နက်ဂ်ျမေခါသူန်

wikishia မှ

နက်ဂ်ျမေခါသူန်

بقعه منسوب به نجمه خاتون در مشربه ام ابراهیم قبل از تخریب

အေမာမ်ကာဇွင်(အ.စ)၏ဇနီးဖြစ်ပြီးအေမာမ်ရေဿွာ(အ.စ)နှင့် ဖွာသွေမဟ်မအ်စူမအ်(စ.လ)တို့၏မိခင်ဖြစ်သည်။ နက်ဂ်ျမဟ်သည် အေမာမ်ဆွာဒီက်(အ.စ)၏ဇနီးဟမီးဒဟ် ဝယ်ယူခဲ့ပြီး အေမာမ်ကာဇွင်မ် (အ.စ) အားပေးခဲ့သောကျေးကျွန်တစ်ဦးဖြစ်သည်။အချို့ရေဝါယသ်များအရဟမီးဒဟ်အိမ်မက် မက်ပြီးတမန်တော်မြတ်ကြီး(ဆွ)၏အမိန့်တော်အရနက်ဂ်ျမဟ် ကိုအေမာမ်ကာဇွင်မ်(အ.စ)အာပေးခဲ့သည်ဟုလာရှိထာသည်။နက်ဂ်ျမဟ်၏ကဗရ်သည် မဒီနာမြို့တွင်ရှိသော မက်ရှ်ရဗဟ်အွမ်မေအိဗ်ရာဟီးမ်၌ရှိပေသည်။

မျိုးဆက်နှင့်မျိုးရိုး

နက်ဂ်ျမဟ်သည် အေမာမ်ဆွာဒီက်(အ.စ)၏ဇနီးဟမီးဒဟ် ဝယ်ယူခဲ့ပြီး အေမာမ်ကာဇွင်မ် (အ.စ) အားပေးခဲ့သောကျေးကျွန်တစ်ဦးဖြစ်သည်။ ၎င်းသည် အေမာမ်ကာဇွင်(အ.စ) ဖြင့် အေမာမ်ရေဿွာ(အ.စ)ကိုမွေးဖွားခဲ့သည်။[၁]အချို့သူများသည် ၎င်း အား အရှေ့အာဖရိက၌ရှိသော(နောင်စ်ဗဟ်)မြို့သူဟုသိထားကြပြီး အချို့သည်ပြင်သစ်နိုင်ငံတောင်ဖက်ရှိ့(မရ်စီး)ကျွန်းဆွယ်၌နေထိုင်သူဟူ၍သိထားကြသည်။ [၂]ထိုကြောင့်၎င်းအား ခိုင်ဇိုရာန်မရ်စီယဟ်၊နှင့် ရှက်(က်)ရာအ်နိုဘီယဟ်၊ဟူ၍လည်သိထားကြသည်။[၃]

အမည် နှင့် ဂုဏ်ပုဒ်များ

၎င်း၏အကျော်ကြားဆုံးသော အမည်မှာ (နဂ်ျမေဟ်ခါသူးန်)ဖြစ်သည်။၎င်းအား(စကန်နိုဗီယဟ်) [၄]အရ်ဝါး၊သု(က်)သမ်နှင့်ခိုင်ဇိုရား(န်) [၅]ဟူသောအမည်များလည်းခေါ်ကြသည်။ရှီးခ်ဆူဒူက်မှကောက်နုတ်ထားသည့်ရေဝါယသ်အရ နဂ်ျမာဟ်သည်အေမာမ်ကာဇွင်မ်(အ.စ)ထံပေးအပ်ခံရပြီး၎င်းအာ သုက်သမ်ဟုခေါ်ဆိုပြီး[၆]အေမာမ်ရေဿွာ(အ.စ)မွေးဖွားပြီးနှောက်၎င်းအားသွာဟီရဟ်ဟုခေါ်ဆိုကြသည်။[၇]၎င်း၏ဂုဏ်ပုဒ်မှာ(ရှက္က်ရာအ်)ဖြစ်ပြီး အစွဲပြုခေါ်သောအမည်မှာ(အွမ်မုလ်ဘနီးန်)ဖြစ်သည်။[၈]

