မိုဟမ္မဒ် ဘင်အလီဟာဒီ

wikishia မှ

မိုဟမ္မဒ် ဘင်အလီဟာဒီ(အ.စ)(၂၅၂ခုနှစ် ဟစ်ဂျရီ ကွယ်လွန်)သည် ဆယဒ်မိုဟမ္မဒ် ဟူ၍လည်းကောင်း စဘ်အွလ်ဒိုဂျိိုင်းရ်ဟူ၍လည်းကောင်းထင်ပေါ်ပြီး အေမာမ်ဟာဒီ(အ.စ)၏သားဖြစ်သည်။ အချို့က အေမာမ်ဟာဒီပြီးနောက် အေမာမာသ်ကိုဆက်ခံမည့်သူကို၎င်းဟုထင်မြင်ကြသည်။သို့သော် ၎င်းသည် သူ၏ဖခင်အသက်ရှင်ထင်ရှားရှိသည့်အချိန်၌ပင်ကွယ်လွန်ခဲ့ပြီးအေမာမ်ဟာစန်အက်စ်ကရီသည် အေမာမ်ဟာဒီပြီးနောက် အေမာမသ်အရိုက်အရာကို ရရှိခဲ့သည်။ ဆယဒ်မိုဟမ္မဒ်၏မျိုးဆက်သည် ၎င်း၏မြေးဖြစ်သူ ရှမ်စွလ်ဒီန်းမိုဟမ္မဒ်မှဆက်လက်တည်ရှိနေပြီး ၎င်းသည်မီးရ်စွလ်တာန် ဘိုခါရီဟူ၍လည်းထင်ပေါ်ကြော်ကြားသည်။ထို့အပြင်အီရက်နှင့်အီရန်နိုင်ငံတွင်နေထိုင်ကြသော ဆာဒါးသ်သေအာလေ ဘအားဂျ်သည် ၎င်း၏သားစဥ်မြေးဆက်များမှဖြစ်သည်ဟုသတ်မှတ်ထားကြသည်။

ဆယဒ်မိုဟမ္မဒ်သည် အင်မတန်မှ ဂုဏသရေရှိသူအဖြစ် အီရက်နိုင်ငံသားများအကြားတွင်ထင်ပေါ်ကြော်ကြားပြီး၎င်း၏နာမတော်ကိုတိုင်တည်၍ကျိန်ဆိုခြင်းမပြုကြပေ။အများအားဖြင့်ဆာမရာမြို့ရှိအက်စ်ကရီယိုင်းဗိမာန်ကိုဇေယာရသ်ပြုလုပ်ရန်လာကြသူတို့သည် ၎င်း၏ဗိမာန်ကိုလည်းသွားေရာက်၍ဇေရာရသ်လုပ်လေ့ရှိကြသည်။ဟစ်ဂျရီ၂၅၂ခုနှစ် တွင်ဆာမရာမြို့၏တောင်ပိုင်းရှိ ဘလဒ်၌ကွယ်လွန်ပြီးထိုနေရာတွင်မြှုပ်နှံထားသည်။ ဆယဒ်မိုဟမ္မဒ် ၏ဗိမာန်ကို ၄ရာစု၌ပထမဆုံးအကြိမ်တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင်ထိုဗိမာန်အား ခေတ်ကာလအသီးသီး၌သာသနာ့ပညာရှင်များ,မရာဂျေအ်သက္ကလီးဒ်နှင့်ဘုရင်များမှ ပြန်လည်တည်ဆောက်မွမ်းမံခဲ့ကြသည်။အာလေဘူရာမင်းဆက်များထဲမှ အဇွဒ်ဒူလာဒီရမီ,ဆဖဝီမင်းဆက်များမှ ရှားဟ်အေစ်မာအီးလ်,၁၄ရာစု၌ထင်ရှားသောမရ်ဂျာအ်များမှ မီးရ်ဇာရှေရာဇီ,၁၄ရာစု၌ထင်ရှားသောမိုဟန်ဒေစ်များမှ မီးရ်ဇာဟိုစိန်းနူရီတို့သည် ခေတ်ကာလအသီးသီ၌ ဆယဒ်မိုဟမ္မဒ်၏ဗိမာန်ကိုပြန်လည်တည်ဆောက်ခြင်းသို့မဟုတ်ပြုပြင်မွမ်းမံခြင်းများပြုလုပ်ခဲ့ကြသည်။

