မိုသွာ‌ဟေရာသ်

wikishia မှ

သန့်စင်အောင်ပြုပေးသည် ဆိုသည်မှာ ဖိက္ကဟ် အသုံးအနှုန်း တစ်ခုဖြစ်ပြီး အညစ်အကြေး များကိုသန့်စင်အောင် ပြုပေးသည့် အရာများ အကြောင်းကို ပြောဆိုထားခြင်းဖြစ်သည် သန့်စင်အောင် ပြုပေးသည့် အရာများသည် အမျိုးအစား အမျိုးမျိုးရှိပြီး ဖိက္ကဟ်စာအုပ် များတွင် ၎င်းတို့တစ်ခုစီချင်းစီတိုင်အား ပညတ်ချက် ကိုယ်စီဖြင့် ဖော်ပြထားပြီး အညစ်အကြေးများကို သန့်စင် ပေးပေသည်။ အချို့သော သန့်စင်အောင်ပြုပေးသည့် အရာများမှာ ၊ ရေ ၊ မြေ ၊ နေရောင် ၊ ဂုဏ်ဒြပ်ပြောင်းလဲသွားခြင်း ၊ ပြောင်းလဲခြင်း ၊ ကူးပြောင်းသွားခြင်း ၊အစ္စလာမ် သာသနာအား လက်ခံခြင်း ၊ ဆက်နွယ်ပတ်သက်ခြင်း ၊ နှင့် နဂျီစ် အစိုင်အခဲ ပျောက်ကွယ်သွားခြင်း တို့ ဖြစ်သည်။

သန့်စင်အောင်ပြုပေးသည့် အရာများကို ဖိက္ကဟ် နည်းအရ အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း

သန့်စင်အောင်ပြုပေးသည့် အရာများ ဆိုသည်မှာ ၊ နဂျီစ် ဖြစ်သွားသည့် အရာများအား သန့်စင်ပေးနိုင်သည့် အရာများဖြစ်သည်။ (1) သန့်စင်အောင်ပြုပေးသည့် အရာများသည် အမျိုးအစား အမျိုးမျိုးရှိပြီး ဖကီးဟ် ပညာရှင်များသည် ‌၎င်းတို့၏ အရေအတွက်ကို အခု ၂၀ ရှိသည်ဟု ပြောထားကြသည်။ (2)

သန့်စင်အောင်ပြုပေးသည့် အရာများ၏ အမျိုးအစားများ

သောင်ဇီးဟုလ်မစာအိလ် စာအုပ်၌ သန့်စင်အောင်ပြုပေးသည့် အရာများကို ဤသို့ ဖော်ပြထားသည်။ ရေ ၊ မြေကြီး ၊ နေရောင် ၊ ဂုဏ်ဒြပ်ပြောင်းလဲသွားခြင်း ၊ ပြောင်းလဲသွားခြင်း ၊ ကူးပြောင်းသွားခြင်း ၊ ဆက်နွယ်ပတ်သက်ခြင်း ၊ အစိုင်အခဲ ပျောက်ကွယ်သွားခြင်း ၊ အစ္စလာမ် သာသနာအား လက်ခံခြင်း ၊ မွစ်လင်မ် ပျောက်ကွယ်သွားခြင်း၊ စပျစ်ရည်၏ သုံးပုံနှစ်ပုံ လျော့နည်းသွားခြင်း ၊ ဇီဘ်ဟ် လုပ်ထားသော တိရစ္ဆာန်မှ ပုံမှန်အနေအထားထိ ထွက်လာသော သွေး ၊ နဂျီစ် စားထားသော တိရစ္ဆာန်အား ထိန်းသိမ်းခြင်း (3) တို့ဖြစ်သည်။

သန့်စင်အောင်ပြုပေးသည့် အရာများ၏ ဥပဒေသများ

သန့်စင်အောင်ပြုပေးသည့် အရာ တစ်ခုချင်းစီတိုင်း၌ ဥပဒေများရှိပြီး ၎င်းတို့သည် ထိုပညတ်ချက်များဖြင့် နဂျီစ် ဖြစ်သွားသော အရာများကို သန့်စင်အောင် ပြုလုပ်ပေးသည်။ အောက်ပါ၌ သန့်စင်အောင်ပြုပေးသည့် အရာများ၏ ဥပဒေသများကို ဖော်ပြထားပေသည်။

ရေ

ရေသည် နဂျီစ် ဖြစ်သွားသည့် မည်သည့်အရာဝတ္ထုကိုမဆို သန့်စင်သွားအောင် ပြုနိုင်သည်။ (4) သို့သော် ထိုရေကိုယ်တိုင် သန့်စင်နေရပြီး အခြားအရာများနှင့် ရောနှောထားခြင်း မရှိရပေ။ ဆေးကြောပြီးနောက် နဂျီစ် ဖြစ်သွားသောအရာသည် သန့်စင်သွားရပေမည်။ ထို့ကြောင့် ရေသည် ရောနှောထားသည့်ရေ မဖြစ်ရပေ။ (5) ရေသည် ကွရ် ၊ ကလီးလ် ၊ ဂျာရီး ဟူ၍ အမျိုးအစား အမျိုးမျိုး ရှိပြီး ၎င်းတို့ တစ်ခုချင်းစီတိုင်းသည်လည်း ဥပဒေသများ ကိုယ်စီရှိကြပေသည်။ (6)

