မိုဆက်ဗ်ဘေဟာသ်

wikishia မှ

မိုဆက်ဗ်ဘေဟာသ် (အရဘီ : المُسَبِّحات ) ဆိုသည်မှာ အလ္လာဟ် ဟို အရှင်မြတ် အား ချီးမွမ်းထောမနာခြင်း ဖြင့် အစပြုထားသည့် ကျမ်းတော်မြတ်ကုရ်အာန် ၏ စူရဟ်များ ဖြစ်ပါသည်။စူရဟ် ခုနှစ် ပိုဒ် ဖြစ်သည့် စူရဟ် အစ်ရောအ် ၊ စူရဟ် ဟဒီးဒ် ၊ စူရဟ် ဟရှ်ရ် ၊ စူရဟ် ဆွဖ် ၊စူရဟ် ဂျူမ်အဟ် ၊ စူရဟ် သဂါဗွန် ၊ နှင့် စူရဟ် အအ်လာ တို့ ဖြစ်ကြပါသည်။စဗ်ဟ် ဆိုသည့် စကားလုံး သို့မဟုတ် ၎င်စကားလုံး ခွဲမှဆင်းသက်လာသည့် စကားလုံး ဖြင့် အစပြုထားပါသည်။ သို့သော် ဤစူရဟ်များ အားလုံးသည် မိုဆက်ဗ်ဘေဟာသ် တွင်ပါဝင် ခြင်း မပါဝင် ခြင်း နှင့် ပတ်သက်၍ သဘောထား အကွဲအလွဲများလာရှိပါသည်။

အူစူလေဒီးန် (သာသနာ၏ အခြေခံ အုတ်မြစ်များ) နှင့်ပတ်သက်ပြီး ဘုံ အကြောင်းအရာများ အဖြစ် ဤစူရဟ် များ တွင် လာရှိပါသည်။စူရဟ် အစ်ရောအ် မိုဆက်ဗ်ဘေဟာသ် ၏ ဗဟိုဟု ခေါ်ဆိုကြပြီး ဤစူရဟ်များ ကျရောက်ချိန် တွင် အစ္စလာမ်၏ တမန်တော်မြတ် (ဆွ) ၏ တမန်တော်မြတ် တာဝန်ကို အတိအလင်း ထမ်းဆောင်နေသည့် ကာလတစ်ခုလုံး ဖြစ်ပြီးကိုယ်တော် မြတ်(ဆွ) သည် မက္ကဟ်မြို့ နှင့် မဒီနာ နှစ်မြို့စလုံးတွင် ရှိတော်မူခဲ့ပါသည်။

ရီဝါယသ်တော် တစ်ခု ၏ အဆိုအရ တမန်တော်မြတ်(ဆွ)သည် အိပ်ရာမဝင်မီ ညတိုင်းတွင် မိုဆက်ဗ်ဘေဟာသ် စူရဟ်များကို သေလာဝသ် ပြုလေ့ ရှိပါသည်။ပြီးနောက် မိန့်တော်မူသည်မှာ « မိုဆက်ဗ်ဘေဟာသ် ၏ အာယသ်တော် တစ်ပါးသည် အာယသ်တော် ပေါင်း တစ်ထောက်ထက်သာလွန် ပေသည်။  »

အမည်ပေးခြင်း

မိုဆက်ဗ်ဘေဟာသ် (المُسَبِّحات) ဆိုသည်မှာ အလ္လာဟ် ဟို အရှင်မြတ် အား သက်စ်ဘီးဟ် ( ချီးမွမ်း ထောမနာခြင်း) ဖြင့် အစပြုထားသည့် ကျမ်းတော်မြတ်ကုရ်အာန် ၏ စူရဟ်များ ဖြစ်ပါသည်။ [1] သက်စ်ဘီးဟ် ၏ အဓိပ္ပာယ်မှာ ချီးမွမ်း ထောမန ခြင်း [2] သက်စ်ဘီးဟ် ဟေအလ္လာဟ် ဆိုသည့် အဓိပ္ပာယ် မှာ အလ္လာဟ် ဟိုအရှင်မြတ်သည် အပြစ်အနာအဆာမှန်သမျှမှ ကင်းရှင်း သန့်စင်တော်မူသည့် အရှင်ဖြစ်ကြောင်း ဖြစ်ပါသည်။ [3]

မိုဆက်ဗ်ဘေဟာသ် အား သေလာဝဝသ် ပြုခြင်း ၏ အကျိုးဆဝါးဗ်

အေမာမ် ဘာကဲရ် (အ.စ)

   منْ قَرَأَ الْمُسَبِّحَاتِ کلَّهَا قَبْلَ أَنْ ینَامَ لَمْ یمُتْ حَتَّی یدْرِک الْقَائِمَ وَ إِنْ مَاتَ کانَ فِی جِوَارِ مُحَمَّدٍ النَّبِی(ص).