ဆယဒ်မိုဟမ္မဒ်အကြောင်းရေးသားထားမှု၏အများစုသည်၎င်း၏ဘဝအကြောင်းနှင့်၎င်း၏အံ့သြဖွယ်ရာကိစ္စရပ်(ကေရာမားသ်)များအကြောင်းဖြစ်သည်။ဤစာအုပ်များထဲမှတစ်အုပ်မှာ မိုဟမ္မဒ်အလီအွရ်ဒိုဘာဒီ(၁၃၁၂-၁၃၈၀ ဟစ်ဂျရီ)အာရဗီဘာသာဖြင့်ရေးသားထားသော စာအုပ်ဖြစ်သည့် (ဟယားသ်ဝေါ်ကေရာမားသ်အဘူဂျာအ်ဖရ် မိုဟမ္မဒ်ဒေဘ်နေ အေမာမ် ဟာဒီ(အ.စ))ဖြစ်ပြီး ၎င်းစာအုပ်အား (စေသာရဲဟ်ဒိုဂျိုင်းရ်)အမည်ဖြင့်ဖာရစီဘာသာပြန်ထွက်ရှိခဲ့ပြီးဖြစ်သည်။

အတ္ထုပတ္တိ

ဆယဒ်မိုဟမ္မဒ်သည်အေမာမ်ဟာဒီ(အ.စ)၏သားဖြစ်သည်။(1)၎င်း၏မိခင်အမည်မှာဟဒီးစ်(သို့)စလီးလ်ဟုဆိုကြသည်။(2)သူသည်သက္ကရဇ်၂၂၈ခုနှစ်ဟစ်ဂျရီဝန်းကျင်တွင်မဒီနာမြို့အနီးရှိဇေရ်ရာမြို့တွင်မွေးဖွားခဲ့သည်။(3)၂၃၃ခုနှစ် ဟစ်ဂျရီတွင် အဘားစ်စွ မင်းဆက် မိုသဝကေလ်၏အမိန်ဖြင့် ၎င်း၏ဖခင် အေမာမ်ဟာဒီ(အ.စ)ကိုဆာမရာသို့ခေါ်လာသောအချိန်တွင်ဖခင်နှင့်အတူမပါသွားပဲ ဇေရ်ရာမြို့တွင်သာ နေထိုင်ခဲ့သည်။(4)ဆယဒ်မိုဟမ္မဒ်မည်သည့်အချိန်၌ဖခင်ဖြစ်သူရှိရာ ဆာမရာသို့သွားခဲ့သည်ကိုအတိအကျမသိရသော်ငြားလည်း၂၅၂ခုနှစ်ဟစ်ဂျရီတွင် ဆာမရာမှ မဒီနာသို့ခရီးနှင်ခဲ့သည်။(5) ထိုခရီး၌ ဘလဒ်သို့ရောက်ရှိချိန်ခါတွင် နာမကျန်းမှုဖြင့်ကွယ်လွန်ခဲ့ပြီး ထိုဘလဒ်မြို့တွင်မြှုပ်နှံထားသည်။(6)ဆယဒ်မိုဟမ္မဒ်၏ထင်ပေါ်သောအခြားအမည် (လကဘ်)များမှာ၊ အဘူဂျာအ်ဖရ် ၊အဘူအလီ၊(7)ဆယဒ်မိုဟမ္မဒ်ဘအားဂျ်၊(8)စဘ်အွလ်ဒိုဂျိုင်းရ် နှင့်စဘ်အွလ် ဂျဇီရာတို့ဖြစ်ကြသည်။(9)

