ရိုဇာကဖ္ဖာရာ

wikishia မှ

ရိုဇာကဖ္ဖာရာ (အာရဘီ - كفارة الصوم) ရမ်ဇာန်လမြတ်၏ရိုဇာများနှင့် အချိန်ကာလတစ်ခုသတ်မှတ်၍ နဇရ်လုပ် (အဓိဌာန်ပြု)အပေါ်ထားသည့် ရိုဇာများကိုချိုးဖျက်မှု့ပြုသည့်အတွက်နှင့် ရမ်ဇာန်လမြတ်၌ ပျက်ကွက်ခဲ့သော ရိုဇာများအတွက် ပြန်လည်အစားထားသောရိုဇာများကို ဇိုဟိုရ်အဇာန်ပြီးနောက် ဖျက်ခဲ့သည့်ရိုဇာများအတွက် အပြစ်ဖြေလျှော့စေရန်အတွက်ကာယံကာရှင်မှ ပြုလုပ်(သို့) ပေးဆောင်ရသော ဒဏ်ကြေးဖြစ်သည်။ မည်သည့်ရိုဇာမဆို တမင်တကာ ဖျက်ပစ်ပါက ပေးရမည့်ကဖ္ဖာရာအပြစ်ဒဏ်မှာ နှစ်လရိုဇာထားခြင်းဖြစ်ပြီး ထိုနှစ်လတွင် (၃၁)ရက်တိတိအား ဆက်တိုက်ရိုဇာထားရှိရမည်ဖြစ်သည်။ သို့တည်းမဟုတ် မရှိဆင်းရဲသားအယောက်(၆၀) အားထမင်းကျွေးရမည်ဖြစ်သည်။ရိုဇာထားသူသည် မိမိပြုလုပ်သောလုပ်ရပ်မှာ ရိုဇာပျက်စေသောလုပ်ရပ်များမှဖြစ်သည်ဟု သိရှိနေမှသာ ရိုဇာ၏ကဖ္ဖာရာ ဝါဂျိဘ်ဖြစ်သွားပေမည်။

ထို့အတူ အချို့သောဓမ္မသတ်ပညာရှင်များ၏ ဖသ်ဝါအဆုံးအဖြတ်အရ ရိုဇာပျက်စေသောအချက်များတွင်း မှတစ်ခုအားအကြောင်းမဲ့ပြုလုပ်ခြင်းသည်လည်း ကဖ္ဖာရာထိုက်သွားစေသည်။ သို့သော် အချို့သောဓမ္မသတ်ပညာရှင်များကလည်း ရိုဇာအားအကြောင်းမဲ့တမင်ဖျက်ခြင်းသည် ကဖ္ဖာရာဝါဂျီဘ်ဖြစ်ခြင်းအပေါ် အဓိပ္ပါယ် သက်ရောက်မှုမရှိပါ။

ရှီအာဓမ္မသတ်ပညာရှင်များ၏အမြင်တွင် တစ်စုံတစ်ဦးသည် မိမိ၏ရိုဇာအား ဟရာမ်လုပ်ရပ် ဥပမာ- အရက်သေစာသုံးစွဲ၍သော်လည်းကောင်း သို့တည်းမဟုတ် ခွင့်ပြုချက်မရှိသောကာမအမှု့(ဇေနာ) ပြု၍သော်လည်းကောင်း ပျက်စေခဲ့ပါက ကဖ္ဖာရာပြစ်ဒဏ်နှစ်မျိုးစလုံး(နှစ်လရိုဇာထားခြင်း နှင့် မရှိဆင်းရဲသား60ဦးအား ထမင်းကျွေးခြင်း) တို့ကို ပြုလုပ်ရမည်။ သို့သော်ငြားလည်း အချို့သောဓမ္မသတ်ပညာရှင်များကမူ ဤသို့ စုပေါင်းကဖ္ဖာရာပေးဆောင်ခြင်းကို အဲ့ဟ်သေယားသ်-သေ- မွစ်သဟဘ်(ဆင်ခြင်ရမည်မှာမွစ်သဟဘ်ဖြစ်ခြင်း) အဖြစ်သတ်မှတ်ထားပြီး အချို့ကမူ အဲ့ဟ်သေယားသ်-သေ- ဝါဂျိဘ် (ဆင်ခြင်ရမည်မှာ ဝါဂျီဘ်ဖြစ်ခြင်း)အဖြစ် သတ်မှတ်ပြဌာန်းထားသည်။

