နဂျီစ်စားသောသတ္တဝါ

wikishia မှ
(နဂျီစ်အစားအစာစားသောသတ္တဝါ မှ ပြန်ညွှန်းထားသည်)

နဂျီစ်အစားအစာစားသောသတ္တဝါ (အာရဘီ - جَلّال)အစားအစာစားသောတိရစ္ဆာန် သို့မဟုတ် ဂျလာလ် တိရစ္ဆာန်ဆိုသည်မှာ လူ၏မစင်စားသုံးခြင်းကိုအကျင့်ဖြစ်နေသောသတ္တဝါကိုဆိုလိုသည်။ နဂျီစ်စားထားသောတိရစ္ဆာန်၏အသား၊နို့၊ဥတို့အားစားသုံးခြင်းသည် ဟရာမ်ဖြစ်ပြီး ၎င်းတို့၏ဆီးဝမ်းသည် နဂျိစ်ဖြစ်သည်။ နဂျိစ်စားထားသောသတ္တဝါအား အိစ်သိဘ်ရားအ်နည်းလမ်း(သန့်စင်သောအစားအသောက်ကိုကျွေး၍ နေဂျာစသ်စားသုံးခြင်းအားပိတ်ပင်ခြင်း) ဖြင့်၎င်းအားဂျလ္လာလ်တိရစ္ဆာန်အပေါ် သက်ရောက်ထားသည့်ဥပဒေသများ ပယ်ပျက်အောင်ပြုလုပ်နိုင်ပေသည်။ နဂျိစ်စားထားသောတိရစ္ဆာန်တို့အတွက် အိစ်သိဘ်ရားအ်အချိန်ကာလမှာ တူညီခြင်းမရှိပေ။ ကျော်ကြားသောဓမ္မသတ်ပညာရှင်များ၏အမြင်အရ ကုလားအုပ်အားအိစ်သိဘ်ရားအ်ပြုလုပ်ရန် လေးဆယ်ရက်ဖြစ်ပြီး၊ နွားအတွက် နှစ်ဆယ်ရက်၊ သိုး ဆယ်ရက်၊ ဘဲ ငါးရက် နှင့် ကြက်သုံးရက်တို့ အသီးသီးဖြစ်ကြသည်။ အိစ်သိဘ်ရားအ်လုပ်ရန်အတွက် ရေဝါယတ်တော်များ၌ ရက်အတိအကျသတ်မှတ်ပေးထားခြင်းမရှိသောသတ္တဝါများအတွက် နဂျိစ်စားသောက်တတ်သည့် အလေ့အထ ၎င်းတို့၌ကွယ်ပျောက်သွားခြင်းမရှိသေးသမျှကာလပတ်လုံး ၎င်းတို့သည် ဂျလ္လာလာသားကောင်များဟူယူဆနိုင်ပြီး၎င်းနှင့်ပတ်သက်သည့် စည်းမျဥ်းမိန့်ရပ်အားလုံး၎င်းအပေါ်၌ သက်ရောက်မှုရှိသည်ဟု အချို့ကယုံကြည်ကြသည်။ ကြက်၊ဘဲ တို့နှင့်ဆင်တူသည့် အချို့သော ဌက်အမျိုးအစားများသည် ဥပဒေပြဌာန်းမှု၌ မည်မျှပင် ကြက်၊ဘဲတို့အတိုင်းဖြစ်ပါစေ(နဂျီစ်စားသည့်အကျင့်မပျောက်မချင်း၎င်းသည် ဂျလ္လာလာပင်ဖြစ်လေသည်)။

အဓိပ္ပါယ်

လူ၏မစင်စားသုံးခြင်းကိုအကျင့်ဖြစ်နေသော ဟလာလ်သားကောင်ကို နဂျိစ်စားသော တိရစ္ဆာန် သို့မဟုတ် ဂျလ္လာလာဟုခေါ်ဆိုသည်။[၁]အဘွလ်ဆွလားဟ်ဟလ်ဘီမှလွဲ၍ ပညာရှင်အများစု၏အမြင်အရ ဤသို့ခေါ်ဆိုသတ်မှတ်မှုသည် လူ၏မစင်စားသုံးမှသာ ဂျလ္လာလာ သားကောင်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။ အခြားနဂျိစ်အရာများစားသုံးခြင်းအပေါ် ထိုသို့မခေါ်ဆိုနိုင်ပါ။[၂](ဟစ်ဂျရီသက္ကရာဇ် ၄၆၀ခုနှစ် )ထိ ရှိခဲ့ကြသော ဓမ္မသတ်ပညာရှင်များသည် သားကောင်ဂျလ္လာလာဟ်ဖြစ်ခြင်းမဖြစ်ခြင်းအပေါ် အချိနိအတိုင်းအတာ သတ်မှတ်ဖော်ပြထားခဲ့ခြင်းမျိုးမရှိခဲ့ပေ[၃]။ သို့သော် နောက်ပိုင်းပညာရှင်များကမူ ထိုအကြောင်းအရာအတွက် စံနှုန်းအမျိုးမျိုးကိုတင်ပြလာကြသည်။၎င်းတို့မှာ -နေ့ရောညပါ လူသား၏မစင်စားသုံးခြင်း၊[၄] နဂျီစ်စားခြင်းကြောင့် အသားအသစ်များတိုးလာပြီး အရိုးများပါခိုင်မာလာခြင်း၊[၅] ၎င်း၏ခန္ဓာနှင့်အရေပြားများမှ အနံ့ဆိုးများထွက်ပေါ်လာခြင်း၊[၆] လူအသိုင်းအဝိုင်းက ၎င်းအား နဂျိစ်စားသည့် တိရစ္ဆာန်ဟုပြောဆိုသတ်မှတ်လာကြခြင်း[၇] စသည်တို့သည် နဂျီစ်စားသည့် သားကောင်ဟု သတ်မှတ်နိုင်ရန် စံနှုံးများဖြစ်သည်။ ဟလာလ် သားကောင် တစ်စုံတစ်ရာသည် လူ၏မစင်ကို မှီဝဲစားသောက်မှသာ နဂျိစ်စားသော ဂျလ္လာလာသတ္တဝါဟုသတ်မှတ်၍ ၎င်းနှင့်သက်ဆိုင်သော ဥပဒေသများ၎င်းအပေါ်သို့ သက်ရောက်နိုင်ပေမည်။[၈]