သားစဥ်မြေးဆက်များ

၁၄ရာစုနှစ်၏သမိုင်းပညာရှင်ရှေးခ်ပဘားစ်ကွမ်မီ၏ဆယဒ်ဟာစန်ဘရာကီ(၁၃၃၂ခုနှစ် ဟစ်ဂျရီကွယ်လွန်)ထံမှဆင့်ပြန်ချက်အရဆယဒ်မိုဟ္ဟမဒ်၏ မျိုးရိုးသည် ၎င်း၏မြေးဖြစ်သူ ရှမ်စွလ်ဒီန်းမိုဟမ္မဒ် (၈၃၂(သို့)၈၃၃ ခုနှစ် ဟစ်ဂျရီ ကွယ်လွန်)၏ကြားခံဖြင့်ဆက်လက်တည်ရှိနေသည်။(10)ရှမ်စွလ်ဒီးန်သည်ကြားခံလေးယောက်မှတဆင့်ဆယဒ်မိုဟမ္မဒ်၏ သားအလီဖြင့်ပြန်လည်ဆက်နွယ်နေသည်။ရှမ်စွလ်ဒီးန်သည် ဘိုခါရာမြို့တွင်မွေးဖွားခဲ့ပြီးထို၌ပင်ကြီးပြင်းခဲ့သည်။၎င်းသည်မီးရ်စွလ်တာန်ဘိုခါရီ ဟုကြော်ကြားသည်။၎င်း၏သားသမီးများလည်းဘိုခါရီယွန်းအဖြစ်ကြော်ကြားသည်။(11)၎င်းသည်နောက်ပိုင်းတွင်ဘလားဒ်သို့သွားရောက်ခဲ့ပြီး ဘရူစားမြို့တွင်အခြေချခဲ့သည်။ထိုဘရူစားမြို့တွင်ပင်ကွယ်လွန်၍ ထိုဘရူစားမြို့၌ပင်မြှုပ်နှံထားသည်။(12)ရှေးခ်အဘားစ်ကွမ်မီမှ ဆယဒ်ဟာစန်ဘရာကီ၏အဆိုအရ ဆယဒ်မိုဟမ္မဒ် ဘအားဂျ်ကို ဆယဒ်မိုဟမ္မဒ်၏သားစဥ်မြေးဆက်များထဲမှတစ်ဦးအဖြစ်သတ်မှတ်ခဲ့သည်။(13)အီရက်ရှိ မီဆာန်း၊ဇီကားရ်၊ဝါစေသ်၊ကာဒေဆီယဟ်၊ဘဂ်ဒါးဒ်နှင့်နဂျဖ်မြို့တွင်နေထိုင်သော အာလေ ဘအားဂျ်မှ ဆာဒါးသ် (ဆယဒ်များ)(14) ခူဇေစ္စတာန်းတွင်နေထိုင်သောအာလေဘအားဂျ်မှ ဆာဒါးသ်(ဆယဒ်များ)တို့သည်ဆယဒ်မိုဟမ္မဒ်၏သားများဖြစ်ကြသော အလီနှင့်မိုဟမ္မဒ်တို့၏မျိုးဆက်မှဖြစ်သည်ဟုပြောဆိုကြသည်။(15)

အရိုက်အရာ

၁၄၃၃ခှစ်(ဟစ်ဂျရီ)တွင်ကွယ်လွန်သွားသော ရှီအာပညာရှင် ဘာကရ်ရှရီးဖ်ကုရ်ရှီ ၏အဆိုအရဆယဒ်မိုဟမ္မဒ်၏ကိုယ်ကျင့်တရားနှင့်သီလများသည် အခြားသောသူများနှင့်ကွဲပြားခြားနာသည်။(16)တချို့သောရှီအာဘာသာဝင်များသည် ၎င်းအား အေမာမ်ဟာဒီ(အ.စ)ပြီးနောက် အေမာမာသ်ဆက်ခံသူအဖြစ်ထင်မှတ်ကြသည်။(17)ဆယဒ်မိုဟမ္မဒ်သည် ၎င်း၏အကိုဖြစ်သူအေမာမ်ဟာစန်အက်စ်ကရီနှင့်အမြဲအတူရှိခဲ့ပြီး၊(18)ဘာကရ်ရှရီးဖ်ကုရ်ရှီ၏အဆိုအရ အေမာမ်ဟာစန်အက်စ်ကရီ(အ.စ)သည်၎င်းအားသွန်သင်ဆုံးမမှုများပြုခဲ့ပီး ၎င်း၏ပညာရေးပိုင်းကိုလည်း တာဝန်ယူလမ်းပြပေးခဲ့သည်။(19)ရှေးခ်အဘားစ်ကွမ်မီ၏ဆင့်ပြန်ချက်အရ အေမာမ်ဟာစန်အက်စ်ကရီ(အ.စ)သည် ဆယဒ်မိုဟမ္မဒ်ကွယ်လွန်ချိန်တွင် မိမိ၏ကော်လံကိုဆုတ်ဖြဲခဲ့ပြီး ထိုလုပ်ရပ်အားကန်ကွက်သူများအား ဟာဇရသ်မူဆာ၏ သူ၏အကို ဟာရူန်ကွယ်လွန်ချိန်၌ကော်လံကိုဆုတ်ဖြဲခဲ့မှုကို ကိုးကား၍အဖြေပေးခဲ့သည်။(20)

