နက်ဖ်စေဇကီယဟ် အသတ်ခံရခြင်း

wikishia မှ

နက်ဖ်စေဇကီယဟ် အသတ်ခံရခြင်းသည် အေမာမ်ဇမာန်(အဂျ) ဖူးပွင့်လာခြင်း၏ သေချာသော လက္ခဏာများထဲမှ တစ်ခုဖြစ်ပေသည်။ ၎င်းသည် အေမာမ်မဟ်ဒီ(အဂျ) နောက်လိုက်သားများအနက်မှ တစ်ဦးဖြစ်ပြီး ကအ်ဗဟ်ကျောင်းတော်အနား၌ အသတ်ခံရပေမည်။ ရေဝါယသ်များအရ နက်ဖ်စေဇကီယဟ်သည် အေမာမ်ဟိုစိန်(အစ) ၏မျိုးဆက်မှဖြစ်သည်။ ၎င်းသည် အေမာမ်မဟ်ဒီ(အဂျ) တော်လှန်ရေးမတိုင်ခင် မက်စ်ဂျီဒွလ်ဟရာမ်၌ အသတ်ခံရပေမည်။

အချိုရေဝါယသ်များအရ နက်ဖ်စေဇကီယဟ် အသတ်ခံရခြင်းကို အေမာမ်ဖူးပွင့်လာခြင်း၏ သေချာသော လက္ခဏာများထဲမှ တစ်ခုအဖြစ် ဖော်ပြကြသည်။ အလ်ကာဖီစာအုပ်အား အလင်းဖွင့်ဆိုသူ မွလ္လာဟ်ဆွာလေဟ်မာဇင်ဒရာနီး ထင်ကြေးပေးထားသည်မှာ ဆိုင်ယိဒ်ဟစန်နီ သည် ထို နက်ဖ်စေဇကီယဟ် ပင်ဖြစ်ပေသည်။

ထူးခြားသောပုဂ္ဂိုလ်

နက်ဖ်စေဇကီယဟ် (စင်ကြယ်သောလူသား) အား ရေဝါယသ်များ၌ မွန်မြတ်သောလူသား၊ သက္က်ဝါတရားရှိသော လူးသား အဖြစ် မတ်ဆက်ထားပြီး[၁] ၎င်းအသတ်ခံရခြင်းသည် အေမာမ်ဖူးပွင့်လာခြင်း၏ သေချာသော လက္ခဏာများထဲမှ တစ်ခုဖြစ်သည်ဟု လက်ခံထားကြသည်။[၂] ရေဝါယသ်များအရ ၎င်းသည် အေမာမ်ဟိုစိန်(အစ) ၏မျိုးဆက်မှဖြစ်သည်။[၃] ၎င်း၏အမည်မှာ မိာဟမ္မဒ် ဗင်န် ဟစန် ဖြစ်သည်။ [၄]

နက်ဖ်စေဇကီယဟ် သည် မက္ကာမြိုသားများကို ဟေဒါယသ် လုပ်ဖိုရန် စေလွှတ်မည့် အေမာမ်မဟ်ဒီ(အဂျ)၏ နောက်လိုက်သားများအနက်မှ တစ်ဦးဖြစ်‌သည်။ အေမာမ်မဟ်ဒီ(အဂျ)သည် ၎င်း၏နောက်လိုက်သားများကို ပြောမည်မှာ - မက္ကာမြိုသားများသည် ကျွန်ုပ်အား မလိုလားကြပေ၊ သိုသော် ဟွဂ္ဂျသ်ပြီးပြည့်ဆံုစေဖိုရန် ကျွန်ုပ်သည် တစ်ဦးတစ်ယောက်ကို ၎င်းတိုထံစေလွှတ်ပေမည်။ နက်ဖ်စေဇကီယဟ် သည် မိမိကိုယ်မိမိ အေမာမ်မဟ်ဒီ(အဂျ)၏ကိုယ်စားလှယ်ဖြစ်ကြောင်း မိတ်ဆက်လိုက်သည့်အခါ မက္ကာမြိုသားများသည် အုပ်စုလိုက်၀င်ရောက်လာပြီး ရူကွန် နှင့် မကာမ်အကြား၌ ၎င်း၏ဦးခေါင်းကို ဖြတ်တောက်လိုက်ပေမည်။ [၅]

