ဗကီးအ်အားဖျက်စီးမှု

wikishia မှ
ဂျန္နသ်သိုလ်ဗကီးအ် မဖြိုဖျက်မည်အလျင်

ဗကီးအ်အားဖျက်စီးမှု (အရဘီ : تخریب البقیع) သည် ဟီဂျရီ ၁၃၄၄ခုနှစ် မဒီနာ မြို့တော် အား ဝဟာဘီများ ပိတ်ဆို့ ဝိုင်းထားပြီးနောက် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ရည်ညွှန်းပါသည်။ ဗကီးအ်ကဗရ်စတန်(ခ) ဗကီးအ်သင်္ချိုင်း နှင့် ၎င်း သင်္ချိုင်းအတွင်းရှိ ရောင်ဇာတော်များ ၊ ဗိမာန်တော်များ ကို မဒီနာ ဖုဖ်သီများ နှင့် ဆော်ဒီတရားသူကြီး ရှိက်ခ် အဗ်ဒိုလ္လာဟ် အလ်ဗလီဟဒ် ဖသ်ဝါ ဖြင့် ဖျက်ဆီးခဲ့ကြပါသည်။ ရှီအဟ် အေမာမ်ကြီး လေးပါး အေမာမ်ဟစန်(အ.စ)၊အေမာမ်စဂျာဒ် (အ.စ) ၊ အေမာမ် ဘာကဲရ် (အ.စ) နှင့် အေမာမ် ဆွာဒစ်က် (အ.စ) တို့၏ ရောင်ဇာတော် များဖြစ်ပါသည်။ ဝဟာဘီများ၏လက်ချက် ဖြင့် ဂျန္နသ်သိုဗကီးအ် နှစ်ကြိမ် ဖျက်စီးခြင်းခံခဲ့ရပါသည်။ ပထမအကြိမ် ဟီဂျရီ သက္ကရာဇ် ၁၂၂၀ ခုနှစ် တွင် ဖြစ်ပြီး ၊ ဒုတိယအကြိမ် ဟီဂျရီ သက္ကရာဇ် ၁၃၄၄ ခုနှစ်တွင် ဖြစ်ပါသည်။ ဤလုပ်ရပ် အား ဝဟာဘီများမှ မဒီနာ မြို့ ၏ မုဖ်သီ ၁၅ ပါး ၏ ဖသ်ဝါ အရ ဖျက်စီးခဲ့ခြင်း ဖြစ်ပါသည်။

၎င်းဖသ်ဝါ တွင် ကဗဲရ် များကို ရောင်ဇာ (ခ) ဗိမာန် တည်ဆောက်ခြင်း ကို ဗေဒအသ် အဖြစ်သတ်မှတ်ပြီး ဖြိုဖျက်ရန် ဝါဂျစ်ဗ် အဖြစ်သတ်မှတ်ခဲ့ကြပြီးဖျက်စီး ခဲ့ကြပါသည်။ ဂျန္နသ်သိုဗကီးအ် အား ဖြိုဖျက် ခံရ ခြင်း အတွက် အီရန် ၊အီရတ် ၊ ပါကစ္စတန်၊ ယခင် ဆိုဗီယက် ယူနီယံ စသည်တို့မှ လူထုများ နှင့် အာလင်မ်များ မှ တုံ့ပြန်မှု ကို ပြုခဲ့ကြပါသည်။

အစ္စလာမ် ဘာသာဝင်များ၏ မြင့်မြတ်သောနေရာများ ဖျက်ဆီးခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်အစိုးရသည် အများ ပြည်သူ ဝမ်းနည်း ခြင်းနေ့ အဖြစ် သတ်မှတ် ကြေညာခဲ့ပါ သည်။ ပြီးနောက် အသစ်ဖွဲ့စည်းထားသော ဆော်ဒီနိုင်ငံအား အသိအမှတ်ပြုမှုကို သုံးနှစ်ကြာ ရွှေ့ဆိုင်းခဲ့ပါသည်။ ဂျန္နသ်သိုဗကီးအ် ကဗဲရ်စတန် အား ဖြိုဖျက်ပြီးနောက်မြေပြန့် တစ်ခု အသွင်သို့ ပြောင်းသွားခဲ့ပါသည်။ သို့ပေမဲ့လည်း ရှီအဟ် အေမာမ် လေးပါး (အ.စ) ၏ကဗဲရ် နေရာများအား ကျောက်တုံး များဖြင့် အမှတ် အသားပြု ထားပါသည်။ ရှီအဟ် အိုလမာ နှင့် အီရန် အစိုးရ တို့ မှ အေမာမ်များ (အ.စ)၏ ကဗဲရ်များ ကို အုတ်ဂူ ဗိမာန် များ ပြုရန် ထိုနည်း တူစွာ ကဗဲရ် လေးဘက်လေးမျက်နှာ မှတံတိုင် ထောင်ရန်၊ဇရီးတော် အဖြစ်ပြုရန် ကြိုးပမ်းခဲ့ သည့် အတွက် ဆော်ဒီ အစိုး ရ မှ နှုတ် နှင့် လက်ခံ ခဲ့ပေမဲ့ လက်တွေ့ တွင် ယနေ့ အထိ ဘာမှ မလုပ်ပေး သေးသည်ကို တွေ့ ရပါသည်။

