မာတိကာသို့ ခုန်သွားရန်

ရာသက်ပန်အတွက်ဟရာမ်ဖြစ်ခြင်း

wikishia မှ

ရာသက်ပန်အတွက်ဟရာမ်ဖြစ်ခြင်း (الحرمة المؤبدة) ရာသက်ပန်ဟရာမ်ဖြစ်ခြင်း ဆိုသည်မှာ အမျိုးသားနှင့်အမျိုးသမီးတို့ ရာသက်ပန်ထိမ်းမြားမှုမပြုနိုင်တော့ခြင်းကို ဆိုလိုပါသည်။ ရှီအာတို့၏ ဓမ္မသတ်တွင် အိမ်ထောင်ရှိသူအချင်းချင်းဖောက်ပြားခြင်း၊ လေအာန်(ဇနီး၊ခင်ပွန်းအချင်းချင်း တားမြစ်ထားသောစကားရပ်များဖြင့် ကျိန်ဆိုပြောကြားခြင်း)၊ အိဒ်ဒါ(အမျိုးသမီးသည်ကွာရှင်းပြီးနောက် စောင့်ထိန်းရသောသတ်မှတ်အချိန်ကာလအတွင်း၌) နှင့်အဲဟ်ရာမ်အချိန်ကာလ၌ ထိမ်းမြားခြင်း၊ အမျိုးသမီးတစ်ဦး၏သား၊ဖခင်၊ညီအကိုတို့နှင့်လိင်တူ ဆက်ဆံဖူးခြင်း၊ မိမိအိမ်ထောင်ဖက်အား ကိုးကြိမ်တိုင် တွာလားက်ပေးခြင်း စသည့်အခြေအနေတို့၌ အမျိုးသမီးနှင့်အမျိုးသားတို့သည် ထိမ်းမြားခြင်းမပြုနိုင်တော့ပါ။ ၎င်းတို့နှစ်ဦးလုံးသည် တစ်ဦးအပေါ်တစ်ဦး ရာသက်ပန်ဟရာမ်ဖြစ်သွားကြပေမည်။

ရာသက်ပန်ဟရာမ်ဖြစ်ခြင်းအကြောင်းအရာကို နေကာဟ် ၊ကွာရှင်းပြတ်စဲခြင်း(တွလားက်)၊ဟဂျ်ပြုခြင်း နှင့် လေအာန်(တားမြစ်ထားသောကျိန်ဆဲခြင်း) ကဏ္ဠများ၌ဖေါ်ပြထားလေသည်။

အီရန်တွင် ရာသက်ပန်ဟရာမ်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး (အီရာန်နိုင်ငံ၏အရပ်သားဥပဒေ) အပိုဒ် ၁၀၅၀ မှ ၁၀၅၉ အထိ ဥပဒေများကို သီးခြားတင်ပြထားသည်။

အဓိပ္ပါယ်

ရာသက်ပန်အတွက်ဟရာမ်ဖြစ်ခြင်းဆိုသည်မှာ ခေတ္တဟရာမ်ဖြစ်ခြင်း၏ပြောင်းပြန်အခြေအနေဖြစ်ပြီး အမျိုးသားနှင့်အမျိုးသမီးတို့သည် လုံးဝထိမ်းမြားမှုမပြုနိုင်တော့ခြင်းကိုဆိုလိုသည်။[] ဟရာမ်အဘဒီ(ရာသက်ပန်ဟရာမ်ဖြစ်ခြင်း)ဟူသောအသုံးအနှုန်းအား ပုံစံနှစ်မျိုးဖြင့်သုံးနှုန်းသည်။

  • အရင်းအခြာမဟုတ်သူများနှင့် ထိမ်းမြားမှု ရာသက်ပန်ဟရာမ်ဖြစ်ခြင်း ၎င်းသူတို့နှင့်ထိမ်းမြားခြင်းသည် ဂျာအိဇ်ဖြစ်သော်လည်း အကြောင်းအရင်းတစ်ခုခုကြောင့် ၎င်းသူတို့နှင့် ထိမ်းမြားခြင်းသည် ရာသက်ပန် ဟရာမ်ဖြစ်သွားပေသည်။[]

ရာသက်ပန်ဟရာမ်ဖြစ်ခြင်းအကြောင်းအရာကို နေကာဟ် ၊ကွာရှင်းပြတ်စဲခြင်း(တွလားက်)၊ဟဂျ်ပြုခြင်း နှင့် လေအာန်(တားမြစ်ထားသောကျိန်ဆဲခြင်း) ကဏ္ဠများ၌ဖေါ်ပြထားလေသည်။[] အီရန်တွင် ရာသက်ပန်ဟရာမ်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး (အီရာန်နိုင်ငံ၏အရပ်သားဥပဒေ) အပိုဒ် ၁၀၅၀ မှ ၁၀၅၉ အထိ ဥပဒေများကို သီးခြားတင်ပြထားသည်။[]

