မုဂျမ်မိအ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် အာအိဇီး

wikishia မှ

မုဂျမ်မိအ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် အာအိဇီး သည် အေမာမ်အလီ (အစ) ၏ နောက်လိုက်သား (1) နှင့် ကရ်ဘလာ ရှိုဟဒါများ အနက်မှ ဖြစ်သည်။ (2) ၎င်းသည် သာဘေအီးန် (3) နှင့် မဇ်ဟိဂ်ျ မျိုးနွယ် (4) မှဖြစ်သည်။ ၎င်း၏ ဖခင် အဗ္ဗ်ဒုလ္လာဟ် ဗင်န် မုဂျမ်မိအ် ကို တမန်တော်မြတ်(ဆွ) ၏ ဆွဟာဘဟ်များမှ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (5) ကျမ်းကိုးများ၏‌ ဖော်ပြချက်အရ၊ မုဂျမ်မိအ် သည် သွရိမ်မာဟ် ဗင်န် အဒီ (6) ၏ လမ်းညွှန်မှုဖြင့် ကူဖှာမှ အေမာမ်ဟိုစိုင်းန်(အစ) ထံ လာခဲ့ကြသည့် ‌‌ေလးယောက် အနက်မှ တစ်ဦးဖြစ်သည်။ ထို့နောက် အိုဇိုင်းဘုလ် ဟိဂျာနာသ် ဟူသော နေရာတွင်၊ ကူဖှာအနီးရှိ အိမ်တစ်အိမ်၌ အေမာမ်နှင့် ပူးပေါင်းခဲ့ကြသည်။ ထိုအချိန်တွင်၊ ဟုရ် ဗင်န် ယဇီးဒ် ရေယာဟီးသည် အေမာမ်ထံသို့ ရောက်ရှိလာပြီး ၎င်းတို့သည် အသင်၏ နောက်လိုက်သားများထဲတွင် မပါ‌ေပ၊ ထို့ကြောင့် ကျွန်ုပ်သည် ၎င်းတို့အား ဖမ်းဆီးရမည် သို့မဟုတ် ပြန်ပေးရမည် ပြောကြားခဲ့သည်။ အေမာမ်သည် ၎င်းတို့ဘက်မှ ရပ်တည်ခဲ့ပြီး ၎င်းတို့အား မိမိ့ အန်ဆွာရ် နှင့် နောက်လိုက်သားများ အနက်မှ ဖြစ်သည်ဟူ၍ မိန့်ဆိုခဲ့သည်။ ထို့နောက် အကယ်၍ ‌၎င်းတို့ကို လက်မလွှတ်ပါက တိုက်ခိုက်ပေမည်။ ထိုအခါ ဟုရ်သည်လည်း ၎င်းတို့အား လက်လွှတ်လိုက်သည်။ အေမာမ်သည် ထိုလေးယောက်ကို သင့်နောက်ကွယ်ရှိလူများ (ကူဖှာသားများ) သို့ အသိပေးရန် မိန့်ခဲ့သည်။ မုဂျမ်မိအ် ပြောသည်မှာ ၊ သူတို့သည် မှူးမတ်များနှင့် အသက်ကြီးသူများကို လာဘ်ထိုးပြီး ၎င်းတို့ကို ဆွဲဆောင်ရန် ပစ္စည်းဥစ္စာများပေးခဲ့ကြသည်။ ၎င်းတို့အားလုံးသည် အသင့်၏ ဆန့်ကျင်ဘက်၌ ရှိကြသည်။ အချို့သူများသည်လည်း အသင့်ဘက်၌ ရှိကြသည် သို့သော် မနက်ဖြန်ဆို