ရှီအဟ်အိုလမာ အနေဖြင့် ဂျန္နသ်သိုဗကီးအ် ဖြိုဖျက်စီးခံရခြင်းအပေါ် ဆန္ဒပြကန့်ကွက် မှုများ ၎င်းဖြစ်ရပ်ကို ရှုတ်ချမှုများ နှင့် ၎င်းကိစ္စ နှင့် ပတ်သက် သည်ပြီး စာအုပ်များ ရေးသားခြင်း တို့ကို ပြုခဲ့ပါသည်။ စာအုပ်များတွင် မဇ်ဟဗ်ဆိုင်ရာ ဗိမာန် အဆောက် အဦးများ ကို ဖြိုဖျက် ခြင်း ကိစ္စ တွင် ဝဟာဘီများ ၏ အမြင် ကို ဝေဖန်ထောက်ပြ ထားပြီး မဇ်ဟဗ်ဆိုင်ရာ ဗိမာန် အဆောက်အဦးများ ကို ပထမဦးဆုံး ဖြိုဖျက်သည့် အုပ်စု အဖြစ် ဖော်ပြထားပါသည်။ ဤကိစ္စ အတွက် ဆယက်ဒ် မိုဟ်စင် အမီးန် ရေးသားသီးကုံးထားသည့် “ကရှ်ဖ်ဖိုလ်အေရ်သေယာဗ် “ နှင့် မိုဟမ္မဒ် ဂျဝါဒ် ဘလာဂီ ရေးသားထားသည့် “ ဒအ်ဝသိုလ်ဟိုဒါ “ မှတ်သားစရာ စာအုပ်များ ဖြစ်ပါ သည်။

ဂျန္နသ်သိုဗကီးအ် ကဗဲရ်စတန် ၏ တည်နေရာ နှင့် အရေးပါမှု

ဗအီးအ် ၊ ဂျန္နသ်သိုဗကီးအ် သို့မဟုတ်” ဗကီးအိုဂဲရ်ကဒ် (အစ္စလာမ် မတိုင်မီ ဗကီးအ်၏အမည်)ဖြစ်ပါသည်။ (၁) မဒီနာ မြို့ ၏ ပထမဆုံး နှင့် ရှေးအကျဆုံး အစ္စလာမ့် သင်္ချိုင်း တော် ဖြစ်ပါသည်။ (၂) ပြီးနောက်ဟဒီးစ်တော်များ အရ ဟဇရသ် မိုဟမ္မဒ် (ဆွ ) သည် ဤ သင်္ချိုင်း တော်အား ထူး ဂရုပြူလေ့ ရှိပါသည်။(၃) ဂျန္နသ်သိုဗကီးအ် သည် ရှီအဟ် များ ၏ အေမာမ် လေးပါး နှင့် ဆွာဟာဗဟ် အများအပြား နှင့် သာပေအီးန်များ ကို မြှုပ် နှံထားသည့် နေရာဖြစ်ပါသည်။(၄) ဗကီးအ်အား ဝဟာဘီများ လက်ချက် ဖြင့် ဟီဂျရီ သက္ကရာဇ် ၁၂၂၀ ခုနှစ် အလျင် မဖြိုဖျက်စီးမည် အလျင် အေမာမ် များ (အ.စ) နှင့် အခြား ပုဂ္ဂိုလ်များ ကဗဲရ် တော်များ သည် ရောင်ဇာတော် များ ဂူဗိမာန်များ ရှိခဲ့ပါသည်။ (၅) သမိုင်းအထောက်အထားများ အရ ရှီအဟ် အေမာမ် များ (အ.စ) ဂူဗိမာန်တော်များ ၊ ဘိုက်သိုလ်အဲဟ်ဇာန် နှင့် အခြားဂူဗိမာန် များသည် ဟီဂျရီ သက္ကရာဇ် ၁၂၉၇ ခုနှစ် အထိ ဂျန္နသ် သိုလ်ဗကီးအ် တွင် တည်ရှိနေခဲ့ပါသည်။ (၆) ဂျန္နသ်သိုလ်ဗကီးအ် အား ပထမအကြိမ် ဖြိုဖျက်ခံရပြီးနောက် မဒီနာ ရွှေမြို့ တော် တွင် ဝဟာဘီ အဓိကရုဏ်း များ ပြီးနောက် အော်တိုမန်အင်ပါယာ ၏ ဘုရင် မဲဟ်မူဒ် ၂ ၏ အမိန့် ဖြင့် ဟီဂျရီ သက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် ဂူဗိမာန် များ ကို ပြန် လည်တည်ဆောက်ခဲ့ပါသည်။ (၇)