အဓိပ္ပါယ်

ကဖ္ဖာရာဆိုသည်မှာ အချို့သောအပြစ်များကိုကျူးလွန်ခြင်းအတွက် အပြစ်ဖြေလျှော့ရန် ပေးဆောင်ရသော ငွေကြေး သို့မဟုတ် ခန္ဓာကိုယ်အား ပြစ်ဒဏ်ပေးခြင်းတစ်မျိုးဖြစ်သည်။[၁] ကဖ္ဖာရာသည် များသောအားဖြင့် တမလွန်တွင်အပြစ်ဒဏ်ခံရမှုများအားပျောက်ကွယ်စေခြင်း သို့မဟုတ် လျော့ပါးစေခြင်းကိုဖြစ်စေသည်။[၂]

ဓမ္မသတ်ပညာရှင်များက ကဖ္ဖာရာသည် အချို့သောရိုဇာများကိုဖျက်ခြင်းကြောင့်ဖြစ်သည်။ ထိုရိုဇာများမှာ

  • ရမ်ဇာန်လမြတ်၏ရိုဇာ။
  • ဇိုဟိုရ်အဇာန်ပြီးနောက်ဖျက်လိုက်သောရမ်ဇာန်လမြတ်၏ကဇွာရိုဇာ။
  • သတ်မှတ်ထားသောအချိန်ကာလတစ်ခုတွင်တည်ဆောက်မည်ဟုသတ်မှတ်အဓိဌာန်ပြုခဲ့သော (နဇဲရ်ပြုခဲ့သော)ရိုဇာ။[၃]

ကဖ္ဖာရာရိုဇာအမျိုးအစားများ

ကျော်ကြားသောရှီအာဓမ္မသတ်ပညာရှင်များက ရိုဇာ၏ကဖ္ဖာရာအား အောက်ပါအတိုင်းသတ်မှတ်ထားလေ သည်။

  • နှစ်လတိတိရိုဇာထားခြင်း(ရက်ပေါင်း၃၁ရက်တိုင်တိုင် ဆက်တိုက်ထားရမည်)။[၄]
  • မရှိဆင်းရဲသားအယောက်၆၀ အားထမင်းကျွေးခြင်း။
  • ကျေးကျွန်တစ်ဦးအားလွတ်မြောက်စေခြင်း။[၅](သို့သော်လည်း ကျွန်ကိုလွတ်လပ်မှု့ပေးခြင်းမှာ ယနေ့ခေတ်တွင် အကြောင်းအရာမရှိတော့သဖြင့် ဤအချက်ကိုရုပ်သိမ်းထားသည်။)[၆]

သိခြင်း နှင့် မသိခြင်းတို့အပေါ်ကဖ္ဖာရာ၏သက်ရောက်မှု့

ဓမ္မသတ်ပညာရှင်များ၏အမြင်အရ အကယ်၍ တစ်ဦးတစ်ယောက်သည် တမင်တကာ သာသနာမှခွင့်ပြုထားသောအကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ မိမိ၏ရိုဇာကိုဖျက်လိုက်ပါက ရိုဇာအားကဇွာပြန်လည်ထားရှိရမည့်အပြင် ကဖ္ဖာရာလည်း ထိုက်သွားပေသည်။[၇] သို့သော် ကဖ္ဖရာထိုက်မှုတွင်အကြင်သူသည် ရိုဇာကိုပျက်စေသောအရာအားပြုလုပ်ခဲ့သည်ဟု သိရှိ၍ပြုလုပ်ခြင်းမျိုးဖြစ်ရပေမည်။[၈] ထို့ကြောင့်ပင် ဂျာဟိလ်လေကာစိရ် [၉]နှင့် ဂျာဟိလ်လေမိုကဆ္ဆိရ်[၁၀]အပေါ်၌ ကဖ္ဖာရာပြစ်ဒဏ်မထိုက်ပေ။ အချို့သောပုဂ္ဂိုလ်များက ဂျာဟိလ်လေမုကဆ္ဆိရ်သည် ရိုဇာပျက်စေသောအကြောင်းအရာများကိုသိရှိထားသူတို့၏အမိန့်အတိုင်းဖြစ်သည် ၎င်းအပြင် ၎င်းသူသည် ရိုဇာအား ကဇာအပြင် ကဖ္ဖါရာပါ ပေးဆောင်ရမည်ဟု မည်မျှပင် ဆိုထားကြပါစေ ။[၈]