ဓမ္မသတ်စည်းမျဥ်းဥပဒေသများ

ဓမ္မသတ်စည်းမျဥ်းဥပဒေသကျမ်းများ၌ နဂျိစ်စားသော တိရစ္ဆာန် များအတွက် အောက်ပါအတိုင်းဖော်ပြထားသည်။

အသား၊နို့နှင့်ဥ စားသုံးခြင်းဆိုင်ရာဥပဒေ

ဓမ္မသတ်ပညာရှင်အများစု၏အမြင်၌ နဂျိစ်စားသော တိရစ္ဆာန် ၏အသားကိုစားခြင်းမှာ ဟရာမ်ဖြစ်သည်။ သို့သော် အချို့ပညာရှင်များက မက်ရူဟ်(ရှောင်ကြဥ်သင့်သောအရာ)ဟုဆိုထားကြသည်။[၉] ထို့အတူ နဂျိစ်စားသော တိရစ္ဆာန် ၏နို့နှင့်ဥကိုစားသုံးခြင်းအားလည်းဟရာမ်အဖြစ်သတ်မှတ်ကြသည်။ အကြောင်းမှာ တိရစ္ဆာန်တို့၏နို့နှင့်ဥ ဟလာလ်ဖြစ်ခြင်းနှင့် ဟရာမ်ဖြစ်ခြင်းသည် ၎င်းတို့၏အသား ဟလာလ်ဖြစ်မှုနှင့်ဟရာမ်ဖြစ်မှု့အပေါ်တည်မှီနေသောကြောင့်ပင်ဖြစ်သည်။[၁၀] အကယ်၍ ဟလာလ်သားကောင် တစ်ကောင်သည် လူ၏မစင်အပြင် အခြားသန့်စင်သောအစားအသောက်များကိုစားသုံးခဲ့သည်ရှိသော် ၎င်း၏စားသောက်မှုတွင် မစင်ကပိုမိုများပြားနေပါက ၎င်း၏အသားကိုစားခြင်းမှာ ဟရာမ်မဟုတ် မက်ရူဟ်ဖြစ်သည်။[၁၁]

ဆီး၊ဝမ်း၊ချွေး၊စူအ်ရ် တို့၏နဂျိစ်ဖြစ်မှု့

ဓမ္မသတ်ပညာရှင်များ၏အမြင်၌ နဂျိစ်စားသောက်သော တိရစ္ဆာန် ၏ဆီးနှင့်ဝမ်းမှာ နဂျိစ်ဖြစ်သည်။ [၁၂]အမှန်စင်စစ် ဓမ္မသတ်ပညာရှင်များသည် နဂျိစ်စားသော ကုလားအုပ်၏ချွေး ပါးက်ဖြစ်သည်(သို့)နဂျီစ်ဖြစ်သည် ဆိုသည့်အပေါ် အမြင်ကွဲလွဲမှုများရှိသည်။ ထို့ကြောင့် နဂျိစ်စားထားသော ကုလားအုပ်၏ချွေးသည် တစ်စုံတစ်ခုနှင့်ထိမိခဲ့ပါက ၎င်းအရာအား ပါးက်ပြုလုပ်ရန်ဝါဂျီဘ်ဟု [၁၃]မျာသောားအာဖြစ်ဓမ္မသတ်ပညာရှင်များက ပါးက်ဖြစ်သည်။[၁၄] အချို့က ပြောကြားထားကြသလိုဓမ္မသတ်ပညာရှင်အများစုကမူ နဂျိစ်စားထားသောကုလားအုပ်၏ချွေးသည် ပါးက်ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ ၎င်း၏ချွေးသည်ပါးက်ဖြစ်သည်ဟု အများစုက ဆိုထားကြသော်လည်း နမားဇ်ဖတ်မည့်သူတစ်ဦးတွင် ၎င်း၏ချွေးပေကျံမှုရှိနေပါ ဖယ်ရှားရန်လိုအပ်သည်ဟု အချို့သော သုတေသီများက ယုံကြည်ကြသည်။[၁၅] ကျမ်းပြုစုသူ အချို့ကလည်း ကျန်ရှိသော ဂျလ္လာလာတိရစ္ဆာန်တို့၏ချွေးနှင့်ပတ်သက်ပြီး ပါးက်ဖြစ်ခြင်း(သို့)နဂျီစ်ဖြစ်ခြင်း ဥပဒေသများသည် နဂျီစ်စားသောကုလားအုပ်၏ချွေး၏ ဓမ္မသတ်ဥပဒေများအတိုင်းသာဖြစ်သည်ဟု ဖေါ်ပြထားကြသည်။[၁၆]

