မွခ်သားရ်ဘင်န်အဘီအိုဘိုင်ဒေစကဖီ

wikishia မှ

မွခ်သားရ်ဘင်န်အဘီအိုဘိုင်ဒေစကဖီ (ဟစ်ဂျရီသက္ကရာဇ် ၁-၆၇) သည် သာဘေအီးန်အတွင်းမှတစ်ဦးဖြစ်ပြီး အေမာမ်ဟုစိုင်းန် (အ.စ) ၏သွေးကြွေးကိုဆပ်ရန် တော်လှန်ခဲ့သူဖြစ်သည်။ မွခ်သားရ်သည် ကဲရ်ဘလာဖြစ်ရပ်၌ အေမာမ်ဟုစိုင်းန် (အ.စ) ကူဖှာသို့စေလွှတ်ခဲ့သော မွစ်လင်မ်ဘင်န်အကီးလ်အား ဧည့်ခံရန်တာဝန်ကိုယူခဲ့သော အိမ်ရှင်ဖြစ်ပြီး ဟဇရတ်မွစ်လင်မ် ရှဟာဒတ်ခံယူတော်မူသည်အထိ လုပ်ငန်းဆောင်တာများ၌ ကူညီဆောင်ရွက်ခဲ့ သည်။ ထို့နောက် အိုဘိုင်ဒွလ္လာဘင်န်ဇေယာဒ် သည် ၎င်းအားအကျဥ်းချခဲ့သည်။ ထို့ကြောင့် သူသည် ကဲရ်ဘလာ ဖြစ်ရပ်၌ မရှိခဲ့ပေ။ မွခ်သားရ်သည် ဟစ်ဂျရီသက္ကရာဇ် ၆၆ ခုနှစ်၌ ကူဖှာဘုရင်ခံကိုတော်လှန်ခဲ့သည်။ သူ၏တော်လှန်ရေးကြောင့် ကဲရ်ဘလာ၌အေမာမ်ဟိုစိုင်းန်(အ.စ)အားရှဟီးဒ်လုပ်ရာတွင် ပါဝင်ခဲ့သူအများအပြားသတ်ခံခဲ့ရသည်။ မွခ်သားရ်သည် ကူဖှာ၌ (၁၈)လ အုပ်ချုပ် ပြီးနောက် မွဆွ်အက်ဘ်ဘင်န်ဇိုဘိုင်းရ်လက်ချက်ဖြင့်အသတ်ခံခဲ့ရသည်။ကူဖှာမက်စ်ဂျိဒ်ရှိမွစ်လင်မ်ဘင်အကီးလ် ၏ဂူသင်္ချိုင်းရှိ အုတ်ဂူတစ်ခုသည် ၎င်း၏ အုတ်ဂူဟုသတ်မှတ်ထားကြလေသည်။ မွခ်သားရ်၏အရိုက်အရာ၊တော်လှန်ရေး၊လုပ်ဆောင်ချက်နှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိကြသည်။ ဤအကြောင်းနှင့်ပတ်သက်၍ စာပေများစွာလည်းရေသားခဲ့ကြပြီးဖြစ်သည်။ အချို့က ယုံကြည်ကြသည်မှာ မွခ်သားရ်သည် အေမာမ်ဟုစိုင်းန် (အ.စ) ၏ သွေးကြွေးကိုဆပ်ရန်ရည်ရွယ်၍ အေမာမ်ဇိုင်နွလ်အာဘေဒီးန် (အ.စ) ၏ခွင့်ပြုချက်ဖြင့်တော်လှန်ခဲ့ခြင်းဖြစ်သည်။ သို့သော်အခြားသူများက ၎င်းအား အာဏာလိုလားတပ်မက်သောပုဂ္ဂိုလ်အဖြစ် သိကြကာ အုပ်ချုပ်ရေးအာဏာရယူလို၍ဖြစ်သည်ဟု ပြောကြသည်။ အချို့ကလည်း ယုံကြည်ကြသည်မှာ မွခ်သားရ်သည်ရှီအာဖြစ်သော်လည်း သူ၏လုပ်ဆောင်ချက် မှာ ထောက်ခံချက်ရရှိထားခြင်းမရှိသောလုပ်ရပ်ဖြစ်သည်။ သို့သော် ဂျဟန္နမ်သား တော့မဟုတ်ပေ။ ဤအမြင်များ ဖြစ်ပေါ်လာရခြင်းမှာ မွခ်သားရ်အား ချီးကျူးဂုဏ်တင်ခြင်း နှင့် ရှုံ့ချ သည့်ရေဝါယတ်နှစ်မျိုးနှစ်စား ရှိသောကြောင့်ဖြစ်သည်။ အဘ်ဒွလ်လာမာမကာနီ၊ အာယသွလ်လာခူယီ စသည့် အချို့သောဟဒီးစ်ပညာရှင်ကြီးများသည် သူ့အားအမွှန်းတင်ပြောထားသော ဆင့်ပြန်ချက်များကို လက်ခံထားသည်။

မျိုးရိုး နှင့် ဘွဲ့တော်

မွခ်သားရ်ဘင်န်အဘီအိုဘိုင်းဒ်ဘင်န်မက်စ်အူဒ် သည် စကီးဖ်မျိုးနွယ်စုမှဖြစ်သည်။ 1 သူ၏ဖခင်ဖြစ်သူ အဘူအိုဘိုင်ဒ်သည် မြတ်တမန် (ဆွ) ၏ဆွဟာဘာများမှဖြစ်ပြီး 2 ဒုတိယခလီဖာလက်ထက် ကာဒီစီယာတိုက်ပွဲ များ၌ အသက်ဆုံးရှုံးခဲ့ရသည်။ 3 ၎င်း၏ဖခင်ဖြစ်သူ မက်စ်အူးဒ်စကဖီသည် ဟေဂျားဇ်(အာရဘ်) များအကြား၌အကြီးအကဲတစ်ဦးဖြစ်ပြီး ၎င်းအား (မြို့ရွာနှစ်ခု၏ဂုဏ်သတင်းကျော်စောသူ(မက္ကာဟ် နှင့် တွာအိဖ်ဒေသ၏အကြီးအကဲ) ဘွဲ့ကိုပေးခဲ့ကြသည်။ 4 ၎င်း၏မိခင်မှာ ဒူမဲဘင်သေအွမ်ရိုဘင်န်ဝဟက်ဘ် ဖြစ်ပြီး အိဘ်နေတွိုင်ဖူးရ်၏ ဘလာဂါသ်သွန်နေဆာကျမ်း၌ သူမနှင့်ပတ်သက်ပြီးရေးသားထားမှုများရှိသည်။ 5 ဟစ်ဂျရီ(၇)ရာစုသမိုင်းပညာရှင် အိဘ်နေအစီးရ်၏ပြောကြားချက်အရ မွခ်သားရ်သည် ဆွဟာဘာမှမဟုတ်ခဲ့ပါ။ 6 သို့သော်လည်း ၎င်းနှင့်ပတ်သက်၍ ဆွာဟာဘာတို့ အကြောင်းရေးသားထားသောကျမ်းဂန်စာပေများ၌လာရှိထားသည်။ 7 မွခ်သားရ်အားအစွဲပြု၍ခေါ်သောအမည်မှာ အဘူအစ်ဟားက် ဖြစ်ပြီး 8 ၎င်း၏ဘွဲ့တော်မှာ ကိုင်ဆာန် (ပါးနပ်လိမ္မာ သော၊ထက်မြက်သော)ဖြစ်ခဲ့သည်။ 9 အဆွ်ဘက်ဂ်ဘင်န်နဘာသာ ထံမှဆင့်ပြန်ကြသည်မှာ မွခ်သားရ်သည် ကလေးဘဝ၌ မောင်လာအလီ (အ.စ) သည် သူ့အား မိမိ ၏ပေါင်တော်ပေါ်၌ထိုင်စေကာ ၎င်းအား ကိုင်ယိစ် ဟုခေါ်ခဲ့သည်။ 10