တတိယနှင့်စတုထ္ထရာစုနှစ်များတွင်ရှိသောရှီအာပညာရှင်များဖြစ်ကြသော ဆအဒ်ဘင် အဘ်ဒွလ္လာဟ် အရှ်အရီနှင့် ဟာစန်ဘင်မူဆာနောင်ဘခ်သီ တို့၏ အစီရင်ခံချက်များအရ တချို့သောရှီအာများမှာ အေမာမ်ဟာဒီ (အ.စ)ရှဟီးဒ်ဖြစ်ပီးနောက် ဆယဒ်မိုဟမ္မဒ်၏ ကွယ်လွန်မှုကို လက်မခံကြပဲ ဆယဒ်မိုဟမ္မဒ်အား အေမာမသ် ဆက်ခံသူအဖြစ်ယုံကြည်ခဲ့ကြပြီး ဆယဒ်မိုဟမ္မဒ်အား နောင်ပွင့်ပေါ်မည့်မဟ်ဒီအဖြစ် သတ်မှတ်ခဲ့ကြသည်။အဘယ်ကြောင့်ဆိုသော် အေမာမ်ဟာဒီ(အ.စ)သည် ၎င်းအား အေမာမသ်ဆက်ခံသူဟု ကြောငြာခဲ့ပြီး အေမာမသ်အရိုက်အရာကို လိမ်လည်၍ ဆက်နွယ်မှုပေးခြင်းသည်လည်း ဂျာရေးဇ် မဟုတ်။မှားယွင်းခြင်း(မှတ်ချက်1)လက္ခဏာများလည်းမရှိသောကြောင့် ၎င်းသည် အမှန်၌ မကွယ်လွန်သေးပဲ ၎င်း၏ ဖခင်မှ ၎င်းအား လူထု၏ရန်မှကာကွယ်ရန် ဖုံးကွယ်ထားသည်ဟု ယုံကြည်ကြသည်။(21)အေမာမ်ဟာဒီ(အ.စ)၏သက်ရှိထင်ရှားကာလတွင်ဆယဒ်မိုဟမ္မဒ်ကွယ်လွန်းသွားသော်လည်း ထိုသို့ပြောဆိုနေခြင်းဖြစ်သည်။(22)ဆယဒ်မိုဟမ္မဒ်ကွယ်လွန်သည့်နေ့တွင် လူထုမှအေမာမ်ဟာဒီ(အ.စ)အားလာရောက်ဝမ်းနည်းစကားပြောစဥ်အချိန်၌ပင် အေမာမ်ဟာစန်အက်စ်ကရီ(အ.စ)၏အေမာမသ်ဆက်ခံမှုနှင့်ပတ်သတ်၍ အေမာမ်ဟာဒီ(အ.စ)မှရည်ညွန်းပြောဆိုခဲ့သည်။(23)ရေဝါယသ် အရ ထိုအချိန်တွင် အာလေအဘီသွာလေဘ်,ဘနီဟာရှေမ်,ကိုရှိုင်းရှ်,နှင့်...များမှ ပျမ်းမျှလူဦးရေ ၁၅၀ ခန့် ရှိနေခဲ့သည်။(24)