( အဓိပ္ပာယ် - အကြင်မည်သူ မဆို အိပ်ယာမဝင်မည် အရင် မိုဆက်ဗ်ဘေဟာသ် အား သေလာဝသ် ပြုမည်ဆိုလျှင် အေမာမ် ကာအေမ် (အ.ဂျ) (ခ) အေမာမ် ဇမာန်း (အ.ဂျ) အား ကို မှီ မည်ဖြစ်ပါသည်။ အကယ်၍ သေဆုံးသွားမည်ဆို လျှင်လည်း ရစူလ်လွလ္လာဟ် (ဆွ) ၏ ဘေးတွင် နေရာ ရမည် ဖြစ်ပါသည်၊ )

ကိုလိုင်းနီ ၊ အလ်ကာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၆၂၀

ဆိုလိုသည့် ဥပမာများ

ဟဒီးစ် တော် များတွင်၊ မိုဆက်ဗ်ဘေဟာသ် စူရဟ်များ၏ အမည်များကို ဖော်ပြထားခြင်းမရှိပါ။ ထို့ကြောင့်၊ ၎င်းတို့၏ အရည်အတွက် နှင့် ပတ်သက်၍ ကွဲပြားသော အမြင်များ ရှိပါ သည်။

(၁) စူရဟ် ငါးပိုဒ် - စူရဟ် ဟဒီးဒ် ၊ စူရဟ် ဆွဖ် ၊စူရဟ် ဂျူမ်အဟ် ၊ စူရဟ် သဂါဗွန် တို့သည် سَبَّحَ သို့မဟုတ် یسَبِّحُ ဖြင့် အစပြုထားပါသည်။ [4]

(၂) စူရဟ် ခြောက်ပိုဒ် - စူရဟ် ဟဒီးဒ် ၊ စူရဟ် ဆွဖ် ၊စူရဟ် ဂျူမ်အဟ် ၊ စူရဟ် သဂါဗွန် စူရဟ် အအ်လာ တို့ ဖြစ်ကြပါသည်။[5] အဘယ်ကြောင့်ဆိုသော် ဤစူရဟ်များတွင် ဗစ်မေလ္လာဟ် ပြီးနောက် ကြိယာ စကားလုံးများ မှ တစ်ခု ဖြစ်သည့် سَبَّحَ، یسَبِّحُ و سبِّح‏ လာရှိပါသည်။ ဆယက်ဒ် အလီ ဃာဇီသွဗါသွယီ မှ မိမိ ၏တပည့်များအား ဤစူရဟ်ခြောက်ခုကို ညတိုင်း မိုဆက်ဗ်ဘေဟာသ် အဖြစ် သေလာဝသ် ပြုရန် အမိန့်ပေးခဲ့ပါ သည်။ [6]

(၃) စူရဟ် ခုနှစ် ပိုဒ် - စူရဟ် ဟဒီးဒ် ၊ စူရဟ် ဆွဖ် ၊စူရဟ် ဂျူမ်အဟ် ၊ စူရဟ် သဂါဗွန် စူရဟ် အအ်လာ တို့ ဖြစ်ကြပါသည်။ [7] ဤစူရဟ်များသည် အမြစ် (စင်းန် ၊ဗေ ၊ဟေ ) ၏ ဆင်းသက်လာမှုတစ်ခုနှင့် စတင်ပါ သည်။ [8]

(၄) စူရဟ် ကိုးပိုဒ် - အူလူမေ ကုရ်အာန် ၏ သူတေသီ ပညာရှင် ကြီး တစ်ဦး ဖြစ်သည့် အာယာသွလ္လာဟ် မိုဟမ္မဒ် ဟာဒီ မအ်ရေဖသ် ( အီရန်သက္ကရာဇ် ၁၃၀၉ ခုနှစ် မှ ၁၃၈၅ ခုနှစ် ထိ) သည် تبارک နှင့် အစ ပြုသည့ စူရဟ် ဖိုရ်ကာန် နှင့် စူရဟ် မိုလ်က် ကိုလည်းပဲ စူရဟ် ခုနှစ် ပိုဒ် နှင့် အတူ ထည့် သွင်း ထားပါသည်။ [9]

အကျိုးကျေးဇူးတော်များ

မိုဆက်ဗ်ဘေဟာသ် စူရဟ်များတွင် တူညီသောဝိသေသလက္ခဏာများ နှင့် အကြောင်းအရာများ ရှိပါသည်။ ၎င်းတို့မှာ

