မွတ်စလင်မ်ဘင်န် အဗ်ဒွလ္လာဟ် မိုဂျာရှေအီ

wikishia မှ

မွတ်စလင်မ်ဘင်န် အဗ်ဒွလ္လာဟ် မိုဂျာရှေအီ (အရဘီ : مسلم بن عبد الله المُجاشِعي ) (ဟီဂျရီ ၃၆ ခုနှစ်ရှဟီးဒ် ဖြစ် ) သည် ဂျမလ် စစ်ပွဲ ၏ ရှဟီးဒ်များ (ခ) အာဇာနည်များမှ တစ်ဦးဖြစ်ပါ သည်။ ၎င်းအား မဂျာရှေအ် သို့မဟုတ် အ်ဗ်ဒွလ်ကိုက်းစ် မျိုးနွယ်မှ ဖြစ်သည်ဟု ယူဆကြပါသည်။

အစီရင်ခံစာတစ်ခုအရ မွတ်စလင်မ်ဘင်န် အဗ်ဒွလ္လာဟ် မိုဂျာရှေအီသည် တမန်တော်မြတ် (ဆွ) ၏ ဆွဟာဗဟ် ဟိုဇိုင်းဖဟ် ဘင်န်ယမာနီ နှင့် စကားပြောဆိုခဲ့မှုကြောင့် မွတ်စ်လင်မ်ဘက်သို့ တိမ်းညွှတ်လာပြီး အေမာမ် အလီ (အ.စ) စိတ်ဝင်စားလာသူဖြစ်ပါသည်။ ဂျမလ် စစ်ပွဲ မစတင်မီ အလျင် ၎င်းအနေဖြင့် ဂျမလ် စစ်ပွဲ ပါဝင်သူများ ကို ကျမ်းတော်မြတ်ကုရ်အာန် နှင့် အေမာမ် အလီ (အ.စ) အမိန့်တော် နာခံရန် ဖိတ် ခေါ်ခဲ့ပါသည်။

အတ္ထုပ္ပတ္တိ

မွတ်စလင်မ် ၏ သားအဗ်ဒွလ္လာဟ်[၁] ဂျမလ်စစ် ပွဲတွင် အေမာမ် အလီ (အ.စ) ၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းအားအစ်ဂျ်လီ[၂] နှင့် မိုဂျာရှေအီ[၃] ဟုခေါ်ဆိုပါ သည်။ လေး ရာစု၏ စွန်နီ သမိုင်း ပညာရှင်ကြီးများ မှ တစ်ပါးဖြစ်သည့် မိုဟမ္မဒ် ဂျရီးရ် သဗရီ ၏ အဆိုအရ ၎င်းသည် မိုဂျာရှေ[၄] သမီးမ် မျိုးနွယ် ဝင်များတစ်ခု မှ ဖြစ်ကြောင်း[၅] နှင့် ရှိက်ခ် မိုဖီးဒ် (ဟီဂျရီ ၄၁၃ ၊ ကွယ်လွန် ) မှ အ်ဗ်ဒွလ်ကိုက်းစ် မျိုးနွယ်မှ ဖြစ်သည်ဟု ဆိုထားကြပါသည်။ [၆] နှစ် ရာစု၏ သမိုင်း ပညာရှင် အဘူမတ်ခ်နဖ် ၏ အဆိုအရ မွတ်စလင်မ် ၏ မိခင်သည် အွန်မို ဇရီးဟ်အဗ်ဒီယေ အမည်ဖြင့် ရှီအဟ်ကဗျာ ဆရာမ ဖြစ်ကြောင်းသိရှိရပါသည်။[၇]

မွတ်စလင်မ် သည် ဟီဂျရီ ၃၅ခုနှစ် တွင် မဒါအင်န်မြို့ တွင် ဘဝတည်ဆောက် ခဲ့ပါသည်။[၈] ဂျမလ် စစ်ပွဲ ( ဟီဂျရီ ၃၆ခုနှစ်) တွင်ပါဝင်သည့်အချိန် လူငယ် ဘဝ၏ အစပိုင်း အချိန် ဖြစ်ပါသည်။[၉]

