မိဘနှစ်ပါးအား ညိုညင်ခြင်း

wikishia မှ


မိဘနှစ်ပါးအား ညိုညင်ခြင်းသည် ကြီးမားသော အပြစ်ငရဲ ဖြစ်ပြီး မကောင်းသည့် အကျင့်စာရိတ္တ အနက်မှ ဖြစ်သည်။ ယင်း၌ မိဘနှစ်ပါး သို့မဟုတ် ၎င်းတို့အနက်မှ တစ်ပါးကို နုတ်ဖြင့်သော် လည်းကောင်း ၊ အပြုအမူ ဖြင့်သော်လည်းကောင်း နာကျင်စေခြင်းမျိုးကို ဆိုလိုသည်။ ရေဝါယသ်များ၌ ၊ စကားနားမထောင်ခြင်း ၊ အမျက်ဒေါသဖြင့် ကြည့်ခြင်း ၊ အရိုအသေ မပေးခြင်း ၊ “ ဟာ ၊ အို “ ဟူ၍ ပြန်ပြောခြင်း စသည်တို့အားလုံးသည် မိဘများကို ညိုညင်ခြင်း အမျိုးအစားပင် ဖြစ်သည်။ ထို့အပြင် ရေဝါယသ်၌ လာရှိထားသည်မှာ ၊ အရှင်မြတ်သည် မိဘများကို “ဟာ ၊ အို ” ဟူ၍ ပြောသည်ထက် သေးငယ်သည့်အရာ ရှိခဲ့လျှင် ထိုအရာကိုလည်း တားမြစ်မည် ဖြစ်သည်။ ထို့အပြင် ဂျန္နသ် သုခဘုံသို့ မဝင်ရောက်ရခြင်း၊ အပယ်ငရဲဘုံ သို့ဝင်ရောက်ခြင်း၊ ကဗဲရ် အဇာဘ်ခံရခြင်း ၊ နမာဇ်ကို လက်မခံခြင်း နှင့် တောင်းဆုဒိုအာများကို လက်မခံခြင်းသည် မိဘများကို ညိုညင်ခြင်းမှ ရရှိမည့် အကျိုးဆက်များဖြစ်ကြောင်း ရေဝါယသ်များ၌ ဖော်ပြထားသည်။ အချို့သော ကိုယ်ကျင့်တရားဆိုင်ရာ ပညာရှင်များသည် အသက်တိုခြင်း၊ အသက်ထွက်နည့်အချိန် (စက္ကရာသ်) ၌ခက်ခဲခြင်း နှင့် သေရခက်ခြင်း တို့ကို မိဘများအား ညိုညင်သည့်အတွက် လောကီ၌ ကျရောက်သည့် သက်ရောက်မှုများ အဖြစ်သတ်မှတ်ထားသည်။

အနက်အဓိပ္ပါယ်

(عاق والدین)မိဘနှစ်ပါးအား ညိုညင်ခြင်း ဆိုသည်မှာ ၊ သားသမီးသည် မိဘနှစ်ပါးအား နာကျင်အောင် ၊ စိတ်ဆင်းရဲ ဒုက္ခရောက်အောင် ပြုလုပ်ခြင်း ၊ ၎င်းတို့အား နုတ်လျှာဖြင့်သော်လည်းကောင်း အပြုအမူ ဖြင့်သော်လည်းကောင်း ညိုညင်ခြင်းကို ဆိုလိုသည်။ (1) عقوق" ဟူသော ဝေါဟာရသည် အဘိဓာန်၌ ၊ ဖြတ်တောက်ခြင်း ဟူ၍ လာရှိထားသည်။ ဤနေရာ၌ ၎င်း၏ ဆိုလိုရင်းမှာ ၊ မိဘနှစ်ပါးအပေါ် ကြက်နာမှု မရှိခြင်း ဖြစ်သည်။(2) မွလ္လာဟ် မဲဟ်ဒီ နရာကီး သည် ၊ မိဘနှစ်ပါးအား ညိုညင်ခြင်း(عاق والدین) ကို အဆိုးရွားဆုံး‌ေသာ မကောင်းဆုံးသော ဖြတ်တောက်မှု ဟုလက်ခံထားသည်။ ထို့အပြင် ကြင်နာမှု ပြတ်တောက်ခြင်းအား ရည်ညွှန်းသည့် မည့်သည့်အရာကိုမဆို မိဘနှစ်ပါးအား ညိုညင်ခြင်းပင် ဖြစ်သည်ဟု ယုံကြည် လက်ခံထားသည်။ ထို့အတူ မိဘနှစ်ပါးအား ညို ညင်ခြင်းသည် မကောင်းသော အကျင့်စာရိတ္တ အနက်မှ ဖြစ်ပြီး အမြတ်ဒေါသ နှင့် မ‌ေကာင်းသည့် စိတ်ဆန္ဒတို့၏ တပ်မက်မှု နှင့်သက်ဆိုင်ပြီး ထိုအရာများသည် ရန်ငြိုး ၊ ဒေါသ သို့မဟုတ် ကပ်ဆေးနည်းခြင်း နှင့် လောကအား နှစ်သက်မက်မောခြင်း တို့မှ ဖြစ်ပွားလာသည် ဟု ဖော်ပြထားသည်။ (3)

