နိုအ်မာန် ဗင်န် အဂ်ျလာန်ဇဲရ်ကီ

wikishia မှ


နိုအ်မာန် ဗင်န် အဂ်ျလာန်ဇဲရ်ကီ သည် ဗဟ်ရိုင်းန် နှင့် အမ္မာန် ၌ အေမာမ်အလီ(အစ)) ၏ အန်ဆွာရ် နောက်လိုက်သား တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် အေမာမ်အား စွန့်ခွာကာ မိုအာဝီယဟ်ဖြင့် ပူးပေါင်းခဲ့သည်။ တိုအ်မာန်သည် အန်ဆွာရ် များအနက်မှ ဖြစ်ပြီး ဟဒီးစေ ဂဒီးရ် ကို ကောက်နုတ်ကိုးကားသူ၊ ဂျမလ် နှင့် ဆွီဖီးန် စစ်ပွဲများ၌ အေမာမ်အလီ အစ ၏ တပ်သားမှ ဖြစ်ပြီး မိမိ၏ ကြွေးကြော်ချက်ဖြင့် အေမာမ်ကို ထောက်ခံခဲ့သည်။ ဗဟ်ရိုင်းန်ကို အုပ်စိုးစဉ်အတွင်း၊ ဗနီဇိုရိုင်းက် အား ပြည်သူ့ ဘဏ္ဍာတိုက် ပေးသည့်အတွက်ကြောင့် အေမာမ်သည် ၎င်းထံ တစ်စောင်ရေးခဲ့ပြီး ထိုသို့မလုပ်ရန် သတိပေးခဲ့သည်။ နိုအ်မာန်သည် အေမာမ်၏ စာကိုလက်ခံရရှိပြီးနောက် ဘဏ္ဍာတိုက်ကို အသုံးပြုရာတွင် မိမိ၏ သွေဖည်မှုကို ထုတ်ဖော်ပြသခဲ့ပြီး မိုအာဝီယဟ် နှင့်ပူးပေါင်းခဲ့သည်။

မိတ်ဆက် နှင့် အရိုက်အရာ

နိုအ်မာန် ဗင်န် အဂ်ျလာန် ထံရေးသည့် အေမာမ်အလီ(အစ) ၏ စာ အေမာမ်မသ် နှင့်ပတ်သက်ပြီး လျော့ပေါ့သူ၊ မျမိ၏ သစ္စာဖောက်မှုကို ဖော်ပြသူ ၊ မိမိ၏ နဖ်စ် နှင့် သာသနာကို မသန့်ရှင်းစေသူသည် ၊ ၎င်းကိုယ်တိုင် ဤလောက၌ ဒုက္ခနှင့် ကြုတွေ့ရမည်၊ နောက်ပိုင်း၌ ထိုအရာများသည် ပိုမိုဆိုးလာပေမည်။ အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ အသင်သည် မြင့်မြတ်သော အုပ်စုအနက်မှ ဖြစ်သည်၊ အသင့်၏ လုပ်များကို ကျွန်ုပ် ကောင်းသည်ဟု ထင်ထားသလို လုပ်ဆောင်ပြပါလေ။ ကျွန်ုပ်ထံ ရောက်ရှိလာသည့် သတင်းမှာ အကယ်၌ အမှန်တရား ဖြစ်ပါက၊ ပြန့်လှည့်ပြီး အသင် နှင့်ပတ်သက်ပြီး ကျွန်ုပ်၏ အမြင်ကို မပြင်ပါနှင့်၊ ကျွန်ုပ်ထံ စာတစ်စောင်ရေးပါ။ ကျွန်ုပ်၏ မဲ (ဆန္ဒ) ကို ပြောပြပါမည်။ (1) နိုအ်မာန် ဗင်န် အဂ်ျလာန်ဇဲရ်ကီ သည် အန်ဆွာမှ ဖြစ်ပြီး ဇရီးက် မျိုးနွယ်မှ ဖြစ်သည်။ (2) ထို့အပြင် တမန်တော်မြတ်၏ နောက်လိုက်တစ်ဦးလည်း ဖြစ်၏ (3) အေမာမ်အလီ အစ (4) နှင့်အချိန်အနည်းငယ်အကြာ အေမာမ်ဘက်မှ ဗဟ်ရိုင်းန် နှင့် အမ္မာန်ကို အုပ်စိုးစေသူ ဖြစ်သည်။ (5) ၎င်းကို အန်ဆဠာများ က အမြဲလေးစားကြသည်။ (6) နိုအ်မာန်သည် သမ်ဇဟ် ဗင်န် အဗ္ဗ်ဒုလ်မိုသွလီဘ် ရှဟီးဒ် ဖြစ်ပြီးနောက် ဟမ်‌ဇဟ်၏ ဇနီးဖြစ်သူ ခူလဟ် ဗင်န်သေ ကိန်းစ် နှင့် ထိန်းမြားခဲ့သည်။ (7) နိုအ်မာန် မကျမ်းမာ ဖြစ်နေသည့် နေ့ရက်များတွင်၊ တမန်တော်မြတ် ဆွ သည် ‌၎င်းအား သွားရောက် သတင်းမေးခဲ့ပြီး ၎င်းအတွက် ဒိုအာပြုခဲ့သည်။ (8) အင်စာဖုလ်အရှါရာဖ် (ဟီဂျရီ သုံးရာစု ထုပ်)) ၌ နိုအ်မာန်သည် အဟ်လေဗိုငါသ် (အစ) ကို ကာကွယ်သူများထဲမှ တစ်ဦးအဖြစ် မိတ်ဆက်ပေးထားသည်။ (9) ထို့အတူ အလ္လာမဟ် အမီနီးသည် ၎င်းအား ဟဒီးစေ ဂဒီးရ်ကို ကိုးကားကောက်နုတ်သူများ မှဖြး်သည်ဟု မိတိဆက်ပေးထားသည်။ (10) နိုအ်မာန်သည် ဂျမလ်စစ်ပွဲ (11) နှင့် ဆွိဖီးန် စစ်ပွဲတို့တွင် (12) အေမာန်အလီ ၏ တပ်သားများဘက်မှ ဖြစ်သည်။ မင်န်ကရီ ဆိုသူသည် ဝါက္က်အဟ် ဆွီဖီးန် စာအုပ်၌ ၊ ၎င်း၏အမည်ကို ဟကန်မီယသ် အဖြစ်အပျက်ကို ကိုယ်တိုင်င်မြင်တွေ့သူများ အနက်မှ ဖြစ်သည်ဟု ဖော်ပြထားသည်။ (13)

