ရိုဇာဥပုသ်ပျက်ပြယ်စေသည့်အကြောင်းအရင်းများ

wikishia မှ

ရိုဇာဥပုသ်ပျက်ပြယ်စေသည့်အကြောင်းအရင်းများ (အာရဘီ - مبطلات الصوم) ဝါဂျိဗ်ရိုဇာဆောက်တည်ထားသည့်အချိန်၌ စားခြင်း၊ သောက်ခြင်း၊ သံဝါသပြုခြင်း၊ တစ်ကိုယ်ရည်အာသာဖြေခြင်း၊ အော့အန်ခြင်း စသည့်ဖြင့် ရိုဇာဥပုသ်ပျက်ပြယ်စေသည့်လုပ်ရပ်များကိုပြုလုပ်ခြင်းသည် ဟရာမ်ဖြစ်သည်။ သို့သော် အချို့သော အလုပ်များသည် ရိုဇာဥပုသ်ကိုပျက်ပြယ်စေသော်လည်း ထိုသို့သောအလုပ်များကို လုပ်၍ရသည်။ ဥပမာ- ဇိုဟိုရ် အဇာန်မတိုင်မီ ခရီးထွက်ခြင်း။ ‘ဟိုင်းဇ်’ရာသီသွေးဆင်းခြင်းနှင့် ‘နေဖှားစ်’သွေးဆင်းခြင်းမှအပ ရိုဇာပျက်ပြယ်စေသည့်အခြားသောအလုပ်များကို တမင်တကာ ကျူးလွန်မှသာလျှင် ရိုဇာပျက်ပြယ်သည်။

အနက်ဖွင့်ဆိုခြင်းနှင့်အမျိုးအစားများ

အချို့သောလုပ်ရပ်အပြုအမူများသည် ရိုဇာဥပုသ်ကို ပျက်ပြယ်စေသည်။ ဓမ္မသတ်ကျမ်းများ၌ ရိုဇာဥပုသ်ပျက်ပြယ် စေသည့်လုပ်ရပ်အပြုအမူများကို ‘မွဖှ်သွေရားသ်’ဟူသောခေါင်းစဉ်ဖြင့်တင်ပြထားကြသည်။[၁] ရိုဇာဥပုသ်ပျက်ပြယ်စေ သည့်အရာများနှင့်စပ်လျဉ်း၍ ရှရီအသ်အမိန့်ဥပဒေသများ ကွာခြားသည်။ ရိုဇာဥပုသ်ဆောက်တည်ထားသည့်အနေ အထား၌ အချို့သောအလုပ်များကိုလုပ်ဆောင်ခြင်းသည် ဟရာမ်ဖြစ်ပြီး ထိုသို့သောအလုပ်များကိုရှောင်ကြဉ်ရမည်မှာ ဝါဂျီဗ်ဖြစ်သည်။ သို့သော် အချို့သောအလုပ်များမှာမူ ၎င်းကိုလုပ်ဆောင်ခြင်းသည် ဟရာမ်မဟုတ်ပေ။ ရိုဇာဥပုသ်ဆောက် တည်ထားသည့်အနေအထား၌ ထိုအလုပ်များကိုလုပ်ဆောင်ခြင်းသည် ရိုဇာဥပုသ်ကိုပျက်ပြယ်စေသော်လည်း ထိုအလုပ် ကို မရှောင်ကြဉ်၍ရနိုင်ပေသည်။

ရိုဇာအနေအထား၌ လုပ်ခွင့်မရှိသည့်ရိုဇာဥပုသ်ပျက်ပြယ်စေသည့်အလုပ်များ

ဓမ္မသတ်ပညာရှင်ကြီးများ၏အမြင်အရ အောက်ဖော်ပြပါအကြောင်းအရာများသည် ရိုဇာဥပုသ်ကိုပျက်ပြယ်စေ သည့်အကြောင်းအရာများအနက်မှဖြစ်ပြီး ၎င်းကိုမလွဲမသွေရှောင်ကြဉ်ရမည်။ သို့သော်လည်း အချို့အကြောင်းအရာများ နှင့်စပ်လျဉ်း၍ အမြင်ကွာခြားမှုများရှိသည်။ ၎င်းတို့မှာ-