မြေကြီး

သန့်စင်၍ ခြောက်သွေ့နေသော မြေကြီးဖြင့် နဂျီစ် ဖြစ်နေသော ဖိနပ်အောက် နှင့် ခြေဖဝါးတို့ကို သန့်စင်စေသည်။ ထိုသို့ပြုလုပ်ရာ၌ နဂျီစ်ဖြစ်သွားသည့် အရာဝတ္ထုသည် လမ်းလျှောက်ခြင်း ၊ မြေကြီးဖြင့် ပွတ်သပ်ခြင်းဖြင့် ထိုနဂျီစ်များ သန့်စင်သွားရပေမည်။ (7)

နေရောင်

နေရောင်သည် မြေကြီးနှင့် အဆောက်အဦးကို သန့်စင်စေပြီး အဆောက်အဦးတွင် အသုံးပြုသည့် တံခါးများ နှင့် ပြတင်းပေါက်များကဲ့သို့ အရာများကို အခြေအနေဘခြောက်မျိုးဖြင့် သန့်စင်ပေးသည်။ (8)

ဂုဏ်ဒြပ်ပြောင်းလဲသွားခြင်း နှင့် ပြောင်းလဲခြင်း

နဂျီစ် ဖြစ်နေသည့် အရာဝတ္ထုတို့သည် အခြားဒြပ် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပါက ထိုပြောင်းလဲသွားသော ဒြပ်သည် သန့်စင်သွားပေသည်။ ဥပမာ သစ်သား မှ ပြာ သို့မဟုတ် မီးခိုး အဖြစ်သို့ ပြောင်းလဲသွားခြင်း။ (9) ကူးပြောင်းသွားခြင်း သည်လည်း ဖိက္ကဟ် ဓမ္မသတ်၌ အရက်မှ ရှလကာ သို့ ပြောင်းလဲခြင်း ကို ခေါ်ဆိုသည်။ (10) အချို့သော် ဖိက္ကဟ် ပညာရှင်များသည် ၊ ပြောင်းလဲခြင်း ကို ဂုဏ်ဒြပ်ပြောင်းလဲသွားခြင်း အမျိုးအစားမှ ဖြစ်သည်ဟု လက်ခံထားကြသည်။ (11)

စပျစ်ရည်၏ သုံးပုံနှစ်ပုံ လျော့နည်းသွားခြင်း

ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ စပျစ်ရည်သည် စူပွတ်လာလျှင် နဂျီစ် ဖြစ်သည်။ ၎င်းအား သောက်သုံးခြင်းကို ဟရာမ် ဖြစ်သည်ဟု လက်ခံထားပြီး ၎င်းတို့အနက်မှ အချို့သည် ထိုအရည်ကို နဂျီစ် ဖြစ်သည်ဟု ပြောထားသည်။ (12) မည်သို့ပင်ဖြစ်စေ ၊ စပျစ်ရည်ကို ကျိုချက်၍ သုံးပုံနှစ်ပုံ ခမ်း‌ေခြာက်သွားပါက ၊ကျန်ခဲ့သည့် အရည်တို့သည် သန့်စင်ပြီး သောက်ပိုင်ခွင့် ရှိသည်။ သို့သော် မူးယစ်စေသည့်အရာ မဖြစ်ရပေ။ (13)

ကူးပြောင်းသွားခြင်း

ကူးပြောင်းသွားခြင်း ဆိုသည်မှာ ၊ လူ၏သွေး သို့မဟုတ် သွေးပန်းထွက်သည့် သတ္တဝါတစ်ကောင်၏ သွေးသည် သွေးပန်းမထွက်သည့် သတ္တဝါအကောင် အတွင်းသို့ ကူးပြောင်းသွားပါလျှင် သတ္တဝါမှ ထွက်လာသော သွေးသည် သန့်စင်‌ပေသည်။ ဥပမာ လူ့သွေးသည် ခြင်တစ်ကောင် အတွင်းသို့ ကူးပြောင်းသွားပါလျှင် ထိုခြင်မှ ထွက်လာသည့် သွေးသည် သန့်စင်ပေသည်။ (14)

အစ္စလာမ်

ကာဖဲရ်သည် အစ္စလာမ်ကို လက်ခံလိုက်ခြင်းဖြင့် သန့်စင်သွားသည်။ (15)