အေမာမ် အလီ (အ.စ) အပေါ် စိတ်ဝင်စားခြင်း

ရှီအဟ် ဟဒီးစ်ပါရဂူ တစ်ပါးဖြစ်သည့် ဟစန်ဘင်န် မိုဟမ္မဒ် ဒေလမီ မှ မွတ်စလင်မ်ဘင်န် အဗ်ဒွလ္လာဟ် ထံမှ ဆင့်ပြန် ထားပါသည်။ မဒါအင်န် မြို့ဝန် ဟိုဇိုင်းဖဟ် ဘင်န်ယမာနီ(ဟီဂျရီ ၃၇ ၊ ကွယ်လွန် ) နှင့် စကားပြောဆိုခဲ့မှုကြောင့် အေမာမ် အလီ (အ.စ) ဘက်သို့ တိမ်းညွှတ်လာပြီး အေမာမ် အလီ (အ.စ) ၏ သာဝကတော် များတွင် ပါဝင်သွားကြောင်းဖြစ်ပါသည်။[၁၀]

ဒေလမီ ပြောကြားချက်အရ အေရ်ရှာဒ်ဒိုလ်ကိုလူဗ် တွင် ရေးသားတင်ပြထားသည်မှာအေမာမ် အလီ (အ.စ) သည် ခေလာဖသ် အားလက်ခံတော်မူပြီး တမန်တော်မြတ် (ဆွ) ၏ ဆွဟာဗဟ်များ မှ တစ်ပါးဖြစ်သည့် ဟိုဇိုင်းဖဟ် ဘင်န်ယမာနီ အားမဒါအင်န် မြို့အားအုပ်ချုပ်ရန် စေလွတ်ခဲ့ပါသည်။ ဟိုဇိုင်းဖဟ် ဘင်န်ယမာနီ သည်မင်ဘရ် (ခ) တရားဟောစင် တက်ပြီး တရားဟောကြားခဲ့ပါသည်။ မိမိ၏ တရားတော် အတွင်း အေမာမ်အလီ (အ.စ)ကိုသာလျှင် စစ်မှန်သည့် အမီးရိုလ်မိုအ်မေနီးန် အဖြစ်သက်ဝင်ယုံကြည်ကြောင်း မိန့်ကြားခဲ့ပါ သည်။ မွတ်စလင်မ်ဘင်န် အဗ်ဒွလ္လာဟ် မိုဂျာရှေအီ အနေဖြင့် ဤ တရားဟောကြားမှုအား အေမာမ်အလီ (အ.စ) အလျင် ခလီဖာသုံးပါးသည် စစ်မှန်သည့် အမီးရိုလ် မိုအ်မေနီးန်များ မဟုတ်ကြောင်း အရိပ်ပြ ဟောကြားခဲ့သည်ဟု လက်ခံထားပါသည်။ မွတ်စလင်မ်ဘင်န် အဗ်ဒွလ္လာဟ် မိုဂျာရှေအီ ၏ တောင်းဆိုချက်အရ ဟိုဇိုင်းဖဟ် ဘင်န်ယမာနီ မှ အတိတ်က အဖြစ်အပျက်အချို့ကို ပြောပြခဲ့ပါသည်။ ဟိုဇိုင်းဖဟ် ဘင်န်ယမာနီ ၏ ပြောပြချက်များ မှပမာအားဖြင့် ဂျီဗရာအီးလ် (အ.စ) ၏ အလ္လာဟ် ဟိုအရှင်မြတ် ၏ စေခိုင်းချက်အရ တမန်တော်မြတ် (ဆွ) အားအေမာမ် အလီ (အ.စ) အား အမီးရိုလ် မိုအ်မေနီးန် ဘွဲ့တော် ချီးမြှင် ခဲ့ခြင်းဖြစ်ကြောင်း ကျန် ခလီဖာ သုံး အတွက် ဤ ဘွဲ့တော် မှာ လူထု ဘက်မှ ဖြစ် ကြောင်း ဖြစ် ပါသည်။[၁၁]


ထိုနည်းတူစွာ ဟိုဇိုင်းဖဟ် ဘင်န်ယမာနီသည် စဟီးဖစ်မလ်အူနဟ် တွင် ဟရ်ရှာဆိုသည့် အရပ်တွင် ကိုယ်တော်မြတ် (ဆွ) စီးတော်မူလာသည့် ကုလားအုတ် ကြောက်ပြီး ထွက်ပြေးအောင် ပြုလုပ် သည့် ဖြစ်ရပ်မှန် ဂဒီးရ် ဖြစ်ရပ်မှန် အကြောင်း နှင့် အဘူဘကဲရ် နှင့် အိုမရ် ဘင်န် ခသွာဗ် မှ ခေလာဖသ် အား မရား လုယူခဲ့ကြောင်း မွတ်စလင်မ်ဘင်န် အဗ်ဒွလ္လာဟ် မိုဂျာရှေအီ အားပြောပြခဲ့ပါ သည်။[၁၂]


