ဗကီးယသွလ္လာဟ်

wikishia မှ


      ဗကီးယသွလ္လာဟ် (အရဘီ- بَقیّةُاللّه ) ဆိုသည်မှာ အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ ဘွဲ့ထူးများထဲမှ တစ်ခုဖြစ်ပြီး အကွယ်တွင် ရှိနေသည့် ရှီအဟ်များ၏ နောက်ဆုံး မအ်စူမ် (ပြစ်မဲ့) အေမာမ် ဖြစ်ပါသည်။ ” ဗကီးယသွလ္လာဟ်” ဆိုသည့် စကားလုံးကို ကုရ်အာန် တွင် သုံးထားပြီး ရီဝါယသ်သဖ်စီးရ်ရီများတွင် ၎င်းကို ရှီအဟ် အေမာမ်များ ဟု အဓိပ္ပာယ်ဖွင့်ဆိုကြပြီး အချို့မှာ ဟဇရသ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ ဘွဲ့အမည်ဟု ဆိုထားပါသည်။

” ဗကီးယသွလ္လာဟ်” ဆိုသည့် စကားလုံး သည် အဘိဓာန် နှင့်သဖ်စီးရ် များ တွင် လူသား အတွက် အလ္လာဟ် ဟို အရှင်မြတ် ထိန်းသိမ်းစောင့်ရှောက် ပေးထားသည့် အရာဟု အဓိပ္ပာယ် ရရှိပါသည်။ ပြီးနောက် ကျေးဇူး တော် နှင့်ကောင်းမြတ်ခြင်း ဟုလည်းအဓိပ္ပာယ်ရပါသည်။ အေမာမ်များဟု အဓိပ္ပာယ်ဖွင့်ဆို ရသည့် အကြောင်းမှာ လည်း အေမာမ်များသည် မနုဿလူသားများ အတွက် အလ္လာဟ့်၏ ကျေးဇူးတော် နှင့် ကောင်းချီး မင်္ဂလာ များ ဖြစ်ကြသည့် အတွက် ဖြစ်ပါသည်။

အဲဟ်လေ့ဘိုက်(သ)(အ.စ) နှင့် ပတ်သက်ပြီး


      " ဗကီးယသွလ္လာဟ်”အား ရှီအဟ် ဟဒီးစ်တော်များ တွင် ရှီအဟ်များ၏ ပြစ်မဲ့ အေမာမ်(၁၂)ပါးဖြစ်ကြောင်း သဖ်စီးရ် လုပ်ထားပါသည်။ ဥပမာအားဖြင့် အစ်ဗ်နေ ရှဲဟ်အာရှုပ်အနေဖြင့် အာယသ်တော် «بَقیّةُ اللّهِ خَیرٌ لکُم اِن کُنتم مُؤمِنین» [၁] သည် အေမာမ် ၁၂ပါး (အ.စ) ကျရောက်ခဲ့ကြောင်း ဆိုထားပါသည်။[၂]အလာမဟ် မဂျ်လေစီ အနေဖြင့် ” ဗကီးယသွလ္လာဟ်” ဆိုသည်မှာ «من ابقاه الله» ( အလ္လာဟ်ဟိုအရှင်မြတ် ထိန်းသိမ်းစောင့်ရှောက် ထားသူ) ဖြစ်ကြောင်း ပြီးနောက် ” ဗကီးယသွလ္လာဟ်” ဆိုသည်မှာ အန်ဗီယဟ်များ (အ.စ) အောင်စီယဟ် (အ.စ)များ မှ ဖြစ်ပြီး၎င်းအား အလ္လာဟ်ဟို အရှင်မြတ် မှ မနုဿလူသား ၏ လမ်းညွှန်မှု အတွက် မြေပထဝီ စောင့်‌ရှောက်ထားခြင်းခံရသူဖြစ်ပါကြောင်းဆိုထားပါသည်။[၃] ထိုနည်းတူစွာ ရီဝါယသ်တော်တစ်ခု အရ လူများ မှ အေမာမ်မိုဟမ္မဒ် ဘာကဲရ် (အ.စ) အတွက် မြို့တံခါး ပိတ်သည့်အခါ အေမာမ်မှ မိမိကိုယ်တိုင်အား ” ဗကီးယသွလ္လာဟ်”ဆိုပြီး မိတ်ဆက်ပေးခဲ့ပါသည်။[၄] ဇေယာရသ် ဂျအ်မေကဘီးရ် တွင်လည်း ရှီအဟ် အေမာမ် (၁၂) ပါးအား ” ဗကီးယသွလ္လာဟ်” ဟုဆိုထားပါသည်။[၅]

အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ ဘွဲ့တော်များ


      အချို့ရီဝါယသ်တော်များကို အခြေခံပြီး ” ဗကီးယသွလ္လာဟ်” ဆိုသည်မှာ အေမာမ်ဇမာန်း(အ.ဂျ) ဖြစ်ကြောင်း သိရှိရပါသည်။ ပမာအားဖြင့် အေမာမ် အလီ (အ.စ)ထံတော် မှ ဆင့်ပြန် လာရှိသည်မှာ ” ဗကီးယသွလ္လာဟ်” ဆိုသည်မှာ အေမာမ် မဲဟ်ဒီ(အ.ဂျ)ဖြစ်ပါသည်။[၆] ထိုနည်းတူစွာ ရီဝါယသ်တော် တစ်ခု အရ လူထုအနေဖြင့် အေမာမ် ဆွာဒစ်က် (အ.စ)ထံ အေမာမ်မဲဟ်ဒီ (အ.ဂျ)အား အမီးရိုလ်မိုအ်မေနီ အဖြစ် ခေါ်ဆိုနိုင်ပါသလား?ဟု မေးမြန်းသည့်အခါ အေမာမ် (အ.စ) မှ အမီးရိုလ်မိုအ်မေနီ ဆိုသည့် ဘွဲ့ သည် အလီအစ်ဗ်နေအဘီသွာလစ်ဗ် (အ.စ)အတွက်သာသီးသန့် ဖြစ်ကြောင်း အဖြေပေးတော်မူလေ၏။ ပြီးနောက်အေမာမ် အနေဖြင့် လူထုအား အေမာမ် ဇမာန်း (အ.ဂျ) အား ” ဗကီးယသွလ္လာဟ်” ဟုခေါ်ဆိုကြရန် မိန့်တော်မူလေ၏။[၇]


      အချို့ နဲဟ်ဂျိုဗလာဂဟ် အကျယ်ဖွဲ့ ကျမ်းရှင်အချို့မှ بَقیَّةُ مِنْ بَقایا حُجَّتِه ဆိုသည့် နဲဟ်ဂျုဗလာဂဟ်တွင် သုံးထားသည့် စာသား အား (ထိုသူသည် အလ္လာဟ် ဟို အရှင်မြတ် ဟွတ်ဂျသ်တော်များကျန်ရှိနေသည့် ဟွတ်ဂျသ် ဖြစ် ပါသည်) ၏သဖ်စီးရ်မှာ ၁၂ မြောက်အေမာမ်ဖြစ်ကြောင်းဆိုထားပါသည်။[၈]အစ်ဗ်နေ အဘီ အလ်ဟဒီးဒ်မအ်သဇလီ ၏အဆိုအရ ရှီအဟ်များ မှ ဤ စာသား၏ ဆိုလိုချက်မှာ အေမာမ် မဲဟ်ဒီ ဖြစ်ကြောင်း[၉] ဆူဖီများ မှ အိုရ်ဖဟ် ဖြစ်ကြောင်း အဲဟ်လေ့စွန္နသ် မှ အိုလမာ ဖြစ်ကြောင်းသဖ်စီးရ် ပြုထား ပါသည်။ ထိုသူများ သည် လူသားများအပေါ် အလ္လာဟ့်၏ ဟွတ်ဂျသ်ဖြစ်ကြပါသည်။[၁၀] ထိုနည်းတူစွာ ဒိုအာ နွတ်ဒ်ဗဟ် တွင်လည်း အေမာမ် မဲဟ်ဒီ (အ.ဂျ) အား ” ဗကီးယသွလ္လာဟ်” ဆိုပြီး အသုံးပြုထားပါသည်။[၁၁]


