မဒ်ရန်

wikishia မှ

မဒ်ရန် ဆိုသည်မှာ အာရဗ်လူမျိုး မျိုးနွယ်စု ဖြစ်ပြီး ဟဇရသ် ရှိုအိုက်ဘ် သည် ၎င်းတို့အား လမ်းညွှန်ပြသ ဖို့ရန်အတွက် ဖူးပွင့်ခဲ့ပြီး တမန်တော် မူစာ(အစ) သည် ၎င်းတို့ထဲတွင် နှစ်အတော်ကြာ နေထိုင်ခဲ့သည်။ အချို့သော ပညာရှင်များသည်၊ ဤမျိုးနွယ်စုကို တမန်တော် အီဗ်ရာဟီမ် (အစ) ၏သား ၊ အချို့သူများသည် တမနိတော် အိစ်မာအီလ် (အစ) မှ ဆင်းသက်လာသည် ဟူ၍ သတ်မှတ်ထားကြသည်။ ဤမျိုးနွယ်စုများသည် အုက္က်ဗဟ် ပင်လယ်ကွေ့အနီး မဒ်ရန် မြို့တွင် နေထိုင်ကြသည်။ မဒ်ရန်မျိုးနွယ်စု (အုပ်စု) သည် အရှင်မြတ်အပေါ် သက်ဝင်ယုံကြည်မှု မရှိသည့်အတွက် အရှင်မြတ် ပေးသည့် အပြစ်ဒဏ်ကို ခံစားခဲ့ရသည်။

မျိုးရိုး

မဒ်ရန် သည် အာရဗ်မျိုးနွယ်စု ဖြစ်သည်။ (1) မဒ်ရန် ဟူသော ဝေါဟာရသည် ကုရ်အာန်၌ ဆယ်ကြိမ် လာရှိထားသည်။ (2) ၎င်းတို့အနက်မှ အချို့မှာ မဒ်ရန် မျိုးနွယ်စု (3) နှင့် အချို့မှာ ၊ မဒ်ရန်မြို့ဟု ဆိုလိုကြသည်။ (4) မဒ်ရန် မျိုးနွယ်စု၏ မျိုးရိုးနှင့် ပတ်သက်၍ ကွဲပြား‌သောအမြင်များ ရှိသည်။ ပညာရှင်အချို့နှင့် သမိုင်းပညာရှင်များက မဒ်ရန် မျိုးနွယ်စုကို မဒ်ရန် ဗင်န် အိဗ်ရာဟီမ် မှ ဆင်းသက်လာသည် ဟု သတ်မှတ်ကြသည်။ (5) သောင်ဝ်ရသ်ကျမ်း (6) နှင့် အသ္စလာမ့် အချို့ကျမ်းကိုးများ (7) ၏ ဖော်ပြချက်အရ ၊ တမန်တော်အိဗ်ကာဟီသည် ၎င်း၏ ဇနီးဖြစ်သူ စာရာ ဆုံးပါးပြီးနောက်၊ အခြား မိန်းမတစ်ယောက်နှင့် ထိန်းမြားခဲ့သည်။ ထိုမိန်းမဖြင့် မဒ်ရန် (မိဒိယားန်) ဟူသော သားသမီး ထွန်းကားလာခဲ့သည်။ မဒ်ရန်သည် တမန်တော် လူးသ်၏ သမီးဖြင့် ထိန်းမြားခဲ့ပြီး ထိုမှ ၎င်း၏ မျိုးဆက်များ ဆင်းသက်လာခဲ့သည်။ (8) ထို့အတူ ၊ အိဗ်နေကစီးရ်သည်၊ ထိုမျိုးနွယ်စုကို မဒ်ရန် ဗင်န် မဒ်ယားန် ဗင်န် အိဗ်ရာဟီးမ် (9) သုတေသီအချို့မှာ ထိုမျိုးနွယ်စုကို တမန်တော် အိစ်မာအီလ် မှ ဆင်းသက်လာသည်ဟု သတ်နှတ်ထားကြသည်။ (10)

နေထိုင်သည့်နေရာ

မဒ်ရန် လူမျိုးများသည် မဒီးန် မြို့တွင် နေထိုင်ကြပြီး မြို့အမည်သည် မျိုးနွယ်စုအမည်မှ ရယူထားခြင်းဖြစ်သည်။ (11) ဤမြို့သည် ကမ်းရိုးတန်းရှိ အုက္က်ဗဟ် ပင်လယ်ကွေ့၏ အရှေ့ဘက်တွင် တည်ရှိပြီး(12) ပင်လယ်ကမ်းစပ်၌ ရှိကာ စိမ်းလန်းစိုပြေ ဖွံဖြို့း တိုးတက်သည် ယူဆထားသည်။ (13) ဤမြို့သည် သဘူက် ဒေသအနီးတွင်ရှိသည်။ (14) ထို့အတူ လူးသ်ွအုပ်စု မြို့နဲ့လည်း နီးပေသည်။ (15) ရှီးလ်ဆူဒူက်သည် မဒ်ရန်ကို အိမ်ခြေ လေးဆယ်ထက် မပိုသော ရွာငယ်လေးအဖြစ် သတ်မှတ်ထားသည်။ (16) အချို့သော သုတေသီများက ဤမြို့ကို ရှာမ် ၏မြို့များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ (17) ယနေ့ ဂျော်ဒန်နိုင်ငံ “မအာန်” မြို့ကို (18) ၎င်း၏နေရာတွင် တည်ဆောက်ခဲ့ကြောင်း ၎င်းတို့မှ ထင်ကြေး ပေးထားသည်။ (19) မဒ်ရန် သည် ယခု အာရေဗီယား တွင် တည်ရှိသည်ဟု အချို့က ယုံကြည်ကြသည်။ (20)