ဂျမလ် စစ်ပွဲ တွင် ရှဟာဒသ် ဖြစ်တော် မူခြင်း

မွတ်စလင်မ် ဘင်န် အဗ်ဒွလ္လာဟ် မိုဂျာရှေအီ သည် ဂျမလ် စစ်ပွဲ တွင် ဂျမာဒီယိုလ်အောင်ဝဲလ် လ ၁၀ရက်နေ့ ဟီဂျရီ ၃၆ ခုနှစ် တွင် ရှဟာဒသ် ဘွဲ့ကိုခံယူခံပါသည်။[၁၃]

စစ်ပွဲမစတင်မီတွင် အေမာမ်အလီ (အ.စ) မှ မိမိ သာဝကတော်များအားနောက်ဆုံး အဆင့်အနေ ‌ဖြင့် ကုရ်အာန် ကျမ်းနှင့် အတူ ဆန့်ကျင်ဘက်စစ်တပ်သို့ မည်သူသွားမည်နည်း? ဟု မေးမြန်းတော်မူလေ၏။ မွတ်စလင်မ် ဘင်န် အဗ်ဒွလ္လာဟ် မိုဂျာရှေအီ မှ သွားရန် အသင့်ရှိကြောင်း ကြေညာပြီး ရန်သူနှင့် ရင်ဆိုင်ခဲ့ပါသည်။[၁၄] မွတ်စလင်မ် အနေဖြင့် အေမာမ်အလီ (အ.စ) အား ကုရ်အာန်ဘက်သို့ ဖိတ်ခေါ်သူ အဖြစ်သက်ဝင် ယုံကြည်ပြီး ရန်သူများအား အလ္လာဟ်နှင့် ကုရ်အာန် အမိန့်အား လိုက်နာကျင့်သုံးရန် ဖိတ်ခေါ်ခဲ့ပါသည်။[၁၅]

ဟီဂျရီ၇ ရာစု နှစ် ၏ စွန်နီသမိုင်းပညာရှင် အစ်ဗ်နေ အစီးရ် ၏ အဆိုအရ မွတ်စလင်မ် ၏ညာလက်ကို ဖြတ်တောက်ခံ ခဲ့ပြီး ကုရ်အာန်ကျမ်း ကို ဘယ်လက်ဖြင့် ယူဆောင်သွားခဲ့ကြောင်း ဖြစ်ပါ သည်။ ၎င်း၏ ဘယ်လက်ကိုလည်း ဖြတ်တောက်ခဲ့ကြ ပြီး ကုရ်အာန်ကျမ်းတော်မြတ်ကို ရင်ဘတ်ဖြင့် ယူဆောင် ခဲ့ပါ သည်။[၁၆] မိုဟမ္မဒ် ဘင်န် ဂျရီးရ် သွဗရီ ( ကွယ်လွန် - ဟီဂျရီ ၁၀ ခုနှစ်) ၏ အဆိုအရ မွတ်စလင်မ် ဘင်န် အဗ်ဒွ လ္လာဟ် မိုဂျာရှေအီ မြားဒဏ် ကြောင့် ၎င်း[၁၇] ရှိက်ခ် မိုဖီးဒ် ၏ အစီရင်ခံစာအရ အာအေရှဟ် ၏ အမိန့် နှင့် လှံသမားများ၏ တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ်ခဲ့ကြောင်း ဆိုထားပါသည်။[၁၈] အေမာမ် အလီ (အ.စ) သည် ၎င်း ၏ ရှဟီးဒ် ဖြစ်မည့် ပုံစံကို ဟောကိန်းထုတ်ခဲ့ပါသည်[၁၉] အေမာမ် အလီ (အ.စ) သည် မွတ်စလင်မ် အား အလ္လာဟ်ဟို အရှင်မြတ် မှ နှလုံးသားကို နူးရ်နှင့် အီမာန် ဖြင့် ဖြည့်ပေးထားသူများ မှဟု သတ်မှတ်ထား ပါသည်။[၂၀]

