ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟာဒ်လှုပ်ရှားမှု

wikishia မှ

ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟာဒ်လှုပ်ရှားမှုသည် ပါလက်စတိုင်း၏ တော်လှန်ရေး လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်ပြီး အေမာမ်ခိုမီနီ၏ အတွေးအမြင်များအရ၊ ပါလက်စတိုင်းတို့၏ တစ်ခုတည်းသော လွတ်မြောက်ရေး နည်းလမ်းမှာ အစ္စရေး၏ သိမ်းပိုက်မှုကို ခုခံတွန်းလှန်ရန် နည်းလမ်းဖြစ်သည်ဟု ယုံကြည်ထားသည်။ ဤလှုပ်ရှားမှု၏ အခြေခံမူများမှာ အစ္စလာမ်၏ သွန်သင်ချက်များကို ယုံကြည်ခြင်း နှင့် အစ္စရေး … အစ္စလမ္မစ် ဂျီဟာဒ်လှုပ်ရှားမှုကို ဖသ်ဟီရှကာကီ မှ ၁၉၈၁ ခုနှစ်တွင် ဂဇ္ဇဟ်၌ တည်ထောင်ခဲ့သည်။ ၎င်း၏ စစ်ဘက်ဆိုင်ရာ ဌာနခွဲသည် အစ္စရေးကို တိုက်ခိုက်ရန် စစ်ဆင်ရေးများစွာ လုပ်ဆောင်ခဲ့ပြီး အစ္စရေး၏ တပ်မှူးအများအပြားကိုလည်း လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ထိုလှုပ်ရှားမှု၏ အထွေထွေ အတွင်းရေးမှူးမှာ ဇေယာဒ်နခါလဟ် ဖြစ်ပေသည်။ ၎င်းမတိုင်မီ ရမ်ဇာန် အဗ္ဗဒုလ္လာဟ် ဖြစ်ပြီး အဗ္ဗဒုလ္လာဟ် မတိုင်ခင် ဖသ်ဟီရှကာကီ မှ ဤတာဝန်ကို ထမ်းဆောင်ခဲ့ကြသည်။ အမေရိကန် နှင့် အင်္ဂလန်တို့အပြင် ဥရောပသမဂ္ဂတ ကဲ့သို့ နိုင်ငံတချို့သည် ထိုလှုပ်ရှားမှုကို အကြမ်းဖက် အဖွဲ့စာရင်း၌ ထည့်သွင်းထားသည်။

မိတ်ဆက်ခြင်း နှင့် တည်ထောင်ခြင်း

အစ္စလမ္မစ်ဂျီဟာဒ်လှုပ်ရှားမှုသည် အရေးအကြီးဆုံး ပါလက်စတိုင်း၏ တော်လှန်ရေး လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်ပြီး ခုခံတော်လှန်မှုမှာ ဂျေရုဆလင် (ကုဒ်စ်) ကို လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ (1) အစ္စရေး နှင့် သဘောတူညီချက်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ (2) ဤလှုပ်ရှားမှုသည် ဟားမတ်စ် နှင့် ဖသ်ဟ် တို့ထက် လူမှုထောက်ပံ့မှု နည်းပါးပေသည်။ (3) အနောက်ဘက်ကမ်းတွင် ဂျေဟာဒ်များ၏ စစ်ရေးတည်ရှိမှုသည် ၎င်း၏ အားသာချက်များထဲမှ တစ်ခုဖြစ်သည်။ (4) အချို့သောဥရောပ မီဒီယာများ၏ အဆိုအရ ၊ ဤအဖွဲ့အစည်းသည် လျှို့ဝှက်သော နှင့် စနစ်ကျသော တည်ဆောက်မှုတို့ဖြင့် ဖွဲ့စည်းထားသည်။ (5)