  • စားခြင်းသောက်ခြင်း
  • သံဝါသပြုခြင်း
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
  • အလ္လာဟ်အရှင်မြတ်၊ တမန်တော်မြတ်(ဆွ)၊ အေမာမ်(အ.စ)တို့နှင့်စပ်လျဉ်း၍ မုသားပြောဆိုခြင်း
  • ထူထပ်သောဖုန်မှုန့်များ လည်ပင်းအတွင်းထိ ရောက်အောင်လုပ်ခြင်း
  • ခေါင်းတစ်ခုလုံးကို ရေထဲတွင် နစ်ခြင်း။ အချို့သောဓမ္မသတ်ပညာရှင်ကြီးများသည် ဤအချက်ကို ရိုဇာဥပုသ်ပျက်ပြယ် စေသည့်အကြောင်းအရာအဖြစ် မယူဆကြပေ။ [၂]
  • ဂုစ်လ်မလုပ်ဘဲ ဂျနာဗသ်၊ ဟိုင်းဇ်၊ နေဖှားစ်အနေအထားဖြင့် ဖှဂျရ်အဇာန်အချိန်ထိနေခြင်း။ ဂျနာဗသ်ဖြစ်ထားသူ၊ ‘ဟိုင်းဇ်’ရာသီသွေးဆင်းခြင်းမှစင်ကြယ်သွားသူ၊ နေဖှားစ်သွေးဆင်းခြင်းမှစင်ကြယ်သွားသူသည် ဖှဂျရ်အဇာန်မတိုင်မီ အရင် မလွဲမသွေ ဂုစ်လ်ပြုလုပ်ရမည်။ အကယ်၍ ဖှဂျရ်အဇာန်ထိ ဂုစ်လ်မလုပ်ဘဲနေပါက ထိုနေ့၏ရိုဇာဥပုသ်သည် ပျက်ပြယ်သည်။
  • အရည်တစ်မျိုးမျိုးဖြင့် ဝမ်းချူခြင်း
  • အော့အန်ခြင်း [၃]
  • ရိုဇာဥပုသ်ဖျက်ရန်ရည်စူးခြင်း သို့မဟုတ် ရိုဇာဥပုသ်ပျက်ပြယ်စေမည့်အလုပ်တစ်ခုကိုလုပ်ဆောင်ရန် ရည်စူးလိုက်ခြင်း။ [၄]

ဖော်ပြပါအကြောင်းအရာများကို တမင်တကာလုပ်ဆောင်ပါလျှင် ထိုသူ၏ရိုဇာဥပုသ်ပျက်ပြယ်သည်။ သို့သော် အကယ်၍ မေ့၍လည်းကောင်း သို့မဟုတ် တစ်ဦးတစ်ယောက်က အတင်းအဓမ္မစေခိုင်းခြင်းကြောင့်လည်းကောင်း ပြုလုပ်ခဲ့ပါက ရိုဇာဥပုသ်မပျက်ပြယ်ပေ။[၅]

ရိုဇာအနေအထား၌ လုပ်ခွင့်ရှိသည့်ရိုဇာဥပုသ်ပျက်ပြယ်စေသည့်အလုပ်များ

(ဇိုဟိုရ်အဇာန်မတိုင်မီ)ခရီးထွက်ခြင်းသည် ရိုဇာဥပုသ်ကိုပျက်ပြယ်စေသည့်အလုပ်များအနက်မှ ဖြစ်သည်။ သို့သော် ထိုအလုပ်ကိုရှောင်ကြဉ်ရန် မလိုအပ်ပေ။ ဆိုလိုသည်မှာ ရိုဇာဥပုသ်ဆောက်တည်ထားသူသည် ခရီးထွက်နိုင်သည်။[၆]

စားခြင်းသောက်ခြင်း

ဓမ္မသတ်ပညာရှင်ကြီးများ၏ဖှသ်ဝါအရ ရိုဇာဥပုသ်ဆောက်တည်ထားသည့်အနေအထား၌ တမင်တကာ စားမည်၊ သောက်မည်ဆိုပါက ရိုဇာဥပုသ်ပျက်ပြယ်မည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် မေ့လျော့၍စားသောက်မိပါက ထိုသူ ၏ရိုဇာဥပုသ်သည် မှန်ကန်ပေသည်။[၇] မရ်ဂျအ်-အေ-သက္ကလီးဒ်များဖြစ်ကြသည့်အေမာမ်ခိုမေနီ၊ မကာရင်မ်ရှီရာဇီ၊ ဗဲဟ်ဂျသ်၊ ရှိုဗိုင်ရီဇန်ဂျာနီ စသည်ဖြင့်မရ်ဂျအ်အချို့က ဆေးထိုးခြင်း သို့မဟုတ် အစာအစားထိုး အားဆေးထိုးခြင်း တို့ကို အဲဟ်သေယားသ်-သေ-ဝါဂျီဗ်အရ လုပ်ခွင့်မရှိပေဟု ယူဆထားကြသည်။ သို့သော် အာယသွလ္လာဟ်ခူအီ၊ စီစ်သာနီ၊ သဗ်ရီဇီ၊ ဆွာဖှီဂွလ်ပိုင်ဂါနီ စသည်ဖြင့်အခြားသောဓမ္မသတ်ပညာရှင်ကြီးများက အစာအစားထိုး အားဆေးဖြစ်စေ သို့မဟုတ် သာမန်ထိုးဆေးဖြစ်စေ ထိုးခြင်းသည် ပြဿနာမရှိပေဟုဆိုထားကြသည်။[၈]