ကောဒေစီယာတိုက်ပွဲများ၌ ပါဝင်မှု့

မွခ်သားရ်အား ဟစ်ဂျရီပထမခုနှစ်၌‌ဖွားမြင်ခဲ့သည်။ 11 ပြောကြသည်မှာ သူ ၁၃ နှစ်အရွယ်၌ ကာဒေစီယာ တိုက်ပွဲများမှဖြစ်သော ဂျေစီရ်စစ်ပွဲ၌စစ်ရှေ့မျက်နှာပြင်အနီးသို့ ရောက်သည်အထိပါဝင်ဆင်နွှဲခဲ့ပေမဲ့လည်း ၎င်း၏ဦးလေးဖြစ်သူ စအ်ဒ် ဘင်န် မက်စ်အူးဒ် မှထိုသို့မပြုရန်တားခဲ့သည်။ 12 ဤတိုက်ပွဲတွင် မွခ်သားရ်၏ ဖခင်နှင့် နှင့် အကိုဖြစ်သူတို့ကျဆုံးသွားခဲ့ကြသည်။ 13 မွခ်သားရ်၏ဦးလေး စအ်ဒ် ဘင်န် မက်စ်အူးဒ် စကဖီသည် မောင်လာအလီ( အ.စ )ဘက်တော်မှ ခန့်အပ်သော မဒါယင်မြို့၏ဘုရင်ခံဖြစ်ခဲ့သည်။ 14 သူသည် ခွဲထွက်သူသူပုန်(ခဝါရိဂျ်)များနှင့် တိုက်ခိုက်မှု့များ၌ မွခ်သားရ်အား မိမိ၏ကိုယ်စားလှယ်အဖြစ် မဒါယင်မြို့၌ ခန့်အပ်ထားရှိခဲ့ပြီး မိမိကိုယ်တိုင်မူ ၎င်းခဝါရိဂျ်တို့နှင့်ရင်ဆိုင်တိုက်ပွဲဝင် ရန် မြို့ပြင်သို့ထွက်လာခဲ့သည်။ 15

မွစ်လင်မ်ဘင်န်အကီးလ်နှင့်အတူ

ရှမ်စွဒ္ဒီးန်ဇဟဘီ၏အစီရင်ခံချက်အရ မိုအာဝီယာလက်ထက်၌ မွခ်သားရ်သည် ဘဆွရာမြို့သို့သွားခဲ့ပြီး လူအများအား အေမာမ်ဟုစိုင်းန် (အ.စ) ဘက်သို့ဖိတ်ခေါ်ခဲ့သည်။ ထိုအချိန်၌ မိုအာဝီယာဘက်မှ အိုဘိုင်ဒွလ္လာဘင်န်ဇေယားဒ်သည် ဘက်ဆွ်ရာမြို့၏ဘုရင်ခံဖြစ်ခဲ့ပြီး သူ့အားဖမ်းချုပ်ကာ တွာအိဖ်ဒေသသို့ နယ်နှင်ဒဏ်ပေးခဲ့သည်။ 16 မွခ်သားရ်သည် အေမာမ်ဟုစိုင်းန် (အ.စ) ဘက်တော်မှစေလွှတ်သော မွစ်လင်မ်ဘင်န်အကီးလ်နှင့်အတူ ပေးအပ်ခဲ့သောတာဝန်များကိုဆောင်ရွက်ခဲ့သည်။ မွစ်လင်မ် ကူဖွာမြို့သို့ဝင်လာချိန်၌ မွခ်သားရ်၏အိမ်သို့သွားခဲ့သည်။ 17 အိုဘိုင်ဒွလ္လာ ဘင်န် ဇေယားဒ် သည် မွစ်လင်မ် ၏တည်းခိုရာနေရာအား သတင်းရသွားသည့်အခါ မွစ်လင်မ်သည် ဟာနီ ဘင်န် အွရ်ဝါဟ် ဆီသို့ နေရာပြောင်းခဲ့သည်။ 18 ထို့အတူ သမိုင်းကြောင်းဆိုင်ရာအစီရင်ခံချက်များအရ မွခ်သားရ်သည် မွစ်လင်မ်ဘင်န်အကီးလ်နှင့် ဘိုင်အသ်ပြုသစ္စာခံခဲ့သည်။ 19 သူသည် မွစ်လင်မ်၏ရှဟာဒတ်ဖြစ်သည့်အခါ ကူဖွာမြို့ပြင်တွင်ရှိနေခဲ့ ပြီး မွစ်လင်မ်သည် သတ်မှတ်ထားချိန်ထက်စော၍ တော်လှန်ရေးစခဲ့ကြောင်းကြားသိခဲ့ရပြီးနောက် သူကူဖှာသို့ ပြန်ရောက်ချိန်၌မူ မွစ်လင်မ် နှင့် ဟာနီတို့ ရှဟီးဒ်ဖြစ်ခဲ့ကြပြီးဖြစ်လေသည်။ 20

