ဘိလာလ် မွတ်စ်လင်မ် မီရှီန်

wikishia မှ

ဘိလာလ် မွတ်စ်လင်မ် မီရှီန် ၊ အင်္ဂလိပ်လို ဆိုပါက - Bilal Muslim Mission၊ သဗ္ဗ်လီးဟ် သာသနာ ဖြန့်ချီရေး၊ ပညာရေးနှင့် ပရဟိတ အဖွဲ့အစည်း၊ ၁၂ပါး အေမာန်များအား ယုံကြည်လက်ခံသည့် ခိုဂျာရှီအဟ်များ နှင့် ချိတ်ဆက်ထားသော အဖွဲ့အစည်းများ အနက်မှ တစ်ခုဖြစ်သည်။ အဆိုပါအဖွဲ့အစည်းကို တန်ဇန်းနီးယားရှိ ရှီအဟ်ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် စိုင်ယိဒ်စအီးဒ် အခ်သဲရ်ရဇဝီ မှ ၁၉၆၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကီန်ယာ ၊မာဒါဂါစ်ကာရ်၊ ဘူရူဝန့်ဒီ နှင့် အမေရီကန် နှင့် ကန်နေဒါ အပါအဝင် အခြားနိုင်ငံများတွင်လည်း လည်ပတ်နေလျက်ရှိသည်။ ဘိလာလ် မွတ်စ်လင်မ် မီရှီန် အဖွဲ့အစည်း ၏ အရေးအကြီးဆုံး လုပ်ဆောင်ချက်များမှာ- ဆင်းရဲနွမ်းပါးသော မွတ်စ်လင်မ် နှင့် ခရစ်ယာန်များကို ကူညီခြင်း၊ ဆွာဟီလီနှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်များနှင့် မဂ္ဂဇင်းများ ထုတ်ဝေခြင်း၊ စိုင်ယိဒ် မိုဟ်စင်န် ဟကီးမ်၊ စိုင်ယိဒ် အဘူလ်ကာစင်မ်ခူဝီ နှင့် စိုင်ယိဒ်အလီစီစ်သာနီ တို့သည် ရှီအဟ် တို့၏ မရ်ဂျအ်သက္က်လီးဒ်များဖြစ်ပြီး အေမာမ်၏ ဝေစုတစ်ဝက်ကို ဤအဖွဲ့အစည်းသို့ ပေးဆောင်ရန် သဘောတူခဲ့ကြသည်။

ထူထောင်မှု နှင့် လှုပ်ရှားမှုနယ်ပယ်

ဘိလာလ် မွတ်စ်လင်န် မီရှီန် အဖွဲ့အစည်း ကို ၁၉၆၈ ခုနှစ်တွင် တန်ဇန်းနီးယား၌ ပရဟိတလုပ်ငန်းတစ်ခုအဖြစ် မှတ်ပုံတင်ခဲ့သည်။ (1) ၁၉၆၄ ခုနှစ်တွင် စိုင်ယိဒ်စအီးဒ် အခ်သဲရ်ရဇဝီ သည် သဗ္ဗ်လီးဟ် သာသနာ ဖြန့်ချီရေးကို ၁၂ပါး အေမာန်များအား ယုံကြည်လက်ခံသည့် ခိုဂျာ အာဖရိက ရှီအဟ်များ၏ အဓိပတိကောင်စီသို့ အဆိုပြု တင်သွင်းခဲ့သည်။ ဤအစီအစဥ်ကို ဖော်ပြထားသော အဖွဲ့အစည်းတွင် လက်မခံသော်လည်း၊ ၁၂ပါး အေမာန်များအား ယုံကြည်လက်ခံသည့် ခိုဂျာရှီအဟ် လူ့အဖွဲ့အစည်း သည် ဒါရုလ်အစ္စလာမ်၌ ၎င်းအား မိမိတို့၏ သဗ္ဗ်လီးဟ် သာသနာ ဖြန့်ချီရေး ရှေ့တန်းမှ ထားရှိခဲ့ပြီး ဘိလာလ် မွတ်စ်လင်မ် မီရှီန် အဖွဲ့အစည်း ကို တည်ထောင်ခဲ့သည်။ (2) ဘိလာလ် မွတ်စ်လင်မ် မီရှီန် အဖွဲ့အစည်းသည် ဒါရုလ်အစ္စလာမ်၌ တန်ဇန်းနီးယားတွင် ရှိပေသည်။ (3) ၎င်းသည် ဤနိုင်ငံ၏ မြို့အများစုတွင် လည်ပတ်လျက်ရှိသည်။ ထို့အပြင် ၎င်းသည် ကီန်ယာ ၊မာဒါဂါစ်ကာရ်၊ ဘူရူဝန့်ဒီ၊ ထရီနီဒက်၊ ဂူယားန် နှင့် အမေရီကန် နှင့် တို့တွင် လည်ပတ်နေသည်။ (4) ဤအဖွဲ့အစည်း၏ အရေးကြီးဆုံး ဌာနခွဲသည် တန်ဇန်းနီးယား ဗဟိုချက်ချာ ပြီးနောက် ကီန်ယာ တွင်တည်ရှိသည်ဟု ဆိုထားသည်။ (5) ၁၉၉၂ ခုနှစ်မှ စတင်၍ ဤအဖွဲ့အစည်း၏ ဌာနခွဲတစ်ခုသည် အမေရီကန် တွင်လည်ပတ်‌ေစပြီး သဗ္ဗ်လီးဟ် သာသနာ ဖြန့်ချီရေး လုပ်ဆောင်ချက်များကို အမေရီကန် နှင့် ကန်နေဒါ တို့တွင် တက်ကြွစွာ လုပ်ဆောင်ခဲ့ကြသည်။ (6) ဂူယားန်၊ ထရီနီဒက်၊ နှင့် တူဘာဂူး နိုင်ငံ တို့သည် ဘိလာလ် မွတ်စ်လင်မ် မီရှီန် အဖွဲ့အစည်း မဖွဲ့စည်းမီ တန်ဇန်းနီးယား၏ လှုပ်ရှားမှု လက်အောက်များတွင် ရှိခဲ့သည်။ ဘိလာလ် မွတ်စ်လင်မ် မီရှီန် အဖွဲ့အစည်း တည်ထောင်ပြီးနောက် ဤနိုင်ငံများကို ဤအဖွဲ့အစည်း လက်အောက်၌ ထားရှိခဲ့သည်။ (7)