အလွန်အမင်းရေဆာခြင်း

ရှီအာဟ်ဓမ္မသတ်ပညာရှင်ကြီးများ၏ဖှသ်ဝါအရ အကယ်၍ ရိုဇာဥပုသ်ဆောက်တည်သူသည် လုံးဝခံနိုင်ရည်မရှိ လောက်အောင် အလွန်အမင်းရေငတ်မွတ်ပါက ရေငတ်ပြေရန်လိုအပ်သလောက်ထိ သောက်သုံးခွင့်ရှိသည်။ [၉] ထိုသို့ ရေသောက်လိုက်သူ၏တာဝန်အနေဖြင့် ဖှသ်ဝါနှစ်ရပ်ရှိသည်။ အချို့က “ရေသောက်ခွင့်ရှိသော်လည်း ထိုသူ၏ရိုဇာဥပုသ် သည် ပျက်ပြယ်သည်။ သို့သော်လည်း ရိုဇာဥပုသ်ဆောက်တည်သူသည် မဂ်ရိဗ်ဖြစ်သည်အထိ ရိုဇာဥပုသ်ကိုဆက်လက် စောင့်ထိန်းရမည်ဖြစ်ပြီး ရိုဇာဥပုသ်ပျက်ပြယ်စေသည့်အလုပ်များကိုလုပ်ဆောင်ခြင်းမှရှောင်ကြဉ်ရမည်။ ထို့ပြင် ထိုနေ့ အဖို့ တဖန်ပြန်၍ ကဇွာရိုဇာထားရမည်။”[၁၀] အခြားတစ်ဘက်၌ ဓမ္မသတ်ပညာရှင်တစ်စုက ထိုသို့ရေသောက်လိုက်သော် လည်း ထိုသူ၏ ရိုဇာသည် မှန်ကန်သည်။ ထို့ပြင် ကဇွာပြန်ထားရန်မလိုဟူ၍လည်း ပြောကြားထားကြသည်။[၁၁]

လိင်မှုကိစ္စများပြုလုပ်ခြင်း

လိင်မှုကိစ္စများပြုလုပ်ခြင်းသည် ရိုဇာဥပုသ်ကို ပျက်ပြယ်စေသည်။ ၎င်းတို့မှာ-

သံဝါသပြုခြင်း(ကာမဆက်ဆံခြင်း)

သံဝါသပြုခြင်း(ကာမဆက်ဆံခြင်း)သည် ရိုဇာဥပုသ်ကိုပျက်ပြယ်စေသည်။ ထိုသို့ ဆက်ဆံခြင်းကြောင့် သုက်ရည် မထွက်လာသည့်တိုင် ရိုဇာပျက်ပြယ်သည်။ ထိုနည်းတူ အရှေ့အင်္ဂါဖြင့်ဖြစ်စေ သို့မဟုတ် အနောက်အင်္ဂါဖြင့်ဖြစ်စေ မကွာခြားပေ။ ထို့ပြင် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အမိန့်တစ်စုံတစ်ရာကွာခြားခြင်းမရှိပေ။[၁၂]

တစ်ကိုယ်ရည်အာသာဖြေခြင်း

ဓမ္မသတ်ပညာရှင်ကြီးများသည် တစ်ကိုယ်အာသာဖြေခြင်းကိုလည်း ရိုဇာဥပုသ်ပျက်ပြယ်စေသည့်အချက်များ အနက်မှတစ်ချက်အဖြစ် ယူဆကြသည်။ [၁၃] ဓမ္မသတ်ပညာရှင်ကြီးများ၏ဖှသ်ဝါအရ အကယ်၍ တစ်ဦးတစ်ယောက်သည် သုက်ရည်ထွက်ရန်မရည်ရွယ်သော်လည်း သူ၏လုပ်ရပ်သည် သုက်ရည်ထွက်လာစေပါက ထိုသူ၏ရိုဇာဥပုသ်သည် မှန်ကန်သည်။[၁၄] ကြင်ယာဘက်နှင့်ထိတွေ့ပွတ်သပ်ခြင်းကြောင့် မတော်တဆ သုက်ရည်ထွက်လာပါက ထိုသူ၏ရိုဇာဥပုသ် မပျက် ပြယ်ပေ။ သို့သော် အကြင်သူတစ်ဦးသည် သုက်ရည်ထွက်လာရန်ရည်ရွယ်ပြီးထိတွေ့ပွတ်သပ်ခြင်းကြောင့် သုက်ရည် ထွက်လာပါလျှင် သို့မဟုတ် သုက်ရည်ထွက်စေမည့်ထိတွေ့ပွတ်သပ်ခြင်းမျိုးကိုပြုလုပ်သဖြင့် သုက်ရည်ထွက်လာပါလျှင် ထိုသူ၏ရိုဇာဥပုသ်သည် ပျက်ပြယ်သည်။[၁၅]

အဲဟ်သေလာမ်

‘အဲဟ်သေလာမ်’အိပ်မက်မက်၍သုက်ရည်ထွက်သွားခြင်းသည် ရိုဇာဥပုသ်ကိုပျက်ပြယ်စေသည့်အချက်များအနက် မှ မဟုတ်ပေ။ သို့သော် အကယ်၍ တစ်ဦးတစ်ယောက်သည် ဖှဂျရ်အဇာန်မတိုင်မီတွင် အဲဟ်သေလာမ်ဖြစ်ထားပါက ဖှဂျရ်အဇာန်မတိုင်မီ၌ ဂုစ်လ်-လေ-ဂျနာဗသ် ပြုလုပ်ရမည်။[၁၆] သို့သော် နေ့ပိုင်း၌ အဲဟ်သေလာမ်ဖြစ်ပါက ၎င်းသည် ရိုဇာ ဥပုသ်ကို တစ်စုံတစ်ရာ မထိခိုက်စေပေ။[၁၇]

