ဗလ်အမ်ဘာအူရာ

wikishia မှ

ဗလ်အမ်ဘာအူရာ သည် အေမာမ်မူစာကာဇွင်မ်(အစ) ၏ ဖခတ်ကာလ၌ရှိသော ပညာရှင်များ အနက်မှ တစ်ဦးဖြစ်ကာ မုစ်သဂျာဘုလ်ဒအ်ဝဟ် လည်းဖြစ်ပေသည်။ သို့သော် ရှိုင်သွာန်သည် ၎င်းအား လမ်းလွဲလမ်းမှားသို့ ရောက်စေခဲ့သည် ။ အစ္စလာမ့် ရေဝါယသ်များ နှင့် သောင်ဝ်ရသ်ကျမ်းများတွင် ဗလ်အမ်ဘာအူရာ အကြောင်း ဖော်ပြထားသည်။ ထို့အတူ အချို့သော သဖ်စီးရ် ပညာရှင်များသည် လူသားတစ်ဦး လမ်းမှားရောက်ခြင်း အကြောင်း မိန့်ဆိုထားသည့် စူရဟ် အအ်ရာဖ် အာယသ် ၁၇၅ ယင်းအား အရှင်မြတ်၏ အာယသ် သက်ျသငာဓက ဟုခေါ်ပြီး (ဆိုလိုသည်မှာ အရှင်မြတ်၏ ကြီးကြယ်မြင့်မြတ်သော နမာတော်များကို သိကျွမ်းခြင်း နှင့် အရှင်မြတ်၏ ကျမ်းစာအုပ်အား သိကျွမ်းခြင်း) ကို ၎င်းအတွက် လာရှိထားသည် ဟူ၍ ယူဆထားကြသည်။ အစ္စရေးလူမျိုးများ အကြားတွင် အချို့သော သဖ်စီးရ် ပညာရှင်များ ဗလ်အမ်ဘာအူရာ အကြောင်းကို အမျိုးမျိုးပြောဖူးခဲ့သည်။

ထူးခြားမှု ၊ အရှင်မြတ်၏ ကျမ်းစာအုပ်အား သိကျွမ်းခြင်း

ဗလ်အမ် (1) သို့မဟုတ် ဗလ်အာမ် (2) သည် ဗနီအစ္စရာအီလ် မျိုးနွယ်မှ ဖြစ်ပြီး (3) ဆီးရီးယား ၌နေထိုင်ပေသည်။ (4) အေမာမ်မူစာကာဇွင်မ်(အစ) သည် ၎င်းအား မိုဗလ္လက်ဂ် ဟူသောခေါင်းစဉ်ဖြင့် အသုံးပြု သုံးနှုံးထားပေသည်။ (5) ဗလ်အမ်၏ ဖခင်ထံမှ “ဗာအူရာအ်” (6) “ဗာအူရ်” (7) နှင့် “အာဝဲရ်” (8) ဟူသောအမည်များ ၊ ၎င်း၏ ဇနီးမယားထံမှ “ဗစူစ်” ဟူသော အမည်ဖြင့် ဖော်ပြထားပေသည်။ (9) အချို့သော သဖ်စီးရ် ပညာရှင်များ၏ အဆိုအရ၊ وَ اتْلُ عَلَیهِمْ نَبَأَ الَّذِی ءَاتَینَاهُ ءَایاتِنَا فَانسَلَخَ مِنْهَا فَأَتْبَعَهُ الشَّیطَانُ فَکاَنَ مِنَ الْغَاوِین

(အို၊ ရစူလ်တမန်တော်၊ အသင်သည် သူတို့အား) “ငါအရှင်မြတ်၏ အာယာသ် သက်သေလက္ခဏာတော် များကို ပေးအပ်ခြင်းခံရပါလျက် ယင်းမှ နောက်ဆုတ်ခွဲခွာသည့်အတွက် စေတန်မကောင်းဆိုးဝါး ၏ လွှမ်းမိုးမှုခံရပြီး ထိုမကောင်းဆိုးဝါးအား နာခံလိုက်နာသောကြောင့် (အရှင့်လမ်းစဉ်တော်မှ လွဲချော်၍) လမ်းမှားရောက်နေသူတို့အနက်မှ အပါအဝင်ဖြစ်ခဲ့သော သူ၏အကြောင်းကို (ဝဟီအရှင့်အမိန့်ထုတ်ပြန် ပို့ချချက်အပေါ်အခြေခံ၍) ဖတ်ပြလော့။ “ (10) ယင်းအာယသ်အား ဗလ်အမ် နှင့်ပတ်သက်ပြီး ကျခဲ့သည်ဟု မှတ်ယူထားသည်။ (11) သို့သော် သဖ်စီးရ်ပညာရှင်များအကြား ယင်းနှင့်ပတ်သက်၍ ကွဲပြားသောအမြင်များ ရှိပေသည်။ အချို့မျာူသည် ဤအာယသ်ကို ဗလ်အမ် မှ အရှင်မြတ်၏ ကြီးကြယ် မြင့်မြတ်သော နမာတော်များကို သိရှိနားလည်ခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။ (12) ထို့ကြောင့် ၎င်း၏ တောင်းဆုများသည် အစဉ်အမြဲ ပြည့်ဝသည်ဟု လာရှိထားသည်။ (13) အချို့များသည် ဤအာယသ်ကို ၎င်းသည် အရှင်မြတ်၏ နာမတော်ကို သိခြင်းမဟုတ်ဘဲ အရှင်မြတ်၏ ကျမ်းစာကိုသိခြင်း ဟူ၍ မှတ်ယူထားကြသည်။ (14)

