နခအ် မျိုးနွယ်စု

wikishia မှ

နခအ် မျိုးနွယ်စုသည် မဇ်ဟီဂ်ျ မျိုးနွယ်စု၏ အကျော်ကြားဆုံးသော မျိုးရိုးဖြစ်သည်။ (1) ဂျစ်ရ် ဗင်န် အွမ်ရို နှင့် ပတ်သက်ပြီး (2) ၎င်းသည် ဤမျိုးနွယ်မှ ဝေးကွာသွားသောကြောင့် နခ်အ် ဟုခေါ်ဆိုသည်။ (3) ဤမျိုးနွယ်စုသည် ယမန်၌ နေထိုင်ကြသည်။ ၎င်းတို့ မွတ်စ်လင်မ် ဖြစ်ပြီးနောက် အီဂျီဘ် နှင့် ကူဖှာသို့ ပြောင်းရွှေ့သွားကြသည်။ (4) ယီမင်နိုင်ငံရှိ တမန်တော်မြတ်(ဆွ)၏ နောက်လိုက်သား ဖြစ်သော မိုအာဇ် ဗ်ုန် ဂျဘလ်ကို သစ္စာခံသော နခ်အ် မျိုးနွယ်မှ လူနှစ်ရာခန့်သည် ဟီဂျရိီ ၁၁)နှစ်တွင် မုဟရမ်အလယ်၌ တမန်တော်မြတ်((ဆွ)ထံသို့ ရောက်ရှိလာပြီး မွတ်စ်လင်မ် ဖြစ်သွားကြသည်။ (5) တမန်တော်မြတ်((ဆွ) သည် နခ်အ် မျိုးနွယ်စု အတွက် ဒိုအာပြုလုပ်ခဲ့ပြီး ၎င်းတို့အတွက် အရှင်မြတ်ထံမှ ဘက်ကသ် ကျက်သရေရှိမှု ကို တောင်းခံပေးခဲ့သည်။ (6) နခ်အ် မျိုးနွယ်စုသည် ကာဒီစီယဟ် စစ်ပွဲတွင် ပါဝင်ခဲ့သည်။ ထိုမျိုးနွယ်စုမှ အချို့သူများ ရှဟီးဒ် ဖြစ်သွားခဲ့သည်။ (7) ထို့အတူ ထိုမျိုးနွယ်စုမှ အချို့သူများသည် ယူရ်မူက် စစ်ပွဲတွင် ပါဝင်ခဲ့ကြသည်။ (8) နခ်အ်မျိုးနွယ်စုဝင်များသည် ဂျမယ်လ်၊ ဆွီဖီးန် နှင့် နဟ်ရဝါးန် တိုက်ပွဲများတွင် အေမာမ်အလီ (အစ)) ၏ တပ်သားဘက်တွင် ရှိနေခဲ့သည်။ (9) နခ်အ်မျိုးနွယ်စုတွင် ထင်ရှားကျော်ကြားသော လူမျိုးများစွာရှိသည်။ အချို့မှာ မာလီကေအရှ်သဲရ် (10) ဂျမယ်လ်၊ ဆွီဖီးန် စစ်ပွဲတွင် အေမာန်အလီ(အစ) တပ်သားမှ ဖြစ်ပြီး အီဂျီဘ်တွင် ၎င်းတာဝန်ကျပေသည်။ (11) ကိုမိုင်းလ် ဗင်န် ဇေယာဒ် နခ်အီ သာ် အေမာမ်အလီ (အစ))၏ နောက်လိုက်သားဖြစ်ပြီး သဂျာဂ်ျ ဗင်န် ယူစုဖ် မှ ၎င်းအား သတ်ခဲ့သည်။ (12) အိရ်သွာဟ် ဗင်န် ကအ်ဘ် သည် ဤမျိုးနွယ်၏ အကြီးအကဲ ဖြစ်ပြီး ၎င်း၏ အပေါင်းအဖော်များဖြင့် တမန်တော်မြတ်ထံ သွားရောက်ခဲ့ပြီး ကာဒိစီယဟ် စသ်ပွဲတွင် ရှဟီးဒ် ဖြစ်ခဲ့သည်။ (13) မာလီကေ အရှ်သဲရ်၏ သား အိဗ်ရာဟီးမ် ၊ ၎င်းသည် မုခ်သာရ် ဖြင့် ဘိုင်အသ် လုပ်ခဲ့ပြီး ၎င်း၏ တော်လှန်ရေး၌ ပါဝင်ခဲ့သည်။ (14) ထို့နောက် အိုဘိုင်ဒုလ္လာဟ် ဗင်တ် ဇေယာဒ် ကို သတ်ခဲ့သည်။ (15) စနာန် ဗင်န် အနက်စ် နခ်အီ (16) ကရ်ဘလာ အဖြစ်အပျက်တွင် အွမ္မရ် ဗင်န် စအ်ဒ်၏ တပ်သားဘက်မဗ ရှိခဲ့သည်။ အချို့ ဖော်ပြချက်များအရ၊ သူသည် အေမာမ်ဟိုစိုင်းန် (အစ)) ကို ရှဟီးဒ် လုပ်ခဲ့သည်။ (17) မူစာ ဗင်န် အင်မ်ရာန် နခ်အီ ၊အေမာမ်ဟာဒီ (အစ)) မှ ဇေယာရက်သေ ဂျာမေအေယေ ကဘီးရေဟ် ကို ကိုးကားခဲ့သည်။ (18) ဘီးရ်ဂျန့်ဒ် ကဲ့သို့သော အီရာန်နိုင်ငံ၏ ဒေသများတွင် အာရဗ် လူမျိုးတစ်စု နေထိုင်ကြသည်။ ၎င်းတို့၏ ဘိုးဘေးများသည် ခိုရာစာန် နှင့် စီစ်သာန် လူမျိုးများ၏ အုံကြွမှုကို နှိမ်နင်းရန်အတွက် ဟာဇမ် ဗင်န် ခဇီမဟ်၏ တပ်များနှင့်အတူ မတ်ဆူးရ် အဘ္ဘာစီ (ဟီဂျရီ ၁၃၆ - ၁၅၈) အုပ်ချုပ်စဉ်အတွင်း ခိုရာစာန် သို့သွားသော တခ်အီ အာရဗ်များ ဖြစ်သည်ဟု ဆိုကြသည်။ (19)

နခ်အ်  မျိုးနွယ်စု၏ စာအုပ်သည် အစ္စလာမ့်သမိုင်း နှင့် ရှီအဟ် သမိုင်းတို့တွင် ဟီဂျရီ သုံးရာစု အကုန်အထိ၊ အဇ်ဂဲရ် မွန်သဇွဲရုလ် ကာအင်မ် နှင့် မရ်ယမ် စအီဒီယားန် တို့ရေးသားထားပြီး   ယင်း၌ အစ္စလာမ့် နှင့် ရှီအဂ်သမိုင်း တိုးတက်မှုများတွင် နခ်အ် မျိုးနွယ်၏ ရပ်တည်ချက်နှင့် အခန်းကဏ္ဍနှင့် အကြောင်းပါဝင်ပြီး ပထမရာစုသုံးရာစုအတွင်း အဟ်လေဗိုင်သ် (အစ)) တို့နှင့် နှင့် ၎င်းတို့၏ ဆက်ဆံရေး အကြောင်းဖြစ်သည်။ (20)