      ရှီအဟ် ရီဝါယသ်တော်များ တွင်လာရှိသည်မှာ အေမာမ် မဲဟ်ဒီ (အ.ဂျ) ဇူဟူရ် ဖြစ်တော်မူသည့် အချိန် တွင် အာယသ်တော် «بَقِیَّتُ اللَّهِ خَیْرٌ لَکُمْ...» အားသေလာဝသ် ပြုတော်မူမည်။ ပြီးနောက်ကိုယ်တိုင် အား” ဗကီးယသွလ္လာဟ်” ဖြစ်ကြောင်းမိတ်ဆက်တော်မူမည်။ မွတ်စလင်မ်များ အနေဖြင့် «السلام عَلَیْکَ یا بَقِیَّةَ اللّهِ فی اَرْضِه.» ဆိုပြီး အေမာမ် မဲဟ် ဒီ (အ.ဂျ) အားစလာမ်ပေးကြမည် ဖြစ်ပါသည်။[၁၂] ထိုနည်းတူစွာ ရီဝါယသ် တော် တွင်လာရှိသည်မှာ အေမာမ်မဲဒီ (အ.ဂျ) ကိုယ်တော်တိုင် «اَنَا بَقیَّةُ اللّهِ فی اَرضِه.» (ငါသည် ပထဝီမြေတွင် ဗကီးယသွလ္လာဟ်ဖြစ်ပါသည်။ )[၁၃]

သဖ်စီးရ် ပညာရှင်များ ၏ အမြင်များ


      သဖ်စီးရ်ပညာရှင်များ အနေဖြင့်အာယသ်တော် «بَقِیَّتُ اللَّهِ خَیْرٌ لَکُمْ إِنْ کُنْتُمْ مُؤْمِنِین» [၁၄] ၏ အောက်တွင် တမန် တော် ဟဇရသ် ရှိုအိုက်ဗ် (အ.စ) အနေဖြင့်မိမိ လူမျိုးများ အား ဆုံးမတော်မူများ နှင့် ပတ်သက်ပြီး ” ဗကီးယသွလ္လာဟ်” ၏ အဓိပ္ပာယ် အမျိုးမျိုးကို တင်ပြ ထားပါသည်။အချို့ သဖ်စီးရ် ပညာရှင်များ အနေဖြင့် ” ဗကီးယသွလ္လာဟ်” အား ဟလာလ် ရောင်းဝယ်မှု တွင် လူသားအတွက် ကျန်ရှိမည့် ရရှိသည့် အမြတ် ဖြစ်ကြောင်း ဖွင့်ဆိုထားကြပါသည်။[၁၅]


      အချို့ ပညာရှင်များ အနေဖြင့် တိုင်းတာသည့် ကိရိယာ ၊ တရားမျှတမှု အရ တိုင်းတာသည့် အရာ ( ချိန်ခွင့်၊ အလေး ချိန်ခွင်) ပါဝင်သည့် စူရဟ် ဟူဒ် အာယသ်တော်အမှတ် ၈၅ နှင့် ဆက်နွယ်ကြောင်း ဆိုထားပြီး ” ဗကီးယသွလ္လာဟ်” ဆိုသည့် အဓိပ္ပာယ်မှာ မှန်ကန်စွာ တိုင်းတာပြီး နောက် သင့်အတွက် ကျန်ရှိ နေသော အရာများ သို့မဟုတ် သင့်အတွက် အလ္လာဟ်ဟိုအရှင်မြတ် သိမ်းဆည်း ထားသောအရာသည် အသင် အမှား လုပ်၍ အလေးခိုးရောင်း ခြင်းထက် ပိုကောင်းသည်ဟု ဆိုကြပါသည်။[၁၆] စွန်နီသဖ်စီးရ် ပညာရှင် ဇမခ်ရှရီ အနေဖြင့် ” ဗကီးယသွလ္လာဟ်” မှာ အလ္လာဟ်ထံ တွင်ထိန်းသိမ်းထားသည့် အလ္လာဟ့်အားနားခံမှု ဖြစ်နိုင် ကြောင်း ဆိုထားပါသည်။[၁၇] အလာမဟ် မဂျ်လေစီ အနေဖြင့် သဖ်စီးရ်ပညာရှင်များသည် ” ဗကီးယ သွလ္လာဟ်” ၏ အဓိပ္ပာယ် အား ကျန်ရှိနေသည့် နေအ်မသ်တော် (ကောင်းချီးတော်) သို့မဟုတ် အခေရသ် (တမလွန်) ကျန်ရှိမည့် ဆဝါးဗ်ကို ဆိုလိုထားကြောင်း တင်ပြထားပါသည်။.[၁၈]