ကဲရ်ဘလာ၌မရှိခဲ့ခြင်း

မွခ်သားရ်သည် အာရှုရာတွင် အကျဥ်းထောင်အတွင်း၌ရှိနေခဲ့သဖြင့် ကဲရ်ဘလာ၌ မရှိခဲ့ပါ။ မွစ်လင်မ်၏ရှဟာဒတ် ပြီးနောက် အိဘ်နေဇေယားဒ်သည် မွခ်သားရ်အားသတ်ရန်ရည်ရွယ်ခဲ့သော်လည်း အွမ်ရိုဘင်န်ဟရီးဆ်၏ကြားဝင် စေ့စပ်မှု့ဖြင့်မသတ်ခဲ့ပေ၊ သို့သော် သူ့အားထောင်ချခဲ့သည်။ မွခ်သားရ်သည် ကဲရ်ဘလာြဖစ်ရပ်ပြီးသည်အထိ အကျဥ်းထောင်အတွင်း၌ ရှိနေခဲ့သည်။ 21 ကဲရ်ဘလာဖြစ်ရပ်ပြီးနောက် မွခ်သားရ်သည် အမဖြစ်သူဆွဖီယာ 22 ၏ ခင်ပွန်းဖြစ်သူ ကြားဝင်အသနားခံပေးမှု့ကြောင့် ယဇီးဒ်ဘင်န်မိုအာဝီယာ၏ရန်မှ လွတ်မြောက်သွားခဲ့ သည်။ 23 အဘ်ဒွရ်ရဇ်ဇားက်မိုကဲရ်ရမ်အစီရင်ခံချက်အရ အိဘ်နေဇေယားဒ်နန်းတွင်းသို့ ကဲရ်ဘလာသုံ့ပန်းများ ခေါ်ဆောင် လာကြသည့်အခါ အိဘ်နေဇေယားဒ်သည် အကျဥ်းသားဖြစ်နေသောမွခ်သားရ်အားလည်း မိမိရှေ့ မှောက်သို့ ခေါ်လာစေခဲ့သည်။ ဤထိုင်ဝိုင်း၌ မွခ်သားရ်နှင့်အိဘ်နေဇေယားဒ်တို့အကြား ကြမ်းတမ်းစွာအပြန်အလှန်စကား များခဲ့ကြသည်။ 24 အစီရင်ခံချက်အရ မွခ်သားရ်သည် အဘ်ဒွလ္လာ ဘင်န် အဖီးဖ် ၏ရှဟာဒတ်ပြီး နောက် အကျဥ်းထောင်မှလွတ်လာသည်။ သို့သော် အိုဘိုင်ဒွလ္လာ ဘင်န် ဇေယားဒ်မှ ကန့်သတ်ချက်တစ်ခုထားရှိ ထားသည်မှာ ကူဖွာ၌သုံးရက်ထက်ပိုမနေရန်ဖြစ်သည်။ အိုဘိုင်ဒွလ္လာသည် အဘ်ဒွလ္လာဘင်န်အဖီးဖ်၏ရှဟာဒတ် ပြီးနောက် မိန့်ခွန်းတစ်ခုပြောခဲ့ပြီး ထိုမိန့်ခွန်း၌ အဲဟ်လေဘိုင်သ်အား မကောင်းပြောခဲ့သည်။ မွခ်သားရ်သည် ၎င်း ထိုသို့မိန့်ခွန်းပြောခဲ့မှုအပေါ်ဆန့်ကျင်ခဲ့သောကြောင့် အိဘ်နေဇေယားဒ်သည် သူ့အားနောက်တစ်ကြိမ်ထောင်ချခဲ့သည်။ သို့သော် အဘ်ဒွလ္လာဘင်န်အိုမဲရ်မှ ထပ်မံအသနားခံပေးခြင်းဖြင့် လွတ်မြောက်လာခဲ့ပြန်သည်။ 25

အဘ်ဒွလ္လာဘင်န်ဇိုဘိုင်းရ်အားသစ္စာခံခြင်း

မွခ်သားရ်သည် ပညက်ချက်များဖြင့်အဘ်ဒုလ္လာဟ်အိဘ်နေဇိုဘေးအားသစ္စာခံခဲ့သည်။ 26 ထိုပညက်ချက်မှာ မည်သည့်အလုပ်ကိုပင်လုပ်မည်ဆိုပါက မိမိနှင့် ဦးစွာတိုင်ပင်ပြီးမှသာ ပြုလုပ်ရမည်ဟူသော ပညက်ချက်ပင်ဖြစ်လေသည်။ ယဇီးဒ်၏စစ်တပ်သည် မက္ကာအားဝင်တိုက်၍ အဘ်ဒွလ္လာဘင်န်ဇိုဘိုင်းရ်အား ဝိုင်းထားချိန်၌ မွခ်သားရ်သည်အဘ်ဒွလ္လာ၏ဘက်မှနေ၍ ယဇီးဒ်၏စစ်တပ်အား တိုက်ခိုက်ခဲ့သည်။ 27 ယဇီးဒ်ဘင်န်မိုအာဝီယာဆုံးပါးပြီးနောက် အိဘ်နေဇိုဘိုင်းရ်သည် သမ္မတအဖြစ် သူ့ကိုယ်သူ ကြေငြာခဲ့သည်။ မွခ်သားရ်လည်း ကူဖွာသို့သွားကာ တော်လှန်ရေးအတွက် လုပ်ဆောင်စရာရှိသည်များကို ပြင်ဆင်ခဲ့သည်။ 28 အိဘ်နေဇိုဘိုင်းရ်သည် အဘ်ဒွလ္လာဘင်န်မိုတွိအ်အား ကူဖွာအားအုပ်ချုပ်စေခဲ့သော်လည်း မွခ်သားရ်သည် ၎င်းနှင့်တိုက်ခိုက်၍အလဲထိုးနိုင်ခဲ့သည်။ 29

သောင်ဝါဘီးန်အုပ်စု၏တော်လှန်ရေး၌မပါဝင်ခဲ့ရခြင်းအကြောင်း

မူရင်းဆောင်းပါး-သောင်ဝါဘီးန်တော်လှန်ရေး မွခ်သားရ်သည် သောင်ဝါဘီးန်တော်လှန်ရေး၌ မပါဝင်ခဲ့ပါ။ အကြောင်းမှာ ၎င်းသည်ထိုတော်လှန်ရေးအား အကျိုးမဲ့သည်ဟုထင်မြင်ခဲ့သလို စိုလိုင်မာန် ဘင်န် ဆွရ်ဒ်ခဇာအီ သည်လည်း စစ်ပရိယာယ်နည်းစနစ်များနှင့်အကျွမ်းတဝင်သိရှိခြင်းမရှိဟု သိထား သောကြောင့်ဖြစ်သည်။ 30 မွခ်သားရ်မပါဝင်သောကြောင့် စိုလိုင်မားန်အားသစ္စာခံထားသူ ၁၆၀၀၀ ဦးမှ အယောက် ၄၀၀၀ သည် စစ်ပွဲ၌ ပါဝင်ခြင်းမရှိခဲ့ကြပါ။ 31 မွခ်သားရ်သည် သောင်ဝါဘီးန်တို့တော်လှန်ရေးလုပ် နေချိန်၌ အကျဥ်းချခံခဲ့ရသည်။ 32 သူသည် သောင်ဝါဘီးန်တို့ရှုံးနိမ့်ပြီးနောက် ကျန်ရစ်သူများကို နှစ်သိမ့်ခဲ့သည်။ 33 သောင်ဝါဘီးန်ခေါင်းဆောင်ပိုင်းများသည် ၎င်းအားအကျဥ်းထောင်မှလွတ်မြောက်စေလိုခဲ့ကြသည်။ သို့သော် မွခ်သားရ်သည် ၎င်းတို့အားတားခဲ့ပြီး အဘ်ဒွလ္လာဘင်န်အိုမဲရ်၏ကြားဝင်အသနားခံပေးမှု့ကြောင့် လွတ်မြောက် လာခဲ့သည်။ 34