လုပ်ဆောင်ချက်များ (လှုပ်ရှားမှုများ))

ဘိလာလ် မွတ်စ်လင်မ် မီရှီန် အဖွဲ့အစည်းတွင် အစ္စလာမ္မစ် ၊ ရှီအဟ်စာအုပ်များ နှင့် စာစောင်များ ထုတ်ဝေခြင်း၊ အစ္စလာမ့် နှင့် ရှီအဟ်ပညာရပ်များ သင်ကြားခြင်း၊ မြို့တိုင်း နှင့် ကျေးလက်ဒေသများသို့ သဗ္ဗ်လီးဟ် သာသနာ ဖြန့်ချီမည့်သူများ စေလွှတ်ခြင်း၊ အများပြည်သူဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် လှုပ်ရှားမှုများ နဗင့် လုပ်ဆောင်ချက်များ ပါဝင်သည်။ တန်ဇန်းနီးယား၊ ကင်ညာ၊ မာဒါဂတ်စကာ၊ ဘူရွန်ဒီနှင့် ကွန်ဂိုကဲ့သို့သော နိုင်ငံများရှိ မြို့များနှင့် ကျေးရွာများသို့ သဗ္ဗ်လီးဟ် သာသနာ ဖြန့်ချီမည့်သူများကို စေလွှတ်ခဲ့သည်။ ဤသဗ္ဗ်လီးဟ် သာသနာ ဖြန့်ချီမည့်သူများသည် ဤနိုင်ငံများ၏ မြို့များ နှင့် ကျေးလက်ဒေသများတွင် ရှီအဟ်ဝါဒ ဖြန့်ချီရာ၌ အရေးကြီးသော အချက်များထဲမှ တစ်ခုဖြစ်သည်ဟု ဆိုထားကြသည်။ ဤသဗ္ဗ်လီးဟ် သာသနာ ဖြန့်ချီမည့်သူများသည် နိုင်ငံအသီးသီးရှိ မွတ်စလင်မ်် နှင့် ခရစ်ယာန် အကျဉ်းသားများနှင့်လည်း ဆက်သွယ်ပြောဆိုခဲ့ပြီး ၎င်းတို့အား အဖွဲ့အစည်း၏ စာအုပ်များနှင့် လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့သည်။ (8) အာမုလ်မန်ဖအဟ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ၊ အဖွဲ့အစည်းသည် ဆင်းရဲနွမ်းပါးသော မွတ်စ်လင်မ် နှင့် ခရစ်ယာန် ဘာသာဝင်များအတွက် ၎င်း၏ ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးခဲ့သည်။ ထိုဝန်ဆောင်မှုများမှာ အောက်ပါတို့ ပါဝင်သည် ၊ မြို့ရွာများတွင် ယာယီဆေးခန်းများ နှင့် မျက်စိဆေးခန်းများ တည်ထောင်ခြင်း၊ အရှေ့နှင့် တောင်အာဖရိကတွင် ဆေးခန်းများစွာ တည်ထောင်ခြင်း၊ ငှက်ဖျားရောဂါ နှင့် အေအိုင်ဒီအက်စ်ကို တိုက်ဖျက်ခြင်း၊ ကျောင်းများ နှင့် ဗလီများ တည်ဆောက်ခြင်း၊ အစားအသောက် နှင့် အဝတ်အထည်များ ဖြန့်ဖြူးပေးခြင်း စသည်တို့ ဖြစ်သည်။ (9)