ဗကီးယဟ် ဆိုသည့် အဓိပ္ပာယ်မှာ ကျေးဇူးတော် နှင့် ကောင်းချီးမင်္ဂလာတော်


      အချို့သဖ်စီးရ်ပညာရှင်များ မှ” ဗကီးယဟ် “ ဆိုသည် အဓိပ္ပာယ် မှာ ကျေးဇူးတော် နှင့် ကောင်းချီးမင်္ဂလာတော် ဟုလည်း သဖ်စီးရ် ပြုထား ကြပါ သည်။ ဇမခ်ရှရီ အနေဖြင့် စုရဟ် ဟူဒ် အာယသ်တော် အမှတ် ၁၁၆ ၏ အောက်တွင် «اُولُوا بقیةٍ» လာရှိကြောင်း ဗကီးယဟ် အား ကျေးဇူးတော် နှင့် ကောင်းချီးမင်္ဂလာတော် ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။[၁၉] ဂျာမန်ဘာသာဖြင့် ကုရ်အာန်ကျမ်းမြတ် ကုရ်အာန်ကိုသာသာပြန်ဆိုသူ ၊ အရှေ့တိုင်း ပညာရှင် ရူဒီပါရ်သ် သည် ဖဇ်လ်ခေါ် ကျေးဇူးတော် သည် အမှန်တကယ် ဗကီးယဟ် ဖြစ်ပြီး ပိုလျှံသည်၊ပိုများသည် ဟု အဓိပ္ပာယ်ရကြောင်းဆိုထားပါသည်။ အဓိပ္ပာယ်ပြောင်းလဲခြင်းနှင့် အသွင် ကူးပြောင်းခြင်း တွင် ကောင်းခြင်း၏ အဓိပ္ပါယ်သည်လည်း ၎င်းနှင့်အတူ ပါ၀င်သည်။ထိုနည်းတူစွာ ဗကီးယဟ် ကိုလည်း ကောင်းချီး၊ ကျေးဇူးတော်နှင့် သာလွန်ခြင်း နှင့် ရွေးချယ်ခြင်း ဆိုသည့် အဓိပ္ပာယ် သို့ပြောင်းလဲ ခဲ့ခြင်း ဖြစ်ပါသစည်။[၂၀] ဗကီးယဟ် ဆိုသည့် စကားလုံးသည် ကျမ်းတော်မြတ် ကုရ်အာန် ၏ စုရဟ် ဘကရာဟ် အာယသ်တော် အမှတ် ၂၄၈ တွင် လည်း ကျေးဇူးတော် နှင့် ကောင်းချီး ဆိုသည့် အဓိပ္ပာယ်ဆို လိုချက် ကိုဆောင်ထားပါသည်၊။[၂၁] ဗကီးယသွလ္လာဟ် အား အေမာမ်များဟု အဓိပ္ပာယ်ဖွင့်ဆို ရသည့် အကြောင်းမှာ လည်း အေမာမ်များသည် မနုဿလူသားများ အတွက်အလ္လာဟ့်၏ ကျေးဇူးတော် နှင့် ကောင်းချီး မင်္ဂလာ များ ဖြစ်ကြသည့် အတွက် ဖြစ်ပါသည်။[၂၂]