အချို့သောပညာရှင်များကမူ နဂျိစ်စားထားသော တိရစ္ဆာန် ၏ စူအ်ရ်(နဂျီစ်စားသတ္တဝါတို့၏စားကျွင်းစားကျန်)တို့ကို နဂျိစ်ဟုပြောထားသောကြောင့်[၁၇] ၎င်းတို့၏အကြွင်းအကျန်များကိုစားသုံးခြင်းသည်လည်း အခြားသောနေဂျာစသ်များကိုစားသုံးခြင်းကဲ့သို့ပင် ဟရာမ်ဖြစ်သည်[၁၈]ဟု ဆိုထားကြပြီး အချို့က ၎င်းတို့၏စားကြွင်းစားကျန်နှင့်ပတ်သက်ပြီး မက်ရုဟ်ဖြစ်ကြောင်းသာ မိန့်ဆိုထားကြလေသည်။[၁၉]

ဟဂျ်နှင့်အွမ်ရာ၌ နဂျိစ်စားသော ကုလားအုပ်အပေါ်တွင်စီးနင်းလိုက်ပါခြင်း။

ဟဂျ်နှင့်အွမ်ရာခရီးစဥ်များတွင် နဂျိစ်စားသော ကုလားအုပ်အား စီးနင်းလိုက်ပါခြင်းမှာ မက်ရူဟ်ဖြစ်သည်။[၂၀]

အိစ်သိဘ်ရားအ်

အကယ်၍ နဂျိစ်စားသော တိရစ္ဆာန် အား အချိန်အတိုင်းအတာတစ်ခုအထိ သန့်စင်သောကောက်ရိုးနှင့်မြက် များကိုသာကျွေးပြီး နဂျီစ်စားခြင်းကို ပိတ်ပင်လိုက်ပါက ထိုတိရစ္ဆာန်အပေါ် နဂျိစ်စားသောသတ္တဝါ၏ ဥပဒေသများအားလုံး ပျက်ပြယ်သွားသည်။ ထိုသို့ပြုလုပ်ခြင်းကို ဓမ္မသတ်အဆိုတွင် အိစ်သိဘ်ရာအ်ဟုခေါ်တွင်သည်။[၂၁]ထိုသို့ နဂျိစ်စားခြင်းကို ပိတ်ပင်လိုက်ပြီး ကောက်ရိုး(သို့)မြက်များကို ကျွေးရာတွင် အချို့သောပညာရှင်များက မြက်သည် ပါးက်ဖြစ်နေဖို့ရန်မလိုအပ်ပဲ မြက်သည်ပါးက်ဖြစ်နေမှသာ နဂျီစ်စားသတ္တဝါဟူသော ဂုဏ်ပုဒ် ပပျောက်သွားမည်ဟု ပြောဆိုမှုအား လက်မခံကြပေ။[၂၂]

အိစ်သိဘ်ရာအ်၏အချိန်အတိုင်းအတာ

ဓမ္မသတ်ပညာရှင်အများစု၏အမြင်တွင် အိစ်သိဘ်ရာအ်လုပ်ရန်အချိန်အတိုင်းအတာမှာ ကုလားအုပ်ဖြစ်ပါက (၄၀)ရက်၊ နွားဖြစ်လျှင် (၂၀)ရက် ၊သိုး (၁၀)ရက်၊ ဘဲ (၅)ရက် နှင့် ကြက်(၃)ရက်တို့ ဖြစ်ကြသည်။ [၂၃]ထိုသို့အချိန်အတိုင်းအတာနှင့်ပတ်သက်ပြီး ကျော်ကြားသော ရေဝါယသ်တော်များတွင် လာရှိထားသလို ပညာရှင်များက ထိုသို့လိုက်နာရန်လိုအပ်သည်ဟုဆိုထားကြသည်။[၂၄]သို့သော် အခြားသောမကျော်ကြားသည့် ဟဒီးစ်တော်များတွင် တိရစ္ဆာန်များကို အိစ်သေဘရာအ်လုပ်ရန် ဘဲအတွက် ၃ရက်၊[၂၅] (၆)ရက် [၂၆]နှင့် (၇)ရက်[၂၇] ၊ သိုးအတွက် (၇)ရက် [၂၈]နှင့် (၁၄)ရက် [၂၉]၊နွားအတွက် (၃၀)ရက် [၃၀] ဖြစ်သည်ဟု ဖေါ်ပြထားလေသည်။ သို့ပေမဲ့လည်း ရေဝါယသ်တိုင်းတွင် ကုလားအုပ်အတွက်(၄၀)ရက်နှင့် ကြက်အတွက်(၃)ရက်ဟုဖော်ပြထားသည်။[၃၁]

အချို့သော တိရစ္ဆာန် များဖြစ်သော ကြက်ဖ၊ကြက်ဆင်၊ငန်း၊ဘဲငန်း၊ငုံး၊ခါငှက် တို့အတွက် အိစ်သိဘ်ရားအ်အချိန်ကာလအတိုင်းအတာကို ရေဝါယတ်တော်များ၌ဖော်ပြထားခြင်းမရှိပေ။ အချို့သောပညာရှင်များက ကြက်၊ဘဲနှင့်ဆင်တူသောငှက်များအတွက်အိစ်သေဘရာအ် စည်းမျဥ်းဥပဒေများကို ကြက်၊ဘဲကဲ့သို့ပင်ဟုသတ်မှတ်ကြသည်။[၃၂] သို့သော်အချို့ကယုံကြည်ကြသည်မှာ ရေဝါယတ်တော်များ၌ ဖော်ပြထားခြင်းမရှိသော တိရစ္ဆာန်များအတွက် အိစ်သိဘ်ရာအ်အချိန်ကာလ အတိုင်း အတာမှာ ထိုသတ္တဝါ သည် အများအမြင်၌နဂျိစ်စားသည့်သတ္တဝါဟူသော ဂုဏ်ပုဒ် ပျောက်ကွယ်သွားပြီး လူ့အသိုင်းအဝိုင်းမှ နဂျီစ်စားသတ္တဝါဟူ၍ သတ်မှတ်မှုမရှိတော့သည့်အချိန်ထိဖြစ်သည် ဟုဖြစ်သည်။[၃၃]