အသင့်အပေါ် ဓားထုပ်တိုက်ခိုက်ကြပေမည် ။ ထို့နောက် အေမာန်ဟိုစိုင်းန်(အစ) သည် မိမိ၏ သတင်းပေးသူ ကိန်းစ် ဗင်န် မုစ်ဟဲရ် ဆွီဒါဝီ အား မိမိ၏ ရှိုဟဒါများအကြောင်း သတင်းပေးရန် တောင်းဆိုခဲ့သည်။ (7) အချို့ သမိုင်း ကျမ်းကိုးများအရ၊ ဤဖော်ပြချက်သည် မုဂျမ်မိအ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် အာမိရီ နှင့်ပတ်သက်ပြီး လာရှိထားသည်ဟု ဆိုထားသည်။ (8) အဘူမိခ်နက်ဖ် နှင့် မုဟမ္မဒ် ဗင်န် ဂျရီးရ် တို့၏ အဆိုအရ၊ မုဂျမ်မိအ် သည် အွမ်ရို ဗင်န် ခါလီဒ် ဆိုင်းဒါဝီ နှင့် ၎င်း၏ ကျေးကျွန် စအ်ဒ် ၊ ဂျာဘီရ် ဗင်န် ဟာရီစ် စလ်မာနီ တို့နှင့်အတူ စစ်ပွဲအစ၌ စစ်မြေပြင်သို့ ထွက်ခွာလာခဲ့ကြသည် ။ သို့သော် အွမရ် ဗင်န် စအ်ဒ်၏ တပ်သားများက ၎င်းတို့အား ဝိုင်းရံထားလိုက်ကြသည်။ ထိုအချိန် အဘ္ဘာစ် ဗင်န် အလီ(အစ) သည် ၎င်းတို့အား ကယ်တင်ခဲ့သော်လည်း ၎င်းတို့၌ ဒဏ်ရာများစွာ ရရှိထားခဲ့ကြသည်။ နောက်တစ်ကြိမ် ရန်သူများသည် ၎င်းတို့အနား လာရှိကြပြီး လေးယောက်စလုံးကို တစ်နေရာထဲ၌ သတ်လိုက်ကြသည်။ (9) မုဂျမ်မိအ် ရှဟီးဒ် ဖြစ်သည့်အချိန် ၎င်း၏ အသက်မှာ ငါးဆယ်ဖြစ်သည်ဟု ဆိုထားသည်။ (10) မုဂျမ်မိအ် သည် ဆွီဖီးန် စစ်ပွဲ၌ ပါဝင်ခဲ့သည်ဟု ဆိုထားသည်။ (11) ဇေယာရက်သေ ရှိုဟဒါ (12) နှင့် ဇေယာရက်သေ ရဂျက်ဘီယဟ် ‌အေမာမ်ဟိုစိုင်းန် (အစ) (13) တို့၌ «السَّلَامُ عَلَی مُجَمِّعِ بْنِ عَبْدِاللَّهِ الْعَائِذی» ဟူ၍ ၎င်းအား စလာမ် ‌ပို့သထားသည်။ အိဗ်နေရှဲဟ်ရ် ရေးသားထားသည့် ဇေယာရက်သေ ရှိုဟဒါ၌ အလ်မေဇာရုလ် ကဘီးရ်၏ ဖော်ပြချက်အရ၊ ၎င်း၏အမည်မှာ “အလ်အာအိဒီ” ဖြစ်သည်ဟု ဖော်ပြထားသည်။ (14) အဗ်ဆွာရုလ်အိုင်းန်တွင် မုဟမ္နဒ် စမာဝီ၏ ဖော်ပြချက်အရ၊ မုဂျမ်မိအ်၏ သားဖြစ်သူ အာအိဇ် သည် အေမာန်ဟိုစိုင်းန်(အစ) နှင့် ပူးပေါင်းခဲ့သည့် လေးယောက် အနက်မှ ဖြစ်ပြီး ကရ်ဘလာ၌ ၎င်းဖခင်အနား (15) တွင် ရှဟီးဒ် ဖြစ်ခဲ့သည်။ (16)