မည်သည့် ရိုဇာပျက်စေသောအကြောင်းများသည် ကဖ္ဖာရာထိုက်စေနိုင်သနည်း။

ဆွာဟိဘ်ဘေဂျဝါဟိရ် မှယုံကြည်သည်မှာ- ရေဝါယတ်ဆင့်ပြန်ချက်များအရ ရိုဇာပျက်စေသောအချက်များအတွင်းမှတစ်ခုခုအား တမင်တကာပြုလုပ်ခြင်းသည် ရိုဇာကဇွာပြန်လည်ထားရှိရမည့်အပြင် ကဖ္ဖာရာပြစ်ဒဏ်သည်လည်းထိုက်ပေသည်။[၁၁] စိုင်ယိဒ်အဘွလ်ကာစင်မ်ခူယီးမှ ယုံကြည်သည်မှာ- ရိုဇာပျက်စေသောအချက်တိုင်း ဥပမာ အလ္လာဟ်နှင့်ရစူလ်အားစွပ်စွဲပြောဆိုခြင်း သို့တည်းမဟုတ် အော့အန်ခြင်း စသည့်အရာများကိုတမင်တကာလွန်ကျူးခြင်းသည်လည်း ကဖ္ဖာရာထိုက်စေသည်။[၁၂]သို့သော် အချို့သောပညာရှင်များယုံကြည်ထားကြသည်မှာ- ရိုဇာကိုတမင်တကာဖျက်ခြင်းသည် ကဖ္ဖာရာ ဝါဂျီဘ်ဖြစ်စေသော အဓိပ္ပါယ်သက်ရောက်မှုမရှိပါ ဟုဖြစ်သည်။[၁၃] အေမာမ်ခိုမိုင်နီ၏ဖသ်ဝါအရ အကယ်၍တစ်ဦးတစ်ယောက်သည် ညအခါ၌ ဂျနာဘတ်ဖြစ်ခဲ့ပြီး ထိုညတွင် သုံးကြိမ်တိုင်တိုင် နိုးထသော်လည်း ဂွစ်လ်ပြုလုပ်ခြင်းမရှိပဲပြန်လည်အိပ်သွားခဲ့သည်။ ဖဂျဲရ်အဇာန်တိုင်သည်အထိနိုးလာခြင်းမရှိခဲ့ပါက ထိုနေ့၏ကဇွာရိုဇာကိုသာ ပြန်လည်ထားရှိရန်လိုအပ်ပြီး ကဖ္ဖာရာထိုက်သွားခြင်းမရှိပေ။ ထို့အတူ တစ်စုံတစ်ဦးမှ ရိုဇာထားစဥ်အတွင်း တမင်တကာအော့အန်လိုက်ပါကလည်း ထိုမိန့်ရပ်အတိုင်းပင်ဖြစ်သည်။[၁၄]

ဟရာမ်လုပ်ရပ်ဖြင့်ဖျက်လိုက်သောရိုဇာနှင့် ဟလာလ်လုပ်ရပ်ဖြင့်ဖျက်လိုက်သောရိုဇာတို့အကြား ကဖ္ဖရာအမိန့်ကွာခြားမှု

ပညာရှင်အများစုမှယုံကြည်ကြသည်မှာ အကယ်၍ တစ်ဦးတစ်ယောက်သည် မိမိ၏ရိုဇာအား ဟလာလ်နည်းဖြင့် ဥပမာ အစား၊အသောက် စားသောက်လိုက်ခြင်းဖြင့်ဖျက်ခဲ့ပါက ၎င်းသူအဖို့ ကဇာအပြင် ကဖ္ဖာရာ အမျိုးအစားများတွင်းမှတစ်မျိုးအား မဖြစ်မနေလိုက်နာရမည်ဖြစ်သည်။[၁၅] သို့သော် ဟရာမ်ဖြစ်သောလုပ်ရပ်အားဖြင့် ဥပမာ ဇေနာ၊အရက်သေစာသောက်စားခြင်းစသည်တို့အားဖြင့် ပျက်စေခဲ့ပါမူ ၎င်းသူအပေါ်ကဖ္ဖာရာသုံးမျိုးစလုံးထိုက်ပေသည်။ ထိုအနေအထားကို ကဖ္ဖာရာစု ထိုက်ခြင်း ဟုခေါ်သည်။ [၁၆]အမှန်စင်စစ် အချို့သောမရ်ဂျအ်ပညာရှင်ကြီးများကမူ ကဖ္ဖာရာစုထိုက်ခြင်းအား အဲ့ဟ်သေယားတ်မွစ်သဟဘ်[၁၇] ဟုမိန့်ဆိုပြီး အချို့ကမူ အဲ့ဟ်သေယားတ်ဝါဂျိဘ်အဖြစ်မိန့်ဆိုကြသည်။[၁၈]