ရှီအာဟဒီးစ်ပညာရှင်တစ်ဉီးဖြစ်သည့် မီးရ်ဇာဟူစိန်းနူရီ((၁၃၂၀ခုနှစ်ဟစ်ဂျရီ ကွယ်လွန်)၏အဆိုအရ ဆယဒ်မိုဟမ္မဒ်၏ အံ့သြဖွယ်ရာကိစ္စ(ကေရာမသ်)များသည် ရှီအာတွေအကြား၌ပဲမဟုတ်ပဲ အဟ်လေစွန်နသ်များအကြား၌ပင် ကြော်ကြားသည်။ ထို့အတွက်ကြောင့် အီရက်ရှိလူထုသည် ဆယဒ်မိုဟ္ဟမဒ် ၏နာမတော်ကိုယူ၍ တိုင်တည် ကျိန်ဆိုခြင်းများမလုပ်ကြပေ။အကယ်၍တစ်ဦးတစ်ယောက်ဟာ ပိုက်ဆံခိုးမှုနှင့်စွပ်စွဲခံရရင်တောင် ထိုပိုက်ဆံကိုတောင်ပြန်ပေးလေ့ရှိပီး ဆယဒ်မိုဟမ္မဒ်၏နာမတော်ကိုယူ၍ ကျိန်ဆိုခြင်းမပြုရဲကြပေ။(25) တချို့သောစာအုပ်များတွင် ဆယဒ်မိုဟမ္မဒ်၏ အသြဖွယ်ရာကိစ္စများ(ကေရာမသ်များ)ကိုရေးသေးလေ့ရှိပီး ထိုထဲမှတစ်ခုမှာ မိုဟမ္မဒ်အလီအွရ်ဒိုဘာဒီ(၁၃၁၂-၁၃၈၀ခုနှစ်ဟစ်ဂျရီ) ရေးသားထားသော ဟယားဝေါ်ကေရာမားသ် အဘူဂျာအ်ဖရ် မိုဟမ္မဒ် ဒေဘ်နေ အေမာမ် အလီ ဟာဒီ(အ.စ)စာအုပ်တွင် ဆယဒ်မိုဟမ္မဒ် ၏ အံ့သြဖွယ်ရာကိစ္စ(ကေရာမားသ်)နဲ့ပတ်သတ်ပြီး အကြောင်းအရာ (၆၀) ခုလောက်ထိုစာအုပ်တွင်ရေးသားထားသည်။(26)

ဆယဒ်မိုဟမ္မဒ်၏ဗိမာန်မှာ ဘလဒ်မြို့တွင်တည်ရှိပီး ကာဇွမ်မိုင်း ၏မြောက်ဘက် ၈၅ ကီလိုမီတာအကွာနှင့် ဆာမရာ၏တောင်ဘက် ၅၀ကီလိုမီတာအကွာတွင်တည်ရှိသည်။ရှီအာများသည် အီရက်ရှိဇေရာယသ်ပြုလုပ်ရန်နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ အများအားဖြင့် ဆာမရာသို့ အက်စ်ကရီယိုင်းဗိမာန်ကို ဇေရာရသ်ပြုလုပ်ရန် သွားရောက်သူများသည် ဆယဒ်အလီ၏ ဗိမာန်သို့သွားရောက်ဇေရာရသ်ပြုလေ့ရှိသည်။(27)

ဗိမာန်(ဟရမ်)

ဆယဒ်မိုဟမ္မဒ်၏ ပထမဆုံးဗိမာန်တည်ဆောက်ချိန်ကိုတိတိကျကျမသိရသော်လည်း ၁၃၇၉ မှ၁၃၈၄ ခုနှစ်တွင် ပြုပြင်မှုများပြုလုပ်ခဲ့ပီး၊ ၎င်းဗိမာန်အား ၄ရာစုနှစ်တွင် အာလေ ဘူရာမင်းဆက်များမှ အဇဒ်ဒူလာဒေလ်မီး၏ အမိန့်ဖြင့် ပထမဆုံးအကြိမ်ဆောက်လုပ်ခဲ့သည်။(28)ဒုတိယမြောက် ၎င်း၏ဗိမာန်ဆောက်လုပ်မှုမှာ ၁ဝရာစုနှစ်တွင် ဗဂ်ဒါးဒ်မြို့ကိုသိမ်းပိုက်ပီနောက် ရှားဟ်အေစ်မာအီးလ် စဖဝီ ၏ အမိန့်ဖြင့်ဆောက်လုပ်ပြီးစီးခဲ့သည်။(29) ဆယဒ်မိုဟမ္မဒ်၏ ဗိမာန် ပြန်လည်ဆောက်လုပ်ပြုပြင်မှုကို ၁၁၈၉ ခုနှစ် ဟစ်ဂျရီတွင် ဆောက်လုပ်ပြုပြင်ခဲ့ကြောင်း ဖော်ပြချက်များလည်းရှိပါသည်။(30)