အကြောင်းတရားများ

အစ္စလာမ့်ဓမ္မသတ်တွင် ထိုသို့ရာသက်ပန်ဟရာမ်ဖြစ်သွားစေသောအကြောင်းတရားများကို ဖေါ်ပြထားပြီး ထိုအကြောင်းတရားများနှင့် ညိစွန်းနေသည့် အမျိုးသားနှင့် အမျိုးသမီးတို့အဖို့ ပေါင်းစပ်ခြင်းသည် ရာသက်ပန်ဟရာမ်ဖြစ်နေပေမည်။

  • လေအာန်(လင်မယားအကြားကျိန်ဆိုခြင်း)ဆိုသည်မှာ လင်နှင့်မယားအကြားတွင် (လေအာန်)ဖြစ်ခဲ့ပါက ၎င်းတို့နှစ်ဦးသည် ရာသက်ပန် တစ်ဦးအပေါ်တစ်ဦး ဟရာမ်ဖြစ်သွားပေလိမ့်မည်။ []ဓမ္မသတ်အသုံးအနှုံးတွင် လေအာန်ဆိုသည်မှာ အစ္စလာမ့်တရားသူကြီးရှေ့တော်တွင် လင်ဖြစ်သူမှမှမယားဖြစ်သူကို မိမိ၏မယားဇေနာလုပ်ကြောင်း ကျိန်ဆို၍ စွပ်စွဲပြောဆိုသည့်အခါ မယားဖြစ်သူမှလည်း မိမိဇေနာမလုပ်ကြောင်းကို လင်ဖြစ်သူကျိန်ဆိုသည့်အတိုင်း အလားတူကျိန်ဆိုခုခံပြောဆိုခြင်းဖြစ်သည်။ [](ထိုသို့ ကျိန်ဆိုလိုက်ပြီးသည့်နောက် ထိုနှစ်ဦးအကြား အမြဲတမ်းအတွက် တစ်ဦးအပေါ်တစ်ဦး ဟရာမ်ဖြစ်သွားပေမည်။)ထို့နောက် မယားဖြစ်သူကို ထိုသို့စွပ်စွဲမှုကြောင့် လင်ယောကျ်ားသည် ဇေနာပြုကြောင်းစွပ်စွဲပြောဆိုသည့်အပေါ် ကျခံရမည့် ပြစ်ဒဏ်နှင့် ဇနီးမယားသည် ဇေနာပြုသူတို့အပေါ် ကျခံစေမည့် ပြစ်ဒဏ် အားလုံး ပလပ်မှုရရှိသွားပေမည်။[]
  • ဇနီးမယားကို သုံးကြိမ်သွလားက်ပေးခြင်း - ရှီအာတို့၏ ဓမ္မသတ်တွင် အကယ်၍အမျိုးသားတစ်ဦးသည် မိမိ၏အိမ်ထောင်ဖက်အား သုံးကြိမ်တိုင်တိုင် သွလားက်ပေးခဲ့ပါက ထိုအမျိုးသမီးနှင့်ထပ်မံလက်ထပ်ရန်မဖြစ် နိုင်တော့ပေ။(အကယ်၍ ထပ်မံထိမ်းမြားလိုပါက ထိုအမျိုးသမီးအား အခြားအမျိုးသားတစ်ဦးနှင့်လက်ထပ်စေပြီးမှသာ ပြန်လည်၍ထိမ်းမြားပိုင်ခွင့်ရှိသည်။)[]
  • အိဖ်ဇားအ် -အကယ်၍ ယောက်ျားတစ်ယောက်သည် မိန်းမတစ်ဦးအား အရွယ်မရောက်မီ၌ အိဖ်ဇားအ်လုပ်ခဲ့ပါက ထိုမိန်းမသည့် သူ့အပေါ်၌ အမြဲတမ်းအတွက်ဟရာမ်ဖြစ်သွားပေသည်။[၁၀]

အိဖ်ဇားအ်ဆိုသည်မှာ အမျိုးသမီးများဓမ္မတာဆင်းသည့်လမ်းကြောင်းနှင့် ဆီးလမ်းကြောင်းတို့အား လမ်းကြောင်း တစ်ခုတည်းဖြစ်အောင် ပြုမူခြင်းဖြစ်သည်။[၁၁]