မွတ်စလင်မ် ဘင်န် အဗ်ဒွလ္လာဟ် မိုဂျာရှေအီ ၏မိခင်သည် ၎င်း ရှဟီးဒ် ဖြစ်သည့် အချိန် ရှိနေပါသည်။[၂၁] သူမ အနေဖြင့် မရ်စီယဟ် (ခ)ငိုခြင်း တစ်ပိုဒ် အား ဖတ်ချိန် တွင် အာအေရှဟ် အား မိမိသားအား သတ်သူ သူများ၏ မိခင် ဖြစ်ကြောင်း ထည့် ဖတ်ခဲ့ပါသည်။[၂၂]

အောက်ခြေ မှတ်စုများ

  1. သွဗရီ ၊ သာရီးခ် အလ်အိုမန်မ် ဝလ်မလူခ် ၊ ခရစ်သက္ကရာဇ် ၁၈၇၉ခုနှစ် ၊ အတွဲ ၃ ၊စာမျက်နှာ ၅၂၄။
  2. သွဗရီ ၊ သာရီးခ် အလ်အိုမန်မ် ဝလ်မလူခ် ၊ ခရစ်သက္ကရာဇ် ၁၈၇၉ခုနှစ် ၊ အတွဲ ၃ ၊စာမျက်နှာ ၅၂၄။ဇရ်ကလီ ၊ အေအ်လာန်မ် ၊ ခရစ်သက္ကရာဇ် ၁၈၈၉ ခုနှစ် ၊ အတွဲ ၇ ၊စာမျက်နှာ ၂၂၂။
  3. အစ်ဗ်နေ ရှဟ်ရေ အာရူဗ် ၊ အလ်မိုနာကစ်ဗ် ၊ အလာမဟ် ပုံနှိပ်တိုက် ၊ အတွဲ ၃ ၊ စာမျက်နှာ ၁၅၅ ။
  4. ခဝါရ်ရဇ်မီ ၊ အလ်မိုနာကစ်ဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၁ ခုနှစ် ၊ အတွဲ ၁၊ စာမျက်နှာ ၁၈၇။
  5. အစ်ဗ်နေအစီးရ် ၊အလ်လိုဗာဗ် ဖီးသဲဟ်ဇီးဗိုလ်အင်န်စာဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၄ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၂၃။
  6. မိုဖီးဒ် ၊ အလ်ဂျမလ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ခုနှစ် ၊ စာမျက်နှာ ၃၄၀။
  7. အမီးန် ၊ အအ်ယန်းနွတ်ရှ်ရှီအဟ် ၊ဒါရိုလ်သအာရိုဖ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၄၅၇ ၊ အဘူမခ်နဖ် ၊ ဟစွန်န် ၊ အေလာမွန်နနေစာ အိုမိုအ်မေနာသ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၁ ခုနှစ် ၊ စာမျက်နှာ ၁၈၄။
  8. ဒေလမီ ၊ အလ်ရှာဒ် ဒိုလ်ကိုလူဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၂ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၂၃ နှင့် ၃၂၄ ။
  9. မိုဖီးဒ် ၊ အလ်ဂျမလ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ခုနှစ် ၊ စာမျက်နှာ ၃၄၀။
  10. ဒေလမီ ၊ အလ်ရှာဒ် ဒိုလ်ကိုလူဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၂ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၄၁။
  11. ဒေလမီ ၊ အလ်ရှာဒ် ဒိုလ်ကိုလူဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၂ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၂၃ နှင့် ၃၂၄။