ဆယဒ်မိုဟမ္မဒ်မဟ်ဒီ ဘဟ်ရွလ်အူလူးမ် ၏တပည့် တစ်ဦးဖြစ်သည့် ဇိုင်းနွလ်အာဗေဒီးန်း နေဘ်နေ မိုဟမ္မဒ် ဆလ်မာဆီး(၁၂၆၆ ခုနှစ် ဟစ်ဂျရီ)သည် အမီးရ်ဟူစိန်ခန်းဆရ်ဒါး ၏အမိန့်ဖြင့် ဆယဒ်မိုဟမ္မဒ်၏ဗိမာန်ကို အုတ်နှင့်အင်္ဂတေအဆောက်အအုံကို တည်ဆောက်ခဲ့ပီး၊ဇေယာရသ်လာရောက်လုပ်သူများအတွက်လည်းနားနေဆောင်တစ်ခုဆောက်လုပ်ခဲ့သည်။(31)၁၂၄၄ခုနှစ်ဟစ်ဂျရီတွင် မွလ္လာမိုဟမဒ္ဒ ဆွာလေဟ် ဂဇ်ဝီနီ ဟာအေရီ သည် ယခင်အဆောက်အဥိးများကို ဖြိုချခဲ့ပီး အသစ်တဖန်ပြန်လည်ဆောက်လုပ်ခဲ့ရာ ၎င်းဆောက်လုပ်မှုသည် ၁၂၅၀ ခုနှစ်ဟစ်ဂျရီတွင်ပြီးဆုံးခဲ့သည်။(32)ထို့အတူ မရ်ဂျာအ်အေသက္ကလီးဒ်များထဲမှ မီးရ်ဇာ ရှိရာဇီ(၁၂၃၀-၁၃၁၂ခုနှစ် ဟစ်ဂျရီ)သည် ဆာမရာတွင် အခြေချက်နေထိုင်ပီးနောက် နှင့် မီးရ်ဇာမိုဟ္ဟမဒ် သဟ်ရာန်နီ အက်စ်ကရီ (၁၂၈၁-၁၃၇၁)တို့သည် ဆယဒ်မိုဟမ္မဒ်၏ဗိမာန်ကို မွမ်းမံမှုများပြုလုပ်ခဲ့ပီး အခန်းအသစ်များထပ်တိုးဆောက်လုပ်ခဲ့သည်။(33)အာဂါဘိုဇွရ်က်သဟ်ရာန်နီ၏အဆိုအရ မီးရ်ဇာဟိုစိန်းနူရီ(၁၂၅၄-၁၃၂၀ခုနှစ် ဟစ်ဂျရီ)သည် ၁၃၁၇ ခုနှစ်ဟစ်ဂျရီ၌ ဗိမာန်အားပြုပြင်မှုများပြုလုပ်ခဲ့သည်။(34) ရှီအာမရ်ဂျအ်သက္ကလီးဒ် အာဂါ ဟိုစိန်း ကွမ်မီ ၏သား ဆယဒ်မိုဟမ္မဒ်တပါတပါအီးသည် ဖခင်၏ မရ်ဂျအ်အီယသ် ကာလအတွင်း ဆယဒ်မိုဟမ္မဒ်၏ဗိမာန်ကိုပြုပြင်ရန်ကောက်ခံထားသောရန်ပုံငွေများဖြင့် ၁၃၇၉_၁၃၈၄ ခုနှစ်တွင် ဗိမာန်အားအသစ်တဖန်ဆောက်လုပ်ခဲ့ပြီး ထိုဆောက်လုပ်မှုတွင် ပျမ်းမျှ ၁၅၀ စတုရန်းရင်ပြင်,ဗိမာန်၏အမိုးခုံး, မင်နာတိုင်နှင့် ဇရီးဟ် ကိုလည်းထပ်တိုးပြုပြင်မွမ်းမံခဲ့သည်။(35)သာသနာရေးရာအဆောက်အအုံပြုပြင်မွမ်းမံသောဌာနမှ အီရန်သက္ကရဇ် ၁၃၉၂ တွင်စတင်ပြုပြင်မွမ်းမံမှုပြုခဲ့သော်လည်း (36)အီရန်သက္ကရဇ် ၁၃၉၅ခုနှစ် သီးရ် (အီရန်လ)လ ၁၇ရက်နေ့တွင် အစွန်းရောက်စစ်သွေးကြွများ၏ အကြမ်းဖတ်မှုကြောင့် ဆယဒ်မိုဟမ္မဒ်၏ဗိမာန်၌ပျက်စီးမှုအချို့ရှိခဲ့သည်။(37)သို့သော်လည်း သာသနာရေးရာအဆာက်အအုံပြုပြင်မွမ်းမံသောဌာနမှ ဆယဒ်မိုဟမ္မဒ်၏ဗိမာန်ကို အီရန်သက္ကရဇ် ၁၃၉၈ခုနှစ် ဘဟားရ်(အီရန်လ)အထိပြုပြင်မွမ်းမံပြီးစီခဲ့သည်။(38)

အကြောင်းအရာတရပ်

ဆယဒ်မိုဟမ္မဒ်၏ အကြောင်းအရာများစွာကိုရေးသားထားခဲ့ပြီး(39)၎င်းတို့ထဲမှ အချို့မှာ...