ဖစ်ဒ်ယာ နှင့် ရိုဇာ၏ကဖ္ဖာရာခြားနားမှု့

တစ်ခါတစ်ရံ လူအများပြောဆိုမှု့များတွင် ကဖ္ဖာရာအား ဖစ်ဒ်ယာ ဟုသုံးနှုံးလေ့ရှိကြသည်။ ဥပမာ-ထမင်းတစ်နပ်စာ (ဂျုံမှုန့်(သို့)အခြားအစားအစာ750ဂရမ်) အား ရိုဇာ၏ ကဖ္ဖာရာအနေဖြင့်ပြောလေ့ရှိကြသည်။[၁၉] သို့သော်လည်း ဖစ်ဒ်ယာဆိုသည်မှာ ရိုဇာ၏နေရာတွင်အစားဖြည့်သည့်အရာဖြစ်ပြီး နာမကျန်းသည့်အပေါ်ခွန်အားနည်းသည့်အတွက်ကြောင့်ရိုဇာမထားခဲ့ပါက သို့မဟုတ် ရိုဇာကဇွာပြန်လည်ဖြည့်ရန်အချိန်ဆွဲခဲ့မှုကြောင့် နောက်နှစ်ရမ်ဇာန်အထိ ကဇွာမပြုနိုင်ခဲ့သည့်အပေါ် (နောက်ကျမှုကြောင့်ပေးဆောင်ရသောကဖ္ဖာရာ) ပေးဆောင်ရခြင်းဖြစ်ပေသည်။[၂၀]

