ဘာဘုလ်ဟဝါအီဂ်ျ

wikishia မှ

ဘာဘုလ်ဟဝါအီဂ်ျ ဆိုသည်မှာ ၊ ၎င်းအား သဝစ္စုလ် လုပ်ခြင်းဖြင့် လိုအပ်ချက်များ နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးမည့်သူ ဟူ၍ ဖြစ်သည်။ ဘာဘုလ်ဟဝါအီဂ်ျ သည် အေမာန်ကာဇွင်မ်(အစ) ၊ အဇရက်သေအဘ္ဘာစ် နှင့် အလီအဇ်ဂဲရ် တို့၏ ဂုဏ်ပုဒ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၊ အချို့ရှီအဟ်များသည် ၊ထိုပုဂ္ဂိုလ် သုံးဦးအား သဝစ္စုလ် လုပ်ခြင်းဖြင့် ၎င်းတို့သာ် မိမိတို့၏ လိုအပ်ချက်များ နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးသုများ ဖြစ်ကြပေသည် ဟူ၍ ယုံကြည်ထားကြပေသည်။

ဘာဘုလ်ဟဝါအီဂ်ျ သည် မည်သူ့၏ ဂုဏ်ပုဒ်ဖြစ်သနည်း?

ဘာဘုလ်ဟဝါအီဂ်ျ သည် ရှီအဟ်တို့အကြား အေမာန်မူစာ ဗင်န် ဂျအ်ဖရ် (အစ) ခုနှစ်ပါးမြောက် အေမာမ် (1) အဘ္ဘာစ် ဗင်န် အလီ (အစ) ကရ်ဘလာ အဖြစ်အပျက်မှ ရှဟီးဒ်ဖြစ်ခဲ့သူ (2) နှင့် အလီအဇ်ဂဲရ် (အေမာန်ဟိုစိုင်းန်(အစ) ၏ သားငယ်၊ ကရ်ဘလာ အဖြစ်အပျက်မှ ရှဟီးဒ်ဖြစ်ခဲ့သူ ) (3) တို့နှင့်ပတ်သက်ပြီး လာရှိထားသည်။ မုဟမ္မဒ် အလီ အုရ်ဒူဘာဒီ (ဟီဂျရီ ၁၃၈၀ ကွယ်လွန်) သည် ဟယာသုအဘီလ်ဖက်ဇ်ွလုလ်အဘ္ဘာစ် စာအုပ်၌ ဤဂုဏ်ပုဒ်အား ဟဇရသ်သေ အဘ္ဘာစ်အတွက် ကျော်ကြားသည် ဟူ၍ ဖော်ပြထားသည်။ (4) ရှီအဟ် မုဂ်ျသဟီဒ် ဖြစ်ငူ မုဂ်ျသဗာ သီဟီရာနီသည်၊ ထိုပုရ္ဂိုလ် သုံးဦးအပြင်၊ အေမာန်ဟိုစိုင်းန်(အစ) ၏ သမီး ဖြစ်သူ ရိုကိုင်ယာ ကိုလည်း ဘာဘုလ်ဟဝါအီဂ်ျ ဟူသော ဂုဏ်ပုဒ်ဖြင့် ခေါ်ဆိုထားသည်။ (5) ဘာဘုလ်ဟဝါအီဂ်ျ ဆိုသည်မှာ လိုအပ်ချက်များ၏ တံခါးပေါက် ဟူ၍ အဓိပ္ပါယ် ရှိပေသည်။ တစ်နည်းအားဖြင့် လိုအပ်ချက်များ နှင့် လိုအင်ဆန္ဒများ ဖြည့်ဆည်းပေးသည့်နေရာ ဟူ၍ ရည်ညွှန်းထားသည်။ (6)

အဘယ်ကြောင့် အေမာမ်ကာဇွင်မ်(အစ) အား ဘာဘုလ်ဟဝါအီဂ်ျ ဟု ဂုဏ်ပုဒ်ပေးရသနည်း?

ဘာဘုလ်ဟဝါအီဂ်ျ ဟူသော ဂုဏ်ပုဒ်အား ရှီအဟ်တျု့၏ ခုနှစ်ပါးမြောက် အေမာမ်အတွက် အသုံးပြုရခြင်း နှင့်ပတ်သက်ပြီး ဟဒီးစ်တော်များ၌ မလာရှိထားပေ။ အိဗ်နေအဘီအာရှုဘ် (ဟီဂျရီ ၅၈၈ကွယ်လွန်) သည် မနာကီဘုလ်အာလေ အဘီသွာလီဘ် စာအုပ်၌ ဖော်ပြထားချက်အရ ၊ အေမာမ်ကာဇွင်မ်(အစ) အား ဘဂ္ဂဒက်ရှိ ကိုရိာငရှ် သင်္ချိုင်းတွင် မြှုပ်နှံပြီးနောက် (ဘာ ဘုလ်သီးန်) ဟူအမည်ရှိသော ဝင်ပေါက်တံခါးကို (ဘာဘုလ်ဟဝါအီဂ်ျ) ဟူ၍ ပြောင်းလည်းခဲ့ကြသည်။ (7) ထို့အတူ၊ အဟ်လေစွန္နသ် ပညာရှင် အိဗ်နေ ဟဂျဲရ် ဟီသမီ(ဟီဂျရီ ၉၇၄ ကွယ်လွန်) ၏ အဆိုအရ၊ အေမာမ်ကာဇွင်မ်(အစ) သည် အီရတ်သားများအကြား ဘာဘုကဇွာအုလ်ဟဝါအီဂ်ျ အင်န်ဒလ္လာဟ် (အရှင်မြတ်ထံတော်ပါး၌ လိုအပ်ချက်များ နှင့် လိုအက်ဆန္ဒများကို ဖြည့်ဆည်းပေးသာ့် တံခါးပေါက်) ဟူ၍ ကျော်ကြားပေသည်။ (8) ရှာဖေအီ အိုလမာပညာရှင် ရှက်ဘ်လန်ဂျီ သည်လည်း အေမာမ်ကာဇွင်မ်(အစ) အား ဘာဘုလ်ဟဝါအီဂ်ျ ဟုခေါ်တွင်ရသည့် အကြောင်းအရင်းကို ၎င်းအား သဝစ္စုလ် လုပ်လာသူတိုင်း၏ လိုအပ်ချက်များ နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေး သောကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ (9) ဒါအိရသုလ်မအာရိဖုလ်ရှီအဟ် ၏ ဖော်ပြချက်အရ၊ စွန္နီများ နှင့် ရှီအဟ် များသည် ၎င်းတို့၏ လိုအပ်ချက်များ နှင့် လိုအင်ဆန္ဒများ ကိုဖြည့်ဆည်းရန် အေမာန်ကာဇွင်မ် (အစ) ၏ ကဗရ်သို့ သဝစ္စုလ် ပြုလုပ်ကြသည်။ (10)