အော်စလိုသဘောတူညီချက် ကို ဆန့်ကျင်ခြင်း(၂၀၀၃)၊ ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း၊ (၂၀၀၆)၊ ၂၀၁၄ ခုနှစ်တွင် အီဂျစ်ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို ဆန့်ကျင်ခြင်း၊ ဟားမတ်စ် နှင့် အီဂျီဗ်အစိုးရကြား တင်းမာမှုကို ဖြေရှင်းရန် ကြိုးပမ်းမှုများ (၂၀၁၄) တို့သည် အရေးကြီးဆုံး နိုင်ငံရေး အစ္စလာမ့် ဂျီဟာဒ်လှုပ်ရှားမှု လုပ်ဆောင်ချက်များထဲမှ ဖြစ်သည်။ (6) ၁၉၈၁ ခုနှစ်တွင် ပါလက်စတိုင်းဆရာဝန် ဖြစ်သည့် ဖသ်ဟီရှကာကီ မှ အစ္စလာမ်ဂျီဟာဒ်လှုပ်ရှားမှု (7) ကို အဗ္ဗ်ဒုလ်အဇီးဇ် အောင်ဝ်ဒဟ် ၊ ရမ်ဇာန် အဗ္ဗ်ဒုလ္လာဟ် နှင့် နာဖီဇ်အဇ်ဇာမ် ကဲ့သို့သော သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဂဇ္ဇဟ်မြို့တွင် တည်ထောင်ခဲ့သည်။ (8) ဤလှုပ်ရှားမှု၏ အဖွဲ့ဝင်များသည် ၁၉၈၇ ခုနှစ်တွင် လက်ဘနွန်သို့ ပြည်နှင်ဒဏ် ပေးခြင်းခံခဲ့ရသည်။ ထိုနေရာတွင် လက်ဘနွန် ဟစ်ဇ်ဘုလ္လာဟ်ဖြင့် အဆက်အသွယ် ရခဲ့ကြပြီး တော်လှန်ရေး အစောင့်များအကြား လေ့ကျင့်သင်ကြားပေးခဲ့သည်။ (9) ဤလှုပ်ရှားမှု၏ ဌာနချုပ်ကို ၁၉၈၉ ခုနှစ်တွင် ဒမီရှ်က် သို့ပြောင်းရွှေ့ခဲ့သည်။ (10) အစ္စလာမ္မစ်ဂျီဟာဒ်လှုပ်ရှားမှု၏ အထွေထွေအတွင်းရေးမှူး ဖသ်ဟီရှကာကီသည် ၁၉၉၅ ခုနှစ်တွင် မူဆာ့ဒ်မှ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ရမ်ဇာန်အဗ္ဗ်ဒုလ္လာဟ် (၂၀၂၀ ကွယ်လွန်) ကို ၎င်း၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ ရမ်ဇာန်အဗ္ဗ်ဒုလ္လာဟ် သည် ဤလှုပ်ရှားမှု၏ နိုင်ငံရေးတက်ကြွမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ရမ်ဇာန်အဗ္ဗ်ဒုလ္လာဟ် နာမကျန်းဖြစ်ပြီးနောက် ဇေယာဒ်နခါလဟ်အား ၂၀၈၁ ခုနှစ်တွင် ဤလှုပ်ရှားမှု၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ခန့်အပ်ခဲ့သည်။ (11)

အခြေခံမူ သဘောတရားများ နှင့် ရည်ရွယ်ချက်များ

အစ္စလာမ့်ဂျီဟာဒ်လှုပ်ရှားမှုသည် မိမိတို့အတွက် အခြေခံမူ သဘောတရားများကို ဖော်ပြထားပြီး ယင်း၌ အစ္စလာမ်ဘာသာသည် ဤလှုပ်ရှားမှု၏ ယုံကြည်ချက် နှင့် လုပ်ဆောင်ချက်များ၏ အခြေခံမူများ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ဤအခြေခံမူ သဘောတရားများ အရ၊ ပါလက်စတိုင်း နိုင်ငံတစ်ခုလုံးသည် အစ္စလာမ္မစ် နှင့် အာရဗ်များဖြစ်ပြီး ဤနိုင်ငံရှိ အကြမ်းဖက်ဝါဒီ အုပ်ချုပ်မှုအား အသိအမှတ်ပြုခြင်းကို ဟရာမ် တားမြစ်ထားပြီး ပါလက်စတိုင်းတွင် အစ္စရေး၏ တည်ရှိမှုသည် အစ္စလာမ္မစ်မြေကို လွှမ်းမိုးချုပ်ကိုင်မှု နှင့် ပြိုကွဲမှုကို ဆိုလိုသည်။ (12) ထို့အပြင် အကြမ်းဖက်ဝါဒီ အုပ်ချုပ်မှု၏ အသိအမှတ်ပြုမှု နှင့်အညီ မည်သည့် လုပ်ဆောင်ချက်ကိုမဆို လက်ခံနိုင်ဖွယ်မရှိဟု ယူဆထားကြသည်။ (13) ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟာဒ်လှုပ်ရှားမှုမှ ၎င်း၏ အဓိက ရည်မှန်းချက်မှာ ပါလက်စတိုင်း လွတ်မြောက်ရေး၊ အကြမ်းဖက်ဝါဒီ အုပ်ချုပ်မှုကို ဖျက်ဆီးခြင်း နှင့် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးတို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤလှုပ်ရှားမှု၏ အခြားရည်ရွယ်ချက်များမှာ- ပါလက်စတိုင်း လူမျိုးများကို စစ်ရေး နှင့် နိုင်ငံရေး ဂျီဟာဒ် အတွက် ပြင်ဆင်ခြင်း၊ ကမ္ဘာ တစ်ဝန်းရှိ မွတ်စလင်မ်များကို စည်းရုံးပြီး ပါလက်စတိုင်းအတွက် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် အားပေးတိုက်တွန်းခြင်း၊ ပါလက်စတိုင်းအပေါ် အစ္စလာမ္မစ် လုပ်ဆောင်ချက်များ ပေါင်းစပ်ရန် ကြိုးပမ်းခြင်း၊ အစ္စလာမ့်နှင့် လွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် ဆက်ဆံရေး ခိုင်မာစေရေး နှင့် အစ္စလာမ်ဘာသာသို့ ဖိတ်ခေါ်ခြင်း၊ အစ္စလာမ်သာသနာ၏ သွန်သင်ချက်များကို ဖြန့်ဝေခြင်း တို့ ဖြစ်သည်။ (14) အစ္စလာမ္မစ် ဂျီဟာဒ် လှုပ်ရှားမှုသည် နိုင်ငံရေး နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိပေသည်။ (15) သို့သော်လည်း ၎င်းနှင့် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ တို့ဖြင့် ဆက်ဆံရေးသည် ဤအဖွဲ့အစည်း၏ စိကူလားရ် ရေးရာ၊ အစ္စရေးနှင့် အပေးအယူ လုပ်လိုသော ဆန္ဒ နှင့် ၎င်းအား အသိအမှတ်ပြုခြင်းတို့ကြောင့် သင့်လျော်မှု မရှိပေ။ (16)

