မာတိကာသို့ ခုန်သွားရန်

မွတ်ဂျ်သဗါ (ဘွဲ့တော်)

wikishia မှ
(မုဂ်ျသ‌ဗာ(ဂုဏ်ပုဒ်) မှ ပြန်ညွှန်းထားသည်)
ဤဆောင်းပါးမှာ အေမာမ် ဟစန် ၏ ဘွဲ့တော် များထဲမှ တစ်ခုကို ဖော်ပြထားတာဖြစ်ပါသည်။ အေမာမ် ၏ ကိုယ်ရည်ကိုယ်သွေး နှင့် ဘဝအကြောင်းကို သိရှိလိုပါက အေမာမ် ဟစန် မွတ်ဂျ်သဗါ (အ.စ) ဆောင်းပါးကို ကြည့်ပါ။

မွတ်ဂျ်သဗါ (مُجتبی) ဆိုသည်မှာ ရွေးချယ်ခံရသူ ၊ အထူးရွေးချယ်ထားရသူ ဟု အဓိပ္ပာယ်ရပြီး၊ ၎င်းသည် အေမာမ် ဟစန် (အ.စ) ၏ ဘွဲ့တော် များ ထဲမှ တစ်ခု ဖြစ်ပါသည်။[]ဤ ဘွဲ့တော် ကို တမန်တော် မိုဟမ္မဒ် (ဆွ)[] နှင့် အခြား အေမာမ် များအတွက်လည်း အသုံးပြုထားကြပါသည်။[] အေမာမ်များ ၏ အရည် အရည် အသွေး လက္ခဏာ များ အကြောင်းကို အေမာမ် ဆွာဒစ်က် (အ.စ) ၏ ခွသ်ဗာ တစ်ခု တွင် ဆင့်ပြန် လာရှိပါပြီး ဤ ဘွဲ့တော် ကို အေမာမ် ၏ အရည်အသွေး လက္ခဏာတစ်ခုအဖြစ် ဖော်ပြထားပါသည်။[]သို့သော် ဤဘွဲ့ တော်သည် အထူးသဖြင့် အေမာမ် ဟစန် (အ.စ) နှင့်ပတ်သက်၍ ကျော်ကြားလာခဲ့ပါသည်။[] ရှီအဟ် အေမာမ် များထံမှ ဆင့်ပြန်လာရှိသည့် ရီဝါယသ်တော် များတွင်လည်း အေမာမ် ဟစန် (အ.စ) ကို မွတ်ဂျ်သဗါ ဟူ သည့် ဘွဲ့တော် ဖြင့် ခေါ်ဆိုထားကြပါသည်။[] ထို့အပြင် ဒိုအာယေသဝစိုလ် တွင်လည်း အလ်မွတ်ဂျ်သဗါ ဟူသော ဘွဲ့တော် ကို အသုံးပြုထားပါသည်။[] အေမာမ် စဂျာဒ် (အ.စ) ၏ ဟီရ်ဇ် (အဆောင် လက်ဖွဲ့ ) ထဲတွင်လည်း အလ်ဟစန်နိုလ်မွတ်ဂျ်သဗါ ဟူသော စကားရပ်ကို သုံးထား တာတွေ့ ရပါ သည်။[]