ကဲရ်ဘလာဖြစ်ရပ်အတွက်တာဝန်ရှိသူများအားလက်စားချေခြင်း

မူရင်းဆောင်းပါး-မွခ်သားရ်၏တော်လှန်ရေး မွခ်သားရ်သည် ဟစ်ဂျရီ၆၆ခုနှစ်တွင် အေမာမ်ဟုစိုင်းန် (အ.စ) ၏သွေးကြွေးအတွက်တော်လှန်ခဲ့ပြီး ကူဖှာမှရှီအာ များသည်လည်း၎င်းနှင့်အတူပါဝင်ခဲ့ကြသည်။ 35 သူသည် ၎င်း၏တော်လှန်ရေး၌ ဟုစိုင်းန်(အ.စ)၏သွေးကြွေးဆပ်သူများ (သို့မဟုတ်) သတ်ခြင်းခံရသူအားကူညီသူ ဟူသောဆောင်ပုဒ်နှစ်ခုအား အသုံးပြုခဲ့သည်။ 36 ဤတော်လှန်ရေး၌ မွခ်သားရ်သည် ကဲရ်ဘလာဖြစ်ရပ်တွင်ရက်စက်ကြမ်းကြုတ်သူအများစုဖြစ်သည့် ရှင်မ်ရ် ဘင်န် ဇိလ်ဂျောင်ရှန်၊ ခူလီ ဘင်န် ယဇီးဒ်၊ အွမ်မဲရ် ဘင််န စအ်ဒ် နှင့် အိုဘိုင်ဒွလ္လာဘင်န်ဇေယားဒ် တို့အား သုတ်သင်နိုင်ခဲ့သည်။ 37 သူသည် အိုဘိုင်ဒွလ္လာဘင်န်ဇေယားဒ် နှင့် အိုမဲရ်ဘင်န်စအ်ဒ် တို့၏ဦးခေါင်းအား အေမာမ်ဆဂျားဒ် (အ.စ) ထံတော်သို့ ပို့သခဲ့သည်။ 38

အေမာမ်ဆဂျားဒ် အ.စ နှင့်ဆက်ဆံရေး

မွခ်သားရ် နှင့် အေမာမ်ဆဂျားဒ် (အ.စ) တို့၏ဆက်ဆံရေးနှင့်ပတ်သက်၍ မတူကွဲပြားသောပြောကြားမှုများ ရှိသည်။ ရေဂျားလေကရှီမှဆင့်ပြန်ထားသောရေဝါယတ်အရ မွခ်သားရ်သည် လေးပါးမြောက်အေမာမ်အား ဒီနားရ် နှစ်သောင်း ပို့ခဲ့ပြီး အေမာမ်သည် ထိုငွေဖြင့် အကီးလ်ဘင်န်အဘီတွာလိဘ် နှင့် အခြားသောဘနီဟာရှင်မ် မျိုးနွယ်စုတို့၏ပျက်စီးနေသောနေအိမ်များကို ပြန်လည်တည်ဆောက်ခဲ့သည်။ ထို့နောက်တွင်လည်း မွခ်သားရ်သည် နောက်တစ်ကြိမ် အေမာမ်ဆဂျားဒ် (အ.စ) အတွက် ဒီနာရ် ၄၀၀၀၀ ပို့ခဲ့သည်။ သို့သော် အေမာမ်က လက်မခံခဲ့ပေ။ 39 ထို့အတူ သူသည် ဒင်ရ်ဟမ် ၃၀၀၀၀ ဖြင့်ဝယ်ယူထားသော ကျေးကျွန်မတစ်ဦး(ဇိုင်းဒ်ဘင်န် အလီ၏မိခင်)အား အေမာမ်ဆဂျားဒ် (အ.စ) ကိုလက်ဆောင်ပေးခဲ့သည်။ 40 မွခ်သားရ်သည် အိုဘိုင်ဒွလ္လာ အား သုတ်သင်ပြီးနောက် ၎င်း၏ဦးခေါင်းအား အေမာမ်ဇိုင်နွလ်အာဘေဒီးန် (အ.စ) ထံတော်သို့ပို့ဆောင်ဆက်သခဲ့သည်။ အေမာမ်(အ.စ)သည် ရွှကူရ်ဆဂျ်ဒါပြုလုပ်ခဲ့သည်။ ထိုအချိန်မှစ၍ ဘနီဟာရှင်မ်မျိုးနွယ်စု၏အမျိုးသမီးများ သည် အေမာမ် ဟုစိုင်းန် (အ.စ) အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အရဝတ်ဆင်ထားသောအဝတ်အစားများအား ချွတ်ပစ်ခဲ့ကြသည်။ 41 အခြားရေဝါယသ်တစ်ခုအရ ကူဖွာအကြီးအကဲများထဲမှအဖွဲ့တစ်ဖွဲ့သည် အေမာမ်ဆဂျားဒ် (အ.စ )ထံသို့သွား ရောက်ပြီး မွခ်သားရ်၏တာဝန်နှင့်ပတ်သက်၍မေးမြန်းခဲ့ရာ အေမာမ်(အ.စ)က ၎င်းတို့အား မုဟမ္မဒ်ဘင်န်ဟနဖီယာ ထံသို့သွားရောက်စေခဲ့ပြီးမိန့်သည်မှာ- အို ဦးရီးတော်- အကယ်၍ ကျေးကျွန်တစ်ဦးသည် တစ်ချက်တစ်ခါပင် ကျွန်ုပ်တို့အဲဟ်လေဘိုင်သ်နှင့်ပတ်သက်၍ တိမ်းညွှတ်ခဲ့ပါက(အဲဟ်လေဘိုင်သ်အတွက်လုပ်ဆောင်ပါက) ၎င်းအား ကူညီရန်မှာ လူအများအပေါ်၌ဝါဂျိဘ်(မပြုမနေရတာဝန်)ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာကို မဆိုလုပ်ဆောင်ပါ၊ကျွန်ုပ်သည် အသင့်အားကိုယ်စားလှယ်ခန့်အပ်ပေသည်။ 42 အာယသွလ္လာခူယီ 43 နှင့် မာမကာနီ 44 တို့သည် မွခ်သားရ်၏တော်လှန်ရေးအား အေမာမ်ဇိုင်နွလ်အာဘေဒီးန်(အ.စ)၏ ခွင့်ပြုချက်ဖြင့်ပြုလုပ်သည်ဟု မှတ်ယူထားကြသည်။