ဆက်နွယ်ပတ်သက်ခြင်း

ဆက်နွယ်ပတ်သက်ခြင်း ဆိုသည်မှာ အရာတစ်ခု သန့်စင်သွားခြင်းကြောင့် ထိုအရာနှင့် ပတ်သက်ဆက်နွယ်နေသည့် အရာသည်လည်း သန့်စင်သွားသည်။ ဥပမာ မွစ်လင်မ် ဖြစ်သွားသည့် ကာဖဲရ် တစ်ဦး၏ သားသမီးများသည် ၎င်းဖခင်နှင့် ပတ်သက်ဆက်နွယ်နေသည့် အတွက် သန့်စင်ပေသည်။ ထို့အတူ အကယ်၍ အရက် မှ ရှလကာရည် သို့ ပြောင်းသွားပါက ၊ ထိုအရက်ထည့်ထားသည့် ခွပ်သည်လည်း သန့်စင်သွားပေသည်။ သီးသန့် သန့်စင်ရန် မလိုပေ။ (16)

နဂျီစ် အစိုင်အခဲ ပျောက်ကွယ်သွားခြင်း

နဂျီစ် အစိုင်အခဲ ပျောက်ကွယ်သွားခြင်း ဆိုသည်မှာ ၊ အရာဝတ္ထု မှ နဂျီစ် အား ဖယ်ရှားခြင်း ဖြစ်သည်။ နဂျီစ် အစိုင်အခဲ ပျောက်ကွယ်သွားခြင်းသည် ၊ အချို့ အကြောင်းအရာများ၌ သန့်စင်အောင် ပြုပေးနိုင်သည့်အရာ ဖြစ်သည်။ ဥပမာ အကယ်၍ တိရစ္ဆာန်၏ အပြင်ပိုင်း ခန္ဓာသည် နဂျီစ် ဖြစ်သွားပြီး ထိုနဂျီစ်အား ပျောက်ကွယ်သွားအောင် ဖယ်ရှားလိုက်ပါက သန့်စင်သွားသည်။ လူ့ နှာခေါင်း နှင့် ပါးစပ် အတွင်းပိုင်းသည်လည်း ထိုသို့ပင် ဖြစ်သည်။ အကယ်၍ ထိုနှာခေါင်း နှင့် ပါးစပ် အတွင်းပိုင်း နဂျီစ် ဖြစ်သွားပါက ထိုနဂျီစ်အား ပျောက်ကွယ်သွားအောင် ဖယ်ရှားလိုက်ပါက သန့်စင်သွားသည်။ ရေဖြင့်သန့်စင်ရန် မလိုအပ်ပေ။ (17)

နဂျီစ် စားထားသည့် တိရစ္ဆာန်အား ထိန်းသိမ်းခြင်း

လူ့နဂျီစ် စားထားသည့် ဟလာလ် တိရစ္ဆာန်သားကောင်း၏ ဆီး နှင့် ဝမ်းသည် နဂျီစ် ဖြစ်သည်။ ၎င်းအား သန့်စင်စေလိုပါက ထိန်းသိမ်းခြင်းထားရမည်။ ဆိုလိုသည်မှာ ရက်အနည်းငယ် နဂျီစ် မစားရန် ထိန်းသိမ်းထားရမည်။ ထိုသို့ ထိန်းသိမ်းသည့် ကာလသည် တိရစ္ဆာန်များ၌ ကွဲပြားမှု ရှိသည်။ (18)

မွစ်လင်မ် ပျောက်ကွယ်သွားခြင်း

မွစ်လင်မ်၏ ကိုယ်ခန္ဓာ သို့မဟုတ် အဝတ်အစားသည် နဂျီစ် ဖြစ်သွားပါက သို့မဟုတ် ၎င်း၌ ရှိသည့်အရာတစ်ခု နဂျီစ် ဖြစ်သွားပါက ထို‌ ဖော်ပြခဲ့သည့်အရာများကို ရက်အနည်းငယ်ကြာသည့် အထိ မတွေ့ မမြင်ရလျင် ၊ အကယ်၍ ထိုကွယ်ပျောက်သွားသည့် ကာလ၌ သန့်စင်သွားသည်ဟု ထင်ကြေးပေးနိုင်ပါက ထိုအရာများသည် သန့်စင်သွားသည်။ (19)

ဇီဘ်ဟ် လည်လှီးထားသော တိရစ္ဆာန်မှ ပုံမှတ်အနေအထားထိ သွေးထွက်ခြင်း

ဟလာလ် စားပိုင်ခွင့် ရှိသော သားကောင်ကို တရားတော်အရ ဇီဘ်ဟ် လည်လှီးပြီးသည့်အခါ ပုံမှတ်အနေအထားထိ သွေးထွက်လာပြီး နောက်ပိုင်း ထိုသားကောင်၏ ကိုယ်ခန္ဓာ၌ ကျန်ရှိသော သွေးများသည် သန့်စင်ပေသည်။ (20)