မှတ်စုများ

  1. အလ္လာမာဟိလ္လီ၊ သဟ်ရီရ်ရူလ်အဟ်ကာမ်ရှရ်အီယဟ်၊ ဟိဂျရီ ၁၄၂၀၊ အတွဲ ၄၊ စာမျက်နှာ ၆၃၃; အာမိုလီ၊ ဂျာမေအ်အလ်မကာဆိဒ်၊ ဟိဂျရီ ၁၄၁၄၊ အတွဲ ၁၊ စာမျက်နှာ ၁၆၀။
  2. အလ္လာမာဟိလ္လီ၊ မွခ်သလေဖူလ်ရှီအဟ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၂၊ စာမျက်နှာ ၃၁၃; အူရ်ဒဘီလီ၊ မဂ်ျမအ်အလ်ဖာအေဒဟ် ဝါ ဘူရ်ဟာန်၊ ဟိဂျရီ ၁၄၀၃၊ အတွဲ ၁၁၊ စာမျက်နှာ ၂၄၉; နဂျဖီ၊ ဂျဝါဟေရူလ်ကလာမ်၊ ဒါရ်ရူလ်အဟ်ယအ်သိုရာစ်အရဗီ၊အတွဲ ၃၆၊ စာမျက်နှာ ၂၇၁။
  3. ဟိုစိုင်န်အလီ၊ ဟလာလ်သားကောင်၏ဥပဒေသအားလေ့လာခြင်း၊ အီရန်သက္ကရာဇ် ၁၃၉၆၊ စာမျက်နှာ ၁၂။
  4. ဖာဇီလ်မေက်ဒါဒ်၊ အလ်သန်ကီးဟ်အရ်ရာအေအ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၄၊ စာမျက်နှာ ၃၆။
  5. အာမိုလီ၊ ဂျာမေအ်အလ်မကာဆိဒ်၊ ဟိဂျရီ ၁၄၁၄၊ အတွဲ ၁၊ စာမျက်နှာ ၁၆၀; အာမိုလီ၊ မဒါရေက်အဟ်ကာမ်၊ ဟိဂျရီ ၁၄၁၁၊ အတွဲ ၁၊ စာမျက်နှာ ၁၃၀။
  6. ရှဟီးဒ်စာနီ၊ မဆ်အလကူလ်အဖ်ဟာမ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၁၂၊ စာမျက်နှာ ၂၅။
  7. အူရ်ဒဘီလီ၊ မဂ်ျမအ်အူလ်ဖာအေဒဟ် နှင့် အလ်ဘူရ်ဟာန်၊ ဟိဂျရီ ၁၄၀၃၊ အတွဲ ၁၁၊ စာမျက်နှာ ၂၅၀; စဗ်ဇ်ဝါရီ၊ ကေဖာယသူလ်အဟ်ကာမ်၊ မဟ်ဒဝီ ဖြန့်ချီရေး၊ အတွဲ ၂၊ စာမျက်နှာ ၆၀၃; သွဘာသွဘာအီ၊ ရေယာဇ်အလ်မဆာအိလ်၊ ဟိဂျရီ ၁၄၁၈၊ အတွဲ ၁၃၊ စာမျက်နှာ ၃၈၃။
  8. အလ္လာမာဟိလ္လီ၊ သဟ်ရီရ်ရူလ်အဟ်ကာမ်ရှရ်အီယဟ်၊ ဟိဂျရီ ၁၄၂၀၊ အတွဲ ၄၊ စာမျက်နှာ ၆၃၃;အာမိုလီ၊ ဂျာမေအ်အလ်မကာဆိဒ်၊ ဟိဂျရီ ၁၄၁၄၊ အတွဲ ၁၊ စာမျက်နှာ ၁၆၀။
  9. နဂျဖီ၊ ဂျဝါဟေရူလ်ကလာမ်၊ ဒါရ်ရူလ်အဟ်ယအ်သိုရာစ်အရဗီ၊အတွဲ ၃၆၊ စာမျက်နှာ ၂၇၂။
  10. သွဘာသွဘာအီ၊ ရေယာဇ်အလ်မဆာအိလ်၊ ဟိဂျရီ ၁၄၁၈၊ အတွဲ ၁၃၊ စာမျက်နှာ ၃၇၆; ဟာအေရီ၊ ‌ကိသာဘ်အလ်မနာဟိလ်၊ အာလေဘိုသ်(အ စ)ဌာန၊ စာမျက်နှာ ၆၂၄၊ သဗ်ရီဇီ၊ သန်ကီးဟ် မဘာနီ အလ်အူရ်ဝါဟ်: ကိသာဘ်အလ်သွာဟေရဟ်၊ ဟိဂျရီ ၁၄၂၆၊ အတွဲ ၃၊ စာမျက်နှာ၃၉၆။
  11. အလ္လာမာဟိလ္လီ၊ မွခ်သလေဖူလ်ရှီအဟ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၈၊ စာမျက်နှာ ၃၁၂; ရှဟီးဒ်စာနီ၊ မဆ်အလကူလ်အဖ်ဟာမ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၁၂၊ စာမျက်နှာ ၂၇။
  12. ဟလ်ဘီ၊ ဂနီယသူလ်နိုဇူအ်၊ သွဘာသွဘာအီ၊ ရေယာဇ်အလ်မဆာအိလ်၊ ဟိဂျရီ ၁၄၁၇၊ စာမျက်နှာ ၄၀; အလ္လာမဟ် ဟိလ္လီ၊ သဇ်ကိရသူလ်ဖိုကဟာ၊ အာလေဘိုသ် အ.စ ဌာန၊ အတွဲ ၁၊ စာမျက်နှာ ၅၁။
  13. ရှိခ်ဖီးဒ်၊ အလ်မက်နအဟ်၊ ဟိဂျရီ ၁၄၁၃၊ စာမျက်နှာ ၇၁; ရှိခ်သူစီ၊ အလ်နေဟာယဟ်၊ ဟိဂျရီ ၁၄၀၀၊ စာမျက်နှာ ၅၃။
  14. ဥပမာအနေဖြင့် မိုဟက္ကစ်ဟိလ္လီသိုကြည့်ပါ၊ ရှရာအိအ်အစ္စလာမ်၊ ဟိဂျရီ ၁၄၀၈၊ အတွဲ ၁၊ စာမျက်နှာ ၄၅; အလ္လာမာဟိလ္လီ၊ သဟ်ရီရ်ရူလ်အဟ်ကာမ်ရှရ်အီယဟ်၊ ဟိဂျရီ ၁၄၂၀၊ အတွဲ ၁၊ စာမျက်နှာ ၁၅၈; ရှဟီးဒ်အောဝ်ဝလ်၊ ဇိက်ရူလ်ရှီအဟ်၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၁၊ စာမျက်နှာ ၁၁၉ နှင့် ၁၂၀; ဟိလ္လီ၊ မိုအာလေမ်မူဒ်ဒီးန်၊ ဟိဂျရီ ၁၄၂၄၊ အတွဲ ၁၊ စာမျက်နှာ ၇၆။
  15. ၁၅။ ခွီး၊ အလ်သန်ကီးဟ်: အလ်သွာဟေရဟ်၂၊ ဟိဂျရီ ၁၄၁၈၊ စာမျက်နှာ ၁၅၄။
  16. ဟိလ္လီ၊ နဇ်ဟသူလ်နာဇေရ်၊ ဟိဂျရီ ၁၃၉၄၊ စာမျက်နှာ ၁၈-၁၉။။
