မိုကိဘ်(မဏ္ဍပ်)

wikishia မှ

မိုကိဘ်ဆိုသည်မှာ ရှီအာတို့၏ဘာသာရေးဆိုင်ရာအထိမ်းအမှတ် အခမ်းအနားနေရာများ၌ ဘုရားဖူးများနှင့် လူအများကြားတွင် အစားအသောက်၊လက်ဖက်ရည် နှင့် အအေးများကို အခမဲ့ဝေငှ ဝန်ဆောင်မှု့ပေးသော မှတ်တိုင်တစ်ခုဖြစ်သည်။ အရ်ဘအီန်းခြေကျင်လမ်းလျှောက်သော လျှောက်လမ်းတစ်ခုလုံး၌ စတည်းချနေထိုင် ရန်၊ ကျန်းမာရေးဝန်ဆောင်မှု့ပေးရန်ဆေးပေးခန်း၊ ခန္ဓာကိုယ်နှင့်ခြေထောက်များအားနှိပ်နယ်ပေးခြင်း၊ ပစ္စည်းပစ္စယာများကိုပြုပြင်ဝန်ဆောင်မှု့ပေးသော များ စသဖြင့်တို့ကိုလည်း ဆောက်လုပ်ထားကြသည်။ ဤအသုံးကို အီရတ်ရှီအာတို့၏ ယဥ်ကျေးမှု့၌ ကျယ်ပြန့်စွာသုံးစွဲကြသည်။ နေခုနှစ်သက္ကရာဇ် ၉၀ ခုနှစ်၌မူ အီရာန်နိုင်ငံသို့ ရောက်ရှိလာသည်။ ၎င်းမတိုင်မီမူ မိုကိဘ်နှင့်မတိမ်းမယိမ်းတူညီသော ဆလဝါးသ်မှတ်တိုင် ဟူသောအသုံး သည် အီရာန်နိုင်ငံ၌ရှိခဲ့လေဖြစ်သည်။ အာရဘ်ရှီအာတို့၏ယဥ်ကျေးမှု့၌ မိုကိဘ် စကားလုံးမှာ အဇာဒါရီခြေကျင်ပြုလုပ်သောအဖွဲ့များ၊ အုပ်စုများကို လည်းရည်ညွှန်း၍အသုံးပြုသည်။ အီရတ်နိုင်ငံ၌ (မိုကိဘွလ်အဇာ-အဇာဒါရီမိုကိဘ်) နှင့် (မိုကိဘွန်ခစ်ဒ်မီ- ဝန်ဆောင်မှု့ပေးသောမိုကိဘ်) ဟူ၍သုံးစွဲကြသည်။ အိန္ဒိယ နှင့် ပါကစ္စတာန် ၌လည်း မဏ္ဍပ်(မိုကိဘ်) တည် ဆောက်သည့်ဓလေ့ရှိသည်။ အများအားဖြင့် မဏ္ဍပ်များ၏ကုန်ကျစရိတ်ကို လူထု နှင့် အလှူရှင်များက ကျခံလေ့ ရှိသည်။

ဝေါဟာရလေ့လာခြင်း နှင့် သမိုင်းကြောင်း

မိုကိဘ်(မဏ္ဍပ်) ဆိုသည်မှာ ဝန်ဆောင်မှု့ပေးသည့်နေရာတစ်မျိုးဖြစ်ပြီး ရှီအာတို့၏ဘာသာရေးဆိုင်ရာ အခမ်းအနားအထိမ်းအမှတ်များ၊နေရာများ၌ ဘုရားဖူးများနှင့်လူထုအား အခမဲ့ဝန်ဆောင်မှု့ပေးကြသည်။ မဏ္ဍပ်များကို ရွက်ဖျင်တဲများ၊ပိတ်စများဖြင့်ကာရံအုပ်ဆိုင်ထား၍သော်၎င်း၊ သို့မဟုတ် အဆောက်အဦးပုံစံမျိုး ဖြင့်လည်း ခင်းကျင်းထားကြသည်။