အလုပ်လုပ်ကိုင်သူများအပေါ် ရပ်တည်ခြင်း

ကုဒ်စ် တပ်ရင်းများ (အရဗီ ဖြင့်- سرایا القدس ) ကို အစ္စလာမ္မစ်ဂျီဟာဒ်လှုပ်ရှားမှု၏ စစ်ရေးနှင့် လုံခြုံရေးဌာနခွဲကို ၁၉၈၀ ခုနှစ်များ၏ ဒုတိယနှစ်ဝက်တွင် တည်ထောင်ခဲ့သည်။ ထို့မတိုင်မီ ယင်းအား အစ္စလာမ္မစ် မိုဂျာဟီဒ် နှင့် ယခင် ကသာအီဘ် စိုင်းဖုလ်အစ္စလာမ် ဟူ၍ ခေါ်ဆိုကြသည်။ (17) ကုဒ်စ် တပ်ရင်းများသည် ဟားမတ်စ် ပြီးလျှင် ဂဇ္ဇဟ်တွင် အကြီးဆုံး စစ်အင်အားဖြစ်သည်။ (18) အစ္စရေး သည် အစ္စလာမ္မစ် ဂျီဟာဒ်တပ်မှူးအချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ၎င်းတို့မှာ၊ ဖသ်ဟီရှကာကီ (၁၉၅၅ မီလာဒီ) ၊ အိဆွာမ် ဗရာဟမဟ် (၁၉၉၂) ၊ ဟာနီအာဗိဒ် (၁၉၉၄) ၊ မဟ်မုဒ် အလ်ခဝါဂျဟ် (၁၉၅၅) ၊ မုဟမ္မဒ် သွဝါလီဗဟ် (၂၀၀၂) ၊ မုဟမ္မဒ် အလ်ဇမသွဟ် (၂၀၀၃) ၊ ဘရှီးရုလ်ဒဘီစ် (၂၀၀၄) ၊ ခါလီဒ် အလ်ဒဟ်ဒူဟ် (၂၀၀၆) ၊ ဒါနီယာမန်ဆူးရ် (၂၀၁၄) (19) နှင့် ဟစာမ် အဘူဟရီ‌ဗဟ် (၂၀၂၁) ၊ ကုဒ်စ် တပ်ရင်း၏ စစ်ဘက်ဆိုင်ရာ တပ်မှူး (20)

လှုပ်ရှားမှုများ

အစ္စလာမ္မစ်ဂျီဟာဒ်၏ စစ်ရေးဌာနခွဲသည် အစ္စရေး၏ သိမ်းပိုက်မှုကို ဆန့်ကျင်သည့် စစ်ဆင်ရေးများစွာ ပြုလုပ်ခဲ့သည်။ ဥပမာ ၊ ဗိုင်သုလ်လိုင်းဒ်၊ ဒီဒီန်ဂူးဖ်၊ ကဖဲရ်ဒါရူးမ်၊ သင်န်စာရီးမ်၊ ရှဲရ်ကုလ်ဂျဘာလီယာ၊ မူရာဂ်ျ (21) နှင့် ဗရှာအ်ရုလ်အင်န်သေဆွာရ် (22) တို့ဖြစ်သည်။