  12. ဒေလမီ ၊ အလ်ရှာဒ် ဒိုလ်ကိုလူဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၂ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၂၈ နှင့် ၃၃၃။
  13. မတ်စ်အူဒီ ၊ မိုရာ‌ဝေဂျ်ဂျွဇ်ဇဟ်ဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ၃၆၁ ။ သွဗရီ ၊ သာရီးခ် အလ်အိုမန်မ် ဝလ်မလူခ် ၊ ခရစ်သက္ကရာဇ် ၁၈၇၉ခုနှစ် ၊ အတွဲ ၃ ၊စာမျက်နှာ ၅၂၄။အစ်ဗ်နေအစီးရ် ၊ အလ်အာမေလ် ဖေလ် သာရီးခ် ၊ ဟီဂျရီသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ၃ ၊ စာမျက်နှာ၂၄၆။
  14. အစ်ဗ်နေအစီးရ် ၊ အလ်အာမေလ် ဖေလ် သာရီးခ် ၊ ဟီဂျရီသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ၃ ၊ စာမျက်နှာ၂၄၆ ။ မိုဖီးဒ် ၊ အလ်ဂျမလ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ခုနှစ် ၊ စာမျက်နှာ ၃၄၀။
  15. ဒေလမီ ၊ အလ်ရှာဒ် ဒိုလ်ကိုလူဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၂ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၄၃။
  16. အစ်ဗ်နေအစီးရ် ၊ အလ်အာမေလ် ဖေလ် သာရီးခ် ၊ ဟီဂျရီသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ၃ ၊ စာမျက်နှာ၂၄၆ ။ အစ်ဗ်နေ ဂျောင်ဇီး၊ သဇ်ကေရသိုလ်ခဝါဆ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၇၈။
  17. မတ်စ်အူဒီ ၊ မိုရာ‌ဝေဂျ်ဂျွဇ်ဇဟ်ဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ၃၆၁ ။ သွဗရီ ၊ သာရီးခ် အလ်အိုမန်မ် ဝလ်မလူခ် ၊ ခရစ်သက္ကရာဇ် ၁၈၇၉ခုနှစ် ၊ အတွဲ ၃ ၊စာမျက်နှာ ၅၂၄။အစ်ဗ်နေအစီးရ် ၊ အလ်အာမေလ် ဖေလ် သာရီးခ် ၊ ဟီဂျရီသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ၃ ၊ စာမျက်နှာ၂၄၆။
  18. မိုဖီးဒ် ၊ အလ်ဂျမလ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ခုနှစ် ၊ စာမျက်နှာ ၃၄၀။
  19. အစ်ဗ်နေအစီးရ် ၊ အလ်အာမေလ် ဖေလ် သာရီးခ် ၊ ဟီဂျရီသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ၃ ၊ စာမျက်နှာ၂၄၆။
  20. ဒေလမီ ၊ အလ်ရှာဒ် ဒိုလ်ကိုလူဗ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၂ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၄၂။
  21. သွဗရီ ၊ သာရီးခ် အလ်အိုမန်မ် ဝလ်မလူခ် ၊ ခရစ်သက္ကရာဇ် ၁၈၇၉ခုနှစ် ၊ အတွဲ ၃ ၊စာမျက်နှာ ၅၂၄။
  22. သွဗရီ ၊ သာရီးခ် အလ်အိုမန်မ် ဝလ်မလူခ် ၊ ခရစ်သက္ကရာဇ် ၁၈၇၉ခုနှစ် ၊ အတွဲ ၃ ၊စာမျက်နှာ ၅၂၄။