  • ဇေနာ(ကာမဖောက်ပြားခြင်း) -ဓမ္မသတ်ပညာရှင်များ၏ကျော်ကြားသောအမြင်အရ ယောက်ျားတစ်ဦးသည် မိန်းမတစ်ယောက်၏မိခင် သို့မဟုတ် ထိုမိန်းမ၏သမီးဖြစ်သူနှင့် ထိုမိန်းမနှင့် မထိမ်းမြားမီ ကာမလွန်ကျူးခဲ့ပါက ထိုမိန်းမသည် ထိုယောက်ျားအပေါ်၌အမြဲတမ်းအတွက် ရာသက်ပန် ဟရာမ်ဖြစ်သွားပေသည်။ [၁၂]

ထို့အတူ ယောက်ျားတစ်ဦးသည် အိမ်ထောင်ရှိမိန်းမတစ်ဦးနှင့်သော်လည်းကောင်း၊ ကာလတစ်ခုအတွင်း ပြန်လည်ပေါင်းသင်းနိုင်သော ကွာရှင်း ပြတ်စဲမှုအပေါ် (အိဒ်ဒါ)၌ရှိနေသော မိန်းမတစ်ယောက်နှင့်သော်လည်းကောင်း ဖောက်ပြားလွန်ကျူး မှု့ပြုခဲ့ပါက ထိုမိန်းမသည် ယောက်ျားအပေါ်၌ အမြဲတမ်းအတွက် ရာသက်ပန် ဟရာမ်ဖြစ်သွားပေမည်။[၁၃]

  • လေဝါးတွ်(လိင်တူဆက်ဆံခြင်း)အကယ်၍ ယောက်ျားတစ်ယောက်သည် အမျိုးသမီးတစ်ဦး၏သား၊ဖခင်၊ညီအကိုတို့နှင့် ထိုအမျိုးသမီးနှင့် မထိမ်းမြားမီ လိင်တူဆက်ဆံဖူးခြင်းရှိခဲ့ပါက သူ့အပေါ်၌ ထိုမိန်းမသည်အမြဲတမ်းအတွက် ဟရာမ်ဖြစ်သွား ပေသည်။[၁၄]
  • အိဒ်ဒါကာလ၌ထိမ်းမြားခြင်း-အိဒ်ဒါကာလ၌ရှိနေသောအမျိုးသမီးအား လက်ထပ်ခွင့်မရှိပေ။ [၁၅]ထို့ကြောင့်ပင် အမျိုးသမီးတစ်ဦးသည် အိဒ်ဒါ ကာလ၌ရှိနေသည်ကိုသိပါလျက် ထိုအနေအထားတွင်ပင် အမျိုးသားမှလက်ထပ်ခဲ့ပါက ထိုအမျိုးသမီးသည် ၎င်းအမျိုးသားအပေါ်၌အမြဲတမ်းအတွက် ဟရာမ်ဖြစ်သွားပေသည်။ ထိမ်းမြားပြီးနောက် လိင်ဆက်ဆံမှု့ပြုခြင်းမရှိခဲ့သည်ပင် ဖြစ်ပါစေအမြဲတမ်းအတွက်ဟရာမ်ဖြစ်သွားပေသည်။[၁၆]

အကယ်၍ အိဒ်ဒါကာလ၌ရှိနေသည်ကိုမသိပဲ လက်ထပ်ခဲ့ပါမူ (လက်ထပ်ပြီးနောက်) လိမ်ဆက်ဆံမှုပြုခဲ့မှသာလျှင် အမြဲတမ်းအတွက်ဟရာမ်ဖြစ်ပေမည်။အကယ်၍ နေကာပြီးနောက်လိင်ဆက်ဆံမှုမရှိခဲ့ပါက ထိုအမျိုးသမီးအား အိဒ်ဒါကာလပြီးဆုံးသွားချိန်၌ ထပ်မံ၍လက်ထပ် ယူနိုင်ပေသည်။[၁၇]