ဆူသုလ်ဘိလာလ် မဂ္ဂဇင်းများကို ဆွာဟီလီဘာသာဖြင့် ထုတ်ဝေခြင်း နှင့် နူရ် မဂ္ဂဇင်းများကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း- မဂ္ဂဇင်း၏ ပထမဆုံးစာစောင်ကို ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး စောင်ရေ ၇၅ စောင်ဖြင့် ထုတ်ဝေခဲ့သည်။ ခိုဂျာ ရှိ ရှီအဟ်များသည် အလီဒီနာ မှ ပထမဆုံးထုတ်ဝေသော ဆူသုလ်ဘိလာလ် မဂ္ဂဇင်းကို ၁၉၆၇ ခုနှစ်တွင် တန်ဇန်းနီးယားရှိ ဘိလာလ် မွတ်စ်လင်မ် မီရှီန် အဖွဲ့အစည်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ (10)

အစ္စလာမ့်စာအုပ်များကို အင်္ဂလိပ်နှင့် ဆွာဟီလီဘာသာဖြင့် ထုတ်ဝေခဲ့သည်။ (11) ဤစာအုပ်များကို အဖွဲ့အစည်း၏ မဂ္ဂဇင်းများနှင့်အတူ အမေရိကန်၊ ကနေဒါ၊ ဂိုင်ယာနာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ထိုင်း၊ အင်ဒိုနီးရှား စသည်ဖြင့် အခမဲ့ ဖြန့်ဝေခဲ့သည်။ (12) ရှီအဟ်ကျောင်းသားများအား အစ္စလာမ် နှင့် ရှီအဟ် ပညာရပ်များကို သင်ကြားပေးခြင်း- ဤလုပ်ငန်းသည် ဘာသာရေး ပညာရပ်များကို လေ့လာရန် ကျောင်းသားတစ်စုကို စေလွှတ်ခြင်းဖြင့် စတင်ခဲ့သည်။ အဆိုပါအဖွဲ့သည် နဂျဖ် စာသင်ကျောင်းတွင် ပထမဆုံးလေ့လာခဲ့ပြီး၊ ထို့နောက် အီရတ်ရှိ ဘအ်စ် ပါတီကို အုပ်ချုပ်စဉ်အတွင်း ကန့်သတ်ချက်များကြောင့် လက်ဘနွန်သို့ စေလွှတ်ခဲ့သည်။ ထို့နောက် ကွမ်းမြို့ရှိ စာသင်ကျောင်းနှင့် အဆက်အသွယ် ပြုလုပါခဲ့သည်။ ၎င်းတို့ ပြန်လာကြသည့်အခါ ထိုအဖွဲ့သည် တန်ဇန်းနီးယားနှင့် ကင်န်ယာရှိ ဘီလာလ်မွတ်စ်လင်မ် ကျောင်းများ၏ ပထမဆုံးသော ဇာတိဆရာများ ဖြစ်လာပြီး အစ္စလာမ့်ပညာရပ်များကို သင်ကြားပေးခဲ့သည်။ (13) ဤအဖွဲ့အစည်းသည် တန်ဇန်းနီးယားနှင့် ကင်န်ယာတို့တွင် ဘော်ဒါဆောင်ကျောင်းများ တည်ထောင်ခြင်းအပြင် အဖွဲ့အစည်းမှ စိတ်ပါဝင်စားသော မွတ်စ်လင်မ်များအတွက် အစ္စလာမ့်ပညာရပ် သင်တန်းများကိုလည်း ဖွင့်လှစ်ခဲ့ပြီး ထိုသင်တန်း၌ အစ္စလမ်ဘာသာ၏သမိုင်း၊ မအ်စူမ်များ၏ အတ္ထုပတ္တိ၊ အစ္စလာမ့်ကျင့်ဝတ် နှင့် ရှီအဟ်၏ သွန်သင်ချက်များ ပါဝင်သည်။ (14) ဤသင်တန်းများကို အင်တာနက်မှ အစဉ်အမြဲ လုပ်ဆောင်လျက်ရှိသည်။ (15)

ဘဏ္ဍာရေး

အသ်ွလစုလ်ရှီအဟ် စာအုပ်တွင် ရစူလေဂျအ်ဖရီယာန် ၏အဆိုအရ ဘိလာလ် မွတ်စ်လင်မ် မီရှီန် အဖွဲ့အစည်းတွင် သည် အိမ်ခြံမြေတွင် ရင်းနှီးမြုပ်နှံခြင်း အပါအဝင် ၎င်း၏ ကုန်ကျစရိတ်များကို ပံ့ပိုးပေးသည်။ (16) ထို့အပြင်၊ ရှီအဟ် မရ်ဂျအ်သက္က်လီးဒ် အုပ်စုသည် အေမာမ့် ဝေစု၏ တစ်စိတ်တစ်ပိုင်းကို ဤအဖွဲ့အစည်းသို့ ပေးဆောင်ရန် သဘောတူညီခဲ့ကြသည်။ ဥပမာ စိုင်ယိဒ် မိုဟ်စင်န် ဟကီးမ်၊ စိုင်ယိဒ် အဘူလ်ကာစင်မ် ခူဝီ နှင့် စိုင်ယိဒ် အလီ စီစ်သာနီ တို့ ဖြစ်သည်။ (17)