီ ရှဘီးဘ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် ဂိုလာမ် ဟာရီစ် ဗင်န် စရီးအ် ကူဖီ နှင့် ဆွဟာဘီ ပယောင်မ်ဘရ် ကို ရှဘီးဘ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် နဟ်ရှလီ မဟုပေ ဟူ၍ သတ်မှတ်ထားသည်။ (4) မုဟမ္မဒ် မဟ်ဒီ ရှမ်စိုဒီးန် သည် ဟဘီးဘ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် နဟ်ရှလီ ကို ကရ်ဘလာ ရှိုဟာဒါများ အနက်မှ ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။ (5) ရှဘီးဘ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် နဟ်ရှလီ သည် ဟဘီးဘ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် နဟ်ရှလီ (6) နှင့် အဘူအွမ်ရို နဟ်ရှလီ (7) တို့သည် တစ်ဦးတည်းသာ ဖြစ်သည်ဟု ထင်ကြေးပေးထားသည်။ (8)

အေမာမ်အလီ(အစ) ၏ ခေတ်ကာလ

ရှဘီးဘ်သည် သာဘေအီးန် အနက်မှ ဖြစ်ပြီး အေမာမ်အလီ(အစ) ၏ နောက်လိုက်သား ဖြစ်ကာ ဂျမလ် ၊ ‌ဆွီဖီးန် နှင့် နဟ်ရဝါးန် စစ်ပွဲများတွင် အေမာမ်အလီ (အစ) ၏ တပ်သားဘက်၌ ပါဝင်ခဲ့သည်။ အေမာမ်အလီ(အစ) ရှဟီးဒ် ဖြစ်ပြီးနောက်၊ အေမာမ်ဟိုစိုင်းန်(အစ) တို့နှင့် အတူရှိခဲ့သည်။ (9) အေမာမ်ဟိုစိုင်းန်(အစ) ခေတ်ကာလ၌ ၎င်းသည် အေမာမ်၏ နောက်လိုက်သားများ အနက်မှ ဖြစ်သည်ဟူ၍ မှတ်ယူထားကြသည်။ (10)

ကရ်ဘလာ အဖြစ်အပျက်

အေမာမ်ဟိုစိုင်းန်(အစ) သည် မဒီနဟ် မှ မက္ကာ ထို့နောက် ကရ်ဘလာသို့ ခရီးနှင်လာသည့်အခါ ၎င်းသည် အေမာမ်၏ အနား၌ ရှိနေခဲ့သည်။ အာရှုရာနေ့၌ စစ်မြေပြင်တွင် ရန်သူများနှင့် ပထမ စစ်ဆင်ရေး၌ တိုက်ခိုက်၍ ရှဟီးဒ် ဖြစ်ခဲ့သည်။ (11) ဇေယာရက်သေ အာရှုရာတွင် ၎င်းအား السَّلامُ عَلی شَبیبِ بْنِ عَبْدُ الله النَّهْشَلی‌။ ဟူ၍ ဖော်ပြထားသည်။ (12)