မှတ်စုများ

  1. မိရှ်ကာနီသို့ကြည့်ပါ၊ မွစ်သလေဟာသ် အလ်ဖိက်ဟ်၊ ဟိဂျရီ ၁၄၁၉၊ စာမျက်နှာ ၄၆၅။
  2. မိရှ်ကာနီသို့၊ မွစ်သလေဟာသ် အလ်ဖိက်ဟ်၊ ဟိဂျရီ ၁၄၁၉၊ စာမျက်နှာ ၄၆၅။
  3. ခွီး၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၁၊ စာမျက်နှာ ၂၆၉။
  4. အေမာမ်ခိုမေနီ၊ သောဝ်ဇီဟူလ်မဆာအိလ်၊ ဟိဂျရီ ၁၄၂၆၊ စာမျက်နှာ ၃၄၇။
  5. စူဒ်ဒူက်၊ အိဗ်နေဘာဘိုဝိုဝ်၏ဖသဝါများစုစည်းထားခြင်း၊ ကွမ်မြို့၊ စာမျက်နှာ ၇၃။
  6. မကာရီမ်၊ ရေဆာလဟ် သောဝ်ဇီဟူလ်မဆာအိလ်၊ ဟိဂျရီ ၁၄၂၉၊ စာမျက်နှာ ၂၅၃။
  7. အေမာမ်ခိုမေနီ၊ အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၄၂၂၊ အတွဲ ၁၊ စာမျက်နှာ ၃၃၀။
  8. ၈.၀ ၈.၁ ရူဟာနီ၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ အတွဲ ၁၊ စာမျက်နှာ ၃၅၅။
  9. ခွီး ၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၁၊ စာမျက်နှာ ၂၇၀။
  10. ခွီး၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၁၊ စာမျက်နှာ ၂၇၀; စစ္စသာနီ၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ဟိဂျရီ ၁၄၁၇၊ အတွဲ ၁၊ စာမျက်နှာ ၃၂၇။
  11. နဂျဖီ၊ ဂျဝါဟိရူလ်ကလာမ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၁၆၊ စာမျက်နှာ ၂၂၆။
  12. ခွီး၊ အလ်အေမာမ်ခွီး ဌာန၊ ဟိဂျရီ ၁၄၁၈၊ အတွဲ ၂၁၊ စာမျက်နှာ ၃၀၅။
  13. သွဘာသွဘာအီ ယဇ်ဒီသိုကြည့်ပါ၊ အလ်အူရ်ဝသူလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၂၈၊ အတွဲ ၂၊ စာမျက်နှာ ၃၈။
  14. ‌အေမာမ်ခိုမေနီ၊ သောဝ်ဇီဟူလ်မဆာအိလ်၊ ဟိဂျရီ ၁၄၂၆၊ စာမျက်နှာ ၃၄၆။
  15. ဘဟ်ဂျသ်၊ ဂျမေအ်အူလ်မဆာအိလ်၊ ဟိဂျရီ ၁၄၂၆၊ အတွဲ ၂၊ စာမျက်နှာ ၂၉။
  16. ဘဟ်ဂျသ်၊ ဂျမေအ်အူလ်မဆာအိလ်၊ ဟိဂျရီ ၁၄၂၆၊ အတွဲ ၂၊ စာမျက်နှာ ၂၉။
  17. စစ္စသာနီ၊ သောဝ်ဇီဟူလ်မဆာအိလ်၊ အီရန်သက္ကရာဇ် ၁၃၉၃၊ စာမျက်နှာ ၂၉၈-၂၉၉။
  18. စစ္စသာနီ၊ သောဝ်ဇီဟူလ်မဆာအိလ်၊ အီရန်သက္ကရာဇ် ၁၃၉၃၊ စာမျက်နှာ ၃၄၄။
  19. ဥပမာအနေဖြင့် ခါမေနာအီသိုကြည့်ပါ၊ အဂျူဘသိလ်အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၄၂၀၊ အတွဲ ၁၊ စာမျက်နှာ ၁၃၈၊ س ၈၀၂
  20. ဆွဒ်ရ်၊ မာဝရာအူလ်ဖိက်ဟ်၊ ဟိဂျရီ ၁၄၂၀၊ အတွဲ ၉။ စာမျက်နှာ၁၂၀။