အရိုက်အရာ

အေမာမ်ဆွဒီက်(အစ) ၏ဇနီး ဟမီးဒဟ်မှ အေမာမ်ကာဇွင်မ်(အ.စ) အားပြောကြာရာ၌ ကောက်နုတ်ထာသည်မှာ နက်ဂ်ျမဟ် လောက်မြင့်မြတ်သောကျေးကျွန်မျိုးကိုမတွေ့ဖူးပေ။[၉]ရှီးခ်ဆူဒူက်မှကောက်နုတ် ထားသည့် ရေဝါယသ် အရဟမီးဒဟ် သည်အိမ်မက်ထဲ၌ တမန်တော်မြတ်ကြီး အားတွေ့ကာ၎င်းသည် နက်ဂ်ျမဟ်ကို အေမာမ်ကာဇွင်မ်(အ.စ)သို့ပေးအပ်ရန်တောင်းဆိုခဲ့သည်ဟုလာရှိထားသည်၊အဘယ်ကြောင့်ဆိုသော် အမြင့်မြတ်ဆုံးသော ဖန်ဆင်းခံကိုမွေးဖွားပေမည်ဖြစ်သော ကြောင့်ဖြစ်သည်၊ထိုကြောင့်ဟမီးဒဟ် သည်ထိုအချိန်ကာလ၌ အပျိုဖြစ်သေား နက်ဂ်ျမဟ် အားအေမာမ်မူစာဗင်န် ဂျအ်ဖရ်(အ.စ)သို့ပေပို့ခဲ့သည်။[၁၀] အေမာမ်ကာဇွင်မ်(အ.စ)သည်လည်း၎င်းအားဝယ်ယူခဲ့ခြင်ကို တမန်တော်မြတ်ကြီး(ဆွ)၏အမိန့်တော်အတိုင်းပြုလုပ်ခဲ့သည်ဟုမိန့်ဆိုထားသည်။[၁၁] နက်ဂ်ျမဟ် မှကောက်နုတ်ထာသည်မှာကျွန်မသည် အေမာမ်ရေဿွာ(အ.စ)အာကိုယ်ဝန်ဆောင်စဉ်ကာလ၌လေလံသောခံစားချက်မျိုး မရှိခဲ့ပေ။အိပ်နေစဉ်၌လည်း၎င်း၏သက်စ်ဘီးဟ်ရွတ်ဆိုသံ၊အရှင်မြတ်အား ကျေးဇူးထောပနာ တင်သည့်အသံများကိုကြာခဲ့ပြီးနိုးထလာသည့်အခါ မည်သည့်အရာကိုမှ မတွေရပေ။[၁၂] နက်ဂ်ျမဟ်ထံမှကောက်နုတ်ထားသည့် ပြောဆိုချက်အရ ၎င်းသည် အေမာမ်ရေဿွာ(အ.စ)အတွက်ကလေထိန်းတစ်ယောက်အားတောင်းဆိုခဲသည်။ ထိုသို့တောင်းဆိုရသည့်အကြောင်းအရင်းအား၎င်း နမာဇ်ဖတ်ရန် ၊ အေဘာဒသ် ခဝတ်ကိုးကွယ်မှု ပြုရန်အတွက်ဖြစ်သည်ဟုဖော်ပြထားသည်။[၁၃]

မြုပ်နှံသည့်နေရာ

မိုဟမ္မဒ်ဘာကရ်ဟိုစိူင်နီဂျလာလီ ပြောဆိုချက်အရ နက်ဂ်ျမဟ်၏ ကဗဲရ်သည် ဘကီးအ်သုသာန်၏ အရှေ့ဘက် မဒီနာ၏ အလ်အဝါလီ ဧရိယာရှိ အွမ္မ်ုလ်အိဗ်ရာဟီးမ် ကွင်းပြင်ရှိ အေမာမ်ဆွဒီက်(အစ) ၏ဇနီး ဟမီးဒဟ်၏ ကဗဲရ်အုပ်ဂူဘေးတွင် ရှိပေသည်။ [၁၄]