  17. အိဗ်နေဘိုရာဂ်ျ၊ အလ်မဇ်ဟဗ်၊ ဟိဂျရီ ၁၄၀၆၊ အတွဲ ၁၊ စာမျက်နှာ ၂၅; ကိုက်ဒရီ၊ အိဆ်ဘဟ်ရှီအာ၊ ဟိဂျရီ ၁၄၁၆၊ စာမျက်နှာ ၂၅။
  18. အန်ဆွာရီ၊ ကိသာဘ်အလ်မကာစိဗ်(အလ်မဟ်ရှီ)၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၁၊ စာမျက်နှာ ၁၈၈; သွဘာသွဘာအီ ကွမ်မီ၊ မဘာနီ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ဟိဂျရီ ၁၄၂၆၊ အတွဲ ၆၊ စာမျက်နှာ ၁၃၆။
  19. မိုဟက္ကစ် ဟိလ္လီ၊ ရှရာအိအ်အစ္စလာမ်၊ ဟိဂျရီ ၁၄၀၈၊ အတွဲ ၁၊ စာမျက်နှာ ၈; ရှဟီဒ်အောဝ်ဝလ်၊ အလ်ဒိုရူစ်ရှရ်အီယဟ်၊ ဟိဂျရီ ၁၄၁၇၊ အတွဲ ၁၊ စာမျက်နှာ ၁၂၃။
  20. အလ္လာမာဟိလ္လီ၊ သဟ်ရီရ်ရူလ်အဟ်ကာမ်ရှရ်အီယဟ်၊ ဟိဂျရီ ၁၄၂၀၊ အတွဲ ၂၊ စာမျက်နှာ ၁၁၃; ရှဟီဒ်အောဝ်ဝလ်၊ အလ်ဒိုရူစ်ရှရ်အီယဟ်၊ ဟိဂျရီ ၁၄၁၇၊ အတွဲ ၁၊ စာမျက်နှာ ၄၇၄; ဟိလ္လီ၊ အလ်ဂျာမေအ်လိလ်ရှရာအေအ်၊ ဟိဂျရီ ၁၄၀၅၊ စာမျက်နှာ ၂၃၀။
  21. မရှ်ကီနီ၊ မွဆ်သွလေဟာသ်အလ်ဖိက်ဟ်၊ ဟိဂျရီ ၁၄၁၉၊ စာမျက်နှာ ၆၂။
  22. မိုကဒ္ဒက်စ် အူရ်ဒဘီလီ၊ မဂ်ျမအ် အလ်ဖာအေဒဟ် နှင့် အလ်ဘူရ်ဟာန်၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၁၁၊ စာမျက်နှာ ၂၅၅။
  23. ရှိခ်သူစီ၊ အလ်ခိလာဖ်၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၆၊ စာမျက်နှာ ၈၆; အိဗ်နေဘိုရာဂ်ျ၊ အလ်မဇ်ဟဗ်၊ ဟိဂျရီ ၁၄၀၆၊ အတွဲ ၂၊ စာမျက်နှာ ၄၂၈; မိုဟက္ကစ် ဟိလ္လီ၊ ရှရာအိအ်အစ္စလာမ်၊ ဟိဂျရီ ၁၄၀၈၊ အတွဲ ၃၊ စာမျက်နှာ ၁၇၀-၁၇၃; အလ္လာမာဟိလ္လီ၊ သဟ်ရီရ်ရူလ်အဟ်ကာမ်ရှရ်အီယဟ်၊ ဟိဂျရီ ၁၄၂၀၊ အတွဲ ၄၊ စာမျက်နှာ ၆၃၃-၆၃၅။
  24. သွဘာသွဘာအီ၊ ရေယာဇ် အလ်မဆာအိလိ၊ ဟိဂျရီ ၁၄၁၈၊ အတွဲ ၁၃၊ စာမျက်နှာ ၃၈၆။
  25. ဆွဒ်ဒူက်၊ မန်လာယဟ်ဇရ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၃၊ စာမျက်နှာ ၃၃၈ နှင့် ၃၃၉။
  26. ဆွဒ်ဒူက်၊ မန်လာယဟ်ဇရ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၃၊ စာမျက်နှာ ၃၃၈ နှင့် ၃၃၉။
  27. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၆၊ စာမျက်နှာ၂၅၂။
  28. ။ အိဗ်နေအရှ်အက်စ်၊ အလ်ဂျအ်ဖရီယာသ်၊ မက်သဘ်နိုင်နဝါ၊ အလ်သဒီစ်စဟ်၊ စာမျက်နှာ ၂၇။
  29. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၆၊ စာမျက်နှာ၂၅၂။
  30. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၆၊ စာမျက်နှာ၂၅၂။
  31. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၆၊ စာမျက်နှာ ၂၅၁ နှင့် ၂၅၃; ဆွဒ်ဒူက်၊ မန်လာယဟ်ဇရ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၃၊ စာမျက်နှာ ၃၃၈ နှင့် ၃၃၉; အိဗ်နေအရှ်အက်စ်၊ အလ်ဂျအ်ဖရီယာသ်၊ မက်သဘ်နိုင်နဝါ၊ အလ်သဒီစ်စဟ်၊ စာမျက်နှာ ၂၇။
  32. အလ္လာမာဟိလ္လီ၊ ကဝါအိဒ်အဟ်ကာမ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၃၊ စာမျက်နှာ ၃၃၈; ရှဟီဒ် အောဝ်ဝလ်၊ အလ်လိုမ်အဟ် အလ်ဒမစ်ရှ်ကီယဟ်၊ ဟိဂျရီ ၁၄၁၀၊ စာမျက်နှာ ၂၃၆; အလ္လာမာဟိလ္လီ၊ အိရ်ရှာဒ် အလ်အဇ်ဟာန်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၂၊ စာမျက်နှာ ၁၁၂။
  33. ယဇ်ဒီ သွဘာသွဘာအီ၊ အလ်အူရ်ဝသူလ်ဝူစ်ကာ( အလ်မဟ်ရှီ)၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၁၊ စာမျက်နှာ ၂၇၈။