ဆိုလိုရင်း

မိဘများအား ညိုညင်ခြင်း၌ မိဘနှစ်ပါး သို့မဟုတ် ၎င်းတို့အနက်မှ တစ်ပါးအား ဒုက္ခပေးခြင်း ၊ နာကျင်အောင် ပြုလုပ်ခြင်း ၊ စိတ်ဆင်းရဲအောင် ပြုလုပ်ခြင်း နှင့် နာမခံခြင်း တို့ ဖြစ်သည်။ ရေဝါယသ်များ၌ ၊ ပြတ်သားပြီး ဒေါသထွက်သည့် အကြည့်ဖြင့် မိဘအား ကြည့်ခြင်း (4) မိဘများအပေါ် တာဝန်မကြေပွန်ခြင်း (5) ၎င်းတို့၏ တောင်းဆိုမှုကို မဖြည့်ဆည်းခြင်း၊ အမိန့်ကို မလိုက်နာခြင်း၊ မလေးစားခြင်း (6) စသည်တို့သည် မိဘများအား ညိုညင်ခြင်း၌ အကျုံးဝင်သည်။ မွလ္လာဟ် အဟ်မဒ် နရာကီး ပြောထားသည်မှာ ၊ မိဘများ စိတ်အနှောက်အယှက် ဖြစ်စေသည့် မည်သည့်အရာတိုင်းမဆို ၎င်းတို့အား ညိုညင်ခြင်းပင် ဖြစ်သည်။ (7) အေမာမ်ဆွာဒီက်(အစ) မိန့်ဆိုထားသည့် ရေဝါယသ်တစ်ခု၌ လာရှိထားသည်မှာ ၊ မိဘများအား “ဟာ ၊ အို” ဟာပြောခြင်းသည် ၎င်းတို့အား စိတ်ဆင်းရဲအောင်ပြုလုပ်သည့် အရာများ အနက်မှ အသေးငယ်ဆုံးအရာ ဖြစ်သည်။ ထို့နောက် မိန့်ဆိုထားသည်မှာ အကယ်၍ အရှင်မြတ်သည် မိဘများကို “ဟာ ၊ အို ” ဟူ၍ ပြောသည်ထက် သေးငယ်သည့်အရာ ရှိခဲ့လျှင် ထိုအရာကိုလည်း တားမြစ်မည် ဖြစ်သည်။ (8)