မှတ်စုများ

  1. ဆူဒူက်၊အိုယူနွလ်အခ်ဘာရ်၊ဟီဂျရီ၁၃၇၈၊အတွဲ၁စာမျက်နာ၁၄
  2. ကာအေမီ၊ ဒဲရ်မက်သက်ဘေအာလေမိုဟမ္မဒ် ၊ အီရန်နှစ်၁၃၇၈၊စာမျက်နာ၃၀
  3. အရ်ဗအီ၊ကရှ်ဖုလ်ဂမ္မဟ်၊ဟီဂျရီ၁၃၈၁၊အတွဲ၂၊စာမျက်နနှာ၂၅၉
  4. ကိုလိုင်နီ၊အလ်ကာဖီ၊အီရန်နှစ် ၁၃၆၇၊အတွဲ၁၊စာမျက်နာ၄၈၆ ၊မိုဂ်ျမလုလ်သဝါရီးထခ်ဝလ်ကဆွဆ်၊တီဟီရာန်၊စာမျက်နာ၄၅၇
  5. မိုဂ်ျမလုလ်သဝါရီးထခ်ဝလ်ကဆွဆ်၊တီဟီရာန်၊စာမျက်နာ၄၅၇
  6. ဆူဒူက်၊ အိုယူနွလ်အက်ခ်ဘားရ်၊ဟီဂျရီ၁၃၇၈၊အတွဲ၁စာမျက်နာ၁၄
  7. ဆူဒူက်၊ အိုယူနွလ်အက်ခ်ဘားရ်၊ဟီဂျရီ၁၃၇၈၊အတွဲ၁စာမျက်နာ၁၅
  8. ကွမ်မီး၊သာရီခ်ခေကွမ်း၊အီရာန်နှစ်၁၃၆၁၊စာမျက်နာ၁၉၉
  9. ဆူဒူက်၊ အိုယူနွလ်အက်ခ်ဘားရ်၊ဟီဂျရီ၁၃၇၈၊အတွဲ၁စာမျက်နာ၁၅
  10. ဆူဒူက်၊ အိုယူနွလ်အက်ခ်ဘားရ်၊ဟီဂျရီ၁၃၇၈၊အတွဲ၁စာမျက်နာ၁၇
  11. မက်စ်အူဒီ၊အိစ်ဗာသုလ် ဝစီယဟ်ဟီဂျရီ၁၄၂၆၊စာမျက်နာ၂၀၂
  12. ဆူဒူက်၊ အိုယူနွလ်အက်ခ်ဘားရ်၊ဟီဂျရီ၁၃၇၈၊အတွဲ၁စာမျက်နာ၂၀
  13. ဆူဒူက်၊ အိုယူနွလ်အက်ခ်ဘားရ်၊ဟီဂျရီ၁၃၇၈၊အတွဲ၁စာမျက်နာ၁၅
  14. ဟိုစိုင်နီ ဂျလာလီ၊ ဖဒက် ဝါ အလ်အဝါလီ၊ဟီဂျရီ၁၄၂၆၊စာမျက်နာ၅၅။