ကျမ်းကိုးမျာ


  • အိဗ်နေအရှ်အက်စ်၊ မိုဟမ္မဒ်၊ အလ်ဂျအ်ဖရီယာသ်၊ တီဟ်ရန်မြို၊ မက်သဘ်နိုင်နဝါအလ်ဟဒီစဟ်၊ ဘီသာ။
  • အိဗ်မေဘိုရာဂ်ျ၊ အဗ်ဒူလ်အဇီးဇ်၊ အလ်မဟ်ဇဗ်၊ ကွမ်မြို၊ အစ္စလာမီဖြန့်ချီရေးရုံး၊ ဟိဂျရီ ၁၄၀၆။
  • အန်ဆွာရီ၊ မွရ်သဇာ၊ ကိသာဘ်အလ်မကာစိဗ်(အလ်မဟ်ရှီ)၊ ကွမ်မြို၊ ဒါရ်ရူလ်ကိသာဘ်ပုံနှိပ်ဖြန့်ချီရေးရုံး၊ ဟိဂျရီ ၁၄၁၀။
  • သဗ်ရီဇီ၊ ဂျဝါဒ်ဘင်န်အလီ၊ သန်ကီဟ်မဘာနီအလ်အွရ်ဝဟ်:ကိသာဘ်အလ်သွာဟေရာ၊ ကွမ်မြို၊ ဒါရ်ရူလ်စစ်ဒီကသူလ်ရှဟီဒဟ်၊ ဟိဂျရီ ၁၄၂၆။
  • ဟယအေရီ၊ ဆိုင်ယီဒ်မိုဟမ္မဒ်၊ ကိသာဘ်မနာဟိလ်၊ ကွမ်မြို၊ အာလေဘိုသ်ဌာန၊ ဘီသာ။
  • ဟိုစိုင်န်အလီ၊ မိုဟမ္မဒ်အမီးန်၊ ဟလာလ်သားကောင်၏ဥပဒေသအားလေ့လာခြင်း၊ ဖိက်ဟ် နှင့် အူစူလ် မေဂျာ၏ အဆင့်သုံး စာတမ်းပြုစုခြင်း၊ မရ်ကဇ်မိုဒီရီယသ်ဟောဝ်ဇဟ်ဟာယေအိလ်မီယဟ်၊ အီရန်သက္ကရာဇ် ၁၃၉၆။
  • ဟလ်ဘီ၊ ဟမ်ဇာဘင်န်အလီ၊ ဂနီယသူလ်နိုဇူအ် အေလာ အိလ်မ်လ်အူစူလ် ဝါ အလ်ဖိုရူအ်၊ ကွမ်မြို၊ အေမာမ်ဆွာဒေက်ဌာန၊ ဟိဂျရီ ၁၄၁၇။
  • ဟိလ္လီ၊ မိုဟမ္မဒ် ဘင်န် ရှိဂျအ်အလ်ကတွာန်၊ မိုအာလိမ်မူဒ်ဒီးန် ဖီ ဖိက်ဟ် အာလေယာစီးန်၊ ကွမ်မြို၊ အေမာမ်ဆွာဒေက်ဌာန၊ ဟိဂျရီ ၁၄၂၄။
  • ဟိလ္လီ၊ ယဟ်ယာ ဘင်န် စအီးဒ်၊ အလ်ဂျာမေအ် လိလ်ရှရာအေအ်၊ ကွမ်မြို၊ ဆိုင်န်ယီဒ်ရ်ှဟဒါအိလ်မီယဟ်ဌာန၊ ဟိဂျရီ ၁၄၀၅။
  • ဟိလ္လီ၊ ယဟ်ယာဘင်န်စအီးဒ်၊ နဇ်ဟသူလ်နာဇိရ်ဖီလ်ဂျမ်အ်ဘိုင်န်အိရှ်ဘဟ်ဝါနဇာအိရ်၊ ကွမ်မြို၊ မန်ရှုရာသ်ရဇီ၊ ဟိဂျရီ ၁၃၉၄။
  • ခွီး၊ ဆိုင်န်ယီဒ်အဘူလ်ကာစင်မ်၊ အလ်သန်ကီဟ် ဖီ ရှရ်ဟ် အူရ်ဝသူလ်ဝူစ်ကာ:အလ်သွာဟေရာ၂၊ ကွမ်မြို၊ ဘီနာ၊ ဟိဂျရီ ၁၄၁၈။
  • စဗ်ဇ်ဝါရီ၊ မိုဟမ္မဒ်ဘာကိရ်ဘင်န်မိုဟမ္မဒ်၊ ကိဖာယသူလ်အဟ်ကာမ်၊ အိစ်ဖဟာန်၊ မဟ်ဒဝီဖြန့်ချီရေး၊ ဘီသာ။
