နိုရှုဇ်

wikishia မှ

        နိုရှုဇ် (အာရဗီ-نُشوز) အိမ်ထောင်ဖက်အပေါ်'သာသနာ့တာဝန်အား မနာခံခြင်း ဆိုင်ရာ၌ ဖိက္ကဟ် ပညာရှင်များ၏ ဖသ်ဝါအရ ၊ ဇနီးမယားသည် ခင်ပွန်းဖြစ်သူ၏ အလိုဆန္ဒ (လိင် ၊ နှီးနှောဆက်ဆံရန် တောင်းဆိုမှု) များကို အကြောင်း ပြချက် မရှိဘဲ မနာခံခြင်းသည် အမျိုးသမီးများ၏ သာသနာ့တာဝန်အား မနာခံခြင်းဆိုင်ရာ အချင်းလက္ခဏာများဖြစ်ပြီး ဇနီးမယားအပေါ် နဖက္ကဟ် မိသားစုစားရိတ် မပေးဆောင်ခြင်း နှင့် ၎င်းအား ရိုက်နှက် ညှင်းဆဲ ဒုက္ခပေးခြင်းသည် အမျိုးသားများ၏ သာသနာ့တာဝန်အား မနာခံခြင်းဆိုင်ရာ အချင်းလက္ခဏာများဖြစ်သည်။ ဖိက္ကဟ် စာအုပ်များ၌ ၊ များသောအားဖြင့် အမျိုးသမီးများ၏ သာသနာ့တာဝန်အား မနာခံခြင်း ဆိုင်ရာ အကြောက်ူအရာများကို ဖော်ပြထားသည်။

        အမျိုးသမီးများသည် သာသနာ့တာဝန်အား မနာခံပါက ၎င်းအပေါ် အမျိုးသားဘက်မှ နဖက္ကဟ် မိသားစုစားရိတ် ပေးဆောင်ရန် ဝါဂျီဘ် မဟုတ်ပေ။ ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ ၊ အကယ်၍ ဇနီးမယားသည် သာသနာ့တာဝန် မနာခံပါက ခင်ပွန်းဖြစ်သူသည် ဦးစွာ ၎င်းအား နားချရမ‌ပမည်၊ အကယ်၍ ထိုသို့ပြုလုပ်ရာ၌ အကျိုးမရှိပါက ထိုဇနီးသည်နှင့် အိပ်ယာ ခွဲအိပ်ရမည်။ ထိုမှလည်း အကျိုးမရှိလာပါက ၎င်းအား ရိုက်၍ ဒဏ်ခတ် ရမည် ဖြစ်သည်။ အကယ်၍ ခင်ပွန်းဖြစ်သူကိုယ်တိုင် သာသနာ့တာဝန်အား မနာခံပါက ဇနီးမယားသည် ဦးစွာ ခင်ပွန်းသည်အား နားချရပြီး မိမိ၏ ရပိုင်ခွင့်များကို တောင်းခံရမည်။ အကယ်၍ ထိုသို့ပြုလုပ်ခြင်းမှ အကျိူး မရှိလာပါက အစ္စလာန့် ဥပဒေ ပညာရှင်ကြီးများထံ ‌တိုင်ကြားရပေမည်။

ဖိက္ကဟ်နည်းအရ အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း နှင့် ဖိက္ကဟ် ပိုင်းဆိုင်ရာ အရေးပါမှု

        နိုရှုဇ် ဟူသည် ဖိက္ကဟ် ဥပဒေသ အသုံးအနှုန်း ဖြစ်ပြီး ၎င်း၏ ဆိုလိုရင်းမှာ အိမ်ထောင်ဖက်အပေါ် သာသနာ့တာဝန်များအား မနာခံခြင်း ဖြစ်သည်။ (1) ဇနီးမယားသည် ခင်ပွန်းဖြစ်သူ၏ အလိုဆန္ဒ (လိင် ၊ နှီးနှောဆက်ဆံရန် တောင်းဆိုမှု) များကို အကြောင်းပြချက်မရှိဘဲ မနာခံခြင်း (2) နှင့် ဇနီးမယားအပေါ် နဖက္ကဟ် မိသားစုစားရိတ် မပေးဆောင်ခြင်းတို့သည် သာသနာ့တာဝန်များအား မနာခံခြင်း၏ ဥပမာများ ဖြစ်သည်။ (3)