အောက်ခြေ မှတ်စုများ

  1. ကုရ်အာန်, 11:86.
  2. Ibn Shahrāshūb, Manāqib Āl Abī Ṭālib, vol. 3, p. 102.
  3. Majlisī, Biḥār al-anwār, vol. 24, p. 211.
  4. Majlisī, Biḥār al-anwār, vol. 24, p. 212.
  5. Ibn al-Mashhadī, Al-Mazār al-kabīr, p. 526.
  6. Ṭabrisī, Al-Iḥtijāj, vol. 1, p. 252.
  7. Kulaynī, Al-Kāfī, vol. 1, p. 411-412.
  8. Nahj al-balāgha, p. 262.
  9. Quṭb al-Rāwandī, Minhāj al-barāʿa, vol. 2, p. 722.
  10. Ibn Abī l-Ḥadīd, Sharḥ nahj al-balāgha, vol. 10, p. 95-96.
  11. Ibn Mashhadī, al-Mazār al-kabīr, p. 578.
  12. Ṣadūq, Kamāl al-dīn, vol. 1, p. 331.
  13. Ṣadūq, Kamāl al-dīn, vol. 2, p. 384.
  14. ကုရ်အာန်, 11:86.
  15. Ṭabāṭabāyī, al-Mīzān, vol. 10, p. 364.
  16. Zamakhsharī, al-Kashshāf, vol. 2, p. 418.
  17. Zamakhsharī, al-Kashshāf, vol. 2, p. 418.
  18. Majlisī, Biḥār al-anwār, vol. 24, p. 211.
  19. Zamakhsharī, al-Kashshāf, vol. 2, p. 436.
  20. Paret, Der Koran: Kommentar und Konkordanz, p. 52-53.
  21. Paret, Der Koran: Kommentar und Konkordanz, p. 52-53.
  22. Dānishnāmah-yi Jahān Islām, vol. 3, ဆောင်းပါး ဗကီးယသွလ္လာဟ်

ကျမ်းကိုးများ

  • Nahj al-balāgha. Edited by Ṣubḥī Ṣāliḥ. Qom: Hijrat, 1414 AH.
  • Ibn Abī l-Ḥadīd, ʿAbd al-Ḥamīd b. Hibat Allāh. Sharḥ nahj al-balāgha. Edited by Muḥammad Abū l-Faḍl Ibrāhīm. Qom: Maktabat Āyatollāh Marʿashī, 1404 AH.
  • Ibn Mashhadī, Muḥammad b. Jaʿfar. Al-Mazār al-kabīr. Edited by Jawād Qayyūmī. Qom: Daftar-i Intishārāt-i Islāmī, 1419 AH.
  • Ibn Shahrāshūb, Muḥammad b. ʿAlī. Manāqib Āl Abī Ṭālib. Qom: ʿAllāma, 1379 Sh.
  • Kulaynī, Muḥammad b. Yaʿqūb al-. Al-Kāfī. Edited by ʿAlī Akbar Ghaffārī. Tehran: Dār al-Kutub al-Islāmīyya, 1407 AH.
  • Majlisī, Muḥammad Bāqir al-. Biḥār al-anwār. Beirut: Dār Iḥyāʾ al-Turāth al-ʿArabī, 1403 AH.
  • Paret, Rudi. Der Koran: Kommentar und Konkordanz. Stuttgart, 1977.
  • Quṭb al-Rāwandī, Saʿīd b. Hibat Allāh al-. Minhāj al-barāʿa fī sharḥ nahj al-balāgha. Edited by ʿAzīz Allāh ʿAṭārudī. Delhi: [n.p], 1404 AH.
  • Ṣadūq, Muḥamamd b. ʿAlī al-. Kamāl al-dīn wa tamām al-niʿma. Edited by ʿAlī Akbar Ghaffārī. Tehran: Islāmīyyam, 1395 AH.
  • Ṭabāṭabāyī, Muḥammad Ḥusayn. Al-Mīzān fī tafsīr al-Qurʾān. Qom: Daftar-i Intishārāt-i Islāmī, 1417 AH.
  • Ṭabrisī, Aḥmad b. ʿAlī al-. Al-Iḥtijāj ʿalā ahl al-lijāj. Edited by Muḥammad Bāqir Kharsān. Mashhad: Nashr-i Murtaḍā, 1403 AH.
  • Zamakhsharī, Maḥmūd b. ʿUmar al-. Al-Kashshāf ʿan ḥaqāʾiq ghawāmiḍ al-tanzīl. Beirut: Dār al-Kitāb al-ʿArabī, 1407 AH.