မုဟမ္မဒ်ဘင်န်ဟနဖီယာနှင့်ဆက်ဆံရေး

အချို့သောရေဝါယတ်တော်များအရ မွခ်သားရ်သည် လူအများအား မုဟမ္မဒ်ဘင်န်ဟနဖီယာ၏ အေမာမသ် ဘက်သို့ဖိတ်ခေါ်ခဲ့သည်။ 45 ထို့ကြောင့် အချို့က သူ့အား ကိုင်ဆာနီယာဂိုဏ်း၏တည်ထောင်သူနှင့် သူ၏ နောက်လိုက်များအား ကိုင်ဆာနီယာ ဟုခေါ်ဝေါ်ကြသည်။ 46 အာယသွလ္လာခူယီ ၏ပြောကြားချက်အရ ဤအကြောင်းအရာသည် မှန်ကန်မှု့မရှိပေ။ အကြောင်းမှာ မုဟမ္မဒ်ဘင်န်ဟနဖီယာသည် မွခ်သားရ်မှ လူအများ အား ၎င်း(မုဟမ္မဒ်ဘင်န်ဟနဖီယာ၏အေမာမသ်)ဘက်သို့ဖိတ်ခေါ်နိုင်ရန်အတွက် ၎င်းကိုယ်တိုင်လည်း အေမာမသ်ကြေငြာခဲ့ခြင်းမရှိခဲ့သောကြောင့်ပင်။ 47 ထို့အတူ ကိုင်ဆာနီယာ ဆိုသည်မှာ မွခ်သားရ်အသတ်ခံရ ပြီးသည့်နောက် မုဟမ္မဒ်ဟနဖီယာ ကိုယ်တိုင်လည်းဆုံးပါးကွယ်လွန်ပြီးချိန်မှသာဖြစ်ပေါ်လာခြင်းဖြစ်သည်။ 48 မာမကာနီ၏ပြောကြားချက်အရ မွခ်သားရ်၏ လကဘ်(အစွဲပြု၍ခေါ်သောဘွဲ့အမည်)၌ ကိုင်ဆာန် ပါရုံဖြင့် သူသည် ကိုင်ဆာနီယာ ဖြစ်သည်ဟူသော အဓိပ္ပါယ်မရပါ။ 49

မုဟမ္မဒ်ဘင်န်ဟနဖီယာအားကယ်တင်ခြင်း

အဘ်ဒွလ္လာဘင်န်ဇိုဘိုင်ရ်သည် မွခ်သားရ်တော်လှန်ရေးလုပ်သည့်သတင်းကိုရသွားသောအခါ မုဟမ္မဒ်ဘင်န်ဟနဖီယာ နှင့် သူ၏ဆွေမျိုးသားချင်းနီးစပ်သူများအား ၎င်းနှင့်သစ္စာခံရန်ဖိအားပေးခဲ့ပြီး သူတို့အား မီးရှို့ပစ်မည်ဟုခြိမ်းခြောက် ခဲ့သည်။ အိဘ်နေဟနဖီယာသည် မွခ်သားရ်ထံသို့ စာတစ်စောင်ရေးခဲ့ပြီး သူ့ထံမှ အကူအညီတောင်းခံခဲ့သည်။ မွခ်သားရ်သည် အဖွဲ့တစ်ဖွဲ့အား မက္ကာသို့စေလွှတ်ခဲ့ပြီး ၎င်းတို့အားကယ်တင်ခဲ့သည်။ 50

မွခ်သားရ်နှင့်ပတ်သက်သည့် မတူညီကွဲပြားသောဆင့်ပြန်ချက်များ

မွခ်သားရ်နှင့်ပတ်သက်၍မတူညီကွဲပြားသည့် ဟဒီးဆ်တော်နှစ်မျိုးနှစ်စားအား ဆင့်ပြန်ထားကြပြီး အချို့၌ ၎င်းကို ချီးမွမ်းထားကာ အခြားတစ်ဘက်၌မူ ၎င်းအားရှုံ့ချထားသည်။

ချီးမွမ်းခန်းဖွင့်ထားသည့်ဟဒီးဆ်တော်များ

အေမာမ်ဆဂျားဒ် (အ.စ )ထံမှဆင့်ပြန်ထားသည်မှာ အသျှင်မြတ်သည် မွခ်သားရ်အား ကောင်းမွန်သောအစားပေး ပါစေဟူ၏။ 51 အေမာမ်ဆွာဒိက် (အ.စ )သည် မွခ်သားရ်၏သားဖြစ်သူ အဘွလ်ဟကမ်နှင့်တွေ့ဆုံချိန်၌ သူ့အားအလေးပေးခဲ့သလို မွခ်သားရ်ကိုလည်းချီးကျူခဲ့ပြီး မွခ်သားရ်၏သားကိုမိန့်ခဲ့သည်မှာ- အသျှင်မြတ်သည် အသင်၏အဖေအား ဂရုဏာသက်တော်မူပါစေ။ 52 အက်ဘ်ဒွလ္လာမာမကာနီသည် ရှီအာဟဒီးဆ်ပညာရှင်(ရေဂျားလ်)က မွခ်သားရ် အပေါ် အေမာမ်ဆွာဒိက် (အ.စ) ၏ကြင်နာသနားမှု့ကို မွခ်သားရ်၏ခံယူချက်မှန်ကန်ခြင်း၏သက်သေအဖြစ်မှတ်ယူထားသည်။ အေမာမ်(အ.စ)တို့၏သဘောတူကျေနပ်မှု့သည် အသျှင်မြတ်၏သဘောတူမှု့ကြောင့်ဖြစ်သည်ဟူသော အေမာမီယာ မက်ဇ်ဟက်ဘ်၏သက်သေပြုချက်အရ အေမာမ်ဆွာဒိက် (အ.စ) ၏ ဒုအာသည် လမ်းလွဲနေသူတစ်ဦး အတွက်အလျဥ်းမဖြစ်နိုင်ပေ။ထိုသို့ဒိုအာပြုမှုသည် အေမာမ်ဟုစိုင်းန် (အ.စ) ၏သွေးကြွေးစပ်ခြင်းတစ်ခုတည်းအပေါ် မူတည်၍ ဒုအာပြုခြင်းမှာ ခွင့်ပြုမထားပေ။ 53

