ဘာကိရ်လ်အိုလူးမ် (ဘွဲ့တော်)

wikishia မှ

ဘာကိရွလ်အိုလူးမ် (အာရဗီ-باقِرُالْعُلوم) သိုမဟုတ် ဘာကိရ် ဟူသည် အေမာမ် မိုဟမ္မဒ် ဘာကိရ် ၏ အကျော်ကြားဆုံးသော ဂုဏ်ပုဒ် ဖြစ်သည်။ [၁]

ဟုခေါ်သနည်းဟူသော မေးခွန်းကို ဖြေကြားရာ၌ ၎င်းသည် ပညာရပ်များကို ရှင်းလင်းစွာ ခွဲခြားသိမြင်တက်ကျွမ်းသောကြောင့် ဖြစ်သည်ဟု လာရှိထားထားသည်။ [၂] ထိုအတူ ဟီဂျရီ ကိုးရာစု နှင့် ဆယ်ရာစု၏ အဲဟ်လေစွန္နသ် ပညာရှင် ဖက်ဇ်ွလ် ဗင်န် ရူးဇ်ဘဟာန် ရေးသားထားသည့် ၀စီးလသွလ် ခါဒမ် စာအုပ်၌ လာရှိထားသည်မှာ တမန်တော်မြတ်(ဆွ) သည် ပဉ္စမမြောက် အေမာမ်အား ဘာကိရွလ်အိုလူးမ် ဟူသော ဂုဏ်ပုဒ်ကို ပေးအပ်ခဲ့သည်။ [၃] ထိုအပြင် အေမာမ်ဆွာဒီက်(အစ) ၏ ရေဝါယသ် တစ်ခု၌ လာရှိထားသည်မှာ တမန်တော်မြတ်(ဆွ) သည် ဘာကိရ် ဟူသော ဂုဏ်ပုဒ်အား ထူးခြားသောကိုယ်ကျင်းတရား ရှိခြင်းကြောင့် အေမာမ်ဘာကိရ်(အစ) အား ထိုဂုဏ်ပုဒ်ကို ပေးအပ်ခဲ့လေသည်။ [၄] တမန်တော်မြတ်(ဆွ) သည် ဂျာဘီရ် ဗင်န် အဘ်ဒွလ္လာဟ် အန်ဆွာရီ အား ကတိပေးထားသည်မှာ အသင်သည် အသက်ရှည်ပေမည် ထိုနာက် ကျွန်ုပ်၏ သားဖြစ်သူ မိုဟမ္မဒ် ဗင်န် အလီ ဗင်န် ဟူစိန်း ဗင်န် အလီ ဗင် အဘီသွာလီဘ် ၊သောင်ဝ်ရသ် ကျမ်း၌ ဘာကိရ် ဟူသော ဂုဏ်ပုဒ် ပိုင်ဆိုင်ထားသူ အား တွေ့မြင်ရပေမည်။ ၎င်းနှင့် တွေ့ဆုံသည့်အချိန် ကျွန်ုပ်၏ စလာမ် ကို ၎င်းအား ပိုသပါလေ။ [၅] ထိုအတူ စီဘ်သွ် အိဗ်နေ ဂျောင်ဇီး (ဟီရျရီ၆၅၄၌ကွယ်လွန်) ရေးသားထားသည့် သဇ်ကိုရသွလ် ခဝါဆ်ွ ဟူသော စာအုပ်၌ လာရှိထားသည့် ရေဝါယသ် တစ်ခု အရ အေမာမ်ဘာကိရ်(အစ) သည် စဂ်ျဒါ အမြောက်အများ ပြုလုပ်သောကြောင့် ၎င်း၏ နဖူးသည် နစ်၀င်နေသည့်အတွက် ၎င်းအား ဘာကိရ် ဟူ၍ ခေါ်တွင်ခဲ့သည်။ [၆]

မှတ်စုများ

  1. قمی، منتهی الآمال، ۱۳۷۹ش، ج۲، ص۱۲۶۳.
  2. صدوق علل الشرایع، ۱۳۸۵ق، ج۱، ص۲۳۳.
  3. سبط بن جوزی، یوسف بن خنجی اصفهانی، وسیلة الخادم، ۱۳۷۵ش، ص۱۹۰.
  4. مجلسی، بحارالانوار، ۱۳۶۳، ج۴۶، ص۲۲۵.
  5. اعلمی، عيون الاخبار الرضا، ۱۴۰۴ق، ج۲، ص۱۴۷.
  6. سبط بن جوزی، تذکره الخواص، ۱۴۱۸ق، ص۳۰۲.

ကျမ်းကိုးမျာ

  • اعلمی، حسن، عيون الاخبار الرضا، بيروت، مؤسسه اعلمی، ۱۴۰۴ق.
  • خنجی اصفهانی، فضل‌الله، وسیله الخادم الی المخدوم، قم، انتشارات انصاریان، ۱۳۷۵ش.
  • سبط بن جوزی، یوسف بن قزاوغلی، تذکرة الخواص من الأمّة فی ذکر خصائص الأئمة، قم، منشورات الشریف الرضی، ۱۴۱۸ق.
  • صدوق، محمد بن علی، علل الشرایع، تحقیق محمدصادق بحرالعلوم نجف اشرف، منشورات مکتبة الحیدریة، ۱۳۸۵ق.
  • قمی، عباس، منتهی الآمال، قم، جامعه مدرسین، ۱۳۷۹ش.
  • مجلسی، محمدباقر، بحارالانوار، تهران، اسلامیه، ۱۳۶۳ش.
  • مفید، محمد بن نعمان، الاختصاص، تحقیق علی‌اکبرغفاری، بیروت،‌ دار المفید، ۱۴۱۴ق.