ဖူးပွင့်ရန် သေချာ‌‌‌သောလက္ခဏာများ

အေမာမ်ဆွာဒီ(အစ)မှ ကောက်နုတ်ထားသည့် ရေဝါယသ်တစ်ခုအရ ဆွီဟေယေအာစ်မာနီအနား၌ နက်ဖ်စေဇကီယဟ် အသတ်ခံရခြင်း၊ ဆိုဖီယာနီပေါ်ထွက်လာခြင်း၊ ယမာနီ ပေါ်ထွက်လာခြင်း နှင့် ခစက်ဖေဘိုင်ဒါးအ် တိုသည် အေမာမ်မဟ်ဒီ(အဂျ) ဖူးပွင့်ရန် သေချာ‌ေသာလက္ခဏာများအနက်မှ ဖြစ်ပေသည်။[၆]

ကမာလွလ်ဒီးန် သည် အေမာမ်ဆွာဒီ(အစ)မှ ကောက်နုတ်ထားသည်မှာ ကာအင်မေအာလေမိုဟမ္မဒ်၏ တော်လှန်ရေး နှင့် နက်ဖ်စေဇကီယဟ် အသတ်ခံရခြင်းတို အကြား ၁၅ ရက် ကွာခြားပေမည်။[၇] အေမာမ်ဘာကရ်(အစ)မိန့်ဆိုထားသည့် ‌ဟဒီးစ်တစ်ခု၌ နက်ဖ်စေဇကီယဟ် အသတ်ခံရမည့်နေရာမှာ မက်စ်ဂျီဒွလ်ဟရာမ်ရူကွန် နှင့် မကာမေအီဘ်ရာဟီးမ် အကြား ဖြစ်သည်။ [၈] မွလ္လာဟ်ဆွာလေဟ်မာဇင်န်ဒရာနီ သည် အလ်ကာဖီစာအုပ်အား အလင်းဖွင့်ဆိုသူဖြစ်ပြီး အေမာမ်မဟ်ဒီ(အဂျ)ဖူးပွင့်မည့် သေချာသောလက္ခဏာများမှ ဟဒီးတစ်ခုကို အလင်းဖွင့်ဆိုရာ၌ မှန်းချေပေးထားသည်မှာ ဇကီယာသည် အေမာမ်မဟ်ဒီ(အဂျ)ဖူးပွင့်လာမည့် သေချာသောလက္ခဏာများမှတစ်ခုဖြစ်သည့် ဆိုင်ယိဒ်ဟစန်နီပင် ဖြစ်ပေသည်။ [၉] ထိုပြောဆိုချက်၏ သက်သေမှာ ဆိုင်ယိဒ်ဟစန်နီအား မက္ကာမြိုသားများက သတ်ဖြတ်ပြီး ၎င်း၏ ဦးခေါင်းအား ဆိုဖီယာနီ အတွက်ပိုဆောင်ပြီး အေမာမ်မဟ်ဒီ(အဂျ) ဖူးပွင့်မည့် အကြောင်းသတင်းပေးမည် ဟူ၍ လာရှိထားသည့် ရေဝါယသ်တစ်ခုကြောင့်ပင် ဖြစ်သည်။ [၁၀]

သမိုင်းဆိုင်ရာ လိုက်လျောညီထွေမှု

သမိုင်းဆိုင်ရာ ကျမ်းကိုးများ၏ အဆိုအရ မိုဟမ္မဒ် ဗင်န် အဘ်ဒုလ္လာဟ် မက်ဟ်ဇ် ( ဟီဂျရီ၁၄၅၌ကွယ်လွန်)၏ အချိုဘက်တော်သားများ ယုံကြည်ထားကြသည်မှာ ၎င်းသည် နက်ဖ်စေဇကီယဟ် ပင်ဖြစ်သည်။ [၁၁] ယဟ်ယာဗင်န်ဇိုင်းဒ် ကွယ်လွန်ပြီးနောက် နက်ဖ်စေဇကီယဟ် ဟု အမည်ရထားသော ထိုသူအား အေမာမ်မဟ်ဒီအဖြစ် ဘိုင်အသ်သစ္စာခံကြပေမည်။ [၁၂] ၎င်းသည် ဟီဂျရီ၁၄၅တွင် မန်ဆူရ်အဘာစီအား ဆန့်ကျင်တိုက်ခိုက်ပြီး မဒီနာမြိုအနီးရှိ အဟ်ဂျာရွလ်ဇိုက်းသ် နေရာ၌ အသတ်ခံရ‌ေပမည်။ [၁၃] အချိုရေဝါယသ်များ၌လည်း နက်ဖ်စေဇကီယဟ် နှစ်ဦး အသတ်ခံရမည်ဟု ဖော်ပြထားပြီး တစ်ဦးမှာ မက္ကာမြိုတွင် ဖြစ်ပြီး ကျန်တစ်ဦးမှာ အယောက်၇၀ နှင့်အတူ ကူဖွာအနောက်ဖက်၌ အသတ်ခံရပေမည်။ [၁၄] ကူရာနီသည် အက်ဆ်ွရေဇူဟူးဟ် စာအုပ်၌ ထင်ကြေးပေးထားသည်မှာ ဆိုင်ယိဒ် မိုဟမ္မဒ် ဘာကရ်ဆ်ွဒ်( အီရာန်နှစ်၁၃၅၉၌ကွယ်လွန်) သည် ရေဝါယသ်အရ ကူဖွာအနောက်ဘက်၌ ရှဟီးဒ် အသတ်ခံလိုက်ရသည့် နက်‌ဖ်စေဇကီယဟ် ပင် ဖြစ်သည်။ [၁၅]