သမိုင်းကြောင်း

ရှီအာတို့၏ယဥ်ကျေးမှု့၌ မိုကိဘ်(မဏ္ဍပ်) ဝေါဟာရအား ခြေကျင်ငိုကြွေးမြည်တမ်းလှည့်လည်သော အဇာဒါရီ အဖွဲ့များ၊ အခြားသောအဖွဲ့လိုက်ပြုလုပ်ရသည့် ဝမ်းနည်းကြေကွဲခြင်းအခမ်းအနားများ၊ ခြေကျင်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းများ၌ အသုံးပြုလေ့ရှိသည်။ ၁၃၄၇ ခုနှစ်တွင်ရေးသားခဲ့သော အဒဘ်ဘွလ်လွတွ်ဖ် ကျမ်းတွင် အဲရ်ဘအီးန်ရက်များအတွင်း၌ အနယ်နယ်အရပ်ရပ်မှ ကဲရ်ဘလာသို့ ရောက်လာကြပြီး ရွက်ဖျင်တဲဆောက်လုပ် ခင်းကျင်းကြသည့် မိုကိဘ်များ(အဇာဒါရီအဖွဲ့များ)အကြောင်းကို ဖော်ပြရေးသားထားသည်။ နေနှစ်၁၃၉၅ခုနှစ်၌ ထုတ်ဝေသော ရှီအာတို့၏ပူဆွေးခြင်းယဥ်ကျေးမှု့စာအုပ်အရ အီရတ်နိုင်ငံတွင် အရ်ဘအီးန် နေ့ရက်များ၌ ဘုရားဖူးများအား ဧည့်ခံသော ရွက်ဖျင်တဲများ၊နေရာများကိုလည်း မိုကိဘ် ဟုပြောကြသည်။ ဤနိုင်ငံ၌ အဇာဒါရီခြေကျင်လမ်းလျှောက်အဖွဲ့၊ကြာဝိုင်းအဖွဲ့ မဏ္ဍပ် နှင့် ဧည့်ခံသည့်အဖွဲ့မဏ္ဍပ်ကို ခွဲခြားရန် အတွက် (မိုကိဘွလ်အဇာ-အဇာဒါရီမိုကိဘ်) နှင့်(မိုကိဘွန်ခစ်ဒ်မီ- ဝန်ဆောင်မှု့ပေးသောမိုကိဘ်)မဏ္ဍပ် ဟူ၍သုံးစွဲကြသည်။ နေနှစ် ၉၀ ခုနှစ်တွင် မဏ္ဍပ်တည်ဆောက်ခင်းကျင်းခြင်းယဥ်ကျေးမှု့သည် အီရတ်နိုင်ငံမှ အီရန်နိုင်ငံသို့ ရွေ့လျား လာသည်။ ဧကန်စင်စစ် ၎င်းမတိုင်မီ၌ မိုကိဘ်နှင့်အဓိပ္ပါယ်တူသည့် ဆလဝါးသ်မှတ်တိုင် ဟူသောအသုံးသည် အီရာန်နိုင်ငံ၌ရှိခဲ့လေဖြစ်သည်။ မိုကိဘ် နှင့် ဆလဝါးသ်မှတ်တိုင် ဟူသောစကားနှစ်လုံးအား ဖာရ်စီစကားပြော သောအီရာန်နိုင်ငံသည် ဖလှယ်၍အသုံးပြုခဲ့ကြလေသည်။

ဝန်ဆောင်မှု့များ

မိုကိဘ်များ၌ပေးသောဝန်ဆောင်မှု့များသည် အခမဲ့ဖြစ်ပြီး အစားအသောက်၊လက်ဖက်ရည်၊အအေးဝေငှခြင်း၊ ဖိနပ်အားတိုက်ချွတ်ပေးခြင်းတို့လည်းပါဝင်ပေသည်။ အရ်ဘအီးန်ခရီးလမ်းတစ်လျှောက်၌ရှိသော မိုကိဘ်များ တွင် အစားအသောက်ပေးခြင်းအပြင် နေရာထိုင်ခင်းပေးခြင်း၊ ကျန်းမာရေးဝန်ဆောင်မှု့ပေးခြင်း၊ကုသပေးခြင်း၊ ခန္ဓာနှင့်ခြေထောက်များအားနှိပ်နယ်ပေးခြင်း နှင့် ပစ္စည်းများအားပြုပြင်ပေးခြင်းဝန်ဆောင်မှု့တို့ကိုလည်းပေးအပ် လေသည်။