ကျမ်းကိုးမျာ

  • အရ်ဘလီး၊ အလဗင်န်အီစာ၊ ကက်ရှ်ဖုလ်ဂမ်မဟ် ဖီး မအ်ရေဖဟိုလ် အအင်မ်မဟ်၊ မုဆွ်ဟဟု ရစူလီ မဟ်လာသီး သက်ဘ်ရီးဇ် ဘနီဟာရှင်မ် ပုံနုပ်တိုက်၊ အထမအကြိမ်ဖန့်ချီမှု့၊ဟီဂျရီ ၁၃၈၁။
  • မဒီနာရှိအေမာမ်ရေဿွာ(အ.စ) ၏မိခင် အုတ်ဂူပုံများ ဟမ်ရှဲဟ်ရီးအာန်လာယီးန် မတ်ရ်လ ၇ရက်နေ့တွင် အကြောင်အရာ ကိုထည့်သွင်းသည်၊အီရန်နှစ်၁၃၉၁၊ ကြည့်ပါ၁၈မဟ်လ၊အီရန်နှစ်၁၄၀၀။
  • ဟိုစိန် ဂျလာလီ၊ မိုဟမ္မဒ်ဘာကရ်၊ ဖဒက်(ဝါ)အလ်အဝါလီး ဝေါင် အလ်ဟဝါယသွ်သုလ် စက်ဘ်အဟ် ဖီလ်ကေသာဘ် (ဝါ)စွန္နဟ်ဝလ် အာဒါဘ်၊ မက်ရှ်ဟဒ်၊ဖွာသွေမဟ်ဇဟ်ရာ၏ လောကုတ္တရာ နှင့် ပညာရေး အမွေအနှစ်ဆိုင်ရာ အတွင်းရေးမှူးဌာန၊ဟီဂျရီ၁၄၂၆။
  • ဆူဒူက် ၊မိုဟမ္မဒ် အလီ ၊အိုယူနွလ်အက်ခ်ဘာလ်ရေဿွာ၊သဆ်ွဟီး ဟေ မဲဟ်ဒီ လာဂျောင်ရ်ဒီး၊တီဟီရာန်၊ ဂျဟာန်ပံနုပ်တိုက်၊ဟီဂျ၇ီ၁၃၇၈
  • ကာအင်မ်မီး၊အလီးအာလင်မေအာလေ မိုဟမ္မဒ်ကျောင်း ၊တီဟီရာန် ၊ အမီးရီးပုံနိုပ်တိုက် အီရန်နှစ်၁၃၇၈
  • ကွမ်မီး၊ဟိုစိုင်န် ဗင်န် မိုဟာမ္မဒ် ဗင်န် ဟစန် ကွမ်းသမိုင်းကြောင်း၊ ဟစန်ဗင်န်အလီဗင်န် ဟစန် အဗဒုလ်မလက် ကွမ်းမီး၏ ဘာသာပြန်၊ သဟ်ကီက် ကေ ဆိုင်ယဒ် ဂျလာလုလ်ဒီးန် တီဟီရာန်နီ၊ တီဟီရာန်၊ သူစ် ပုံနိုပ်တိုက်၊အီရာန်နှစ်၁၃၆၁
  • ကိုလိုင်နီ၊ မိုဟမ္မဒ် ဗင်န် ယအ်ကူးဗ် ၊ အလ်ကာဖီ ၊ အလီအက်ဗရ်ဂဖ္ဖာရီ ၊တီဟီရာန်၊ဒါရုလ်မက်သဘုလ် အိစ္စလ္လာမ်မီးယဟ် ၊ ၃ကြိမ်မြောက်ဖန့်ချီမှူ ၊ဟီဂျရီ၁၃၆၇
  • မဂ်ျမလုလ် သဝါရီးခ်ုလ်ကိဆ်ွဆွဆ်၊ မိုအ်လီဖ်မဂ်ျဟူလ်၊ သဟ်ကီးကေမလစ်က် ရှာအင်ရ် ဘာဟာရ် ၊ တီဟီရာန် ကလာလေဟ်ခါဝါလ်၊ဘီသား
  • မက်စ်အူဒီ၊ အလီဗင်န် ဟိုစိုင်န်၊ အိစ်ဘာသုလ် ဝစီယဟ် ၊ကွမ်းအန်ဆွာရီယာန် ပုံနိုပ်တိုက်၊ ၃ကြိမ်မြောက်ဖြန့်ချီမှူ၊ဟီဂျရီ၁၄၂၆