၁၉၈၇ ပါလက်စတိုင်း အင်န်သိဖှာဇွဟ် intifada

အစ္စလာမ္မစ်ဂျီဟာဒ်လှုပ်ရှားမှုသည် ပါလက်စတိုင်း အင်န်သိဖှာဇွဟ် intifada (၁၉၈၇) တွင် ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဂဇုလ်ဒီးန် ကစာန် ဗလီရှိ အဗ္ဗ်ဒုလ်အဇီးဇ် အောင်ဝ်ဒဟ်၏ မိန့်ခွန်းများကို ဤအင်န်သိဖှာဇွဟ် intifada စတင်ရသည့် အရေးကြီးသော အကြောင်းအရင်း အဖြစ် ယူဆထားသည်။ (23) ဒုတိယ အင်န်သိဖှာဇွဟ် Intifada (အေဒီ 2000)၂၀၀၀) တွင် အစ္စရေးမှ ရမ်ဇာန်အဗ္ဗဒူလ္လဟ်ကို အစ္စရေးဆန့်ကျင်ရေး စစ်ဆင်ရေးများစွာကို လုပ်ဆောင်သည့်သူ ဟူ၍ မိတ်ဆက်ပေးခဲ့သည်။ (24) အစ္စလာမ္မစ်ဂျီဟာဒ်များ၏ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များ သည် ဤ အင်န်သိဖှာဇွဟ် Intifada တွင် အစ္စရေးလက်ချက်ဖြင့် ဤလှုပ်ရှားမှု၏ စစ်ဘက်ဌာနခွဲမှ တပ်မှူးအများအပြားကို လုပ်ကြံသတ်ဖြတ်ခဲ့‌ေကြာင်း ဖော်ပြထားသည်။ (25)

သူဖှာနုလ်အက္က်ဆွာ လှုပ်ရှားမှုတွင် ပါဝင်ခြင်း

ဥရောပမီဒီယာ အချို့၏အဆိုအရ အစ္စလာမ္မစ်ဂျီဟာဒ်လှုပ်ရှားမှုသည် သူဖှာနုလ်အက္က်ဆွာ လှုပ်ရှားမှုတွင် (၂၀၂၃) တွင် အစ္စရေးလူမျိုး ၁၄၀၀ သေဆုံးပြီး အခြားအစ္စရေးလူမျိုး ရာပေါင်းများစွာကို ဖမ်းဆီးနိုင်ခဲ့ရာ၌ (26) ပါဝင်ခဲ့သည်။ (27) ထိုလှုပ်ရှားမှုမှ ကြေညာခဲ့သည်မှာ ၊ မိနိတို့၌ အစ္စရေးသုံ့ပန်း ၃၀ ကျော်ရှိပြီး ၎င်းတို့အား လဲလှယ်မှု နည်းလမ်းဖြင့်သာ ပြန်လည် ကယ်တင်နိုင်ပေမည်။ (28) အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နှင့် ဂျပန်တို့အပြင် ဥရောပသမဂ္ဂ ကဲ့သို့သော နိုင်ငံအချို့သည် အစ္စလာမ္မစ်ဂျီဟာဒ်လှုပ်ရှားမှုကို အကြမ်းဖက်အဖွဲ့များအဖြစ် စာရင်းသွင်း သတ်မှတ်ထားသည်။ (29)