မွတ်ဂျ်သဗါ ဆိုသည်မှာ ရွေးချယ်ခံရသူ၊ သီးသန့်ရွေးချယ်ထားသူ ဟု အဓိပ္ပာယ်ရပါသည်။[] အလာမဟ် သွဗာသွဗာရီ က စူရဟ် နဟ်လ် ၏ အာယသ်တော် အမှတ် ၁၂၁ ၏ အဓိပ္ပာယ်ရှင်းလင်းချက်တွင် အစ်ဂျ်သဗါအ် (اِجتِباء) ဆိုသော စကားလုံးကို ဤအတိုင်း သဖ်စီးရ်လုပ် (အဓိပ္ပာယ်ဖွင့်ဆို) ထားပါသည်။ အလ္လာဟ် ဟို အရှင်မြတ် သည် မအ်စူမ်အေမာမ် ကို မိမိအတွက် သီးသန့်ရွေးချယ်၍ သန့်ရှင်းစင်ကြယ် စေပြီး၊ အေမာမ် အား ပျက်ပြားမှုများ နှင့် ကွဲပြားမှုများ (မကောင်းမှုများ) မှ ကင်းဝေးစေကာ ဖြောင့်မတ်မှန်ကန်သည့် လမ်းကြောင်း သို့ ဦးတည်ညွှန်ပြတော်မူထားပါသည်။[၁၀] ထို့အပြင် ဤ ဘွဲ့တော် သည် အထူးအဓိပ္ပာယ်တစ်ရပ်ရှိပြီး ရှီအဟ် အေမာမ်များအားလုံးနှင့် သက်ဆိုင်နိုင် သော်လည်း၊ ရှီအဟ် တို့၏ ဒုတိယ အေမာမ် ဖြစ်သော အေမာမ် ဟစန် (အ.စ) သာလျှင် ဤဘွဲ့တော် ဖြင့် အထူးကျော်ကြားခဲ့သည်ဟု ဆိုကြပါသည်။ မွတ်ဂျ်သဗါ ဟူသော ဘွဲ့တော် ကို အေမာမ် ဟစန် (အ.စ) အား အေမာမ် အသက်ရှင်နေစဉ်ကတည်းက သတ်မှတ်ခေါ်ဆိုခဲ့ကြောင်းကိုလည်း ဆိုထားပါသည်။[၁၁]

ဆက်နွယ်နေသည့်ဆောင်းပါး

ကရီးမေအဲဟ်လေ့ဘိုက်(သ)(အ.စ) (ဘွဲ့တော်)

အောက်ခြေ မှတ်စုများ

  1. အစ်ဗ်နေ ရှဟ်ရေ အာရှုဗ် ၊ အယ်လ်မနာကိဗ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၇၉ ခုနှစ် ၊ အတွဲ ၄၊ စာမျက်နှာ ၂၉။
  2. ဇရဒီ ၊ ဟနဖီ ၊ နဇမ် ဒုရရိုစ်စမသိုင်းန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၅ ခုနှစ် ၊ စာမျက်နှာ ၂၇။
  3. ကြည့်ပါ – မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ် ၊ အတွဲ ၂၅၊ စာမျက်နှာ ၁၅၀။
  4. မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ် ၊အတွဲ ၂၅၊ စာမျက်နှာ ၁၅၀။
  5. နီဇာမီ ဟမဒါနီ ၊အယ်လ်မာအာရိဖ် ဖိုရ်ရာဖိအဟ်၊ အီရန် သက္ကရာဇ် ၁၃၈၉ ခုနှစ် ၊ စာမျက်နှာ ၃၁၄။
  6. ပါ့က်နီးယာသဗ်ရေဇီ ၊ «သအာမိုလီ ဒရ် မုစ်သနဒါသ် ဝ မရှ်ဟူးရ်သရင်းန် အလ်ကာဗ် မအ်စူမီးန် အလိုင်းဟေမွတ်စ်စလာမ် »، စာမျက်နှာ ၁၃၂။
  7. ကွမ်းမီ၊ မဖာသီဟိုလ်ဂျေနန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ်၊ စာမျက်နှာ ၁၈၅။
  8. အသွာရ်ဒီ ကူချာနီ၊ မုစနဒ်ဒိုလ်အေမာမ်အလ်စဂျာဒ် ၊ အီရန် သက္ကရာဇ် ၁၃၇၉ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၃၂။
  9. မွတ်သဇရီ ၊ ဒရ်စ်ဟာယီ အဇ် နဲဟ်ဂျိုလ်ဗလာဂဟ် ၊ အီရန် သက္ကရာဇ် ၁၃၉၅ ခုနှစ် ၊ စာမျက်နှာ ၃၉၈။
  10. သွဗာသွဗာရီ ၊ အလ်မီးဇာန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ အတွဲ ၁၂၊ စာမျက်နှာ ၃၆၈။
  11. ဖသာဟီ ၊ အန်ဝါရ် အေလာဟီ ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၂၇၄။