အာရဗီဘာသာဖြင့် မိုဟမ္မဒ် အလီ အွရ်ဒိုဘာဒီ(အွရ်ဒိုဘာဒီ ၁၃၁၂-၁၃၈၀ ခုနှစ် ဟစ်ဂျရီ)မှရေးသားထားသော ဟယားသ်ဝေါ်ကေရာမားသ် အဘူဂျာအ်ဖရ်မိုဟမ္မဒ်ဒေဘ်နေအေမာမ်အလီဟာဒီ(အ.စ)ကို အလီအက်ဘရ်မဟ်ဒီပူးရ်မှ စေသားရဲဟ်ဒိုဂျိုင်းရ် အမည်ဖြင့် ဖာရစီဘာသာသို့ ပြန်ဆိုခဲ့သည်။ထိုစာအုပ်သည် အပိုင်းနှစ်ပိုင်းပါပီး ပထမအပိုင်းတွင် ဆယဒ်အလီဘဝအကြောင်းနှင့်၎င်းင်း၏ဗိမာန်အကြောင်းကို ရေးသားထားပြီး (40)ဒုတိယအပိုင်းတွင် ၎င်း၏အံသြဖွယ်ရာကိစ္စရပ်များ (ကေရာမသ်များ)အကြောင်းကိုရေးသားထားသည်။(41)၎င်းစာအုပ်၏ပထမအပိုင်းတွင် အွရ်ဒိုဘာဒီးသည် ဟစန်ဘင်မူဆာနောင်ဘခ်သီ၏အဆိုအရ ဆယဒ်မိုဟမ္မဒ်နှင့်သတ်ဆိုင်သော ဂိုဏ်း အကြောင်းရေးသားထားပြီး၊ဆာမရာ၌ဆယဒ်မိုဟမ္မဒ်၏ကွယ်လွန်ခြင်းအကြောင်းကို ရေးသားထားသည်။(42)ဆယဒ်မိုဟမ္မဒ်၏ဘလဒ်မြို့၌ထင်ပေါ်ကြော်ကြားခြင်းအကြောင်းကို တောက်လွင်နေသောနေ၏သဏ္ဍန်ဖြင့် ခိုင်းနှိုင်းပြောဆိုထားသည်။(43)

ရှီအာ ကျမ်းပြုစုသူ အာဂါ ဘိုဇွရ်က် သဟ်ရာန်နီ(၁၃၈၉ ခုနှစ်ဟစ်ဂျရီ ကွယ်လွန်)သည် ဂျာဘေရ် အာလေဂဖ်ဖားရ် ကရှ်မီရီ(၁၃၂၀ ခုနှစ် ဟစ်ဂျရီ)မှ ဆယဒ်မိုဟမ္မဒ် ဘင်အလီဟာဒီ၏အံသြဖွယ်ရာကိစ္စရပ်များ(ကေရာမသ်)အကြောင်းရေးသားထားသောစာစောင်ကို မီးရ်ဇာဟိုစိန်းနူရီ၏တောင်းဆိုမှုကြောင့်ရေးသားခဲ့သည်။(44)

ဆယဒ် ကာစမ် ဘလ်ဒဝီရေးသားထားသော ဖဇာအေလွလ်ဖာခေရာ စာအုပ် မှ ၎င်း၏အံ့သြဖွယ်ရာကိစ္စရပ်များ(ကေရာမားသ်)အကြောင်းအားကောက်နှုတ်ပီး ဟာရှမ် မိုဟာမ္မဒ်အလီ ဘလ်ဒဝီသည် ရေဆာလသွလ် ကေရာမားသွလ်ဆယဒ် မိုဟမ္မဒ်ဒေဘ်နေအေမာမ်အလီဟာဒီ စာစောင်ကိုရေးသားပြုစုခဲ့သည်။(45)