ထိုကြောင့် ဟေစာန်မိုလ်စလ်သွနဟ် ဟု လူသိများသည့် မူရာဒ် မီးရ်ဇာ (အီရန် သက္ကရာဇ် ၁၁၆၈ - ၁၂၁၂ ) မှ မိမိ ၏ စာအုပ်တွင် အနည်းဆုံး ဟီဂျရီ သက္ကရာဇ် ၁၂၉၇ ခုနှစ် အထိ အေမာမ်ဟစန်(အ.စ) ၊ အေမာမ် စဂျဒ် (အ.စ) ၊ အေမာမ် ဘာကဲရ် (အ.စ) နှင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ဂူဗိမာန် များ ကို သစ်သားဖြင့် ပြုလုပ်ထားသည့် အစိမ်းရောင် ဇရီးဟ်တော်များ ပြုလုပ်ထားသည့် ဖြစ်ကြောင်း ၊ ဟဇရသ် ဇဲဟ်ရာ (စ.အ) နှင့် ပတ်သက်သည့် ဘိုက်သိုလ်အဲဟ်ဇာန် သည် ၎င်း ဂူဗိမာန်တော်များ ၏ အနောက် တွင် တည်ရှိ ကြောင်း ရေးသားသီးကုံးထားပါသည်။ (၈) အယာဇ်ခန်း ကရှ်ကာယီ ၏ ခရီးသွားမှတ်တမ်း အရ ဟီဂျရီ သက္ကရာဇ် ၁၃၄၁ ခုနှစ် တစ်နည်းအား ဖြင့် ဂျန္နသ်သိုလ်ဗကီးအ် ကို လုံးဝဖြိုဖျက်မှု မပြုမည် ၂နှစ် အလျင် ရှီအဟ် များ ၏ အေမာမ် ၄ပါး စလုံး၏ ဂူဗိမာန်များသည် အဆောင်တော် (ရောင်ဇာတော်) တစ်ခု အတွင်း ရှိခဲ့ ကြောင်း ဂူဗိမာန် တိုင်း သည် အဆောင်တော် (ရောင်ဇာတော်) တစ်ခု အတွင်း တွင်ရှိနေပေမဲ့ တစ်ခု ခြင်းစီ သီးသန့် ရှိနေကြောင်းသိရှိရပါသည်။ (၉) အယာဇ်ခန်း ကရှ်ကာယီ မှ ထိုနည်းတူစွာ မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ သားတော် ဟဇရသ် အီဗရာဟီးမ် နှင့် အဗ်ဒိုလ္လာဟ် ဂျအ်ဖရ် သွယာရ် တို့၏ ဂူဗိမာန် များ သည် အဆောင်တော် များဖြင့် တည်ရှိနေပြီး ဂျန္နသ်သိုလ်ဗကီးအ် အနီး ရှိလမ်း တွင် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ အဒေါ်များ ဖြစ်သူ (အဖေဘက်မှ) ဆဖီးယဟ် ဘင်န်သေ အဗ်ဒိုလ်မိုသွလစ်ဗ် ၊ အာသေကဟ် ဘင်န် သေ အဗ်ဒိုလ်မိုသွလစ်ဗ် ။ ဟဇရသ် အဘာစ် (အ.စ) ၏ မယ်တော် အွန်မိုလ်ဘနီးန် နှင့် ဘနီ ဟာရှင်မ် ၏ အခြား ပုဂ္ဂိုလ်များ ၏ ကဗဲရ် တော် များ မြင်တွေ့ နိုင်ကြောင်း ဖော်ပြထားပါသည်။ (၁၀)