ထူထပ်သောဖုန်မှုန့်များနှင့်အငွေ့များ

မြောက်များစွာသောဓမ္မသတ်ပညာရှင်ကြီးများ၏ဖှသ်ဝါအရ ထူထပ်သောဖုန်မှုန့်များနှင့်အငွေ့များ အာခေါင်အတွင်းထိ ရောက်အောင် ပြုလုပ်ခြင်းသည် ရိုဇာဥပုသ်ကို ပျက်ပြယ်စေသည်။ [၁၈] ထို့ကြောင့် ဆေးလိပ်သောက်ခြင်း၊ ဟွတ်ကာ ဆေးတံသောက်ခြင်းနှင့် ၎င်းကဲ့သို့အရာများ အသုံးပြုခြင်းသည် ရိုဇာဥပုသ်ပျက်ပြယ်စေသည့်အချက်များအနက်မှ ဖြစ် သည်။ [၁၉] သို့သော်လည်း အချို့သောဓမ္မသတ်ပညာရှင်ကြီးများသည် ဖုန်မှုန့်များကို အာခေါင်အတွင်းထိရောက်အောင်ပြုလုပ်ခြင်း ကို ရိုဇာဥပုသ်ပျက်ပြယ်စေသည့်အချက်အဖြစ် မယူဆပေ။[၂၀] သို့သော်လည်း အဲဟ်သေယားသ်-သေ-မွတ်စ်သဟဗ်အရ ဖုန်မှုန့်များနှင့်ဆေးရွက်ကြီးသုံးစွဲခြင်းသည် ရိုဇာဥပုသ်ကိုပျက်ပြယ်စေသည်ဟု ယုံကြည်ကြသည်။ [၂၁] ထိုနည်းတူ အချို့ သောမရ်ဂျအ်-အေ-သက္ကလီးဒ်များသည် ထူထပ်သောဖုန်မှုန့်များ လည်ပင်းထဲထိရောက်အောင်ပြုလုပ်ခြင်းကို ရိုဇာပျက် ပြယ်စေသည့်အချက်အဖြစ် ယူဆသည့်[၂၂]အပြင် ရိုဇာဥပုသ်ဆောက်တည်သူသည် အဲဟ်သေယားသ်-သေ-ဝါဂျီဗ်အရ ဆေးလိပ်ငွေ့များနှင့်ဆေးရွက်ကြီးအငွေ့များ အာခေါင်တွင်းထဲသို့မရောက်စေရန် ရှောင်ကြဉ်ရမည်ဟူ၍ ပြောထားကြသည်။[၂၃]

မုသားပြောဆိုခြင်း

မုသားပြောဆိုခြင်း၊ ထိုနည်းတူ သီချင်းနားထောင်ခြင်း၊ ဟရာမ်မြင်ကွင်းများကိုကြည့်ခြင်း၊ မနာလိုဝန်တိုခြင်း စသည်ဖြင့် အခြားသောဂိုနာများသည် ဟရာမ်ဖြစ်သော်လည်း ရိုဇာဥပုသ်ကို မပျက်ပြယ်စေပေ။[၂၄] ထိုပြစ်မှုများအဖို့ ပြစ်ဒဏ်မှာ ရမဿွာန်လမြတ်တွင် ပို၍ကြီးသော်လည်း ရိုဇာကိုမပျက်ပြယ်စေပေ။[၂၅] ဓမ္မသတ်ပညာရှင်ကြီးများ၏ဖှသ်ဝါ များအရ အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ တမန်တော်မြတ်(ဆွ)နှင့်စပ်လျဉ်း၍လည်းကောင်း၊ ရှီအာဟ်တို့ ၏အေမာမ်များနှင့်စပ်လျဉ်း၍လည်းကောင်း မုသားပြောဆိုခြင်းသည်သာ ရိုဇာဥပုသ်ကို ပျက်ပြယ်စေသည်။[၂၆] အချို့သော ဓမ္မသတ်ပညာရှင်ကြီးများက ဟဇရသ်ဇဟ်ရာ(စ.အ)နှင့် အခြားသောတမန်တော်များ၊ သူတို့၏ကိုယ်စားလှယ်များနှင့် စပ်လျဉ်း၍ မုသားပြောဆိုခြင်းသည်လည်း ရိုဇာဥပုသ်ကိုပျက်ပြယ်စေသည်ဟု လက်ခံယုံကြည်ကြသည်။[၂၇] ဓမ္မသတ် ပညာရှင်ကြီးများအကြားမှ မိုဟမ္မဒ်ဟိုစိုင်န် ကာရှေဖွလ်ဂေသွာအ်က အလ္လာဟ်အရှင်မြတ်၊ တမန်တော်မြတ်(ဆွ)၊ အေမာမ်(အ.စ)များနှင့်ပတ်သက်၍ မုသားဆိုခြင်းသည် ရိုဇာဥပုသ်ကို မပျက်ပြယ်စေပေ။ ထိုပညာရှင်ကြီး၏အမြင်အရ ၎င်းမှာ ဂိုနာ-ဟေ-ကဗီရဟ်သာလျှင် ဖြစ်သည်။ ထိုနည်းတူ ၎င်းသည် ရမဿွာန်လမြတ်၌ဖြစ်ပါက အခြားသောဂိုနာများ ကဲ့သို့ ပို၍ပြစ်မှုကြီးသည်။[၂၈]