အစ္စရေးများ နှင့် ပဋိပက္ခဖြစ်ခြင်း

မိခင်မှ မွေးဖွားလာသော မူစာ အင်မ်ရာန် ကိုကြည့်ပါ။ ၎င်းသည် မဒ်ရန် သို့ရောက်လာပြီး ဇာန် သည် ၎င်း၏ မောင်လာ သို့သွားခဲ့သည်။ (21) ကုက်အာန် (22) နှင့် သောင်ဝ်ရသ် (23) အရ၊ တမန်တော် မူစာ(စ)သည် မိဆ်ွရ် မြို့မှ ထွက်ပြေးလာပြီးနောက် မဒ်ရန်မြို့သို့ သွားကာ ထိုအရပ်၌ ရှိုအိုင်းဘ်၏ သမီးဖြင့် ထိန်းမြားခဲ့သည်။ (24) ၎င်းသည် နှစ်ပေါင်းများစွာ မဒ်ရန် မျိုးနွယ်အုပ်စုတို့အကြား (25) သိုးကျောင်းသား လုပ်နေခဲ့သည်။ (26) မဒ်ရန် မျိုးနွယ်စုသည် ၎င်းတို့၏ သမိုင်းတစ်လျှောက်တွင် ဗနီအိစ်ရာအီးလ် များ နှင့် ပတ်သက်ခဲ့သည်။ ယဟူဒီများ၏ ကျမ်းစာအုပ်များ အနက်မှ ဖြစ်သာ့် တရားသူကြီးများကျမ်းစာတွင် မဒ်ရန်လူမျိုး နှင့် ဗနီအိစ်ရာအီးလ်တို့ကြား ပဋိပက္ခဇာတ်လမ်းကို ဖော်ပြထားရာ၊ ဗနီအိစ်ရာအီးလ်တို့သည် နှစ်ပေါင်းများစွာ ရှုံးနိမ့်ပြီး အရှက်ရစေခဲ့ပြီးနောက် နောက်ဆုံးတွင်၊ မဒ်ရန်လူမျိုးများကို အနိုင်ယူခဲ့သည်။ (27)

ရှိုအိုက်ဘ်၏ တမန်တော်ဖြစ်ခြင်းအပေါ် တုံ့ပြန်ခြင်း။

အကှင်မြတ်သည် မဒ်ရန် မျိုးနွယ်တို့အား ဟေဒါယသ် လမ်းမှန်ညွှန်ကြားဖို့ရန်အတွက် ဟဇရက်သေ ရှိုအိုက်ဘ်ကို တမန်တော်အဖြစ် ဖူးပွင့်စေခဲ့သည်။ (28) ရှိုအိုက်ဘ်သည် မဒ်ရန် အုပ်စုမှ ဖြစ်သည်။ (29) ဟဇရက်သေ ရှိုအိုက်ဘ် သည် လူအများကြားတွင် မြင့်မြတ်သော ဘာသာတရားကို နှစ်ပေါင်းများစွာ ဟောပြောခဲ့သည်။ ၎င်းတို့အား တစ်ပါးတည်းသော အရှင် ဘက်သို့ ဖိတ်ခေါ်ခြင်း (30) အရောင်းအဝယ်တွင် မျှတမှုနှင့် ရိုးသားမှုရှိကခြင်း (31) နှင့် ကေယာမသ်နေ့၌ အပြစ်ပေးခြင်းကို ကြောက်ရွံခြင်း (32) ဘက်သို့ ဖိတ်ခေါ်ခဲ့သည်။ စူရဟ် အအ်ရာဖ် တွင် ဟဇရက်သေ ရှိုအိုက်ဘ် နှင့် ၎င်းတို့အား ဆန့်ကျင်သူများ အကြား ပြောဆိုခဲ့သည့် စကားများကို ဖော်ပြထားသည်။ (33)

အပြစ်ပေးခြင်း

မဒ်ရန် မျိုးနွယ်မှ လူအများအပြားသည် တမန်တော်ရှိုအိုက်ဘ် ၏ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ပြီး အရှင်မြတ်၏ ပြစ်ဒဏ်ကို ခံစားခဲ့ရသည်။ (34) ကုရ်အာန်၏ အာယသ်တော်များအရ၊ မဒ်ရန် လူမျိုးများသည် မြေငလျင်ကြောင့် ပျက်စီးသွားခဲ့ကြသည်။ (35) ၎င်းတို့သည် ထိုမြို့၌ မနေဖူး သကဲ့သို့ ပြုစံမျိုး ဖြစ်သွားရောက်လောက်သည့် ပျက်စီးသွားခဲ့ကြသည်။ (36)