ရှုံ့ချထားသော ဟဒီးဆ်တော်များ

အေမာမ်ဘာကိရ် (အ.စ) ထံမှဆင့်ပြန်ထားသည်မှာအေမာမ်ဆဂျားဒ်(အ.စ)သည် မွခ်သားရ်ဘက်မှစေလွှတ်သူများကို လက်ခံတွေ့ဆုံခြင်းမရှိခဲ့ပဲ သူ၏လက်ဆောင်များအားပြန်ပေးခဲ့ကာ သူ့အားလိမ်လည်သူဟု ခေါ်ဝေါ်ခဲ့သည်။ မာမကာနီသည် အေမာမ်ဆဂျားဒ် (အ.စ )၏ ဤတုံ့ပြန်ချက်အား အဘ်ဒွလ်မလစ်က်ဘင်န်မဲရ်ဝါန်အား ကြောက်ရွံ့ သောကြောင့် သကီယာပြုလုပ်ခဲ့ခြင်းဟု ပြောဆိုသည်။ 54 အေမာမ်ဆွာဒိက် (အ.စ)မိန့်ခဲ့သည်မှာ- မွခ်သားရ်သည် အေမာမ်ဆဂျားဒ် (အ.စ) အပေါ်၌လိမ်လည်ခဲ့သည် ဟုဖြစ်သည်။ 55 အာယသွလ္လာ ခူယီ၏ ပြောကြားချက်အရ ဤဟဒီးဆ်တော်၏ စနဒ်သည် အားနည်းနေသည်(ဟဒီးဆ်ဇွအီးဖ်)။ 56 မွခ်သားရ်သည် နန်းတွင်း၌ သူ့နေရာမပျောက်ရေးအတွက် အေမာမ်ဟစန် (အ.စ) အား မိုအာဝီယာ လက်ထဲ ထည့်ရန် သူ၏ဦးလေး စအ်ဒ်ဘင်န်မက်စ်အူးဒ်ကို အကြံပေးခဲ့သည်။ 57 အာယသွလ္လာခူယီ ၏ပြောကြားချက် အရ ဤဟဒီးဆ်တော်သည် မွရ်စဲလ်(အလွန်အားနည်း)သဖြင့် ယုံကြည်၍မရပါ။ 58 ထို့အတူ မှန်သည်ဟုယူဆ လျှင်သော်မှ ပြောနိုင်သည်မှာ မွခ်သားရ်၏ထိုထုတ်ဖော်ပြောကြားချက်မှာ အတည်မဟုတ်ပဲ မိမိဦးလေး၏ အမြင်ကိုသိနိုင်ရန်ရည်ရွယ်သည်ဟူ၌လည်း ပြောနိုင်ပေသည်။ ဆင့်ပြန်ချက်တစ်ခုအရ မွခ်သားရ်သည် ဂျဟန္နမ်သားဖြစ်သည်၊ သို့သော် အေမာမ်ဟိုစိုင်းန်(အ.စ)သည် သူ့အား လွတ်ငြိမ်းချမ်းသာမှု့ပေးမည်။ 59 ဤရေဝါယတ်သည် ဟဒီးပညာရှင်များ၏အမြင်၌ ဇွအီးဖ်(အားနည်း)သည်။ 60 အချို့သောဆင့်ပြန်ချက်များအရ မွခ်သားရ်သည် မိမိကိုယ်ကို နဗီ ဖြစ်သည် ဟုကြေငြာခဲ့သည်။ 61 ရှီအာ ကျမ်းဂန်များ၌ထိုသို့မတွေ့ရပဲ အဲဟ်လေစွန်နသ်တို့သည်သာ ထိုသို့ဆင့်ပြန်ထားကြသည်။ အကြောင်းမှာ ၎င်းတို့၏အကြီးအကဲအချို့သည် ကရ်ဘလာ၌ပါဝင်ပြီး အေမာမ်ဟိုစိုင်းန်(အ.စ)အားရှဟီးလုပ်ခဲ့သည့်အပေါ် မုခ်သားမှ ၎င်းသူတို့အား သတ်ခဲ့သောကြောင့်ပင်ဖြစ်သည်။ 62 အာယသွလ္လာခူယီသည် မွခ်သားရ်နှင့်ပတ်သက်ပြီး ချီးမွမ်းထားသော ရေဝါယသ်များ နှင့် ရှုံ့ချသောရေဝါယတ်တော်များအားတင်ပြပြီးနောက် ချီးမွမ်း ဂုဏ်တင်သော ရေဝါယတ်တော်များးကို ဦးစားပေးခဲ့သည်။ 63

မွခ်သားရ်နှင့်ပတ်သက်သည့်အမြင်များ

မွခ်သားရ်၏ပုဂ္ဂိုလ်ရေးနှင့်ပတ်သက်၍ ကွဲပြားသောအမြင်များအား တင်ပြထားကြသည်။

မွခ်သားရ်သည် အဲဟ်လေဘိုင်သ်၏သွေးကြွေးကိုဆပ်သူဖြစ်ခဲ့သည်

ဘာကိရ်ရှရီးဖ်ကရရှီ ကယုံကြည်သည်မှာ မွခ်သားရ်၏တော်လှန်ရေးမှာ နေရာရလိုမှု့နှင့်အာဏာတပ်မက်မှု့ ကြောင့်မဟုတ်ပေ။ သူသည် မြတ်တမန် (ဆွ) ၏အိမ်တော်သူအိမ်တော်သားများ၏သွေးကြွေးကိုဆပ်ရန်နှင့် ထိုမွန်မြတ်တို့အား သတ်ဖြတ်သူများကို လက်စားချေရန်တော်လှန်ခဲ့ခြင်းဖြစ်သည်။ 64 နဂျ်မွဒ္ဒီးန်တွဘရ်စီ သည် လည်း အေမာမ်ဘာကိရ် (အ.စ)သည် မွခ်သားရ်အတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံပေးခဲ့သည်။ထိုအကြောင်းအရာသည် အေမာမ်စိုင်းန် (အ.စ) အားသတ်ဖြတ်သူတို့ကို သုတ်သင်ရှင်းလင်းခဲ့သည့်အပေါ် ထောက်ခံခြင်းတစ်မျိုးပင်ဖြစ်သည်။ 65 အိဘ်နေနေမာဟိလ္လီ ကယုံကြည်သည်မှာ မွခ်သားရ်အတွက် အေမာမ်ဆဂျားဒ် (အ.စ) ၏ဒုအာဆုမွန်မှာ ၎င်းသည် အေမာမ်ဆဂျားဒ် (အ.စ) ၏အမြင်၌ မွန်မြတ်သန့်စင်သူများ တွင်ပါဝင်သည်ဟူသော သက်သေပင်ဖြစ်လေသည်။ 66 အဘ်ဒွလ္လာမာမကာနီသည် မွခ်သားရ်ကို ရှီအာဟုသိထားသော်လည်း မွခ်သားရ်ကိုယုံကြည်စိတ်ချရသူဟူ၍ မမှတ်ယူနိုင်ပေ ။ 67 ၎င်း၏ပြောကြားချက်အရ အလာမာဟီလ္လီ သည်လည်း မိမိ စာအုပ်၏အစပိုင်း၌ မွခ်သားရ်နှင့်ပတ်သက်ပြီးထည့်သွင်းဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် မွခ်သားရ်သည် ရှီအာတစ်ဦးဖြစ်သည့်အတွက်ပင်ဖြစ်လေသည်။ အကယ်၍ မွခ်သားရ်သည်ရှီအာမဟုတ်ခဲ့ပါက မည်မျှပင် ယုံကြည်စိတ်ချခြင်းခံရသူဖြစ်ပါစေ သူသည်မိမိကျမ်း၌ ဖေါ်မည်မဟုတ်ပါ။ 68

မွခ်သားရ်သည် အာဏာတပ်မက်သူဖြစ်သည်

အချို့ကယုံကြည်ကြသည်မှာ မွခ်သားရ်၏လုပ်ရပ်များကို သုံးသပ်မည်ဆိုပါက မွခ်သားရ်၏တော်လှန်ရေးသည် အုပ်ချုပ်ရေးအာဏာစက်အား ရယူလိုမှု့ကြောင့်ဖြစ်သည်ဟုသိနိုင်ပေသည်။ 69 ဤအမြင်အရ မွခ်သားရ်သည် အဲ့ဟ်လေဘိုင်သ်အားအသုံးချကာ မိမိ၏ရည်မှန်းချက်ပန်းတိုင်သို့တက်ရောက်နိုင်ရန် ရည် ရွယ်ခဲ့သည်။70 ရစူလ်ဂျာဖရီယားန်သည် ဤသို့ပြောကြားမှုများကို မှန်ကန်မှု့မရှိဟု ယုံကြည်ပြီး အိုမိုင်ယာမျိုးဆက်တို့နှင့် ဇိုဘိုင်ရ်မျိုးဆက်တို့မှ မွခ်သားရ်ကို မကြေနပ်သည့်အတွက် ၎င်းနှင့်ပတ်သက်ပြီး ဆန့်ကျင်လှုံ့ဆော်မှု့ များမှ ပေါ်ထွက်လာသည့် အကြောင်းများပင်ဖြစ်သည်။ 71