ရေကူးခြင်း၊ ရေချိုးခြင်း၊ ဂုစ်လ်လုပ်ခြင်း

အချို့သောဓမ္မသတ်ပညာရှင်ကြီးများက ဦးခေါင်းတစ်ခုလုံးကို ရေထဲ၌နစ်မြုပ်ခြင်းကို ရိုဇာဥပုသ်ပျက်ပြယ်စေသည့် အကြောင်းအရင်းတစ်ခုအဖြစ် သိထားကြသည်။[၂၉] ဤဖှသ်ဝါအရ ဂုစ်လ်-လေ-အိရ်သေမာစီ(ခန္ဓာကိုယ်တစ်ခုလုံးကိုရေထဲ နစ်၍ ဂုစ်လ်ပြုလုပ်ခြင်း)သည် ရမဿွာန်လမြတ်၏ရိုဇာဥပုသ်အနေအထားတွင်ဖြစ်ပါက ၎င်းမှာ မမှန်ကန်ပေ၊ ထို့ပြင် ၎င်းသည် ရိုဇာဥပုသ်ကိုပျက်ပြယ်စေသည်။[၃၀] ဤဓမ္မသတ်ပညာရှင်တစ်စု၏ဖှသ်ဝါအရ အကယ်၍ ဦးခေါင်းမှတစ်စိတ်တစ် ပိုင်း ရေပြင်ပေါ်၌ရှိနေပါက ရိုဇာဥပုသ်မှန်ကန်သည်။ [၃၁] အခြား ဓမ္မသတ်ပညာရှင်တစ်စုက ရိုဇာဥပုသ်အနေအထား၌ ဦးခေါင်းတစ်ခုလုံးကိုရေထဲနစ်ခြင်းအား ဟရာမ်အဖြစ် ယူဆသည်။ သို့သော် ထိုသို့ပြုခြင်းကို ရိုဇာဥပုသ်ပျက်ပြယ်စေသည့်အကြောင်းအရင်းတစ်ခုအဖြစ် မယူဆကြပေ။[၃၂]