  • ရှဟီးဒ်အောဝ်ဝလ်၊ မိုသမ္မဒ်ဘင်န်မက္ကီ၊ အလ်ဒိုရူစ်ရှရ်အီယဟ်ဖီဖိက်ဟ်အေမာမီယဟ်၊ ကွမ်မြို၊ အစ္စလာမီဖြန့်ချီရေးရုံး၊ ဟိဂျရီ ၁၄၁၇။
  • ရှဟီးဒ်အောဝ်ဝလ်၊ မိုသမ္မဒ်ဘင်န်မက္ကီ၊ အလ်လိုမ်အသူလ်ဒမိရှ်ကီယဟ်ဖီဖိက်ဟ်အေမာမီယဟ်၊ ဘေရွသ်မြို၊ ဒါရ်ရူလ်သိုရာစ်၊ ဟိဂျရီ ၁၄၁၀။
  • ရှဟီးဒ်အောဝ်ဝလ်၊ မိုဟမ္မဒ်ဘင်န်မက္ကီ၊ ဇိက်ရူလ်ရှီအဟ်ဖီအဟ်ကာမ်ရှရ်အီယဟ်၊ ကွမ်မြို၊ အာလေဘိုသ်ဌာန၊ ဟိဂျရီ ၁၄၁၉။
  • ရှဟီးဒ်ဆာနီ၊ ဇိုင်န်နွလ်ဒီးန် ဘင်န် အလီ၊ မက်စ်အလကူလ်အဖ်ဟာမ်အေလာသန်ကီးဟ်ရှရာအေအ်အစ္စလာမ်၊ ကွမ်မြို၊ မအာရိဖ်အစ္စလာမီယဟ်ဌာန၊ ဟိဂျရီ ၁၄၁၃။
  • ရှိခ်သူစီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ အလ်ခိလာဖ်၊ ကွမ်မြို၊ အစ္စလာမီဖြန့်ချီရေးဌာန၊ ဟိဂျရီ ၁၄၀၇။
  • ရှိခ်သူစီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ အလ်နေဟာယသူလ်ဖီမိုဂျရဒ်အလ်ဖိက်ဟ် ဝါ အလ်ဖသာဝီ၊ ဘေရွသ်မြို၊ ဒါရ်ရူလ်ကိသာဘ်အရဗီ၊ ဟိဂျရီ ၁၄၀၀။
  • ရှိခ်မိုဖီးဒ်၊ မိုဟမ္မဒ်ဘင်န်မိုဟမ္မဒ်နိုအ်မာန်၊ အလ်မက်နအဟ်၊ ရှိခ်မိုဖီဒ်ဟဇာရာကမ္ဘာ့ညီလာခံ၊ ဟိဂျရီ၁၄၁၃။
  • ဆွဒ်ဒူက်၊ မိုဟမ္မဒ်ဘင်န်အလီ၊ မန်လာယဟ်ဇရိုဟိုဖကီးဟ်၊ ကွမ်မြို၊ အစ္စလာမ်မီဖြန့်ချီရေးဌာန၊ ဟိဂျရီ ၁၄၁၃။
  • သွဘာသွဘာအီ ကွမ်မီ၊ ဆိုင်န်ယီဒ်သကီ၊ မဘာနီမင်န်ဟာဂ်ျဆွာလေဟီးန်၊ ကွမ်မြို၊ မန်ရှုရာသ်ကလမ်မူလ်ရှရ်က်၊ ဟိဂျရီ ၁၄၂၆။
  • သွဘာသွဘာအီ ယဇ်ဒီ၊ ဆိုင်န်ယီဒ်မိုဟမ္မဒ်ကာဇင်းမ်၊ အလ်အူရ်ဝသူလ်ဝူစ်ကာ(အလ်မဟ်ရှီ)၊ ကွမ်မြို၊ အစ္စလာမ်မီဖြန့်ချီရေးရုံး၊ ဟိဂျရီ ၁၄၁၉။
  • သွဘာသွဘာအီ၊ ဆိုင်န်ာီဒ်အလီ၊ ရီယာဇ်မဆာအိလ်၊ ကွမ်မြို၊ အာလေဘိုသ်ဌာန၊ ဟိဂျရီ ၁၄၁၈။
  • သွဘာသွဘာအီ၊ ဆိုင်န်ာီဒ်အလီ၊ ရီယာဇ်မဆာအိလ်၊ ကွမ်မြို၊ အာလေဘိုသ်ဌာန၊ ဟိဂျရီ ၁၄၁၈။
