မက္က်စသ်ွ ဗင်န် ဇိုဟိုင်းရ် ဗင်န် ဟရက်စ် သဂ္ဂ်လဘီ

wikishia မှ

မက္က်စသ်ွ ဗင်န် ဇိုဟိုင်းရ် ဗင်န် ဟရက်စ် သဂ္ဂ်လဘီ (ဟီဂျရီ ၆၁ ရှဟီးဒ်) သည် အေမာမ်အလီ (အစ) ၏ နောက်လိုက်သားတစ်ဦး ဖြစ်ပြီး ကရ်ဘလာ ရှိုဟဒါ အနက်မှ ဖြစ်သည်။ မက္က်စသ်ွ သည် ဂျမလ် ၊ ဆွီဖီးန် နှင့် နဟ်ရဝါန် စစ်ပွဲများ၌ အေမာမ်အလီ(အစ) ၏ တပ်သားများမှ ဖြစ်သည်။ ၎င်းသည် ကရ်ဘလာ အဖြစ်အပျက်တွင် ၎င်း၏ ညီအစ်ကိုများ ဖြစ်သော ကိုရ်ဒူစ် နှင့် မက်စသ်ွ တို့နှင့်အတူ ညဘက်တွင် အေမာမ်ဟိုစိုင်းန်(အစ) ထံသို့ သွားရောက်ခဲ့ကြသည်။ ၎င်းသည် အာရှုရာနေ့၌ အွမ်ရ် ဗင်န် စအ်ဒ်၏ တပ်သားများမှ ပထမစစ်ဆင်ရေးတွင် ရှဟီးဒ် ဖြစ်ခဲ့သည်။

မျိုးရိုး

မက္က်စသ်ွ ဗင်န် ဇိုဟိုင်းရ် ဗင်န် သဂ်ရဘီ ၊ သဂ်ရက်ဘ် မျိုးရိုးမှ ဖြစ်သည်။ ထို့ကြောင့် အဗ်ဆွာရုလ်အိုင်းန် စာအုပ်တွင် ၎င်း၏ အမည်သည် သဂ်ရဘီ ရှိုဟာဒါများ၏ အမှတ်စဉ်၌ လာရှိထားသည်။ (1)

ဂျမလ်၊ ဆွီဖီးန် နှင့် နဟ်ရဝါးန် စစ်ပွဲများတွင် ပါဝင်ခြင်း

မုဟမ္မ် ဗင်န် သွာဟိရ် စမာဝီ (ဟီဂျရီ ၁၂၉၂- ၁၃၇၀) သည် အဗ်ဆွာရုလ်အိုင်းန် စာအုပ်၌ ဖော်ပြထားချက်အရ၊ မက္က်စသ်ွ သည် ဂျမလ်၊ ဆွီဖီးန် နှင့် နဟ်ရဝါးန် စစ်ပွဲများတွင် အေမာမ်အလီ (အစ) ၏ တပ်များအနက်မှ ဖြစ်သည်။ ထို့အတွက်ကြောင့်၊ စစ်ပွဲများ အထူးသဖြင့် ဆွီဖီးန် စစ်ပွဲ၌ လာရှိထားသည်။ (2) ထို့အတူ၊ စမာဝီသည် ၎င်းအား အေမာမ်ဟိုစိုင်းန် (အစ) ၏ နောက်လိုက်သားများ အနက်မှ ဖြစ်သည်ဟူ၍လည်း ဖော်ပြထားသည်။ (3)

ကရ်ဘလာ၌ ရှဟီးဒ် ဖြစ်ခြင်း

မက္က်စသ်ွ သည် ကူဖှာ၌ နေထိုင်ပြီး ၊ အေမာမ်ဟိုစိုင်းန် (အစ) ကရ်ဘလာသို့ ရောက်ရှိပြီးနောက် ၊ ၎င်း၏ ညီအစ်ကိုများ ဖြစ်သော ကိုရ်ဒူစ် နှင့် ကာစီသ်ွ တို့နှင့်အတူ ညဘက်တွင် အေမာမ်ဟိုစိုင်းန်(အစ) ၏တပ်သားများနှင့် ပူးပေါင်းကာ အာရှုရာနေ့၌ ရှဟီးဒ် ဖြစ်သွားခဲ့သည်။ (4)) ဇေယာရက် သေ ရှိုဟဒါ၌၊ ၎င်း နှင့် ၎င်း၏ ညီအကိုများ ဖြစ်ကြသည့် ကရ်ဒူစ် နှင့် ကာစီသ်ွအား ကရ်ဘလာ ရှိုဟဒါများ အဖြစ် ဖော်ပြထားပြီး (5) ၎င်း၏အမည် မလာရှိထားပေ။