        ခင်ပွန်းအပေါ် အိမ်ထောင်ရေးတာဝန်များ (နှီးနှောဆက်ဆံခြင်း တာဝန်) ထမ်းဆောင်ရန် ငြင်းဆန်သော အမျိုးသမီးအား “နာရှ်ဇဟ်” ဟုခေါ်ပြီး ၊ ဇနီးဖြစ်သူအတွက် အိမ်ထောင်ရေးတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရန် ငြင်းဆန်သော အမျိုးသားကို “နာရှက်ဇ်” ဟုခေါ်သည်။ (4) သာသနာ့တာဝန်များအား မနာခံခြင်း နှင့် ၎င်း၏ ဥပဒေသများသည် ၊ ဖိက္ကဟ် စာအုပ်များ၌ နေကာဟ် အခန်းဂဏ္ဌတွင် လာရှိထားသည်။ (5) သို့သော် ဖိက္ကဟ် စာအုပ်များတွင် ၊ များသောအားဖြင့် အမျိုးသမီးများ၏ သာသနာ့တာဝန်များအား မနာခံခြင်း နှင့်ပတ်သက်ပြီး ဖော်ပြထား ပေသည်။ (6)

အမျိုးသမီးများ၏ သာသနာ့တာဝန်အား မနာခံခြင်း ဆိုင်ရာ အချင်းလက္ခဏာများဖြစ်ပြီး

  • ဖိက္ကဟ် ပညာရှင်ကြီးများသည် အချို့သော အရာများကို အမျိုးသမီးများ ၏ သာသနာ့တာဝန်အား မနာခံခြင်း ဆိုင်ရာ အချင်းလက္ခဏာများ ဖြစ်သည် ဟုသတ်မှတ်ထားကြသည်။ ထိုအရာများမှာ :
  • မနာခံခြင်း၊ ခင်ပွန်းသည်၏ လိင်ဆန္ဒများကို မဖြည့်ဆည်းပေး ခြင်းကို ဆိုလိုသည်။ (7)
  • ခင်ပွန်းသည်အပေါ် စိတ်မဝင်စားကြောင်း ဖော်ပြပြီး ၊ ၎င်းအား မလိုလားသည့် မျက်နှာထားဖြင့် ပြုမူဆက်ဆံခြင်း ။ (8)
  • တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း ၊ အသွင်အပြင် သေသပ်လှပ အောင် မနေထိုင်ခြင်း ၊ ထိုအရာများကို ခင်ပွန်းသည် စိတ်ကြေနပ်မှု ရှိစေရန် တရားတော်၏ ဘောင်အတွင်းမှ တတ်နိုင် သလောက် လိုက်နာရမည်။ (9)
  • ခင်ပွန်းသည်၏ ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် အခွင့်မတောင်း သတင်းမပေးဘဲ အိမ်မှထွက်ခြင်း။ 10)

အမျိုးသားများ၏ သာသနာ့တာဝန်အား မနာခံခြင်း ဆိုင်ရာ အချင်းလက္ခဏာများဖြစ်ပြီး

        ဖိက္ကဟ် ပညာရှင်ကြီးများသည် အောက်ပါ အကြောင်းအရာများကို အမျိုးသား၏ သာသနာ့တာဝန်အား မနာခံခြင်း ဆိုင်ရာ အချင်း လက္ခဏာများဖြစ်သည် ဟုသတ်မှတ်ထားကြသည်။ ၎င်းတို့မှာ :

  • နဖက္ကဟ် မိသားစု စားရိတ် မပေးခြင်း ။ (11)
  • အကြောင်းပြချက်မရှိဘဲ ဇနီးမယားကို ရိုက်နှက် ၊ နှိတ်ဆက် ညှင်းဆဲ ဒုက္ခပေးခြင်း ။ (12)
  • အကယ်၍ အမျိုးသားသည် ဇနီးမယားများ ရှိပါက ၎င်းတို့အကြား တရားမျှတစွာ မဆက်ဆံခြင်း ဥပမာ ဇနီးမယားများ အကြားတွင် ညများကို မျှတစွာ မမျှဝေခြင်း။ (13)

