မုဟမ္မဒ် ဗင်န် အဘီစအီးဒ် ဗင်န် အကီးလ်

wikishia မှ

မုဟမ္မဒ် ဗင်န် အဘီစအီးဒ် ဗင်န် အကီးလ် (ဟီဂျရီ ၆၁ ၊ အာရှုရာနေ့၌ ရှဟီးဒ်ဖြစ်ခဲ့သည်) ကရ်ဘလာ၌ ဗနီဟာရှင်မ် ရှိုဟဒါများ အနက်မှ ဖြစ်သည်။ ၎င်းသည် အေမာမ်ဟိုစိုင်းန်(အစ) ရှဟီးဒ် ဖြစ်ပြီးနောက် ၊ ရန်သူများမှ ခိုင်မာတဲနန်းများကို ဝင်ရောက်မီးရှို့ဖျက်စီးသည့်အချိန်၌ ရှဟီးဒ် ဖြစ်ခဲ့သည်။ ဇေယာရက်သေ ရှိုဟဒါ၌ ၎င်း၏ အမည် လာရှိထားသည်။

မျိုးရိုး

အချို့ ရေဝါယသ် ပညာရှင်များ နှင့် ရှီအဟ် အိုလမာ ပညာရှင်များသည် ၎င်းကို “ မုဟမ္မဒ် ဗင်န် စအီးဒ်” (1) အချို့မှာ “ မုဟမ္မဒ် ဗင်န် အဘီစအီးဒ်” (2) ဟူ၍ ဖော်ပြထားသည်။ အုပ်စုတစ်စုသည်လည်း မုဟမ္မဒ် ဗင်န် အဘီစအီးဒ် သည် မုဟမ္မဒ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် ဗင်န် အကီးလ် ဖြစ်သည်ဟု ထင်ကြေးပေးထားသည်။ (3) အလ်မဂ်ျဒီ ဖီ အင်န်စာဘုလ် သွာလိဘီးန် စာအုပ်တွင်၊ ၎င်းဖခင်ထံမှ အဘူစအီးဒ် အဂ်ဝလ် အား ကရ်ဘလာ ရှိုဟာဒါများ အနက်မှ ဖြစ်သည်ဟု ဖော်ပြထားသည်။ (4) အချို့ကျမ်းကိုးများ၌၊ အေမာန်အလီ (အစ) ၏ သမီး ဖှာသွေမဟ်သည် မုဟမ္မဒ် ဗင်န် အဘီစအီးဒ်၏ ဇနီးသည် ၎င်းဖြင့် ဟမီးဒဟ် ဟူသော သမီးတစ်ယောက် ဖွားမြင်ခဲ့သည်ဟု ဖော်ပြထားသည်။ (5) မောင်စူအေယေ ကရ်ဘလာ စာအုပ်တွင်၊ ဖှာသွေမဟ် ကို မုဟမ္မဒ် ဗင်န် အဘီစအီးဒ်၏ မိခင် ဖြစ်ပြီး ၎င်းရှဟီးဒ် ဖြစ်သည့်အချိန် ၎င်း၏ အသက်မှာ ခုနှစ် နှစ်သာဖြစ်သည်ဟု ဖော်ပြထားသည်။ (6)

ရှဟာဒသ်

မုဟမ္နဒ် ဗင်န် အဘီစအီးဒ် အမည်သည် အချို့ ကျမ်းကိုးများ၌ ကရ်ဘလာ၏ ရှိုဟဒါများ အနက်မှ ဖြစ်သည်ဟူ၍ လာရှိထားသည်။ အိဗ်နေစအ်ဒ်သည် ၎င်း၏ အမည်ကို ကရ်ဘလာ၌ ရှဟီးဒ်ဖြစ်သွားသူများ၏ အမည်စာရင်းထဲတွင် ဖော်ပြထားသည်။ (7) စမာဝီ၏ အဆိုအရ၊ ကရ်ဘလာ ရှိုဟဒါများမှ လူငါးယောက်သည် အရွယ်မရောက်သေးသူများ ဖြစ်ကြသည်။ ၎င်းတို့အနက်မှ တစ်ယောက်မှာ မုဟမ္နဒ် ဗင်န် အဘီစအီးဒ် ဖြစ်သည်။ (8) ထို့အတူ၊ အဗ်ဆွာရုလ်အိုင်းတွင် ဟမီးဒ် ဗင်န် မွတ်စ်လင်မ် မှ ကောက်တုတ်ကိုးကား ထားသည်မှာ ၊ အေမာမ်ဟိုစိုင်းန်(အစ) ရှဟီးဒ် ဖြစ်ပြီးနောက်၊ လူငယ်တစ်ဦးသည် ခိုင်မာ တဲနန်းအတွင်းမှ ထွက်လာပြီး၊ ကြောက်ရွံထိန့်လန့်‌စွာဖြင့် ဘယ်ညာအရပ်ကို ကြည့်လေသည်။ အွမရ် ဗင်န် စအ်ဒ် တပ်သားနှ တစ်ဦးသည် ထိုကလေးအား တိုက်ခိုက်ပြီး ထိုးနှက်ကာ ရှဟီးဒ် လုပ်ခဲ့သည်။ ထိုအသတ်ခံရသည့် လူငယ်‌ေလး သူ နှင့် ၎င်းအားသတ်ခဲ့သူ၏ အမည်ကို မေးခဲ့သည်။ အသတ်ခံရသည့် လူငယ်‌ေလး၏ အမည်မှာ မုဟမ္မဒ် ဗင်န် အဘီစအီးဒ် ဖြစ်ပြီး ၎င်းအား သတ်ခဲ့သူစ အမည်မှာ လုကိုင်းသ်ွ ဗင်န် အယာစ် ဂျိုဟနီ ဖြစ်သည်ဟု‌ ဖြေဆိုခဲ့ကြသည်။ (9) ထိုအဖြစ်အပျက်သည် သာရီးခေသွီဗ်ရီ ၌ ဟာနီ ဗင်န် စဘီးသ် မှ ဖော်ပြထားပြီး ဟာနီသည် ထိုလူငယ်လေး၏ အမည်ကို မဖော်ပြထားသော်လည်း ၎င်းအား သတ်ခဲ့သူ၏ အမည်ကို ဖော်ပြထားသည်။ (10) ဇေယာရက်သုလ် ရှိုဟဒါတွင် (ဇေယာရက်သေ နာဟီယဟ် ဂိုင်းရေမက်ရှ်ဟူးရ်) မုဟမ္မဒ် ဗင်န် အဘီစအီးဒ် ဗင်န် အကီးလ် ဟူ၍ ၎င်းအပေါ် စလာမ် ပို့သထားသည်။ ယင်း၌ ၎င်းအား သတ်ခဲ့သူမှာ လုကိုင်းသ်ွ ဗင်န် နာရီရ် ဂျိုဟနီ ဖြစ်သည်ဟု ဖော်ပြထားသည်။