မုဂ်ျသ‌ဗာ(ဂုဏ်ပုဒ်)

wikishia မှ

ဤစာစောင်သည် အေမာမ်မုဂ်ျသ‌ဗာ(အစ) အကြောင်းဖြစ်သည်။ အေမာန်ဟစန်(အစ) အကြောင်း သိလိုပါက အေမာမ်မုဂ်ျသ‌ဗာ(အစ) နှင့်ပတ်သက်ပြီး ရေးသားထားသည့် အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှု့ပါလေ။

မုဂ်ျသဗာ ဆိုသည်မှာ ရွေးချယ်ခံထားရသူ ဖြစ်ပြီး အေမာမ်မုဂ်ျသ‌ဗာ(အစ) ၏ ဂုဏ်ပုဒ်များ အနက်မှ တစ်ခုဖြစ်သည်။ (1) ဤဂုဏ်ပုဒ်သည် တမန်တော်မြတ်(ဆွ) (2) နှင့် အခြားသော အေမာမ်(အစ) များ (3) နှင့်ပတ်သက်၍လည်း အသုံးပြုထားသည်။ အေမာမ်ဆွာဒီက်(အစ) ၏ မိန့်ခွန်းတစ်ခုတွင်၊ အေမာန်(အစ) များ၏ ထူးခြားမှုများကို ဖော်ပြထားပြီး ၊ ဤဂုဏ်ပုဒ်သည် အေမာမ်များ၏ ထူးခြားမှု နှင့်ပတ်သက်ပြီး လာရှိထားကြောင်း ဆိုထားသည်။ (4) သို့သော် အေမာမ်ဟစန်(အစ) နှင့် ပတ်သတ်ပြီး ဤဂုဏ်ပုဒ်သည် ကျော်ကြားပေသည်။ (5) ရှီအဟ် အေမာန်များထံမှ ကိုးကားထားသည့် ရေဝါယသ်တစ်ခု အရ၊ အေမာမ်ဟစန်(အစ) အား မုဂ်ျသ‌ဗာ ဟူသော ဂုဏ်ပုဒ်ဖြင့် ခေါ်ဆိုထားသည်။ (6) ဒိုအာယေ သဝစွစုလ် တွင်လည်း အေမာမ်ဟစန်(အစ) အား မုဂ်ျသ‌ဗာ ဟူသော ဂုဏ်ပုဒ်ဖြင့် လာရှိထားသည်။ (7) အေမာန်စဂျာဒ်(အစ) ၏ ဟိရ်ဇ်တွင်လည်း (အလ်ဟစနုလ်မုဂ်ျသဗာ) ဟူသော စကားစုဖြင့် (8) လာရှိထားသည်။

        မုဂ်ျသဗာ ဆိုသည်မှာ ရွေးချယ်ခံထားရသူ ဟူ၍ အနက်အဓိပ္ပါယ်ရှိသည်။ (9) အလ္လာမဟ် သွဗာသွဗာယီးသည် စူရဟ် နဟ်လ် အာယသ် ၁၂၁ ‌အောက်တွင် ၊ اِجتَباء ဟူသော ဝေါဟာရကို ဤသို့ အနက်အဓိပ္ပါယ် ဖွင့်ဆိုထားသည်မှာ ၊ အရှင်မြတ်သည် အပြစ်ကင်းစင်သော အေမာမ်များကို မိမိအတွက် သန့်စင်သူများ အထူးပုဂ္ဂိုလ်များ ဖြူစင်သူများ အဖြစ် ရွေးချယ်သတ်မှတ်ထားပြီး ၊ ၎င်းတို့အား ကွဲလွဲခြင်းမှ ထိန်းသိမ်းကာ ဖြောင့်မတ်နှန်ကန်သော လမ်းစဉ်၌ လမ်းညွှန်စေသည်။ (10) ဆိုထားသည်မှာ ဤဂုဏ်ပုဒ်သည်၊ မည်မျှပင် သီးခြား အနက်အဓိပ္ပါယ် ရှိနေပါစေ အစစ်အမှန်၌ ရှီအဟ် အေမာမ်များ အားလုံးအတွက် အသုံးပြုပေသည်။ သို့သော် ရှီအဟ်တို့၏ ဒုတိယ အေမာမ်တစ်ဦးတည်းသာ ဤဂုဏ်ပုဒ်ဖြင့် လူသိများသည်။ အေမာန်ဟစန်(အစ) အတွက် မုဂ်ျသ‌ဗာ ဟူသော ဂုဏ်ပုဒ်သည် ၎င်းသက်ရှိထင်ရှား နေထိုင်စဉ် ကာလ၌ပင် ၎င်းအတွက် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ (11)