သာသနာ့တာဝန်အား မနာခံရာ၌ လုပ်ဆောင်ရမည့် တာဝန်များ

        ဖိက္ကဟ် ပညာရှင်များ၏ ဖသ်ဝါအရ ၊ အကယ်၍ ဇနီးမယားသည် သာသနာ့တာဝန် မနာခံပါက ခင်ပွန်းဖြစ်သူသည် ဦးစွာ ၎င်းအား နားချရမည်၊ အကယ်၍ ထိုသို့ပြုလုပ်ရာ၌ အကျိုးမရှိပါက ထိုဇနီးသည်နှင့် အိပ်ယာ ခွဲအိပ်ရမည်။ ထိုမှလည်း အကျိုးမရှိလာပါက ၎င်းအား ရိုက်၍ ဒဏ်ခတ် ရမည် ဖြစ်သည်။ (14) အကယ်၍ ခင်ပွန်းဖြစ်သူကိုယ်တိုင် သာသနာ့တာဝန်အား မနာခံပါက ဇနီးမယား သည် ဦးစွာ ခင်ပွန်းသည်အား နားချရပြီး မိမိ၏ ရပိုင်ခွင့်များကို တောင်းခံရမည်။ အကယ်၍ ထိုသို့ပြုလုပ်ခြင်းမှ အကျိူး မရှိလာပါက အစ္စလာန့် ဥပဒေ ပညာရှင်ကြီးများထံ ‌တိုင်ကြားရပေမည်။ (15)

သာသနာ့တာဝန်အား မနာခံခြင်းဆိုင်ရာ အခြားသော အချို့ ဥပဒေသများ

        သာသနာ့တာဝန်အား မနာခံခြင်းဆိုင်ရာ အခြားသော အချို့ ဥပဒေသများမှာ အောက်ပါတို့ ဖြစ်သည် ။

  • ဇနီးသည်ဘက်မှ ၊ သာသနာ့တာဝန်အား မနာခံလာပါက ၎င်းအား နဖက္ကဟ် အိမ်စားရိတ်ပေးရန် ခင်ပွန်းသည်အပေါ် ဝါဂျီဘ် တာဝန် မဟုတ်ပေ။ (16)
  • ခင်ပွန်းသည်ဘက်မှ ၊ သာသနာ့တာဝန်အား မနာခံလာပါက ဇနီးမယားသည် နှီးနှောဆက်ဆံသည့် တာဝန်အား ခင်ပွန်းသည် အပေါ် ရှောင်ရှားပိုင်ခွင့် မရှိပေ သို့မဟုတ် ခင်ပွန်းသည်အား ရိုက်၍ ဒဏ်ခတ်ပိုင်ခွင့် မရှိပေ။ (17)
  • ဇနီးမယားအား ရိုက်နှက် ပြစ်ဒဏ်ပေးခြင်းသည် လေးလံသည့် အပြစ်မျိုး မဖြစ်ရ‌ပေ ဥပမာ ကျိုးကြေခြင်း၊ ဒဏ်ရာများနှင့် ခန္ဓာကိုယ် ပွန်းပဲ့ခြင်း ရောင်ရမ်းခြင်းများ ဖြစ်သည့်အထိ မရိုက်နှက်ရပေ။ (19)
  • ချက်ပြုတ်ခြင်း၊ အဝတ်ချုပ်ခြင်း နှင့် အိမ်သန့်ရှင်းရေး စသည့် ကိစ္စရပ်များကို ဇနီးမယားဘက်မှ လုပ်ဆောင်ရန် ငြင်းဆိုခြင်း သည် သာသနာ့တာဝန်အား မနာခံခြင်း၏ လက္ခဏာ မဟုတ်ပေ။ (20)
  • ဘာသာရေး အသိပညာ နှင့် တရားတော်၏ အဲဟ်ကာမ်များကို လိုအပ်သ‌လောက် သင်ယူဆည်းပူးရန် (21) သို့မဟုတ် ရောဂါကု သရန်၊ အိမ်တွင်ကုသရန်မဖြစ်နိုင်လျှင် (22) သို့မဟုတ် အသက် အိုးအိမ် ပစ္စည်းဥစ္စာ များ၏ အန္တရာယ်မှ လွတ်မြောက်ရန် ဇနီးမယားသည် ခင်ပွန်း၏ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခြင်းသည် သာသနာ့တာဝန်အား မနာခံခြင်း၏ လက္ခဏာ မဟုတ်ပေ။ (23)