အေမာမ်အလီ (အစ)ကို စွန့်ခွာခြင်း

အေမာမ်အလီ (အစ)) သည်၊ ဆွီဖီးန်စစ်ပွဲပြီးနောက်၊ နိုအ်မာန်ကို ဗဟ်ရိုင်းန် နှင့် အမ္မာန် အား အုပ်ချုပ်သူအဖြစ် ခန့်အပ်ခဲ့သည်။ (14) ၎င်းသည် ဗဟ်ရိုင်းန်ကို အုပ်ချုပ်စဉ် ဘဏ္ဍာတိုက်ကို ဗနီဇရီးက်အား ပေးခဲ့သည်။ (15) ဟီဂျရီ သုံးရာစု သမိုင်းသုတေသီဖြစ်သူ ယအ်ကူဘီ၏ မဆိုအရ၊အေမာမ်အလီသည် ၎င်းထံ စာတစ်စောင် ရေးခဲ့ပြီး ထိုလုပ်ရပ်မှ ရပ်တန့်ရန် မိန့်ဆိုခဲ့သည်။ ၎င်းသည် အေမာမ်အလီ၏ စာကို လက်ခံရရှိပြီးနောက် ဘဏ္ဍာတိုက်ကို အသုံးပြုရာတွင် မိမိ၏ သွေဖည်မှုကို ထုတ်ဖော်ပြသခဲ့ပြီး အေမာမ်အား စွန့်ခွာကာ မိုအာဝီယဟ် နှင့်ပူးပေါင်းခဲ့သည်။ (16)

အေမာမ်အလီ(အစ) ကို ထောက်ခံသော ကဗျာများ

နိုအ်မာန်သည် ကဗျာဆရာ ဖြစ်သည်။ (17) ၎င်းသည် စကီဖှာ အဖြစ်အပျက် (18) နှင့် ဆွီဖီးန် နေ့တွင် (19) အေမာမ်အလီ ဘ်ြမှ ရပ်တည်ကာ ကဗျာဆိုခဲ့သည်။ ယင်းမှာ وَ كانَ هَوانا في عَليّ وَ إنَّهُ لَاَهْلٌ لَها مِنْ حَيْثُ تَدْري وَ لا تَدْري وَصيُّ النَّبيِّ الْمُصْطَفى وَ ابْنُ عَمِّهِ وَ قاتِلُ فُرْسانِ الضَّلالَةِ وَ االْكُفْرِ ငါတို့သည် အေမာန်အလီကို လိုလားပေသည်။ သူသည် ခေလာဖသ်အတွက် အသင့်လျော်ဆုံးသူ ဖြစ်သည် ငါတို့သိသည့်အရာကို အသင်တို့မသိပေ ၊ ၎င်းသည် တမန်တော်မြတ်၏ ကိုယ်စားလှယ် ၊ ညီဝမ်းကွဲ နှင့် အရှင်မြတ် ခန့်အပ်သူ ဖြစ်သည်။ ၎င်းသည် ကာဖရ်များကို တိုက်ခိုက် နှိမ်နှင်းခဲ့သူ ဖြစ်သည်။ (20) အိဗ်နေ အဘီဟဒီးဒ်သည် ရှရ်ဟေနဟ်ဂျွလ်ဗလာဂဟ် ၌၊ ထိုက‌ဗျာကို စကီဖှာ၌ အွမ်ရိုအာဆ်ွအား တုံပြန်ရာ နှင့်ပတ်သက်ပြီး သီဆိုထားသည်ဟု သတ်မှတ်ထားသည်။ ထိုအပိုဒ်မှာ فذاک بعون الله یدعو إلی الهدی و ینهی عن الفحشاء و البغی و النکر[۲۱]