အီရာန် အစ္စလာမ္မစ်တော်လှန်ရေး၏ အကျိုးသက်ရောက်မှု

အစ္စလာမ္မစ်ဂျီဟာဒ်လှုပ်ရှားမှုကို စတင်တည်ထောင်ချိန်မှစ၍ အေမာန်ခိုမီနီ ဦးဆောင်သော အီရာန်၏ အစ္စလာမ္မစ်တော်လှန်ရေး အတွေးအခေါ် အမြင်များသည် အကျိုးသက်ရောက်ခဲ့သည်။ (30) ဤအမြင်အရ အစ္စလာမ် သာသနာ နှင့် ၎င်း၏ သွန်သင်ချက်များသာလျင် ဂျီဟာဒ်၊ ခုခံတော်လှန်မှု နှင့် စည်းလုံးညီညွတ်မှုတို့၏ အခြေခံဖြစ်သည်။ (31) ဖသ်ဟီရှကာကီ သည် ဤလှုပ်ရှားမှု မတည်ထောင်မီတွင် (အလ်ခိုမီနီ အလ်ဟလုလ် အစ္စလာမ် ဝလ် ဘဒီးလ်)) (ခိုမီနီသည် အစ္စလာမ့် နည်းအရ ဖြေရှင်းချက် နှင့် ရွေးချယ်စရာ) ဟုအမည်ရှိသော စာအုပ်ကို ထုတ်ဝေခဲ့သည်။ (32) ၎င်းသည် အထူးသဖြင့် ပါလက်စတိုင်း လွတ်မြောက်ရေး အစ္စလာမ့်ကမ္ဘာ၏ ရည်မှန်းချက်များ အောင်မြင်ရန် အခြားနည်းလမ်းများအတွက် အကောင်းဆုံး ရွေးချယ်စရာအဖြစ် အေမာမ်ခိုမီနီ ၏ အတွေးအမြင် နှင့် တော်လှန်ရေးကို ကြေငြာခဲ့သည်။ (33) အစ္စလာမ္မစ်ဂျီဟာဒ်သည် အေမာမ်ခိုမီနီ၏ လှုပ်ရှားမှုအပေါ် ထောက်ခံမှု နှင့် ရှီအဟ်များ နှင့် စွန္နီများ၏ စည်းလုံးညီညွတ်မှုကို အလေးပေးသောကြောင့် ရှီအဟ်ဖြစ်သည် ဟူ၍ စွပ်စွဲခံခဲ့ရသည်။ (34) ဤပြောဆိုချက်ကို ငြင်းဆိုရန်၊ အစ္စလာမ္မစ်ဂျီဟာဒ်သည် ဤအဖွဲ့အစည်း၏ လှုပ်ရှားမှုကို စွန္နီများ၏ အခြေခံမူများဆီသို့ အလေးပေးဖော်ပြခဲ့သည်။ (35)

အစ္စလာမ္မစ်ဂျီဟာဒ်လှုပ်ရှားမှု၏ နိုင်ငံရေးဗျူဟာ အဖွဲ့ဝင် ခါလီဒ် အလ် ဗသ်ွရှ် ၏ ပြောကြားချက်အရ အီရာန်သည် ဤလှုပ်ရှားမှုကို အကြီးမားဆုံး ထောက်ခံသူဖြစ်ပြီး ပါလက်စတိုင်းတော်လှန်ရေးကို ထောက်ခံသူဖြစ်သည်။ (36) နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လက်နက်နှင့် စစ်ရေးလေ့ကျင့်မှု နယ်ပယ်များတွင် လှုပ်ရှားမှုအတွက် အီရန်၏အကူအညီကို ဖော်ပြခဲ့သည်။ (37) အာရဗ်နိုင်ငံရေး လေ့လာရေး စင်တာ၏ အဆိုအရ အဆိုပါလှုပ်ရှားမှုသည် ဆီးရီးယားပြည်တွင်းစစ် (၂၀၁၁ စတင်)))- နှင့် 2011) အာရဗ်ညွန့်ပေါင်းအဖွဲ့သည် အန်ဆွာရုလ္လာဟ်ယမန် အား တိုက်ခိုက်ခြင်း (၂၀၁၅ စတင်)) တို့၌ ကြားနေအဖြစ် ဆက်လက်တည်ရှိနေပြီး အချိန်အတော် ကြာသည့်တိုင် အီရာန်နှင့် ဆက်ဆံရေးကို အေးစက်စေခဲ့သည်။ (38)

တီဗီချန်နယ်

ပါလက်စတိုင်း အလ်-ယောင်မ် ဂြိုလ်တုကွန်ရက်သည် အစ္စလာမ္မစ်ဂျီဟာဒ်လှုပ်ရှားမှုနှင့် ချိတ်ဆက်ထားပြီး ၎င်း၏ ရုံးချုပ်သည် ဂဇ္ဇဟ်တွင် တည်ရှိသည်။ .ငွေကြေးပြဿနာများ၊ ကုဒ်စ် (၂၀၁၅) တွင် ထိုတီဗီချန်နယ်၏ ရုံးပိတ်ရခြင်း အကြောင်းရင်း နှင့် အခြားရုံးများတွင် ဝန်ထမ်းများ၏ ပြုပြင်ပြောင်းလဲမှုကို ထုတ်ပြန်ကြေညာခဲ့သည်။ (39) အနောက်ဘက်ကမ်းရှိ ထိုတီဗီချန်နယ်၏ ရုံးကို အစ္စရေးမှ ၂၀၁၆ 2016 ခုနှစ်တွင် ပိတ်ခဲ့သည်။ (40)