  • အဲဟ်ရာမ်- အဲ့ဟ်ရာမ်အနေအထား၌ လက်ထပ်ခြင်းမှာ ဟရာမ်ဖြစ်ပြီး နေကာဟ်ပျက်ပြယ် ဘာတွိလ်ဖြစ်သည်။[၁၈]ထိုအကြောင်းအရာကို သိလျက်နှင့်ပြုလုပ်ပါက မည်မျှပင်လိင်ဆက်ဆံမှုမပြုရသေးပါစေ ယောက်ျားအပေါ် ၌ ထိုမိန်းမသည်အမြဲတမ်းအတွက် ဟရာမ်ဖြစ်သွားပေသည်။[၁၉] အကယ်၍အကြောင်းအရာကို မသိ၍ပြုလုပ်ခဲ့မိပါမူ ကျော်ကြားသော (ဖသ်ဝါ)များအရ နေကာဟ်သာလျှင် အထမမြောက်ပေ။ ရာသက်ပန်အတွက် ဟရာမ် မမည်ပါ ။ မည်မျှပင် လိင်ဆက်ဆံမှု ပြုခဲ့ပါစေ ။[၂၀]

မှတ်စုများ

  1. ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမီဌာန၊ ဖရ်ဟန်ဂ်ဖိက်ဟ် ဖာရ်စီ၊ အီရန်သက္ကရာဇ် ၁၃၈၇၊ အတွဲ ၃၊ စာမျက်နှာ ၂၉၁။
  2. အက္ကဘရ်ရီ၊ မဟ်ရမ် နှင့် နာမဟ်ရမ် တို၏ဆက်ဆံရေးဥပဒေသ၊ အီရန်သက္ကရာဇ် ၁၃၉၂၊ စာမျက်နှာ ၂၄။
  3. မွဂ်ျသဟေဒီ တီဟ်ရန်နီ၊ ရေဆာလဟ်၃ ခု၊ ကြီးမားသောဂွန္နဟ်များ၊ မဟ်ရမ် နှင့် နာမဟ်ရမ်၊ အဟ်ကာမ်အလ်ဂိုက်ဘသ်၊ အီရန်သက္ကရာဇ် ၁၃၈၁၊ စာမျက်နှာ ၁၈-၁၉။
  4. ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမီဌာန၊ ဖရ်ဟန်ဂ်ဖိက်ဟ် ဖာရ်စီ၊ အီရန်သက္ကရာဇ် ၁၃၈၇၊ အတွဲ ၁၊ စာမျက်နှာ ၂၉၂။
  5. ဟွဂ်ျသ္သီ အရှရဖီ၊ မဂ်ျမူအဟ် ကဝါနီးန် အဆာဆီ - မဒနီ၊ အီရန်သက္ကရာဇ် ၁၃၇၈၊ စယမျက်နှာ ၂၂၇-၂၂၈။
  6. နဂျဖီ၊ ဂျဝါဟေရူလ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၃၄၊ စာမျက်နှာ ၃-၄။
  7. ရှဟီဒ်စာနီ၊ အလ်ရောင်ဇသူလ် ဘဟီယာ၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၆၊ စာမျက်နှာ ၁၈၁။
  8. ရှဟီဒ်စာနီ၊ အလ်ရောင်ဇသူလ် ဘဟီယာ၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၆၊ စာမျက်နှာ ၁၈၁; ခိုမေနီ၊ သဟ်ရီးရ် အလ်ဝဆီလာ၊ ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၃၄၂။
  9. ရှိခ်မိုဖီဒ်၊ အလ်မက်နအဟ်၊ ဟိဂျရီ ၁၄၁၃၊ စာမျက်နှာ ၅၀၁။
  10. ရှဟီဒ်စာနီ၊ အလ်ရောင်ဇသူလ် ဘဟီယာ၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၅၊ စာမျက်နှာ ၁၀၄-၁၀၅။
  11. နဂျဖီ၊ ဂျဝါဟေရူလ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၄၁၉။
  12. ရှဟီဒ်စာနီ၊ မဆာလေကူလ်အဖ်ဟာမ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၇၊ စာမျက်နှာ ၂၉၇-၂၈၈
  13. နဂျဖီ၊ ဂျဝါဟေရူလ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၄၄၆။
  14. ခွီး၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၂၊ စာမျက်နှာ၂၆၅။
  15. အေမာမ်ခိုမေနီ၊ သဟ်ရီးရ်ရူလ်ဝဆိလာ၊ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၃၀၃။
  16. အေမာမ်ခိုမေနီ၊ သဟ်ရီးရ်ရူလ်ဝဆိလာ၊ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၃၀၃။
  17. ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမီဌာန၊ ဖရ်ဟန်ဂ်ဖိက်ဟ် ဖာရ်စီ၊ ဟိဂျရီ ၁၄၂၉၊ အတွဲ ၁၀၊ စာမျက်နှာ ၄၇၃။
  18. နဂျဖီ၊ ဂျဝါဟေရူလ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၄၅၀။
  19. နဂျဖီ၊ ဂျဝါဟေရူလ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၄၅၀။
  20. နဂျဖီ၊ ဂျဝါဟေရူလ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၄၅၀။