  • အာမိုလီ၊ အလီ ဘင်န် ဟိုစိုင်န်၊ ဂျာမေအ်မကာစိဒ်ဖီရှရ်ဟ်ကဝါအိဒ်၊ ကွမ်မြို၊ အာလေဘိုသ်ဌာန၊ ဟိဂျရီ ၁၄၁၄။
  • အာမိုလီ၊ မိုဟမ္မဒ်ဘင်န်အလီ၊ မဒါရိကူလ်အဟ်ကာမ်ဖီရှရ်ဟ်အေဘာဒါသ်ရှရာအေအ်အစ္စလာမ်၊ ဘေရွသ်မြို၊ အာလေဘိုသ်ဌာန၊ ဟိဂျရီ ၁၄၁၀။
  • အလာမာဟိလ္လီ၊ ဟဆန်ဘင်န်ယူစွဖ်၊ အိရ်ရှာဒ်ဇ်ဟာန်အေလာအဟ်ကာမ်အီမာန်၊ ကွမ်မြို၊ အစ္စလာမီဖြန့်ချီရေးရုံး၊ ဟိဂျရီ ၁၄၁၀။
  • အလာမာဟိလ္လီ၊ ဟဆန်ဘင်န်ယူစွဖ်၊ သဟ်ရီးရ်အဟ်ကာမ်ရှရ်အီယဟ်အလာမဇ်ဟဗ်အေမာမီယာ၊ ကွမ်မြို၊ အေမာမ်ဆွာဒေက်ဌာန၊ ဟိဂျရီ ၁၄၂၀။
  • အလာမာဟိလ္လီ၊ ဟဆန်ဘင်န်ယူစွဖ်၊ သဇ်ကိရသူလ်ဖိုကဟာ၊ ကွမ်မြို၊ အာလေဘိုသ်ဌာန၊ ဘီသာ။
  • အလ္လာမာဟိလ္လီ၊ ဟဆန်ဘင်န်ယူစွဖ်၊ မွခ်သ‌လိဖူလ်ရှီအာဖီအဟ်ကာမ်ရှရ်အီယဟ်၊ ကွမ်မြို၊ အစ္စလာမီဖြန့်ချီရေးရုံး၊ ဟိဂျရီ ၁၄၁၃။
  • ဖာဇီလ်မေက်ဒါဒ်၊ မေက်ဒါဒ်ဘင်န်အဗ်ဒူလ္လာ၊ အလ်သန်ကီးဟ်ရာအေဟ်လေမွခ်သဆရေရှရာအေအ်၊ကွမ်မြို၊ အာယသွလ္လာမရ်အရှီနဂျဖီ၏စာကြည့်တိုက်၊ ဟိဂျရီ ၁၄၀၄။
  • ကိုလိုင်နီ၊ မိုဟမ္မဒ်ဘင်န်ယအ်ကူဘ်၊ အလ်ကာဖီ၊ တီဟ်ရန်မြို၊ ဒါရ်ရူလ်ကူသူဘ်အစ္စလာမီယဟ်၊ ဟိဂျရီ ၁၄၀၇။
  • ကိုက်ဒီရီ၊ မိုဟမ္မဒ်ဘင်န်ဟိုစိုင်န်၊ အိဆ်ဘာဟ်ရှီအာဘေမိစ်ဘာဟ်ရှရီအဟ်၊ ကွမ်မြို၊ အေမာမ်ဆွာဒေက်ဌာန၊ ဟိဂျရီ ၁၄၁၆။
  • မိရှ်ကီနီ၊ အလီ၊ မွဆ်သွလေဟာသ်ဖိက်ဟ်၊ ကွမ်မြို၊ အလ်ဟာဒီ၊ ဟိဂျရီ ၁၄၁၉။
  • မိုကဒက်စ် အူရ်ဒဘီလီ၊ အဟ်မဒ်ဘင်န်မိုဟမ္မဒ်၊ မဂ်ျမအ်ဖာအေဒဟ်ဝါဘူရ်ဟာန်ဖီရှရ်ဟ်အိရ်ရှာဒ်အဇ်ဟာန်၊ ကွမ်မြို၊ အစ္စလာမီဖြန့်ချီရေးရုံး၊ ဟိဂျရီ၁၄၀၃။
  • နဂျဖီ၊ မိုဟမ္မဒ်ဟဆန်၊ ဂျဝါဟိရ်ကလာမ်ဖီရှရ်ဟ်ရှရာအေအ်အစ္စလာမ်၊ ဘေရွသ်မြို၊ ဒါရ်ရူလ်အဟ်ယအ်အလ်သိုရာစ်အရဗီ၊ ဘီသာ။