  • ဘာသာတရား၏ အခြေခံ အုတ်မြစ် များကိုနားလည်ခြင်း - မိုဆက်ဗ်ဘေဟာသ် စူရဟ်များ၏ အဓိကအကြောင်းအရာများမှာ သောင်းဟီးဒ် ၊ နဗူဝသ် ၊မအာဒ် (ကေယာမသ် ) ၊ အဲဒ်လ် နှင့် အေမာမ်မသ် တို့ ဖြစ်ပါသည်။ [10]
  • အစ်ရာအ် ၏ အဓိကကျသော အခန်းကဏ္ဍ - အချို့သော ပညာရှင် များသည် မိုဆက်ဗ်ဘေဟာသ် စူရဟ်များ၏ ခေါင်းစဉ်များ နှင့် အညီ ၎င်းတို့ကြားတွင် အထူးဆက်နွယ်မှုရှိကြောင်း နှင့် အစ်ရာအ် သည် အခြားစူရဟ်များ၏ အာရုံစိုက်မှုဖြစ်သည်ဟု လက်ခံ ယုံကြည်ကြသည်။ ဤအမြင်အရ မိုဆက်ဗ်ဘေဟာသ် စူရဟ်များ ၏ နိဒါန်း သည် စူရဟ် အစ်ရာအ် ဖြစ်ပြီး ကျန် စူရဟ် ငါး ပိုဒ်များ စာ ကိုယ်များ နှင့် စူရဟ် အအ်လာ သည် နိဂုံး (ရလာဒ် ) ဖြစ်ပါသည်။ [11]
  • အချိန်ကာလ - ဤစူရဟ်များသည်ယေဘူယျ အားဖြင့် တမန်တော်မြတ် (ဆွ) ၏ တမန်တော်တာဝန် ကို လူသိရှင်ကြား ထမ်းဆောင်သည့် ကာလတစ်ခုလုံးနီးပါးကို လွမ်းခြုံထားပါသည်။ မက္ကဟ် မြို့ တော် တွင် စူရဟ် အအ်လာ သည် ခုနှစ် ပိုဒ် မြောက် စူရဟ် နှင့် စူရဟ် အစ်ရာအ် သည် အပိုဒ် ငါးဆယ် မြောက် အဖြစ် ကျခဲ့ ခြင်း ဖြစ်ပါသည်။ မဒီနာ မြို့တော် တွင် စူရဟ် ဟဒီးဒ် ၊ စူရဟ် ဆွဖ် ၊စူရဟ် ဂျူမ်အဟ် ၊ စူရဟ် သဂါဗွန် တို့ ကျရောက် ခဲ့ပါတယ်။ ကျရောက်သည့် စူရဟ် အမှတ်စဥ် အရ ကိုယ်ဆယ့်လေး ပိုဒ် မြောက် စူရဟ် မှ တစ်ရာတစ်ဆယ့် မြောက် စူရဟ် အထိ ဖြစ်ပါသည်။ [12]

ကြီးကျယ် မြင့်မြတ်မှု

  • အာယသ်တော်ပေါင်း တစ်ထောင်ထက် သာလွန်သည် - ရီဝါယသ်တော် တစ်ခု အရ တမန်တော်မြတ် (ဆွ) သည် အိပ်ရာမဝင်မီ ညတိုင်း မိုဆက်ဗ်ဘေဟာသ် စူရဟ်များကို သေလာဝသ် ပြုလေ့ ရှိပါသည်။ ပြီးနောက် မိန့်တော် မူသည်မှာ «  မိုဆက်ဗ်ဘေဟာသ် အာယသ်တော် တစ်ပါးသည် အာယသ်တော် တစ်ထောင် ထက် သာလွန် ၏ ။ » [13]
  • ခေတ်ကာလ အေမာမ် ဇမာန်း (အ.ဂျ) ကိုနားလည်းခြင်း - အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ဆင့်ပြန် လာသည့် ရီဝါယသ်တော်တစ်ခု တွင် လာရှိပါသည်။ «  အကြင်မည်သူ မဆို အိပ်ယာမဝင်မည် အရင် မိုဆက်ဗ်ဘေဟာသ် အား သေလာဝသ် ပြုမည်ဆိုလျှင် အေမာမ် ကာအေမ် (အ.ဂျ) (ခ) အေမာမ် ဇမာန်း (အ.ဂျ) အား ကို မှီ မည်ဖြစ်ပါသည်။ အကယ်၍ သေဆုံးသွားမည်ဆို လျှင်လည်း ရစူလ်လွလ္လာဟ် (ဆွ) ၏ ဘေးတွင် နေရာ ရမည် ဖြစ်ပါသည်။  » [14]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