ကျမ်းကိုးမျာ


  • အက္ကဘရီ၊ မဟ်မူဒ်၊ မဟ်ရမ် နှင့် နာမဟ်ရမ် တို၏ဆက်ဆံရေးဥပဒေသ၊ဖသီယာန် ဖြန့်ချီရေး၊ အီရန်သက္ကရာဇ် ၁၃၉၂။
  • အေမာမ်ခိုမေနီ၊ ဆိုင်ယီဒ်ရူဟ်ဟွလ္လာဟ်၊ သဟ်ရီရ်အလ်ဝဆီလာ၊ ကွမ်မြို၊ အေမာမ်ခိုမေနီ၏အာဆာရ်များအား စီစစ်ရေးနှင့်ဖြန့်ချီရေးဌာန၊ ပထမအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၃၄။
  • ဟွဂ်ျဂျသီ အရှရဖီ၊ မွရ်သဇာ၊ မဂ်ျမူအဟ် ကဝါန်နီန် အဆာဆီ - မဒနီ၊ နောက်ဆုံးပြင်ဆင်မှု၊ တီဟ်ရန်မြို၊ ဂန်ဂ်ျဒါနစ်ရှ်စာကြည့်တိုက်၊ အီရန်သက္ကရာဇ် ၁၃၇၈။
  • ခွီး၊ ဆိုင်န်ယီဒ်အဘူလ်ကာစင်မ်၊ မင်န်ဟာဂ်ျအလ်ဆွာလေဟီန်း၊ ကွမ်မြို၊ မဒီနသူလ်အလ်မ်၊ ၂၂ကြိမ်မြောက်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၀။
  • ရှဟီးဒ်စာနီ၊ ဇိုင်နွလ်ဒီးန် ဘင်န် အလီ၊ အလ်ရောင်ဒွသူလ် ဘဟီယဟ် ဖီ ရှရ်ဟ် အလ်လိုမ်အဟ် အလ်ဒမစ်ရှ်ကီယဟ်၊ ကွမ်မြို၊ ဒါဝရီ ဖြန့်ချီရေး၊ ဟိဂျရီ ၁၄၁၀။
  • ရှဟီးဒ်စာနီ၊ ဇိုင်နွလ်ဒီးန် ဘင်န် အလီ၊ မဆ်အလကူလ်အဖ်ဟာမ် အေလာ သန်ကီးဟ် ရှရာအေအ် အစ္စလာမ်၊ ကွမ်မြို၊ မအာရိဖ်အစ္စလာမ်မီဌာန၊ ပထမအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၃။
  • ရှိခ်မိုဖီးဒ်၊ မိုဟမ္မဒ် ဘင်န် မိုဟမ္မဒ်၊ အလ်မက်နအဟ်၊ ကွမ်မြို၊ ရှိခ်မိုဖီးဒ်၏ ဟိဇာရဟ်ကမ္ဘာ့ညီလာခံ၊ ပထမအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၃။

.

  • ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမီဌာန၊ အလ်မေဝ်စူအသွလ်ဖိက်ဟ်ဟီယဟ်၊ ကွမ်မြို၊ ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမီဌာန၊ ဟိဂျရီ ၁၄၂၉။
  • ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမီဌာန၊ ဖရ်ဟန်ဂ်ဖိက်ဟ် ဖာရ်စီ၊ ကွမ်မြို၊ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမီဌာန၊ အီရန်သက္ကရာဇ် ၁၃၈၇၊
  • မွဂ်ျသဟေဒီး တီဟ်ရန်နီ၊ အဟ်မဒ်၊ ရေဆာလဟ် ၃ခု: ကြီးလေးသောဂွန္နဟ်၊ မဟ်ရမ် နှင့် နာမဟ်ရမ်၊ အဟ်ကာမ် အလ်ဂိုက်ဘဟ်၊ ကွမ်မြို၊ ဒရ်ရာဟ်ဟက်ဌာန၊ အီရန်သက္ကရာဇ် ၁၃၈၁။
  • နဂျဖီ၊ မိုဟမ္မဒ်ဟဆန်၊ ဂျဝါဟေရူလ်ကလာမ်၊ ဘေရွသ်မြို၊ ဒရ်ရူလ်အဟ်ယအ်သိုရာစ်အရဗီ၊ ၇ကြိမ်မြောက် ပုံနှိပ်၊ အီရန်သက္ကရာဇ် ၁၃၆၂။