မွခ်သားရ်နှင့်ပတ်သက်၍အဆုံးအဖြတ်မပြုခြင်း။(ထင်မြင်ချက်မပေးခြင်း)

ရှီအာပညာရှင်အုပ်စုတစ်စုကမူ မွခ်သားရ်နှင့်ပတ်သက်ပြီးတိကျသေချာသောအမြင်တစ်ခုခုကိုဖွင့်ဟပြောဆိုထားခြင်းမရှိပေ။ဂျာမေအွရ်ရိုဝါသ်ကျမ်းတွင် မီရ်ဇာမုဟမ္မဒ်အစ်သဲရ်အာဘာဒီ ၏(ပြောကြားချက်ဟု) ရည်ညွှန်းဖော်ပြထားချက်၌ မွခ်သားရ်အား မကောင်းပြောဆိုမှုမျိုး မလုပ်ရန် တားမြစ်ထားသော်လည်း ၎င်း၏ဆင့်ပြန်ချက်များကို စိတ်ချရသည်ဟုမသတ်မှတ်ပေ။ 72 အလ္လာမာမဂျ်လစ်စီသည် မွခ်သားရ်၏အီမာန်အား ပြီးပြည့်စုံသည်ဟုမယူဆပဲ ၎င်း၏လုပ်ဆောင်ချက်များသည် မာစူမ်၏ခွင့်ပြုချက်မရရှိပဲလုပ်ဆောင်သည်ဟု ယူဆသည်။ သို့သော်လည်း မွခ်သားရ်သည် ကောင်းမွန်သောလုပ်ရပ်များစွာ ပြုလုပ်ခဲ့သည့်အတွက် အဆုံးသတ်ကောင်းသည်ဟု ယုံကြည်ထားသည်။ အမှန်တကယ်ကြည့်မည်ဆိုပါက အလ္လာမာမဂျ်လီစီသည်လည်း မွခ်သားရ် နှင့်ပတ်သက်၍ နှုတ်ဆိတ်ခဲ့လေသည်။ 73 ရှအ်ရာနီသည် ဒမ်အ်အစ်စူဂျူးမ်ကျမ်း၌ မွခ်သားရ် သည် သတ္တိရှိ၍ထက်မြက်သောအရဘ်များထဲမှဖြစ်ပြီး ၎င်းနှင့်ပတ်သက်သည့်ဆန့်ကျင်ဘက်ဖြစ်နေ သော သတင်းစကားများအားလက်မခံပါ။ ကေယာမသ်နေ့၌ လူတိုင်း အသျှင်မြတ်နှင့်သာရှင်းရမည်ဖြစ်သည်။ မွခ်သားရ်သည်လည်း လူအများနည်းတူပင် ကောင်းမှုနှင့်မကောင်းမှုများ ရှိနေပေသည်။ 74

အဟ်လေစွန္နသ်ပညာရှင်များ၏အမြင်

အချို့သောအဟ်လေစွန္နသ်ကျမ်းဂန်များအရ မွခ်သားရ်အား လိမ်ညာသူ၊နာဆွေဘီ အစရှိသဖြင့်စွပ်စွဲထားကြ သည်။ မြတ်တမန် (ဆွ) နှင့်ပတ်သက်မှုပေးထားသောဆင့်ပြန်ချက်တစ်ခုတွင် စကီးဖ်မှ လူလိမ် နှင့် ရက်စက်ကြမ်းကြုတ်သူတစ်ဦးထွက်ပေါ်လာမည်ဟု ဖော်ပြထားသည်။ ဤရေဝါယတ်ကို အဘ်ဒွလ္လာ ဘင်န်ဇိုဘိုင်းရ်၏မိခင်ဖြစ်သူ အဘူဘက်ရ်၏သမီးမှဆင့်ပြန်ထားခြင်းဖြစ်သည်။ 75 ပြောသည်မှာ ရေဝါယတ်ပါ လိမ်ညာသူမှာ မွခ်သားရ်ကို ဆိုလိုသည်။ 76 ဤသို့ဆင့်ပြန်ထားမှု၌ အားနည်းချက်တစ်ခုမှာ ဤရေဝါယတ်၌ မွခ်သားရ်၏အမည်ပါရှိခြင်းမရှိပဲ ၎င်း၏အမည်အားဆင့်ပြန်သူမှ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့အတူအခြားသောရေဝါယသ်တော်များ၌ လိမ်ညာသူနှင့်ရက်စက်ကြမ်းကြုတ်သူဟု ဖေါ်ပြရာတွင် မွခ်သားရ်မဟုတ်ပဲ အခြားသူများဟု ဖေါ်ပြထားသည့်အတွက် ရေဝါယသ်များအကြား ဆန့်ကျင်မှုများရှိနေသည်ကို တွေ့ရှိရပေသည်။ 77 ရေဝါယသ်တစ်ခုတွင် ဟဂျ်ဂျားဂျ် ဘင်န် ယူစွဖ် သည် လူတို့အား မောင်လာအလီ အ.စ နှင့် မွခ်သားရ်တို့ကို လာအ်နသ်ပို့ရန် အမိန့်ပေးခဲ့ဟုတွေ့ရသည်။ 78 မက်ရီဇီ ကလည်း မွခ်သားရ်အား ခဝါရိဂျ်(ခွဲထွက်သူများ)မှဖြစ်သည်ဟု သိထားသည်။ 79

ဇနီးနှင့်သားသမီးများ

မွခ်သားရ်စကဖီ၌ ဇနီး(၄)ဦးရှိခဲ့သည်။ 80 စမရသိဘ်နေဂျွန်ဒွဘ်၏သမီးဖြစ်သူ အွမ်မေစာဘိသ်၊ နအ်မာန်ဘင်န် ဘရှီးရ်၏သမီးဖြစ်သူ အွမ်ရာ(အစ္စလာမ်၌ ခေါင်းဖြတ်ခံခဲ့ရသည့် ပထမဆုံးအမျိုးသမီး) 81 ၊ စအီးဒ်ဘင်န် ဇိုင်းဒ် ဘင်န် အမ်ရ် ၏သမီးဖြစ်သူ အွမ်မေဇိုင်းဒစ်ဆွဖရီ 82၊ အိုမိုင်းရိဘ်နေရိဘာဟ်၏သမီးဖြစ်သူအွမ်မေဝလီးဒ် 83 တို့ဖြစ်သည်။ အွမ်မေစာဘိသ်သည် သူ့အတွက် မုဟမ္မဒ်နှင့်အိစ်ဟားက် 84 တို့အားလည်းကောင်း၊ အွမ်မေဝလီးဒ်သည် အွမ်မေစလ်မာ 85 အားလည်းကောင်းမွေးဖွားပေးခဲ့သည်။ အွမ်မေစလ်မာသည် အဘ်ဒွလ္လာ ဘင်န် အဘ်ဒွလ္လာ ဘင်န် အိုမဲရ် ဘင်န် ခတွ်တွားဘ်၏ သားနှင့် ထိမ်းမြားခဲ့သည်။ 86 အဘွလ်ဟကမ် 87 ၊ဂျဘဲရ် 88 ၊အွမ်မီယဲ 89 ၊ဘေလားလ် 90 နှင့် အွမ်မဲရ်(အဘူမွစ်လင်မ်ခိုရာစာနီမှ ခန့်အပ်သည့် ရိန်ယ်မြို့၏ မြို့စား) 91 တို့သည် ၎င်း၏အခြားသော သားသမီးများဖြစ်ကြသည်။