စာပေလေ့လာဖတ်ရှုရန် ဆိုဖီယာနီ ပေါ်ထွက်လာခြင်း ဆွီးဟေယေအာစ်မာနီး ယမားနီ၏ တော်လှန်ရေး(ကေယားမ်) ခက်စ်ဖေဘီဒါးအ်

မှတ်စုများ

  1. မိုဟမ္ဒီရိန်းရှဟ်ရီ၊ ဒါနီရှ်နာမေယေအေမာမ်မဟ်ဒီ၊အီရာန်နှစ်၁၃၉၃၊အတွဲ၇စာမျက်နှာ၄၃၈
  2. နအ်မာနီ၊အလ်ဂိုင်ဘဟ်၊ဟီဂျရီ၁၃၉၇၊စာမျက်နှာ၁၆၄
  3. အယာရှီး၊သက်ဖ်စီးရွလ်အယာရှီး၊ဟီဂျရီ၁၃၈၀၊အတွဲ၁၊စာမျက်နှာ၄၅
  4. ရှီးခ်ဆူဒူက်၊ကမာလွလ်ဒီးန်၊ ဟီဂျရီ၁၃၉၅၊အတွဲ၁၊စာမျက်နှာ၃၃၁၊ဟဒီးစ်၁၆
  5. အလ္လာမာမဂ်ျလေစီ၊ဗေဟာရွလ်အန်ဝါရ်၊ဟီဂျရီ၁၄၀၃၊အတွဲ၅၂၊စာမျက်နှာ ၃၀၇
  6. နအ်မာနီ၊ အလ်ရိုင်ဘဟ်၊ဟီဂျရီ၁၃၉၇၊စာမျက်နှာ၂၆၄၊ဂဒီးစ်၂၆၊ ရှီးခ်ဆူဒူးက်၊ကမာလွလ်ဒီးန်၊ဟီဂျရီ၁၃၉၅၊အတွဲ၂၊စာမျက်နှာ၆၄၉၊ဟဒီးစ်၁
  7. ရှီးခ်ဆူဒူးက်၊ကမာလွလ်ဒီးန်၊ဟီဂျရီ၁၃၉၅၊အတွဲ၂၊စာမျက်နှာ၆၄၉၊ဟဒီးစ်၂
  8. ရှီးခ်ဆူဒူးက်၊ကမာလွလ်ဒီးန်၊ဟီဂျရီ၁၃၉၅၊အတွဲ၁၂၊စာမျက်နှာ၆၄၉၊ဟဒီးစ်၁၆
  9. မာဇင်န်ဒရာနီ၊ရှရ်ဟွလ်ကာဖီ၊ဟီဂျရီ၁၃၈၀၊အတွဲ၁၂၊စာမျက်နှာ၄၁၄
  10. ကြည့်ပါ စလီမီယားန်၊ဖရ်ဟန်ရ့်နာမေယေမဟ်ဒဝီယသ်၊အီရာန်နှစ်၁၃၈၈၊စာမျက်နှာ၂၀၈
  11. အဘူဖရက်ဂ်ျအိဆ်ွဖွဟာနီး၊မကာသီလွလ်သွာလေဘီးန်၊ဒါရွလ်မအာရိဖဂ်၊စာမျက်နှာ၂၀၇
  12. အဘူဖရက်ဂ်ျအိဆ်ွဖွဟာနီး၊မကာသီလွလ်သွာလေဘီးန်၊ဒါရွလ်မအာရိဖဂ်၊စာမျက်နှာ၂၀၇
  13. အဘူဖရက်ဂ်ျအိဆ်ွဖွဟာနီး၊မကာသီလွလ်သွာလေဘီးန်၊ဒါရွလ်မအာရိဖဂ်၊စာမျက်နှာ၂၀၇
  14. ကြည့်ပါ အလ္လာမာမဂ်ျလေစီ၊ဗေဟာရွလ်အန်ဝါရ်၊ဟီဂျရီ၁၄၀၃၊အတွဲ၅၂၊စာမျက်နှာ ၂၇၃
  15. ကူရာနီး၊အက်ဆ်ွရွလ်ဇူဟူးရ်၊ဟီဂျရီ၁၄၀၈၊စာမျက်နှာ၁၂၆