သတင်းအချက်အလက်များ

• မိဘများအား ညိုညင်ခြင်းသည် ဟဒီးစ်တော်များတွင် ကြီးစွာသော အပြစ်ငရဲ အဖြစ်သတ်မှတ်ထားပြီး ကိုယ်ကျင့်တရား မကောင်းမှုများထဲမှ တစ်ခုဖြစ်ပြီး (9) ၎င်း၏ အကျိုးဆက်များကို ဖော်ပြထားသည်။ • ဂျန္နသ် သုခဘုံသို့ မဝင်ရောက်ရသည့်အပြင် ၎င်း၏ သင်းရနံကိုပင် ရှုရှိုက်ရမည် မဟုတ်ပေ။ (10) အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ် တစ်ခုအရ ၊ ကေယာမသ် တစ်ဖန်ရှင်သန် ထမြောက်မည့်နေ့၌ ၊ ဂျန္နသ် သုခဘုံတွင်ရှိသော လိုက်ကာများ အနက်မှ လိုက်ကာတစ်ခုကို ဖယ်ရှားလိုက်ပေမည် ၊ ထိာအခါ ၎င်း၏ သင်းရနံသည် အနှစ်ငါးရာ အကွာအဝေးမှ သက်ရှိ သတ္တဝါတိုင်း၏ နှာခေါင်းထဲသို့ ရောက်ရှိပေမည် သို့သော် မိဘများအား စိတ်ဆင်းရဲဒုက္ခ ပေးခဲ့သူ ၊ ၎င်းတို့အား ညိုညင်ခဲ့သူ ထံ ရောက်မည် မဟုတ်ပေ။ (11) ထို့အတူ ရေဝါယသ် အမျိုးမျိူ၌ “ ဂျန္နသ် သုခဘုံသို့ မဝင်ရောက်ရပေ” لایدخل الجنه ဟူသော ဆိုလိုရင်းကို မိဘများအား ညိုညင်ခြင်း နှင့်ပတ်သက်ပြီး သုံးနှုံးထားပေသည်။ (12) • ဂျဟန္နမ် အပယ်ငရဲဘုံသို့ ကြရောက်ပေမည်။ (13) • နမာဇ်အား လက်မခံခြင်း ၊ ရေဝါယသ်၌ လာရှိထားသည်မှာ ၊ မိဘများအား ရန်လိုစိတ်ဖြင့် ကြည့်ရှု့ပါက အရှင်မြတ်သည် ၎င်း၏ နမာဇ်ကို လက်ခံမည် မဟုတ်ပေ။ (14) • တောင်းဆုဒိုအာများကို လက်မခံခြင်း (15) • ဤဒွန္နီယာလောက၌ အပြစ်ခံရခြင်း၊တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ရေဝါယသ်တစ်ခု၌ ၊ မိဘများကို စိတ်ဆင်းရဲ ဒုက္ခပေးသူသည် ဤလောက၌ပင် အပြစ်ပေးခံရမည့် အပြစ်များထဲမှ တစ်ခုဟု ဖြစ်‌ ပေသည်။ (16) မွလ္လာဟ် အဟ်မဒ် နရာကီ ပြောထားသည်မှာ ၊ မိဘနှစ်ပါးအား စိတ်ဆင်းရဲအောင် ပြုလုပ်ခြင်းသည် အသက်တိုခြင်း ၊ ဘဝ၌ ခါးသီးမှုများရှိခြင်း ၊ ဆင်းရဲမွဲတေမှုရှိခြင်း ၊ ဆင်းရဲဒုက္ခနှင့်နေရခြင်း ၊ ပူဆွေးသောကရောက်ခြင်း ၊ အသက်ထွက်ရန် ခက်ခဲခြင်း နှင့် အသက်ထွက်မည့်အချိန် ပြင်းထန်မှုတို့ကို ဖြစ်ပေါ်ခြင်း စသည့် အရာများ ကို အဆက်မပြတ် တွေ့ကြုံနေရပေမည်။ (17) ကဗဲရ် အဇာဘ် ၊ မွလ္လာဟ် မဟ်ဒီ နရာကီ ၏ အဆိုအရ ၊ မိခင်၏ ကျေနပ်နှစ်သက်မှု မရှိသူသည် စက္ကရာသ် အသက်ထွက်မည့်အချိန် နှင့် ကဗဲရ်ထဲ၌ ပြင်းထန်သော အဇာဘ်ရှိပေသည်။ (18)

မိဘများ ဆုံးပါးပြီး‌နောက်ပိုင်း ၎င်းတို့အပေါ် ညိုညင်ခြင်း

အချို့ ရေဝါယသ်တော်များအရ ၊ မိဘများအား ညိုညင်ခြင်းသည် ၎င်းတို့ အသက်ရှင်နေသည့် အချိန်သာမက ၎င်းတို့ ဆုံးပါးသွားသည့် နောက်ပိုင်း၌လည်း အကျုံးဝင်ပေသည်။ ၎င်းတို့ အသက်ရှင်နေသည့် အချိန်၌သာလျှင် ကောင်းမှုပြုရမည် မဟုတ်သကဲ့သို့ပင် ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် မိဘများ အသက်ရှင်နေသည့်အချိန် ၎င်းတို့အပေါ် ကြင်နာတတ်သော်လည်း မိဘများ သေဆုံးပြီးနောက်တွင် ၎င်းတို့အပေါ် ညိုညင်နိုင်ပေသည်။ ဥပမာ မိဘများ ဆူံပါးပြီးနောက် ၎င်းတို့၏ အကြွေးကို မဆပ်ပေးခြင်း နှင့် ၎င်းတို့အတွက် ခွင့်လွှတ်ပလပ်မှုကို မတောင်းခံပေးခြင်း စသည်တို့ ဖြစ်သည်။ ထို့အတူ ၊ သားသမီးသည် မိဘများ အသက်ရှင်နေသည့်အချိန် ၎င်းတို့အပေါ် ညိုညင်ပြီး မိဘများ ဆုံးပါးသွားပြီးနောက် ထိုသို့်မဟုတ်ပေ။ (19) မွလ္လာဟ် အဟ်မဒ် နရာကီသည် မိဘများကို ညိုညင်ခြင်းမှ ကင်းဝေးစေရန်အတွက် သားသမီးများသည် မိဘများ၏ ကြိုးပမ်းမှုများ ၊ အိပ်ရေးပျက်မှုများ နှင့် သနားကြင်မှုများကို အမြဲ သတိရစေရမည့် အပြင် မိဘများ၏ ကျိန်စာသည် အလျင်အမြန် ပြည့်ဝကြောင်းကိုလည်း သတိရနေ ရပေမည်။ (20)