ကွယ်လွန်ခြင်းနှင့်ဂူသင်္ချိုင်း

မွခ်သားရ်သည် ၁၈ လ အုပ်ချုပ်ပြီးနောက် ဟစ်ဂျရီသက္ကရာဇ် ၆၇ ခုနှစ်၊ ရမ်ဇာန်လမြတ် ၁၄ ရက်နေ့ 92 သက်တော်၆၇ နှစ်တွင် မွဆွ်အက်ဘ်ဘင်န်ဇိုဘိုင်းရ်၏လုပ်ကြံမှု့ကြောင့်သေဆုံးခဲ့ရသည်။ 93 မွဆွ်အက်ဘ် ၏အမိန့် အရ မွခ်သားရ်၏လက်ကိုဖြတ်ပြီး ကူဖွာမက်စ်ဂျိဒ်၏နံရံ၌ ချိတ်ဆွဲထားသည်။ ဟဂျ်ဂျားဂျ်ဘင်န်ယူစွဖ် စကဖီ သည်ကူဖွာကိုအောင်နိုင်သောအခါ ထိုအရာကိုမြေမြုတ်ရန် အမိန့်ပေးခဲ့သည်။ 94 မွခ်သားရ်၏အုတ်ဂူမှာ မက်စ်ဂျိဒ် ကူဖွာအနီး၌ဖြစ်ပြီး ရှဟီးဒ်-ဒေ-အောင်ဝဲလ်၏ အလ်မဇားရ်ကျမ်း၌ ၎င်းအတွက် ဇေယာရတ်ဒုအာ လာရှိ ထားသည်။ 95

မွခ်သားရ်နှင့်ပတ်သက်သောစာပေများ

မူရင်းဆောင်းပါး-မွခ်သားရ်စကဖီနှင့်ပတ်သက်သောစာအုပ်များစာရင်း မွခ်သားရ်နှင့်ပတ်သက်၍ စာအုပ်များရေးသားခဲ့ကြသည်။ ဤစာအုပ်များ၌ ၎င်း၏ပုဂ္ဂိုလ်ရေးနှင့်သူ၏တော်လှန်ရေး ရည်ရွယ်ချက်အကြောင်းကို လေ့လာဖော်ပြထားကြသည်။ အဇ်ဇရီအာ့ကျမ်း၌ အာဂါဘွတ်ဇွရ်ဂ်သဲဟ်ရာနီသည် မွခ်သားရ်နှင့်ပတ်သက်၍ဖေါ်ပြထားသော ကျမ်းပေါင်း ၃၇ ခု၏အမည်ကို တင်ပြသည်။ 96 ၎င်းတို့ထဲမှအချို့မှာအောက်ပါအတိုင်း ဖြစ်သည်။ ရှဟ်ရ် အက်စ္စားရ်ဖီအဟ်ဝါးလိလ်မွခ်သားရ် -ရေးသားသူ-အိဘ်နေနိုမာဟိလ်လီ 97 - အလာမာမဂျ်လိစီသည် ဤကျမ်းအား ဘဟာရွလ်အန်ဝါးရ် တွဲ ၄၅ ၌ယူဆောင်လာသည်။ 98 ရောင်ဇသွလ်မိုဂျာဟေဒီးန်(ဖာရ်စီဘာသာစကားဖြင့်)- ဤကျမ်း၌ စစ်ပွဲများ၊ မွခ်သားရ်၏ရဲစွမ်းသတ္တိတို့ကို ဖေါ်ပြထားသည်။ဤကျမ်းအတွင်း၌ရေးသားထားပုံမှာ ရေဝါယသ်များကို ဆင့်ပြန်ထားသည့်ပုံစံမဟုတ်ပဲ တော်လှန်သွေးကြွသောအားတက်ဖွယ်အရေးအသားများဖြင့် ဖော်ပြထားသည်။ ဤကျမ်းကို (ဟစ်ဂျရီ ၁၀ ခုနှစ်)၌ ဝါအိဇွ်ဟရ်ဝီမှရေးသားခဲ့ပြီး မိုဟရမ်လများ၌ မင်မ်ဘဲရ်အပေါ်တွင် လူထု အား ဖတ်ပြဆင့်ပြန်လေ့ရှိသည်။ ကာလအတော်အတန်ကြာ မဂျ်လိစ်အခမ်းအနားများတွင် ဤကျမ်းကို ဖတ်ကြားသည့် ဓလေ့ရှိခဲ့သည်။ ကုက်နူစ်စာပေဖြန့်ချီရေးမှ ဤစာအုပ်အား စာမျက်နှာ ၅၂၀ ဖြင့်ထုတ်ဝေ ဖြန့်ချီ ထားသည်။

မွခ်သားရ်နာမေးဇာတ်လမ်းတွဲ

မူရင်းဆောင်းပါး-မွခ်သားရ်နာမေး(တီဗီဇာတ်လမ်းတွဲ) မွခ်သားရ်နာမာဟ်သည် ဒါရိုက်တာ ဒါဝူးဒ်မီးရ်ဘာကရီမှ ရိုက်ကူးထားသော မွခ်သားရ်စကဖီ ၏ ဘဝ နှင့် သူ၏တော်လှန်ရေးအကြောင်း ရုပ်မြင်သံကြားဇာတ်လမ်းတွဲတစ်ခုဖြစ်သည်။ ဤဇာတ်လမ်းတွဲအား အီရန်သက္ကရာဇ် ၁၃၈၉ နှင့် ၁၃၉၀ တို့၌ အစ္စလာမ့်သမ္မတအီရန်နိုင်ငံ၏ရုပ်သံအစီစဥ်မှ မိနစ် ၆၀ စာ၊ အပိုင်း ၄၀ ပါသောဇာတ်လမ်းတွဲ အနေဖြင့်ထုတ်လွှင့်ပြသခဲ့သည်။ 99 ဤဇာတ်လမ်းတွဲ၌ ဖရီဘက်ရ်ဇ် အရဘ်နီယာ သည် မွခ်သားရ်ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ခဲ့သည်။ .