ကျမ်းကိုးမျာ

  • အဘူဖက်ဆ်ွလေအိဆ်ွဖွဟာနီ၊ အလီဗင်န်မိုဟမ္မဒ်၊မကာသီလွလ်သွာလိဘီးန်၊သဟ်ကီးက်၊ ဆိုင်ယိဒ်အဟ်မဒ်ဆွကရ်၊ဘီရူးသ်၊ဒါရွလ်မအာရိဖဟ်၊ဘီသာ။
  • စလီမီယာန်း၊ ခိုဒါမိုရာဒ်၊ ဖရ်ဟန်ဂ့်နာမျေယမဟ်ဒဝီယသ်၊ ပွမ်း၊ ဘွန်ယညဒေဖရ်ဟန်ဂ့်ဟဇရာသ်မဟ်ဒီမောင်အူးဒ်၊ ဒုတိယအကြိမ်ထုပ်ဝေမှု၊အီရာန်နှစ်၁၃၈၈
  • ရှီခ်ဆူဒူးက်၊ မိုဟမ္မဒ်ဗင်န်အလီ၊ ကမာလွလ်ဒီးန် ဝါ သမာမွလ်နိအ်မဟ်၊ သက်ဆ်ွဟီးဟ် အလီအက္က်ဘရ်ဂဖွာရီး၊ သီဟီရာန်၊ အိစ္စလာမီယဟ်၊ ဒုတိယအကြိမ်ထုပ်ဝေမှု၊ ဟီဂျရီ၁၃၉၅
  • အလာမာမဂ်ျလေစီ၊ မိုဟမ္မဒ်ဘာကရ်၊ ဗေဟာရွလ်အန်ဝါရ်၊ဒါရွလ်အဟ်ယာအွလ်သရာစွလ်အာရဗီ၊ ဘီရူးသ်၊ဒုတိယထုပ်ဝေမှု၊ဟီဂျရီ၁၄၀၃
  • အယာရှီး၊ မိုဟမ္မဒ်ဗင်န်မက်စ်အူဒ်၊ သက်ဖ်စီးရေအယာရှီး၊သက်ဆ်ွဟီးဟ်ရစူလီမဟ်လာသီး၊သီဟီရာန်၊အင်သွဘ်အဩလ်အီလ်မီယသွလ်အိစ္လာမီယဟ်၊ဟီဂျရီ၁၃၉၀
  • ကူရာနီ၊ အလီ၊ အက်ဆ်ွရွလ်ဇူဟူးရ်၊မရ်ကက်ဇွလ် နက်ရှ်ရု မက္က်သက်ဘ် အအ်လာမွလ်အိစ္စလာမီ၊ အသ်သွဘ်အူလာ၊ ဟီဂျရီ၁၄၀၈
  • မာဇင်န်ဒရာနီ၊ မွလ္လာမိုဟမ္မဒ်ဆွာလေဟ်ဗင်န်အဟ်မဒ်၊ ရှရ်ဟွလ်ကာဖီ အလ်အူစူလ် ၀လ် ရောင်ဇွဟ်၊ သက်ဆ်ွဟီးဟ် အဘုလ်ဟစန်ရှေအ်ရာနီ၊ သီဟီရာန်၊ အလ်မက္က်သဘသွလ်အိစ္စလာမီယဟ်၊ ဟီဂျရီ၁၃၈၂
  • မိုဟမ္မဒီရိန်းရှဟ်ရီ၊ မိုဟမ္မဒ်၊ ဒေါနီရှ်နာမေယေအေမာမ်မဟ်ဒီ(အဂျ) ၊ကွမ်း၊ ဒါရွလ်ဟဒီးစ်၊အီရာန်နှစ်၁၃၉၃
  • နအ်မာနီ၊ မိုဟမ္မဒ်ဗင်န်အီဘ်ရ ဟီးမ်၊အလ်ဂိုင်းဘဟ်၊ သက်ဆ်ွဟီးဟ် အလီအက္က်ဘရ်ဂဖွာရီး၊ သီဟီရာန်၊ နက်ရှ်ရေဆူဒူးက်၊ဟီဂျရီ၁၃၉၇