ထိပ်တန်းအရာရှိ အဆင့်မှ ရပ်တန့်သွားခြင်း

စူရဟ် အအ်ရာဖ် အာယသ် ၁၇၅ အရ ဗလ်အမ်သည် အာယသ်တော်ကို သိရှိသော်လည်း ရှိုင်သွာန်သည် ၎င်းအား လမ်းလွဲစေခဲ့သည်။ (15) ၎င်းလမ်းလွဲရခြင်း ၏ အကြောင်းအရင်း နှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိပေသည် ၎င်းတို့မှာ ဗလ်အမ်သည် တမန်တော်မူစာ(အစ) အား ဆန့်ကျင်ပြီး ဖီရ်အောင်န်ကို ကူညီခဲ့သည်။ (16) အိစ်ဘာသုလ်ဝစာယဟ် ကျမ်း၌ မစ်အူဒီ၏ ဖော်ပြချက်အရ ၊ ဗလ်အမ်သည် မိမိ့ နေထိုင်‌ေနရာ၌ ဟဇရသ် ယူရှေအ် နှင့် ဗနီအစ္စရာအီလ် တို့အကြား ပဋိပက္ခဖြစ်ကြရာ မိမိ့တိုင်းပြည်၏ ဘုရင်ကို ကူညီခဲ့သည်။ (17) အလ္လာမဟ် သွဗာသွဗာယီးသည် ၊ ဗလ်အမ်၏ လောကအား တတ်မတ်မှုသည် ၎င်းအား လမ်းလွဲလမ်းမှား ရောက်စေသည့် အခြေခံ အကြောင်းအရင်း ဖြစ်သည်ဟု ယူဆထားသည်။ (18)

ကွဲပြားသော ပုံပြင် (အဖြစ်အပျက်)) များ

ဗလ်အမ် နှင့်ပတ်သက်ပြီး ပုံပြင် (အဖြစ်အပျက်)) များစွာကို ဖော်ပြထားသည် ၎င်းတို့မှာ အချို့သော သဖ်စီးရ် ပညာရှင်များသည်၊ ဤရေဝါယသ်ကို ၊ အစ္စရာအီလ်များထံမှ လာရှိပြီး ယုံကြည်လက်ခံနိုင်ဖွယ် မရှိပေဟု သတ်မှတ်ထားသည်။ (19) ၎င်းတို့အနက်မှ အချို့မှာ ဗလ်အမ်သည် တမန်တော်မူစာ(အစ)၏ စစ်တပ်ကို ဖျက်ဆီးလိုသူဖြစ်သည် ထို့ကြောင့် အစ္စရာအီလ်တို့ကို ကြိုဆိုဖို့အတွက် အမျိုးသမီးများကို စေလွှတ်ရန် ဘုရင်ထံမှ တောင်းဆိုခဲ့သည် ။ ထိုမှသာ ၎င်းတို့သည် အမျိုးသမီးများနှင့် ဖောက်ပြန်မှုများ ဖြစ်လာနိုင်ပြီး အရှင်မြတ်သည် ၎င်းတို့ကို ဖျက်ဆီးပစ် မည်ဖြစ်သည်။ (20) ဗလ်အမ်သည် ဆုတောင်းချက် သုံးချက်အား ဖြေကြားခဲ့သည်။ ၎င်းမိန်းမသည် မိမိအတွက် သီးသန့်ဒိုအာတစ်ခု သတ်မှတ်၍ ဆုတောင်းပေးရန် တောင်းဆိုခဲ့သည် ၊ ဗလ်အမ်လည်း ယင်းအား လက်ခံခဲ့သည်။ ၎င်းဇနီးသည် အစ္စရေးမှ အလှဆုံး အမျိုးသမီးဖြစ်လာပါစေဟု ဆုတောင်းပေးဖို့ တောင်းဆိုသည့် အတွက် ဗလ်အမ်လည်း ဆုတောင်းချက်ကို လက်ခံခဲ့သည်။ ထို့နောက် ၎င်းဇနီးသည် မိမိမှာ ဗနီအစ္စရာအီးလ်မှ အလှဆုံးမိန်းမ မဖြစ်သည်ကို တွေ့ရှိသောအခါ ဗလ်အမ်အား စိတ်ဆိုးမျက်နှာလွဲခဲ့သည်။ ထိုအခါ ဗလ်အမ်သည် ဒိုအာလုပ်သည့်အခါ ထိုမိန်းမသည် ခွေးအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ဗလ်အမ်၏ သားသမီးများသည် မိမိတို့၏ မိခင်အား ထိုသို့ပုံစံမှ နုတ်ယူရန် တောင်းဆိုသည့်အခါ ဗလ်အမ်သည်လည်း လိုက်လျောခဲ့သည်။ (21) အချို့ ကျမ်းကိုးများ၏ ဖော်ပြချက်အရ ဗလ်အမ်သည် တမန်တော်မူစာ(အစ) နှင့် ၎င်း၏ အဖွဲ့သားများကို ကျန်ဆဲဖို့ရန်အတွက် မြင်းပေါ်တက်သော်လည်း မြင်းမှာ မလှုပ်ရှားပေ။ ၎င်းသည် မြင်းကို ရိုက်နှက်ခဲ့သည်။ ထိုသို့ သုံးကြိမ်သုံးခါ ပြုလုပ်ခဲ့သည်။ တိရိစ္ဆာန်သည် အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် စကားပြောခဲ့ပြီး ဗလ်အမ်အား ကောင်းကင်တမန်များသည် မိမိအား တားမြစ်ပိတ်ပင် ထားကြောင်း ဆိုခဲသည်။ (22) ဤပုံပြင် (အဖြစ်အပျက်) သည် သောင်ဝ်ရသ်ကျမ်း၌လည်း လာရှိထားသည်။ (23)