ကျမ်းကိုးများ

  • အစ်ဗ်နေ ရှဟ်ရေ အာရှုဗ် ၊ မိုဟမ္မဒ် ဘင် အလီ၊ မနာကိဗ် အာလ် အဘီ သွာလစ်ဗ် ၊ ကွမ်းမြို့ ၊ အလ္လာမဟ် ပုံနှိပ်တိုက်၊ ဟီဂျရီ သက္ကရာဇ် ၁၃၇၉ ခုနှစ် ။
  • ပါ့က်နီးယာ သဗ်ရေဇီ ၊ အဗ်ဒိုလ်ကရီးမ် ၊ « သာအမ်မိုလီ ဒရ် မုစ်တနဒာတ် ဝ မရှ်ဟူးရ်တရင်း အလ္လာကာဗ် ၊ (အလေးဟိမုစ်-ဆလာမ်)»، မာဟ်နာမာဟ် မုဘလစ်ခါန် (လစဉ်မဂ္ဂဇင်း မုဘလစ်ခါန်)၊ အမှတ် ၁၄၅ ၊ မဲဟ်ရ်လ နှင့် အာဘန်လ ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ်။
  • ဇရဒီ ၊ မိုဟမ္မဒ်ဘင်န်ယူစွဖ် ၊ နဇမ် ဒုရရိုစ်စမသိုင်းန် ၊ ဘေရွတ်၊ ဒါရိုလ်ဟယာ အိုသိုရာစေလ်အရဘီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၅ ခုနှစ် ။
  • အလာမဟ် သွဗာသွဗာရီ ၊ ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ အလ်မီးဇာန်း ဖီး သဖ်စီးရ် ရိုလ်ကုရ်အာန် ၊ ဘေရွတ် ၊ မိုအ်စေစေဟ် အလ်အေလ်မီ လစ်လ်မတ်သွဘူ အာသ် ၊ ဒုတိယကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၀ ခုနှစ် ။
  • အသွာရ်ဒီ ကူချာနီ၊ အဇီးဇိုလ္လာဟ် ၊ မုစနဒ်ဒိုလ်အေမာမ်အလ်စဂျာဒ် ၊ တီဟီရန် ၊ အသွာရ်ဒ် ၊ အီရန် သက္ကရာဇ် ၁၃၇၉ ခုနှစ်။
  • ဖသာဟီ ၊ ဟမီးဒ် ၊ အန်ဝါရ် အေလာဟီ ၊ကွမ်း၊မီးရ်ဖသာဟ်၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ်။
  • ကွမ်းမီ ၊ အဘာစ် ၊ မဖာသီဟိုလ်ဂျေနန် ၊ ဘေရွတ် ၊ ဒါရိုလ်မလာက် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ခုနှစ်။
  • မဂျ်လေစီ ၊မိုဟမ္မဒ်ဘာကဲရ် ၊ ဘေဟာရိုလ်အန်နဝါရ် ၊ အန်နာရှေရ် ၊ မိုအ်စေစသိုလ်ဝဖါအ် ၊ ဒုတိယကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ခုနှစ်။
  • မွတ်သဇရီ ၊ ဟိုစိုင်းန်အလီ ၊ ဒရ်စ်ဟာယီ အဇ် နဲဟ်ဂျိုလ်ဗလာဂဟ် ၊ တီဟီရန် ၊ စရာယီ ၊ အီရန် သက္ကရာဇ် ၁၃၉၅ ခုနှစ်။
  • နီဇာမီ ဟမဒါနီ ၊အလီ ၊ အယ်လ်မာအာရိဖ် ဖိုရ်ရာဖိအဟ် ဖီးဇ်ဇေယာရသိုလ်ဂျာမေအဟ် ၊မရှ်ဟဒ် ၊ အွတ်စ်သာန် ကွတ်ဒ်စ် ရဇဝီ ၊ အီရန် သက္ကရာဇ် ၁၃၈၉ ခုနှစ်။