မှတ်စုများ

  1. ဥပမာအနေဖြင့် ဟိလ္လီသိုကြည့်ပါ၊ အလ်ဂျာမေအ်အူလ်ရှရာယေအ်၊ ဟိဂျရီ ၁၄၀၅၊ စာမျက်နှာ ၁၅၅; ကာရှေဖွလ်ဂေတွာ၊ အန်ဝါရ်ရူလ်ဖိုကာဟဟ်၊ ဟိဂျရီ ၁၄၀၅၊ စာမျက်နှာ ၁၂။
  2. ယဇ်ဒီသိုကြည့်ပါ၊ အလ်အူရ်ဝသူလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၅၅၊ သအ်လီကာသ် ကာရှေဖွလ်ဂေတွအ်၊ အစ်ဖဟာနီ၊ အာလေယာစီးန် နှင့်ဂျဝါဟေရီ; ရှဘီရီဇန်ဂျာနီ၊ ရေဆာလဟ် သောဝ်ဇီဟူလ်မဆာအိလ်၊ စာမျက်နှာ ၃၀၅၊ မဆ်အလဟ် ၁၄၁၇။
  3. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ၅၄၁ - ၅၇၆။
  4. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ၅၃၉။
  5. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ၅၄၁ - ၅၇၆။
  6. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ၆၂၄။
  7. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ၅၄၁ - ၅၄၃။
  8. ဘနီဟာရှိမ်မီ ခိုမေနီ၊ မရ်ဂျအ်၁၃ပါး၏ သောဝ်ဇီဟူလ်မဆာအိလ်၊ ဟိဂျရီ ၁၄၂၄၊ စာမျက်နှာ ၈၉၂၊ ၈၉၃။
  9. ဟကီးမ်၊ မွစ်သမ်စကူလ်အူရ်ဝသွလ်ဝူစ်ကာ၊အီရန်သက္ကရာဇ် ၁၃၇၄၊ အတွဲ ၈၊ စာမျက်နှာ ၃၂၄; အာမိုလီ၊ မိစ်ဘာဟူလ်ဟိုဒါ၊ ဟိဂျရီ ၁၃၈၀၊ အတွဲ ၈၊ စာမျက်နှာ ၁၄၀၊ ခိုမေနီ၊ အိစ်သိဖ်သာအာသ်၊ အစ္စလာမီဖြန့်ချီရေးရုံး၊ အတွဲ ၁၊ စာမျက်နှာ ၃၂၁။
  10. အာမိုလီသိုကြည့်ပါ၊ မိစ်ဘဟ်ဟူလ်ဟိုဒါ၊ ဟိဂျရီ ၁၃၈၀၊ အတွဲ ၈၊ စာမျက်နှာ ၁၄၀; ဟကီးမ်၊ မွတ်စ်သမ်စကူလ်အူရ်ဝသွလ်ဝူစ်ကာ၊ အီရန်သက္ကရာဇ် ၁၃၇၄၊ အတွဲ ၈၊ စာမျက်နှာ ၃၂၄; စဗ်ဇ်ဝါရီ၊ မဟ်ဇဗ်အလ်အဟ်ကာမ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၁၀၊ စာမျက်နှာ ၁၃၂။
  11. ရှဟီးဒ်အောဝ်ဝလ်သိုကြည့်ပါ၊ အလ်ဒူရူစ်အလ်ရှရ်အီယဟ်၊ ဟိဂျရီ ၁၄၁၇၊ အတွဲ ၁၊ စာမျက်နှာ၂၇၆; ဟိလ္လီ၊ မွန်သဟီယွလ်မသ်လဘ်၊ ဟိဂျရီ ၁၄၁၂၊ အတွဲ ၉၊ စာမျက်နှာ၁၃၉; ရှိခ်ဘဟာယီ၊ အလ်သအ်လီကသူလ် အလလ်ရေဆာလသိလ်ဆောမ်မီယဟ်၊ ဟိဂျရီ ၁၄၂၇၊ စာမျက်နှာ ၄၉-၅၀; အူရ်ဒဘီလီ၊ မဂ်ျမအ်အလ်ဖာအေဒဟ်၊ ဟိဂျရီ ၁၄၀၃၊ အတွဲ ၅၊ စာမျက်နှာ၃၂၅-၃၂၆; ဟကီးမ်၊ မိစ်ဘာဟ်ဟူလ်မင်န်ဟာဂ်ျ၊ ဟိဂျရီ ၁၄၂၅၊ စာမျက်နှာ ၁၆၁; စွဘ်ဟာနီ၊ ရေဆာလဟ်သောဝ်ဇီဟူလ်မဆာအိလ်၊ အေမာမ်ဆွာဒီက်(အ.စ)ဌာန၊ မဆ်အလဟ် ၁၂၅၆။
  12. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၄၃။
  13. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၄၆။
  14. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၄၈။
  15. ဘဟ်ဂျသ်၊ အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၄၂၈၊ အတွဲ ၂၊ စာမျက်နှာ ၃၅၀; ခိုမေနီ၊ အိစ်သိဖ်သာအာအ်၊ ဟိဂျရီ ၁၄၂၂၊ အတွဲ ၁၊ စာမျက်နှာ ၃၀၇။
  16. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၄၇။
  17. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ မရ်ကဇ် ဖိက်ဟ် အလ်အအေမ်မဟ်အသ်ဟာရ်၊ အတွဲ ၂၊ စာမျက်နှာ ၂၃။
  18. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၅၃-၅၅၄။
  19. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၅၄။
  20. ဥပမာအနေဖြင့် ရှဘီရီသိုကြည့်ပါ၊ ရေဆာလဟ်သောဝ်ဇီဟူလ်မဆာအိလ်၊ ဟိဂျရီ ၁၄၃၀၊ စာမျက်နှာ ၃၂၉၊ မဆ်အလဟ် ၁၈၅၁။
  21. ရှဘီရီသိုကြည့်ပါ၊ ရေဆာလဟ်သောဝ်ဇီဟူလ်မဆာအိလ်၊ ဟိဂျရီ ၁၄၃၀၊ စာမျက်နှာ ၃၃၄၊ မဆ်အလဟ် ၁၆၁၂ နှင့် ၁၆၁၄။
  22. ဖာဇိလ် လန်ကရာနီ၊ သောဝ်ဇီဟူလ်မဆာအိလ်၊အီရန်သက္ကရာဇ် ၁၃၇၄၊ အတွဲ ၁၊ စာမျက်နှာ ၃၁၁၊ မဆ်အလဟ် ၁၆၇၂။
  23. ဖာဇိလ် လန်ကရာနီ၊ သောဝ်ဇီဟူလ်မဆာအိလ်၊အီရန်သက္ကရာဇ် ၁၃၇၄၊ အတွဲ ၁၊ စာမျက်နှာ ၃၁၁၊ မဆ်အလဟ် ၁၆၇၃။
  24. အိဘ်နေအိဒ်ရီးစ်၊ စရာအိရ်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၁၊ စာမျက်နှာ ၃၇၃-၃၇၄။
  25. ကာရှေဖ်အလ်ဂေတွအ်၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၄၉။
  26. ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၄၉။
  27. ယဇ်ဒီသိုကြည့်ပါ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၅၀။
  28. ကာရှေဖ်အလ်ဂေတွအ်၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၄၉။
  29. ယဇ်ဒီသိုကြည့်ပါ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၅၅။
  30. ယဇ်ဒီသိုကြည့်ပါ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၅၉၊ မဆ်အလဟ် ၄၃။
  31. ယဇ်ဒီသိုကြည့်ပါ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၅၆၊ မဆ်အလဟ် ၃၃။
  32. ယဇ်ဒီသိုကြည့်ပါ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၃၊ စာမျက်နှာ ၅၅၅၊ သအ်လီကာသ် ကာရှေဖ်အလ်ဂေတွအ်၊ အိစ်ဖဟာနီ၊ အာလေယစီးန် နှင့် ဂျဝါဟေရီ; ရှဘီရီ ဇန်ဂျာနီ၊ ရေဆာလဟ် သောဝ်ဇီဟူလ်မဆာအိလ်၊ စာမျက်နှာ ၃၀၅၊ မဆ်အလဟ် ၁၆၁၇။