ကျမ်းကိုးမျာ

  • အေမာမ်ခိုမေနီ၊ ဆိုင်န်ယီဒ်ရူဟ်ဟွလ္လဟ်၊ အိစ်သိဖ်သာအာသ်၊ ကွမ်မြို၊ အစ္စလာမ်မစ်ဖြန့်ချီရေးရုံး၊ ပဉ္စမအကြိမ်မြောက်ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၂၂။
  • အေမာမ်ခိုမေနီ၊ ဆိုင်န်ယီဒ်ရူဟ်ဟွလ္လဟ်၊ သေယဝ်ဇီဟူလ်မဆာအိလ်၊ သုတေသီ နှင့် ပြင်ဆင်သူ: မွတ်စ်လင်မ်ကွလ်လီပူရ်ဂီလာနီ၊ ကွမ်မြို၊ အေမာမ်ခိုမေနီအာဆာရ်များအား စုစည်းရေး နှင့် ဖြန့်ချီရေးဌာန၊ ပထမအကြိမ် ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၂၆။
  • ဘဟ်ဂျသ်၊ မိုဟမ္မဒ်သကီ၊ ဂျာမေအ်မဆာအိလ်၊ ကွမ်မြို၊ အာယသွလ္လဟ်ဘဟ်ဂျသ်ရုံး၊ ဒုတိယအကြိမ်ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၂၆။
  • ခွီး၊ ဆိုင်ယီဒ် အဘူလ်ကာစင်မ်၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ကွမ်မြို၊ မဒီနသူလ်အိလ်မ်ဖြန့်ချီရေး၊ ၂၈ကြိမ်မြောက်ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၁၀။
  • ခွီး၊ ဆိုင်ယီဒ် အဘူလ်ကာစင်မ်၊ အေမာမ်ခွီးဌာန၊ ကွမ်မြို၊ အဟ်ယအ်အာဆာက်အေမာမ်ခွီး ဌာန၊ ပထမအကြိမ်ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၁၈။
  • ရူဟာနီ၊ ဆိုင်ယိဒ် ဆွာဒီက်၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ဘီဂျာ၊ ဘီနာ၊ ဘီသာ။
  • စစ္စသာနီ၊ ဆိုင်န်ယီဒ်အလီ၊ သောဝ်ဇီဟူလ်မဆာအိလ်၊ မရှ်ဟဒ်မြို၊ အာယသွလ္လဟ်အလ်အူဇ်မာ စစ္စသာနီ၊ အီရန်သက္ကရာဇ် ၁၃၉၃။
  • စစ္စသာနီ၊ ဆိုင်န်ယီဒ်အလီ၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ အာယသွလ္လဟ်အလ်အူဇ်မာ စစ္စသာနီရုံး၏ ဖြန့်ချီရေး၊ ကွမ်မြို၊ ပဉ္စမအကြိမ် ပုံနှိပ်မှု၊ ဟိဂျရ္ ၁၄၁၇။
  • ဆွဒ်ရ်၊ ဆိုင်ယိဒ်မိုဟမ္မဒ်၊ မာဝရာအူလ်ဖိက်ဟ်၊ ဂျအ်ဖရ်ဟာဒီဒဂျီလီ၏ ပြင်ဆင်မှု၊ ဘေရွသ်မြို၊ ဒါရ်ရူလ်အဇ်ဝါအ် လိလ်သဘာအဟ် ဝါ အလ်နရှ်ရ် ဝါ အလ်သောဝ်ဇီအ်၊ ဟိဂျရီ ၁၄၂၀။
  • ဆူဒ်ဒူက်၊ အလီ ဘင်န် ဟိုစိုင်န်၊ အိဗ်နေဘာဘိုဝိုဝ်၏ ဖသဝါများစုစည်းမူ၊ ဂျာမေအ်: အဗ်ဒုလ်ရဟီးမ် ဘိုရူဂျရ်ဒီ၊ သုတေသီ: အလီပနဟ်အိရှ်သေဟာရ်ဒီ၊ ကွမ်မြို၊ ဘီနာ၊ ပထမအကြိမ် ပုံနှိပ်မှု၊ ဘီသာ။
  • သွဘာသွဘာအီ၊ ယဇ်ဒီ၊ ဆိုင်ယီဒ်မိုဟမ္မဒ်ကာ‌ဇွင်မ်၊ အလ်အူရ်ဝသူလ်ဝူစ်ကာ မအလ်သအ်လီကာသ်၊ သအ်လီကာသ်: အေမာမ်ခိုမေနီ၊ ဆိုင်ယီဒ်အဘူလ်ကာစင်မ်ခွီး၊ဆိုင်ယီဒ်မိုဟမ္မဒ်ရေဇာဂွလ်ပိုက်ဂါနီ၊ နာဆေရ်မကာရီမ်ရှီရာဇီ၊ ကွမ်မြို၊ အေမာမ်အလီ(အ.စ)ကျောင်းဖြန့်ချီရေး၊ ပထမအကြိမ်ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၂၈။
  • မိရှ်ကာနီ၊ မိရ်ဇာအလီ၊ မွဆ်သွလေဟာသ်ဖိက်ဟ်၊ ဘီဂျာ၊ ဘီနာ၊ ဟိဂျရီ ၁၄၁၉။
  • မကာရီမ်ရှီရာဇီ၊ နာဆေရ်၊ ရေဆာလသ်သောဝ်ဇီဟူလ်မဆာအိလ်၊ ကွမ်မြို၊ အေမာမ်အလီကျောင်းဖြန့်ချီရေး၊ ၁၅ကြိမ်မြောက်ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၂၉။
  • နဂျဖီ၊ မိုဟမ္မဒ်ဟဆန်၊ ဂျဝါဟိရ် အလ်ကလာမ် ဖီ ရှရ်ဟ် ရှရာအေအ်အစ္စလာမ်၊ အဘ္ဘစ်ကူချာနီ၊ အလီအာခူန်ဒီတို၏ ပြင်ဆင်မှု၊ ဘေရွသ်မြို၊ ဒရ်ရူလ်အဟ်ယအ်အလ်သိုရာစ်အရဗီ၊ ၇ကြိမ်မြောက်ပုံနှိပ်မှု၊ ဟိဂျရီ ၁၄၀၄။