ကျမ်းကိုးများ

  • အစ်ဗ်နေအစီးရ် ၊ အလီ ဘင်န် မိုဟမ္မဒ် ၊ အလ်အာမေလ် ဖေလ် သာရီးခ် ၊ ဘေရွတ် ၊ ဒါရိုဆွာဒရ် ဟီဂျရီသက္ကရာဇ် ၁၃၈၅ ခုနှစ် ။
  • အစ်ဗ်နေအစီးရ် ၊ အလီ ဘင်န် မိုဟမ္မဒ် ၊ ၊အလ်လိုဗာဗ် ဖီးသဲဟ်ဇီးဗိုလ်အင်န်စာဗ် ၊ ဘေရွတ် ၊ ဒါရိုဆွာဒရ် ဟီဂျရီသက္ကရာဇ် ၁၄၁၄ ခုနှစ် ။
  • အစ်ဗ်နေအအ်စန်မ် ၊ အဲဟ်မဒ် ၊ အလ်ဖသသူဟ်။ အလီရှီးရာဇီး၏သုသေတနပြုချက်၊ ဘေရွတ် ၊ ဒါရိုလ်အဇ်ဝါအ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၁ ခုနှစ် ။
  • အစ်ဗ်နေ ဂျောင်ဇီး၊ ယူစွဖ် ဘင်န် ကေဇ်အိုဂလီ ၊ သဇ်ကေရသိုလ်ခဝါဆ် မေနလ် အွန်မသိုဘေဇေက်ရ်ရေ ခဆွာအေဆိုလ်အအေမဟ် ၊ သဲဟ်ကီးက် ဟိုစိုင်းန် သကီဇာဒေဟ် ၊ ကွမ်း ၊ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ပုံနှိပ်တိုက် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ။
  • အစ်ဗ်နေ ရှဟ်ရေ အာရူဗ် ၊ မိုဟမ္မဒ် ဘင်န်အလီ ၊အလ်မိုနာကစ်ဗ် ၊ သဆ်ဟီးဟ် ဟာရှင်မ် ရစူလ်လီ ဝ မိုဟမ္မဒ် ဟိုစိုင်းန်အာရှ်သီးယာနီ ၊ ကွမ်း ၊ အလာမဟ် ပုံနှိပ်တိုက် ၊ ပုံနှိပ် သက္ကရာဇ် မသိ။
  • အစ်ဗ်နေ ကစီးရ် ၊အစ္စ်မာအီးလ် ဘင်န် အိုအရ် ၊ အလ်ဗေဒါယသို ဝန်နေဟာယဟ် ၊ မြို့မသိ၊ ဒါရိုလ်ဖေက်ရ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၇ ခုနှစ်။
  • အမီးန် ၊ အအ်ယန်းနွတ်ရှ်ရှီအဟ် ၊ဘေရွတ် ၊ ဒါရိုလ်သအာရိုဖ် ၊ ပုံနှိပ် သက္ကရာဇ် မသိ။
  • ဟစွန်န် ၊ မိုဟမ္မဒ် ဝ အွန်မေအလီ မရှ်ကူရ် ၊ အေလာမွန်နနေစာ အိုမိုအ်မေနာသ် ၊တီဟီရန် ၊ အွတ်စ်ဝဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၁ ခုနှစ်။
  • ခဝါရ်ရဇ်မီ ၊ အလ်မိုဝါဖေက် ဘင်န် အဲဟ်မဒ် ၊ အလ်မိုနာကစ်ဗ် ၊ သဲဟ်ကီးက် မာလစ်ကိုလ်မဲဟ်မူဒီ၊ ၊ မုအ်စစေအန်နရှ်ရိုလ်အစ္စလာမ်မီ ၊အလ်သာဗေအသိုလေဂျမာအသ်သိုလ်မိုဒ‌ရေစီးန် ပုံနှိပ်တိုက် ၊ ကွမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၁ ခုနှစ်။
  • ဒေလမီ ၊ ဟစန်ဘင်န် မိုဟမ္မဒ် ၊ အလ်ရှာဒ် ဒိုလ်ကိုလူဗ် အေလာလ် ဆဝါဗ် ၊ ကွမ်း ၊ အရှ်ရှရီးဖ် ဖိုရ်ရဇီး ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၂ ခုနှစ် ။
  • ဇရ်ကလီ ၊ ခိုင်းရိုဒ်ဒီးန် ၊ အလ်အအ်လာမ်မို ကာမူစ် သရာဂျင်’မ်မိုလ်အရှ်ဟရ် အရ်ရေဂျာလိုဝန်န်နေစာအိုမင်န် နေလ်အရာဗ် ဝလ်မွတ်စ်သအ်ရေဘီးန် ဝလ်မွတ်ရှ်ရေကီးန် ၊ဘေရွတ် ၊ ဒါရိုလ်အေလ်မ် လစ်လ်မလာယီးန် ၊ခရစ်သက္ကရာဇ် ၁၉၈၉ ခုနှစ်။
  • သွဗရီ ၊ မိုဟမ္မဒ် ဘင်န် ဂျရီးရ် ၊ သာရီးခ် အလ်အိုမန်မ် ဝလ်မလူခ် ၊ သဆ်ဟီးဟို နိုခ်ဗဟ် မင်န်နေလ်အိုလမာအ် ၊ဘေရွတ် ၊ မန်ရူရာသ် မိုအ်စစေဟ် အလ်အေလ်မီလစ်လ်မတ်သွ်ဘူအာသ် ၊ ခရစ်သက္ကရာဇ် ၁၈၇၉ခုနှစ်။
  • မတ်စ်အူဒီ ၊ အလီဘင်န် ဟိုစိုင်းန် ၊ မိုရာ‌ဝေဂျ်ဂျွဇ်ဇဟ်ဗ် ဝ မအာဒင်းန် နိုလ်ဂျောင်ဟရ် ၊သဲဟ်ကီးက် ယူစွဖ် အက်စ်အက်ဒ် ဒါဂရ် ၊ကွမ်း ၊မိုအ်စစေ ဒါရိုလ်ဂျဟ်ရဟ် ၊ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ။
  • မိုဖီးဒ် ၊ မိုဟမ္မဒ် ဘင်န် နောအ်မာန် ၊ အလ်ဂျမလ် ဝန်နဆွ်ရ်ရဟို လေဆယက်ဒ်ဒီုလ်အစ်သရဟိုဖီး ဟရ်ယိုလ်ဗဆွရ်ဟို ၊ကွမ်း၊ ကွန်ုရေဟ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ခုနှစ်။