ကျမ်းကိုးမျာ

  • အိဘ်နေအီဒ်ရီးစ်၊ မိုဟမ္မဒ်ဘင်န်မန်ဆူရ်၊ အလ်စရာအိလ်ဟာဝီ လေသဟ်ရီရ် လေဖသာဝီ၊ ကွမ်မြို၊ အစ္စလာမ်မစ်ဖြန့်ချီရေးရုံး၊ ဒုတိယအကြိမ်ပုံနိပ်မှု၊ ဟိဂျရီ ၁၄၁၀။
  • အာမိုလီ၊ မိုသမ္မဒ်သကီ၊ မိစ်ဘာဟ်ဟူလ်ဟိုဒါ ဖီ ရှရ်ဟ် အလ်အူရ်ဝသူလ်ဝူစ်ကာ၊ တီဟ်ရန်မြို၊ မိုအလ်လိဖ်ဖြန့်ချီရေး၊ ဟိဂျရီ ၁၃၈၀။
  • အူရ်ဒဘီလီ၊ အဟ်မဒ်ဘင်န်မိုဟမ္မဒ်၊ မဂ်ျမအ်အူလ်ဖာအေဒဟ် ဝါ အလ်ဘူရ်ဟာန်၊ ကွမ်မြို၊ အစ္စလာမ်မစ်ဖြန့်ချီရေးဌာန၊ ဟိဂျရီ ၁၄၀၃။
  • ဘဟ်ဂျသ်၊ မိုဟမ္မဒ်သကီ၊ အိစ်သိဖ်သာအာသ်၊ ကွမ်မြို၊ ဟဇရသ် အာယသွလ္လဟ်ဘဟ်ဂျသ်ရုံး၊ ပထမအကြိမ်ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၂၈။
  • ဟကီးမ်၊ ဆိုင်ယိဒ်မိုဟ်စင်န်၊ မွတ်စ်သမ်စကူလ်အူရ်ဝသူလ်ဝူစ်ကာ၊ ကွမ်မြို၊ ဒရ်ရူလ်သထ်စီးရ်ဌာန၊ အီရန်သက္ကရာဇ် ၁၃၇၄။
  • ဟကီးမ်၊ ဆိုင်န်ယိဒ်မိုဟမ္မဒ်စအီးဒ်၊ မိစ်ဘဟ်ဟူလ်မင်န်ဟာဂ်ျ ကိသာဘ်အလ်ဆောင်မ်၊ ကွမ်မြို၊ ဒါရ်ရူလ်ဟေလာလ်၊ ဟိဂျရီ ၁၄၂၅။
  • ဟိလ္လီ၊ ဟဆန်ဘင်န်ယူစွဖ်၊ မွန်သဟီယူလ်ဖီသဟ်ကီးက်အလ်မဇ်ဟဗ်၊ မရှ်ဟဒ်မြို၊ မဂ်ျမအ်အူလ်ဗိုဟူစ်အလ်အစ္စလာမီယဟ်၊ ဟိဂျရီ ၁၄၁၂ ။
  • ဟိလ္လီ၊ ယဟ်ယာ ဘင်န် စအီးဒ်၊ အလ်ဂျာမေအ်လိလ်ရှရာအေအ်၊

ရှိခ်ဂျအ်ဖရ်စွဘ်ဟာနီလက်အောက်ရှိသုတေသီအများစု၏ပြင်ဆင်မှု၊ ကွမ်မြို၊ ဆိုင်ယိဒ်ရှိဟဒါအိလ်မ်မီယဟ်ဌာန၊ ဟိဂျရီ ၁၄၀၅။

  • ခိုမေနီ၊ ဆိုင်န်ယီဒ်ရူဟ်ဟွလ္လဟ်၊ အိစ်သိဖ်သာအာသ်၊ ကွမ်မြို၊ အစ္စလာမ်မစ်ဖြန့်ချီရေးရုံး၊ ပဉ္စမအကြိမ်မြောက်ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၂၂။
  • ခွီး၊ ဆိုင်န်ယိဒ်အဘုလ်ကာစင်မ်၊ အလ်အူရ်ဝသူလ်ဝူစ်ကာ မအလ်သအ်လီကာသ်၊ ကွမ်မြို၊ အစ္စလာမ်မစ်ဖြန့်ချီရေးဌာန၊ ဟိဂျရီ ၁၄၁၉။
  • စွဘ်ဟာနီ၊ ဂျအ်ဖရ်၊ သောဝ်ဇီဟူလ်မဆာအိလ်၊ ကွမ်မြို၊ အေမာမ်ဆွာဒီက် (အ.စ) ဌာန၊ ဘီသာ။
  • စဗ်ဇ်ဝါရီ၊ ဆိုင်န်ယီဒ်အဗ်ဒူလ်အအ်လာ၊ မဟ်ဇဗ်အလ်အဟ်ကာမ်၊ ကွမ်မြို၊ အလ်မေနာရ်၊ ဟိဂျရီ ၁၄၁၃။
  • စစ္စသာနီ၊ ဆိုင်န်ယီဒ်အလီ၊ သောဝ်ဇီဟူလ်မဆာအိလ်၊ မရှ်ဟဒ်မြို၊ အိရ်စေလာန်ဖြန့်ချီရေး၊ အီရန်သက္ကရာဇ် ၁၃၈၆။
  • ရှဘီရီ ဇန်ဂျာနီ၊ ဆိုင်န်ယီဒ်မူဆာ၊ ရေဆာလဟ် သောဝ်ဇီဟူလ် မဆာအိလ်၊ ကွမ်မြို။
  • ရှဘီရီ ဇန်ဂျာနီ၊ ဆိုင်န်ယီဒ်မူဆာ၊ ရေဆာလဟ် သောဝ်ဇီဟူလ် မဆာအိလ်၊ ကွမ်မြို၊ ဟိဂျရီ ၁၄၃၀။
  • ရှဟီးဒ်အောဝ်ဝလ်၊ မိုဟမ္မဒ်ဘင်န်မက္ကီ၊ အလ်ဒူရူစ်စူလ်ရှရ်အီယဟ် ဖီ ဖီက်ဟ်အေမာမီယဟ်၊ ကွမ်မြို၊ အစ္စလာမ်မစ်ဖြန့်ချီရေးဌာန၊ ဟိဂျရ္ ၁၄၁၇။
  • ရှိခ်ဘဟာယီ၊ မိုဟမ္မဒ် ဘင်န် ဟိုစိုင်န်၊ အလ်သအ်လီကဟ် အလလ်ရေဆာလသိလ်ဆောင်မ်မီယဟ်၊ ကွမ်မြို၊ အာရှုရာဌာန၊ ဟိဂျရီ ၁၄၂၇။
  • ဖာဇိလ်လန်ကရာနီ၊ သောဝ်ဇီဟူလ်မဆာအိလ်(ဖာရ်စီ)၊ ကွမ်မြို၊ မဟ်ရ်၊ အီရန်သက္ကရာဇ် ၁၃၇၄။
  • ကာရှေဖ်အလ်ဂေတွအ်၊ ဟဆန်၊ အန်ဝါရူလ်ဖိုကာဟဟ်၊ နဂျဖ်မြို၊ ကာရှေဖ်အလ်ဂေတွအ်ဌာန၊ ပထမအကြိမ်ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၂၂။
  • ကာ‌ရှေဖ်အလ်ဂေတွအ်၊ မိုဟမ္မဒ်ဟိုစိုင်န်၊ အလ်အူရ်ဝသူလ်ဝူစ်ကာ မအလ်သအ်လီကာသ်၊ ကွမ်မြို၊ အစ္စလာမ်မစ်ဖြန့်ချီရေးဌာန၊ ဟိဂျရီ ၁၄၁၉။
  • မကာရေမ်ရှီရာဇီ၊ နာဆိရ်၊ သောဝ်ဇီဟူလ်မဆာအိလ်၊ ကွမ်မြို၊ အေမာမ်အလီ ဘင်န် အဘီတွာလီဗ်(အစ) ကျောင်း၊ အီရန်သက္ကရာဇ် ၁၃၇၈။
  • ယဇ်ဒီ၊ ဆိုင်ယီဒ်မိုဟမ္မဒ်ကာ‌ဇွင်မ်၊ အလ်အူရ်ဝသူလ်ဝူစ်ကာ မအလ်သအ်လီကာသ်၊ ကွမ်မြို၊ အစ္စလာမ်မစ်ဖြန့်ချီရေးဌာန၊ ဟိဂျရီ ၁၄၁၉။
  • ယဇ်ဒီ၊ ဆိုင်ယီဒ်မိုဟမ္မဒ်ကာ‌ဇွင်မ်၊ အလ်အူရ်ဝသူလ်ဝူစ်ကာ၊ သအ်လီကာသ် မိုဟမ္မဒ် ဖာဇီလ် မိုဝဟ္ဟိဒီ လန်ကရာနီ၊ ကွမ်မြို၊ ဖိကဟ်အအေမ်မဟ်အသ်ဟာရ်(အ စ) ဌာနချူပ်၊ ဘီသာ။